ငါးသိန်းတန်ဖုန်းများ လျှောက်ပြီးနေ့ချင်းဖုန်းရနိုင်မည်

klnMay 6, 20101min1226

ကျပ်ငါးသိန်းတန် ဖုန်းများအားလုံး ရန်ကုန်မြို့၌ မြို့နယ်ကန့်သတ်ချက်ရှိဘဲ ခေါ်ဆိုခွင့်ရတော့မည်ဖြစ်ကာ လျှောက်ထားပြီး နေ့ချင်းဖုန်းရရှိသည့်စနစ်ကိုပါ ပြုလုပ်သွားရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ ရန်ကုန်မြို့၌ ကျပ်ငါးသိန်းတန်ဖုန်းများ လျှောက်ထားလိုပါက တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ လျှောက်ထားစရာမလိုတော့ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တိုက်ရိုက်လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို့လျှောက်ထားရာတွင်လည်း လျှောက်ထားပြီးသည်နှင့် နေ့ချင်းဖုန်းရရှိနိုင်သည့်စနစ်ကို ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။ “လျှောက်ထားပြီးတော့ နေ့ချင်းဖုန်းချပေးတာကို မန္တလေးမှာ သင်္ကြန်ကာလအတွင်းက လုပ်ပေးခဲ့တယူ်။ နောက်ပိုင်း ဒီလိုလုပ်ဖို့ကတော့ သေချာမပြောနိုင်သေးပေမယ့် အစီအစဉ်တော့ရှိတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

6 comments

  • susunosuki

    May 6, 2010 at 6:31 am

    ကောင်းပါတယ်
    ဆက်သွယ်ရေးက အရေးကြီးပါတယ်
    လိုင်းခဏခဏကျတာတို့ ပြောရင်းအသံတိုးသွားတာတို့ကို လဲဖြေရှင်းဖို့ ရှိနေပါတယ်

  • laypyay

    May 6, 2010 at 8:41 am

    လုပ်တာတော့ ကောင်းပါတယ ်.. မရစ်ရင်ကောင်းမယ်ဗျာ တိတိကျကျ နဲ့ သေသေချာချာလေးပေါ့..။

  • intro

    May 6, 2010 at 9:34 am

    အင်း…. ဒီတစ်ခါတော့ တကယ်လုပ်ပေးတော့မယ် ထင်တယ်…. ဟုတ်မဟုတ်ကတော့ စောင့်ကြည့်ရဦးမှာပဲ…..

  • kopauk mandalay

    May 7, 2010 at 12:14 am

    သူများဆီမှာလွယ်နေတာကို ကိုယ်.ဆီမှာ တကူးတကကြီးနဲ.ခက်နေတယ်။

  • လင်းဝေကျော်

    June 7, 2010 at 8:58 am

    လွယ်ကူအောင်လုပ်ပေးမယ်။ ဒါပေမယ့် ခွင်တော့ပျောက်အောင်ဘယ်လုပ်လို့ဖြစ်မတုန်း။
    ဆိုတော့ကာ နည်းနည်းပါးပါးလောက်တော့ရှိပေမပေါ့။
    သူတို့ ခမျာ ပါးပါးလေး နဲ့ လုပ်ပေးနေတာကိုပဲ ကျေးဇူးတင်လိုက်။
    ဖွတ်..

  • fighternk

    July 19, 2011 at 1:38 pm

    နိုင်ငံခြားမှာလို မည်သူမဆိုဝယ်လိုရအောင် မလုပ်နိုင်သေးဘူးလား?

Leave a Reply