Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မိန်းကလေးတိုင်းဖတ်သင့်တဲ့ စကားလက်ဆောင် ၂၉ ခွန်း”

Good IdeaJuly 19, 20111min38811

ကျနော်လည်း မအားလို့ ကိုယ်ပိုင်စာတွေ မရေးဖြစ်တာ ကြာပြီ။ စာဖတ်တာတောင်
မေးလ်ထဲရောက်လာသမျှလောက်ပဲ ဖတ်ဖြစ်တယ်။ ကိုယ့်ဘော်ဒါတွေကလည်း
မေးလ်ထဲအထိကို ဖတ်စရာ မှတ်စရာေးလးတွေ ပို့ပေးလေ့ရှိတော့ စာကောင်းလေးတွေ
ဖတ်ရတိုင်း ရွာထဲက ဘော်ဒါတွေကို သတိရမိတယ်။

ဒီနေ့တော့ ဘယ်သူရေးမှန်းမသိတဲ့ မိန်းကလေးများအတွက် အချစ်
အဆိုအမိန့်လေးတွေ ဖတ်လိုက်ရတယ်။ အင်း ဒီဟာလေးတွေ ငါ့ရွာထဲက
ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်လေးတွေအတွက် အသုံးဝင်နိုင်ကောင်းရဲ့။
မစွံသေးတဲ့ မမတွေအတွက်လည်း အကျိုးရှိတန်ကောင်းရဲ့။ ချစ်သူရည်းစားနဲ့
ဗျာများနေတဲ့ အပျိုချောတွေအတွက်လည်း အသုံးတည့်တန်ကောင်းရဲ့လို့
တွေးမိပြီးသကာလ ရတဲ့အချိန်လေး လုလို့ ပို့စ်အဖြစ် တင်လိုက်ပါတယ်။

ခေါင်းစဉ်ကတော့ ရိုးရိုးလေးပဲ ပေးလိုက်တယ်။ “မိန်းကလေးတိုင်းဖတ်သင့်တဲ့
စကားလက်ဆောင် ၂၉ ခွန်း”လို့။

အားလုံးကို လေးစားလျှက်…

Good Idea
…………………………

………………………….

“မိန်းကလေးတိုင်းဖတ်သင့်တဲ့ စကားလက်ဆောင် ၂၉ ခွန်း”

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင်
ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို
သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊
ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို
ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ်
ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့
တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် ….
မေးပါရစေ…. စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ်
မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို
ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း
ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ
မအားလပ်ချင်လို ့ဖြစ်တယ်။

တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ
ခွဲမထွက်သွားချင်လို့ ဖြစ်တယ်။

တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူအလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ
မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ
မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။
ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့
သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့်
ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို
မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့
လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို
နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။
ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့
သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ
သင့်ကို နောင်တရစေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင်
ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင်
လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ
ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။
ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက
သင့်ကိုမချစ်လေ ဖြစ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော်များများတွေက
ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့
မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့…..
သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။
ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊
အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို
ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို
အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။
လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊
တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။

ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို
သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက်
ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့်
လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။
မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။

11 comments

  • mayhtet

    July 20, 2011 at 6:47 am

    အရမ်းကောင်းပါတယ် ဒီအချက်အလက်လေးတွေကို ကျေးဇူးတင်ပါတယ်

  • chitpyae

    July 20, 2011 at 7:05 am

    ဒါလေးက ဖတ်ဖူးပြီးသားလေးပါ ။ တရုတ်ကနေ ဘာသာပြန်ထားတာလေးပါ ။ နိုင်းနိုင်းစနေ ဘာသာပြန်ပေးထားပါတယ် …. ။ ဘာပဲဖြစ်ဖြစ် ထပ်ဖတ်ရတော့လည်း ပိုမှတ်မိတာပေါ့ ကျေးဇူးပါ ။

  • MaMa

    July 20, 2011 at 7:21 am

    (မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။)
    ဘာကိုပြောတာလဲ မသိဘူး နော်။ နားမလည်ဘူး။
    🙁

    • pan pan

      July 20, 2011 at 10:46 am

      ထင်တာလေးပြောမယ်နော်
      မိန်းမထက်ဆိုတာ ကိုယ်ကောင်းစားဖို့ သူများအပေါ်လူလည်ကျတာ၊ လည်တာကိုပြောချင်တာထင်တယ်
      ထက်မြက်တဲ့မိန်းမကတော့ ကိုယ့်ဘဝကို ထက်ထက်မြက်မြက်တည်ဆောက်နိုင်တာ..ဘယ်သူ့မှ မထိခိုက်ဘဲပေ့ါ

  • etone

    July 20, 2011 at 9:57 am

    သဘာဝက ပေးတဲ့ အသိနဲ့ သိနေပြီးသားတွေ ဒီလိုစာစီလိုက်တော့လည်း … ဟုတ်သလိုလိုပဲနော် ။

  • kokothandar

    July 20, 2011 at 10:08 am

    ယေက်ကျားတွေနဲ့အခြောက်တွေအတွက်လဲရေးပါအုံးဗျာ ကျေးဇူးတင်ပါတယ်

  • ရွှေဘိုသား

    July 20, 2011 at 11:06 am

    မမ မေးတဲ.မေးခွန်းရဲ.အဖြေကို ကျနော်ထင်တဲ. ဟာဖြေကြည်.မယ်နော်

    မိန်းမထက် မလုပ်နဲ.ဆိုတာ နေရာတကာ ယောကျင်္ားလေးရှေ.ကနေဦးမဆောင်ပါနဲ.လို. ဆိုလိုတာလို.ထင်ပါတယ်
    ကိုယ်ကအဲလိုနေရာတိုင်း ရှေ.ကနေ လုပ်ပြတာ ယောကျင်္ာလေးကို သိက္ခာချသလိုဖြစ်ပါတယ်

    ထက်မြတ်တဲ.မိန်းကလေးဆိုတာ အဲလိုယောကျင်္ားလေး သိက္ခာကျအောင် ဘယ်တော.မှ မလုပ်ပါဘူး
    ရှေ.ကနေ ဦးဆောင်သင်.တဲ. နေရာမှာပဲ ဦးဆောင်ပါတယ်

    ကိုယ်ထင်တာကိုပြောတာနော်

  • MOEPWINTPHYU

    July 20, 2011 at 2:02 pm

    တကယ်လိုက်နာရင်ဘာဖြစ်နိုင်လဲ မလိုက်နာရင်ဘာဖြစ်လဲ လူဆိုတောဗီဇကိုဖျောက်ဖိုခက်တယ်

  • Lightning cristal

    July 20, 2011 at 2:23 pm

    နံပါတ်(၄)ကိုထောက်ခံပါတယ်
    “စိတ်သာရှင်စောဘုရားဟော”ဆိုတဲ့စကားရှိပါတယ်
    မိမိ၏ကြင်ဖော်ကိုရှာတဲ့အခါမှာရုပ်လှတာမလှတာနဲ့မဆိုင်ပါဘူးမိမိအပေါ်မှာစိတ်ကောင်းရှိသောသူကိုသာရွေးသင့်ပါတယ်
    သို့မှသာမိမိဘဝငြိမ်းချမ်းသာယာမှာဖြစ်ပါတယ်

  • မမလေး

    July 23, 2011 at 10:48 pm

    ကူးယူသွားတယ် …

    (၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊
    ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို
    ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

    (၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
    သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

    ကိုနှစ်သက်သွားလို့ …

Leave a Reply