Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြေညာချက်အမှတ် ၂/၂၀၁၁ ( လူပျိုကြီး/အပျိုကြီးများသိစေရန် )

ကြေညာချက်အမှတ် ၂/၂၀၁၁ ( လူပျိုကြီး/အပျိုကြီးများသိစေရန် )

သန်း၇၀၀ဝ လူဦးရည်အား ရတနာပုံနေပြည်တော်သတင်းစာ တွင် လက်တွေထိမ်းချုပ် လိုက်နာဆောင်ရွက်ရန် စတင် စီစဉ်နေပြီဖြစ်ကြောင်း
(ချောလဲရောထိုင် ဂေါ်မစွံ ့အပျိုကြီ/လူပျိုကြီးအဖွဲ ့မဟုတ်ပါ၊ နောက်ဆုံးအွန်လိုင်းသတင်း များအရစီစဉ်ရခြင်း
ဖြစ်ကြောင်းတတိုင်းပြည်လုံးသိစေအပ်ပါသည်။)

တည်ဆဲ ဥပဒေအရ..ယနေ (၂၀.ဝရ.၂၀၁၁)မြန်မာစံတော်ချိန့်နံနက်…11နာရီ..10မိနစ်အချိန်တွင်..အမိန် ့ထုတ်ပြန်လိုက်သည်..)

၁. သတ်မှတ်ချက်(က)

အသက် ၂၅ နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ အမျိုးသား/အမျိုးသမီးများအား
လူပျိုကြီး/အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါကဆုပ်လည်းဆုပ်ပြရမည်ကိုင်လည်းကိုင်ပြရမည်
.. အော် … လက်ပြောပါတယ်..)

ယခင်က experience ဟောင်းများကို ခံစားခွင့်ရမည် မဟုတ်ချေ။
လက်ရှိမျက်မှောက် အခြေအနေကို သာဆိုလို သည်။
သတ်မှတ်ချက်နှင့် အကျုံးမဝင် စေရန်အလို့ငှာလိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါကပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။

မှတ်ချက်..၊ ၊ကြောငြာချက်အမှတ်၁ /၂၀၁ဝ တွင်၂ရ နှစ်သတ်မှတ်ခဲ ့သော်လည်း ကြော်ငြာချက် ၂/၂၀၁၁ တွင် သက်တမ်း၂ နှစ်လျှော ့သွားရခြင်းမှာ….ပညာသင်ကြားစဉ်..ဆရာများဆိုဆုံးမစကား..မင်းတို ့အသက်အစိတ်ပုခက်ချိန်အောင်ကြိုးစားပါ ဟူသော ဆိုဆုံးမစကား အား အလေးအနက်မထားသောကြောင့်လျှော ့သွားရခြင်းဖြစ်သည်..။

၂. သတ်မှတ်ချက်(ခ)

လက်ရှိရည်းစားရှိသော်လည်း လစာကိုလည်းကောင်း၊ ကုန်ဈေးနှုန်းကိုလည်းကောင်း အမျိုးမျိုးအကြောင်းပြပြီး
လက်ထပ်ရန်အချိန်ဆွဲနေသူများသည် လည်း နောက်တိုးစာရင်းဖြင့် အကျုံးဝင်ကြောင်းရှင်းလင်းစွာသိရှိစေရမည်။

တားမြစ်ချက်(က/၁)

အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက် နှင့် ကိုက်ညီသောအပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော်လည်းကောင်း၊ ငယ်ရွယ်သူအမျိုးသမီးငယ်လေးများကိုသော်လည်းကောင်း ယောက်ျားမကောင်းကြောင်း ပြောကြားပါကအပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး သီလရှင်ဝတ်ပေးခံရမည်
ဖြစ်သည်။…..(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)

အမျိုးသမီးများနှင့်ပါတ်သတ်ပြီး … ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသောလူပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း၊ အုပ်ဖွဲ့ပြီးသော်လည်းကောင်း ငယ်ရွယ်သူ အမျိုးသားငယ်လေးများကိုသော်လည်းကောင်း မိန်းမ မကောင်းကြောင်း ပြောကြားပါက ၊ အပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး ဘုန်းကြီးဝတ်ပေးခံရမည်၊ မြိုင်ရပ်သို ့နှင်မည်ဖြစ်သည်။(သို့မှသာ မိန်းမများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည် ၊ ….သို ့သော်..
သူယောင်မယ်ကလေးများနှင့်တွေ ့လျှင်………ကင်းလွတ်ခွင့် ရမရ သူကြီးထံမေးမြန်းနိုင်သည်။….)

တားမြစ်ချက်(က/၂)

အချစ်ရေးနှင့်ပါတ်သတ်ပြီး

အချစ်ရေးနှင့်ပါတ်သတ်ပြီး အချစ်သည်မကောင်းကြောင်းအထက်ပါအတိုင်း ကျူးလွန်ပါက
မြို့လည်ခေါင် လူစည်ကားရာ(ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအဝိုင်း၊
အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁နာရီတိတိ
တကယ်ဆိုရင်…..အချစ်ဘဲ လိုတယ် သီချင်းကို အော်ဆိုရမည်။ (သို့မှသာ အပြစ်ကို
အကျိုးဆောင်ပြီး ကျေစေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၃)

အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး

အထက်ပါ အကျုံးဝင်သူလူပျိုကြီး/အပျိုကြီးများသည် အိမ်ထောင်ရေးမကောင်းကြောင်းကို
(ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း ပြောကြားခဲ့သည်ဖြစ်သော်
အိမ်ထောင်ရေးကောင်းကြောင်း နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင်
စာတွေ့လက်တွေ့ကို ကာလအပိုင်းအခြားတခုအထိ သင်တန်းတက် ရောက်ရမည်။

မှတ်ချက်(၁) ။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့
ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်းသိရှိစေရမည်။ တဆက်တည်းတွင်
ထိုသင်တန်းအတွက် သင်တန်းနည်းပြဆရာ များ အလိုရှိနေသည်ဖြစ်ရာ
ယောက်ျား/မိန်းမ တို့တတ်အပ်သောပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း /မိန်းမတိုင်း အသက်
အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ လာရောက်လျောက်ထားနိုင်သည်။(လူဦးရေကန့်သတ်မထားသော်လည်း ဦးရာလူနေရာကောင်း ရမည်.၊။..သူကြီးထံတွင်လာရောက် စုံစမ်းနိုင်သည်…)

မှတ်ချက်(၂)။ ။အဆိုပါ လူပျိုကြီး /အပျိုကြီးများပြစ်မှုကျူးလွန်ရာတွင်
ပါးစပ်ဖြင့်မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း Mail
ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။

Final တားမြစ်ချက်

ယောက်ျားများ၏အချစ်/မိန်းခလေးများဧ၊်အချစ် သည်မယုံကြည်ရသောကြောင့် ၎င်းတို့နှင့်
အိမ်ထောင်မပြုသင့်ဟုပြောဆိုခဲ့ပါမူ တားမြစ်ချက်
(၁။က/ခ/ဂ) တို့အားတပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃)
ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။

နောက်ဆုံးပိတ်ကြေညာချက်

အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား
အချိန်မရွေး ပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ် ပြီး၊ အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ် စောင့်ရှောက်ရေးအသင်းကြီးမှ နေ့ညမပြတ်စောင့်ကြည့်ခြင်းခံရမည်။

အခါအခွင့်သင့်သော လူသားမျိုးနွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲများတွင်
ဓါတ်ပုံနှင့်တကွ ရှုံ့ချခြင်းခံရမည်။

လူပျိုကြီး/အပျိုကြီးများ ရှင်းလင်းစွာနားလည်သဘောပေါက်စေလိုသည်မှာ ယခင်က
မိမိတို့ညံ့ဖျင်းသောကြောင့်သာ ဘဝကြင်ဖော်ရှာမရသေးသည် ဖြစ်ကြောင်းပင် ဖြစ်သည်။

* ယခု၂၀၁၁ တွင်…ထူးဆန်းသောသတင်းတစ်ပုဒ်မြန်မာပြည်ဧ။်လူဦးရေကို ထိမ်းချုပ်ဖို့လိုနေပြီ။ဟူသောသတင်းတစ်ပုဒ်ဖတ်မိသည်ကတစ်ကြောင်း….

* သန်း၇၀၀ဝ လူဦးရည်အား ရတနာပုံနေပြည်တော်သတင်းစာ တွင် လက်တွေ ့ ထိမ်းချုပ်လိုက်နာဆောင်ရွက်ရန်စတင်စီစဉ်နေပြီဖြစ်ကြောင်း

(ချောလဲရောထိုင်ဂေါ်မစွံ ့အဖွဲ ့မဟုတ်ပါ၊နောက်ဆုံးအွန်လိုင်းသတင်းများအရ အလျှင်အမြန်စီစဉ်ရခြင်း

ဖြစ်ကြောင်းသိစေအပ်ပါသည်။)

(ကြေညာချက်၃/၂၀၁၁ မကြာမီ မျှော် … )

အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီး

ရွှေအိမ်စည်…(စုံစမ်းမေးမြန်းခြင်းသီးခံပါ)

*************************************************
ကျနော်ယောင်လည်လည်နဲ ့ဒီအဖွဲ ့ထဲ ရောက်လာပါတယ်..ကျနော်…ရွှေအိမ်စည်

အာဇာနည်နေ့ နှင့် ယနေ့မြန်မာလူငယ်များ Posted by kyawhan21 on Jun 1, 2011 in Copy
ရတနာပုံနေပြည် သတင်းစာမှကို ကျနော်ကူးသွားကြောင်းကောမက်ရေးရင်းနဲ ့…ဒိထဲ ရောက်လာခဲ ့ပါတယ်…
ခင်မင်စရာကောင်းသော..ကျနော်ထင်ပါတယ်(အညာသူ/အညာသားလေးများကို)လာရောက်တွေ ့ဆုံ ရင်…
ကျနော်ကချစ်တတ်တယ်လေ….အညာကိုပြောတာပါ….တခါတရံပေါတောတောစာလည်း…
ရွှေအိမ်စည် ကျီစယ်ခဲ ့ပါတယ်..သည်းခံ ခွင့်လွတ်ကြပါကုန်

8 comments

  • chitpyae

    July 21, 2011 at 7:01 am

    ဒီကြေညာချက်တွေနဲ့ လွတ်တယ် ..ဟိ ဟိ ။ အသက် ၂၅ အောက်ဖြစ်နေလို့ … 🙂
    ရွာထဲက လူပျိုသိုးကြီးတွေ နဲ့ အပျိုကြီး မမတွေ တော့ မလွတ်ဘူး …. သူတို့ကို သူကြီး နဲ့တိုင်ပင် ပြီးတော့ ပြစ်ဒဏ်ပေး ရမယ် …. 🙂 🙂 🙂

  • pan pan

    July 21, 2011 at 9:00 am

    အင်း……..ရွာထဲမှာ လူပျိုခေါင်း အပျိုခေါင်းတွေကတော့ ဘယ်သူတွေဖြစ်မလဲမသိ
    လူပျိုဆိုရင်လည်း လူပျိုအသိုးကြီး၊ အပျိုဆိုရင်လည်း အပျိုအသိုးကြီး……..
    အဲဒီလူတွေကို ဦးစားပေးစနစ်နဲ့ သူကြီးကပဲ အရင်ဆုံးစီစဉ်ပေးလိုက်ပါရှင့်… 😛 😀

  • ရွှေဘိုသား

    July 21, 2011 at 9:53 am

    သားသားက အခုမှ 20 ပဲရှိသေးတာ လွတ်တယ်

    25 ကျော်သူများကို ဟိုင်းနေပြီဖြစ်သောကြောင်.

    အကုန်စုပြီး ဟိုင်းကြီးကျွန်းသို. ဖူးစာရှင် မှန်လုံအမြန်ကားဖြင်. ပို.ဆောင်ပါမည်
    ကျွန်းပေါ်ရောက်ပြီး 1 နှစ်ကျော်လို.မှ လူဦးရေမတိုးပွားလျှင် တိုင်းပြည်လူဦးရေတိုးတက်ဖို.အတွက်
    အထောက်အကူမပြုသဖြင်. ကြိုးစင် တက်ရပါမယ်

    ရွာထဲက အပျိုကြီးကတော. မမအိတုန် ခေါင်းဆောင်ဖြစ်မယ်
    လူပျို သိုးကြီးကတော. ကိုကြောင်ကြီးဖြစ်မယ်
    မရလို. ကြောင်နေရသေးတာပေါ.နော်

  • moethidasoe

    July 21, 2011 at 1:05 pm

    သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ အသင်းဝင်ဖြစ်ခွင့်မရသော်လဲ စိတ်ဝင်စားလို့ ဖတ်ကြည့်တယ် ..
    အပြစ်ပေးမယ့် အချက်တွေချည်း များနေပြီး ရပိုင်ခွင့် အခွင့်အရေးတွေ နည်းနေတယ် ..
    တကယ်ဆိုရင် .. အပျိုကြီးလူပျိုကြီးတွေအတွက် ကား တစီးစီ ပေးမယ် .. အပြောကောင်းရင် ချယ်ရီ ရမယ် .. မကောင်းရင် ချယ်ဂါလီ ရယ် .. အစရှိသဖြင့်ပေါ့ ..
    ပန်ပန်က သဂျီးကို ဂေါင်းရွေးခိုင်းနေပြန်ပြီ .. လုပ်မယ့်လုပ် သဂျီးပဲ ဂေါင်း လုပ်မှာပေါ့ .. အစကောင်းတော့ ကော်မတီယူ တဲ့လေ

  • kai

    July 21, 2011 at 2:53 pm

    မြန်မာပြည်အကျယ်အဝန်း..။ ရှိတဲ့သယံဇာတတွေ..။ ဘေးပါတ်ဝန်းကျင်က.. မဟာအင်အားများနိုင်ငံကြီး၂နိုင်ငံဖြစ်တဲ့.. တရုတ်နဲ့အိနိ္ဒယ..။
    အဲဒါတွေချိန်ဆကြည့်ရင်.. မြန်မာပြည်မှာ.. အလိုအပ်နေဆုံးက..လူဦးရေပဲလို့.. သုံးသပ်မိတယ်..။
    အခုသန်း၆ဝရဲ့ ၂ဆ… အနည်းဆုံးရှိနေသင့်တယ်..။

    တက်လာကြတဲ့..မြန်မာအစိုးရတိုင်းဟာ.. မြန်မာ့..လူဦးရေအထူးတိုးများလာဖို့ကို..စီမံကိန်းချပြီးလုပ်သင့်တယ်..။
    အင်္ဂလိပ်ခေတ်ကလည်း.. လူမလောက်လို့.. အိနိ္ဒယက လူတွေခေါ်သွင်းလာရဖူးပြီ..။
    ဒီသမိုင်းဘီးက… နောက် ဆယ်စုနှစ်၁ခု၂ခုအတွင်း..တပါတ်ပြန်လည်လာလိမ့်မယ်..။
    ==
    ဆိုတော့..
    ရွာထဲက… အပျိုကြီးလူပျိုကြီးများ.. အိမ်ထောင်သားမွေးလုပ်နိုင်လျှင်… လက်ဖွဲ့ပို့ပေးမည်ဖြစ်ပါကြောင်း…။ 🙂

    • ဆူး

      July 22, 2011 at 12:28 am

      ဆူး သိတဲ့ အပျိုကြီး လူပျိုကြီးတွေ မင်္ဂလာ ဆောင်တော့မယ် လူတွေ ရှိတယ်နော် လက်တို့လိုက်ရမလား.. နောက်မှ ဘွတေး မလုပ်နဲ့ ဖိတ်စာတွေ ဆက်တိုက် ပို့ပေးမယ်။

      • kai

        July 22, 2011 at 9:22 am

        ဆူးမမက စာသေသေချာချာ မဖတ်ဖူး..
        ရွာထဲကပါ ဆိုနေမှ…
        ဘယ်သူတွေပါလည်းသိချင်ရင်.. မှန်ထဲသွားကြည့်လိုက်ဟေ့..။

  • shweaeimsi

    July 21, 2011 at 3:13 pm

    လက်ဖွဲ ့လိုချင်တာပေါ့..
    ဘယ်နှယ့်တသက်လုံးသွားလိုက်ရတဲ ့…မင်္ဂလာဆောင်တွေ…

    ကိုယ့်အလှည့် အရင်းကျေပါ့မလားပေါ့..
    .အရင်ကတော့စဉ်းစားတယ်..
    ကိုယ့်အလှည် ့ကျ..တနေ ့ထဲ 5ခါလုပ်ပစ်မယ်..(တစ်ယောက်တည်းပါ)
    ဘာညာ………ကြွေးကြော်ခဲ ့တာ……

    ခုတော့ခပ်တည်တည်ဘဲ……..အဲ ့ဒိကြောငြာတွေ ့လို ့..ငါ့တို ့အပျိုကြိး/လူပျိုကြီးလုပ်တာ…

    ဘာဖြစ်လည်း..(ခပ်တည်တည်ဘဲ…ဖိန် ့ဖိန့်ပေါ့)

Leave a Reply