Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးထိုက်တန်သော မှတ်သားစရာ စကားတစ်ခွန်း

kyawgyiMay 7, 20101min37911

ကျွန်တော် တို.ငယ်ငယ်ကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်း ကို မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ၊ အနစ်နာခံခဲ့သော ၊လေးစားအတုယူထိုက်သော ပုဂ္ဂိုလ် တစ်ယောက် အဖြစ်သိရှိခဲ့ရပါသည်။

ဗိုလ်ချုပ်အောင်ဆန်း သည် လွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့သော ထိပ်တန်းပုဂ္ဂုလ်တယောက်အဖြစ် ကမာ္ဘကပင် လေးစားခဲ့ရပါသည်။ကျွန်တာ်တို. ဧ။်

စံနမူ ထားထိုက်သော သူရဲကောင်း ဧ။် အကြောင်းကို ငယ်စဉ်က အိပ်ရာဝင်ပုံပြင် သဖွယ် အဘိုးအဘွား များ ပြော ကြားခဲ့ ကျွန်တော်တို. သိရှိခဲ့ကြပါသည်။

ယနေ. ခေတ် ညီငယ် ညီမ ငယ်များဧ။် ခေတ်တွင် ကျွန်ုပ်တို့ ငယ်စဉ် ကလို မိဘများ နှင်. အဘိုးအဘွား များ စာဝတ်နေရေးကြောင့်သော်လည်ကောင်း  အကြောင်းအမျိုးမျိုးကြောင်. လက်ဆင်ကမ်း မပြောပြ နှိုင်ခြင်းများလည်း ရှိနှိုင်မည် ဖြစ်သည်။ထိုကဲ့သို နှစ်ရှည်လများကြာမြင့်လာ ပြီး ကျွန်ုပ်တို. ဧ။် လွတ်လပ်ရေး ဖခင်ကြီး ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ဧ။် အကြောင်းများမှာ ဒဏ္ဏာရီ ပမာ မေ.ပျောက် သွာကြမည်ကို စိုးရွံမိသောကြောင်. ကါျန်တော်လက်လှမ်းမှီရာ ဗိုလ်ချုပ် ဧ။် မှတ်သာဖွယ်ရာစကားများ ကို မှတ်သားမိစေရန် တင်ပြမိပါသည်။

စားရေးဆရာမှူးသမိန်ရေးထားသော စာအုပ်တစ်အုပ်တွင် ဗိုလ်ချုပ်က သူတို့ ဂျပန်နိုင်ငံတွင် စစ်ပညာသင်နေ စဉ်အတွင်း လျှို့ဝှက်စာလှမ်းရေးပြီး အားပေးစကားပြောရာတွင် “ ငါ့သားကြီးများ ပြန်လာမှ ” စကားလုံး ဟု ပါ ရှိသည်ကို ကျနော်သတိထားမိလိုက်သည်။ ကာယကံရှင်တပ်မတော်သားကြီးများမှာ အားတတ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်သေသေ ပေးဆပ်မည်ဟု စိတ်ဓါတ်များဖြစ်ပေါ်သွား မည်ဟု ကျနော် တထစ်ကျယုံ ကြည်သည်။ ဗိုလ်ချုပ်၏ စကားလုံးတိုင်းသည် ရိုးသားမှုရှိသည်။ မေတ္တာပါသည်။ ဗိုလ်ချုပ်၏ စကားတိုင်းတွင် ဆန္ဒ အမှန်ပါသည်။ ဗိုလ်ချုပ်၏ စိတ်သည် ပြည်သူအတွက်ဖြစ်သည်။ ဗိုလ်ချုပ်၏အသက်နှင့်သွေးသည် တိုင်း ပြည်နှင့်လူမျိုးအတွက် ပေးဆပ်ဖို့အသင့်ရှိ သည်ကို သူ၏စကားနှင့်မိန့်ခွန်းများတွင် အထင်အရှားတွေ့နိုင်သည်။ ဒါကြောင့်သာ ဗိုလ်ချုပ်ကျဆုံးပြီး ဆယ်စုနှစ် ၆ ခုနီးပါးကြာသော်လည်း အမြဲမှန် ကန်ထိရောက်အသုံးဝင်ခဲ့သည်။ အသက်ဝင်ဆဲဖြစ်သည်။ ဗိုလ်ချုပ်၏မိန့်ခွန်းတိုင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် တကယ်ပေးဆပ်နေသော သူများ အဖို့ လိုတရဓါတ်လုံးရသလိုပင်ဖြစ်သည်။ အာဇာနည်များ၏ စိတ်ဓါတ်နှင့်လုပ်ရပ်ကား အံ့ဩလေးစား ကြည်ညိုစရာပင်ဖြစ်သည်။

ကျနော့်၏ နှလုံးသားနှင့်အသိတရားကို နှိုးဆွပေးလိုက်သော ဗိုလ်ချုပ်၏ မိန့်ခွန်းတစ်ခွန်းမှာ –

“ လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့် မည်။ ” ဟု ဆိုတာဘဲဖြစ်ပါသည်။ ဒီစကားလုံးကို တွေ့မြင်ရပြီး ကျနော်တော်တော်ခံစားလိုက်ရပါသည်။ ဒါ့အပြင် ကျနော့်အာရုံထဲကမှန်းပြီး အဲ့ဒီအချိန်က လူထုလေးစားချစ်ခင် အား ကိုးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြည် နှင့်လူမျိုးအတွက် တကယ်ပေးဆပ်ဖို့ တိုက်ပွဲဝင်ရဲသော တပ်မတော်သားကြီးများကိုပါ မြင်မိပါ တော့ သည်။

ဪ ….. ဒို့နိုင်ငံဟာအရတော်လေစွ၊ ဗိုလ်ချုပ်လိုလူမျိုးကိုမွေးထုတ်နိုင်ခဲ့တာဟာ ဆုလာဘ်ကောင်းကြီးဘဲလို့ လည်း ဂုဏ်ယူမိပါတော့သည်။ ဗိုလ်ချုပ်၏ စကားလုံးတစ်ခုချင်းစီ၏ အဓိပ္ပါယ်ကိုလည်း တစ်ခုချင်းစီဆန့်ထုတ် တွေးတောဆင်ခြင်မိပါတော့သည်။

ဗိုလ်ချုပ်ကသတ္တိနှင့်သစ္စာကို အလေးထားးပြောသွားခဲ့ပါသည်။ တိုက်ပွဲဝင်ရန်နီးကပ်နေပြီဖြစ်သော ရဲဘော်များ အတွက် အတိုဆုံးနှင့်အထိရောက်ဆုံး စကားလုံးများကို အခြေအနေ၊ အချိန်အခါ နှင့် တစ်ထပ်တည်းကျအောင် သုံးနိုင်သော ဗိုလ်ချုပ်၏ ဉာဏ်ပညာကြီးမားပုံနှင့် အသိပညာကား အတုယူ ဖွယ်၊ အားကျဖွယ်ပင်ဖြစ်သည်။ တချို့ခေါင်းဆောင်တွေဆို အနှစ် ၂ဝ ကျော်လောက်အထိ အမြှုပ်တစီစီထွက်အောင် လျှာရိုးမရှိ ဟန်ပြစကား တွေ ပြော၊ မိန့်ခွန်းပြောသော်လည်း ကြားရသူမှာလည်း အချိန်ကုန်လူပင်ပန်း၊ သူ့ခဗျာလည်း စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းရှိကြရသည်ကိုတွေ့နေရပါသည်။ လူ့တန်ဖိုးအဆင့်အတန်းကွာခြားမှုပင်ဖြစ်သည်။

ဗိုလ်ချုပ်ဆိုလိုသော “ သတ္တိ ” မှာ အချိန်မတော် ဘုန်းတော်ကြီးကျောင်းများသို့ အတင်းဝင်ရောက်ပြီး စီးနင်းပြီး ရက်စက်ယုတ်မာစွာ သတ်ဖြတ်ရဲ သော စိတ်ကိုမဆိုလိုပါ။ ဘာလက်နက်မှမရှိဘဲ ငြိမ်းအေးစွာ မေတ္တာပို့ဆန္ဒပြ နေသော ဘုရားနှင့်တစ်ကိုင်းတည်းရှိသော ရဟန်းသံဃာများ၊ သား သမီးအရွယ်မောင်နှမအရွယ် ကျောင်းသား လူငယ်များကို သေနက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်ရဲသော၊ ယုတ်မာရက်စက်သော မိုက်ရူးရဲ သတ္တိကိုမဆိုလိုပါ။

ဗိုလ်ချုပ်သည် ယဉ်ကျေးသူ၊ လူပီသသူဖြစ်သည်။ ထို့ထက်အသိဉာဏ်ရင့်ကျက်သော မျိုးချစ်အာဇာနည်ဖြစ် သည်။ ဗိုလ်ချုပ်ဆိုလိုသော သတ္တိသည် တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ ဘဝကို စတေးနိုင်သော၊ စတေးခဲ့ သော “ အဓမ္မတရားကို လက်မခံသော ” ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံသော “ သတ္တိ ” ကိုဆိုလိုသည်။

ထိုသို့အမှန်တရားအတွက် ပေးဆပ်ရဲသော စိတ်ဓါတ်ရှိသူများသည် မြတ်နိုးစွာရသကိုခံစားနိုင်သည့်အပြင် ထိုစိတ်ဓါတ်မျိုးရှိသူများနေထိုင်ရာအရပ်

( သို့ ) တိုင်းနိုင်ငံသည်လည်း လူမျိုးတင့်၍ နိုင်ငံအေးချမ်းစည်ပင်မည်ဖြစ် သည်။ ဗိုလ်ချုပ်ဆိုလိုသော သတ္တိမှာ အမှားကိုအမှား၊ အမှန်ကိုအမှန်ဟု ရဲရဲပြောဆိုရဲသော စိတ်ဓါတ်ဖြစ်သည်။ ထိုသို့အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ရဲသော သတ္တိရှိရမည်ဟု ဆိုလိုပါသည်။

စစ်ပွဲဆိုသည်မှာ ပန်းနှင့်ပေါက်သော ပွဲတော်မဟုတ်ပါ။ သူသေကိုယ်သေတိုက်ခိုက်ရသော အသက်ဆုံးပါးနိုင် သည့် နေရာဖြစ်သည်။ အမှန်တရားအတွက် ကောင်းမြတ်သောတရားဥပဒေများအတွက် မိမိတာဝန်ကိုကျေပွန် ပြီး မှန်ကန်သော စိတ်သတ္တိဖြင့် ရင်ဆိုင်မှသာ တရားသော စစ်ဖြစ်မည်ဖြစ်သည်။

ဗုဒ္ဓ၏ဒေသနာတော်အရ လူ့ဘဝ၏ အဓိကတာဝန်မှာ သိက္ခာကိုစောင့်ထိန်းခြင်းဖြစ်၏။ သိက္ခာကို စောင့်ထိန်း ခြင်းဆိုသည်မှာ လောက၌ “ အဓမ္မ ” အပေါ်မလွှမ်းမိုးနိုင်အောင် အားထုတ်ခြင်းဖြစ်၏။ ထိုသို့အားထုတ်ခြင်းဖြင့် မိမိ၏ စည်းစိမ်ဥစ္စာဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွားနိုင်၏။ သို့ရာတွင် မည်သို့ပင် ဆုံးရှုံးသွားစေကာမူ မိမိတာ ဝန်ကို စွန့်လွှတ်ခြင်း မပြုအပ်။ မိမိ၏ တာဝန်ကို ရှောင်လွှဲခြင်း မပြုအပ်။ ဤသည်ကိုပင် “ သတ္တိရှိခြင်း ” ဟူ၍ ဆိုရ၏။ တာဝန်ကျေခြင်းဟူ၍လည်း ဆိုရ၏။

ထို့ကြောင့်ဗိုလ်ချုပ်ဆိုလိုသော သတ္တိမှာ ပြည်သူ၏ထမင်း၊ ပြည်သူတို့၏အသက်၊ သွေး၊ ချွေးများဖြင့် ရှာဖွေထား သော အစားအသောက်များကို စား သောက်နေကြသော ပြည်သူ့ဝန်ထမ်းတပ်မတော်သားများကို ပြည်သူကပေး အပ်ထားသော တာဝန်ကျေကြရန် သတိပေးလိုက်ခြင်းလည်းဖြစ်သည်။ ပြည်သူကမွေးလိုက်သော ပြည်သူ့အ တွက် ပြည်သူ့တပ်မတော်သာဖြစ်စေလိုသော ဗိုလ်ချုပ်၏ မေတ္တာနှင့်ကျေးဇူးသိတတ်မှုပင် ဖြစ်သည်။

နောက်ဗိုလ်ချုပ်အလေးထားပြောသော စကားလုံးမှာ “ သစ္စာ ” ပင်ဖြစ်သည်။ “ သစ္စာ ” ကို မြန်မာလို “ ဖြောင့် မှန်ခြင်း ” (သို့) “ မှန်ကန်ခြင်း ” ဟု ဆိုနိုင်သည်။ အပြောနှင့်အလုပ်ရှေ့နောက်ညီညွတ်ခြင်းသည် ဖြောင့်မှန်ခြင်း တစ်မျိုးဖြစ်၏။ ဆရာတော်အရှင်ဇနကာဘိဝံသ က သူ၏ ဗုဒ္ဓဝင်အမေး အဖြေ၌ “ လိမ်၍ပြောခြင်း၊ ပြောသည့် အတိုင်း မလုပ်ခြင်းကား လူအများကို အထင်မှားအောင် လှည့်စားခြင်းမည်၏ ” ဟု ဖော်ပြထားပါသည်။ ထို့ပြင် “ ဘုရားအလောင်းတော်သည် ပါရမီမရင့်သေးမီက ပါဏာတိပါတ – စေသော ပြစ်မှုမျိုးကို ပြုတန်သလောက်ပြု မည်ဖြစ်သော်လည်း မုသားကိုကား သူတပါးအကျိုးပျက်အောင် သစ္စာဖျက်၍ မည်သည့်အခါမျှ မဆိုခဲ့ပေ ” ဟူ၍ လည်း ဗုဒ္ဓဝင်အမေးအဖြေ၌ပင် ဖော်ပြထား၏။

တစ်ချို့နိုင်ငံအကြီးအကဲဟုဆိုသူများသည်ပင် သူတို့ကိုယ်တိုင်ပြုလုပ်ကျင်းပပြီး သူတို့ကိုယ်တိုင်အာမခံကာ ပြု လုပ်ပေးခဲ့သော လူထုသဘော ထားခံ ယူပွဲ၊ ရွေးကောက်ပွဲများရလဒ်ကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ လူအများကို လိမ်လည်ကြသည်များရှိသည်။ သစ္စာဖောက်ခြင်းဖြစ်သည်။ လှည့်ဖြားခြင်းဖြစ်သည်။

မင်းကောင်းမင်းမြတ်တို့ကျင့်သုံးအပ်သော ၊ လိုက်နာသင့်သော အချက်များကိုညွှန်ပြသည့် ရာဇဓမ္မသင်္ဂဟကျမ်း ၈၂ ၌လည်း “ လောက၌ကံအရာကို ချန်ထား၍ သစ္စာနှင့်မပြီးနိုင်သော အမှုမည်သည်မရှိ ” ဟူ၍ ဆိုထားသည်။ အလေးထားဖွယ်၊ ဆင်ခြင်ဖွယ်ပင်ဖြစ်သည်။

ဗိုလ်ချုပ်သည် ငယ်စဉ်ကတည်းကပင် ဘုန်းတော်ကြီးကျောင်းများ၌ ပညာသင်ကြားခဲ့သည့်အပြင် အတန်း ကျောင်းများ၌လည်း အဆက်မပြတ်ပညာ ရှာမှီးခဲ့သူဖြစ်သည်နှင့်အညီ စိတ်၏သဘောကို ဓမ္မနည်းဖြင့်လည်း ကောင်းကောင်း နားလည်သဘောပေါက်သူဖြစ်ကြောင်း သံသယရှိရန်မလိုပေ။

“ သစ္စာ ” ကို အပြောနှင့်အလုပ်ရှေ့နောက်ညီခြင်း ( သို့ ) တစ်ဖြောင့်တည်းကျခြင်းဟု ယူဆနိုင်သည်။ အမှန်မှာ စိတ်မှစ၍ ဖြစ်ပြီး နောက်မှသာလျှင် ဆိုင်ရာဆိုင်ရာ ကာယကံမှု၊ ဝစီကံမှု တို့သည် သင့်လျှော်သလိုဖြစ်ကြ၏။ ထို့ကြောင့် စိတ်မှာဖြစ်ခြင်း၊ နှုတ်မှာဖြစ်ခြင်းနှင့်ကိုယ်မှာဖြစ်ခြင်းတို့သည် ရှေ့နောက်ညီညွတ်ဖို့လို၏။ တစ်ဖြောင့် တည်းကျဖို့လို၏။

ထိုကဲ့သို့ ရှေ့နောက်ညီညွတ်ခြင်းကိုပင် ဖြောင့်မှန်ခြင်းဟူ၍လည်းကောင်း၊ သစ္စာရှိခြင်းဟူ၍လည်းကောင်း၊ ရိုး သားခြင်းဟူ၍လည်းကောင်းဆိုရမည်။ သို့မဟုတ်ပါက သစ္စာမဲ့ခြင်း ( သို့ ) မရိုးသားခြင်းပင်ဖြစ်သည်။

စိတ်ထားမြင့်မြတ်သူ၊ သိက္ခာရှိသူ၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားသူများဟာ သစ္စာရှိကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ် စွာဘုရားကို အပြောနှင့်အလုပ်ညီသူ “ ယထာဝါဒီ တထာကာရီ ” ဟူ၍ ဖွဲ့ချီးတော်မူကြသည်။ လောကတွင် စ ကားသည် တကယ်တမ်းသာ သစ္စာနှင့်ယှဉ်ပါက တကယ်တမ်းပင်စွမ်း အား ရှိသည်။ သို့ရာတွင် လူအများမှာ ရာ ထူး၊ စည်းစိမ်နှင့်အခြားကြောက်ရွံ့များကြောင့် လိမ်လည်နေကြသည်။ သစ္စာပါရမီဟူသည်ကား “ ပုဂ္ဂိုလ်ကိုငဲ့၍ ဆိုရသောစကားမဟုတ်၊ ဓမ္မကိုငဲ့၍ဆိုရသော စကား ” သာ ဖြစ်၏ဟု ဆရာကြီးဦးရွှေအောင်က သူ၏ “ ဗုဒ္ဓ(သို့) လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူး ရှင် ” စာအုပ်တွင် ဖော်ပြထားသည်။

တကယ်တွေးကြည့်လျှင် ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းလိုခေါင်းဆောင်ကောင်း၊ ခေါင်းဆောင် မြတ်ရထားသည်မှာ အလွန်ဂုဏ်ယူထိုက် သည်။ စစ်ပွဲတွင် တစ်ဦးနှင့်တစ်ဦးသစ္စာရှိဖို့အရေးသည် အလွန်အရေး ကြီးရုံသာမက အခြားလူမှုဆက်ဆံရေးအတွက်လည်း အလွန်အရေးပါသည်။ ကတိသစ္စာများမြဲသောအခါ နွယ် မြတ်သစ်ပင်ဆေးဖတ်ဝင်၏ အဆိုလည်း ရှိသည်မဟုတ်လား။

လူအများစုသည် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်နေကြသည်။ သူတို့၏ အသွင်သဏ္ဍာန်နှင့်အနှစ်သာရတို့ သည် အချင်းချင်းဆန့်ကျင်ကြနေကြ၏။ ထိုသူများကို “ သစ္စာဖောက် ” များဟု သတ်မှတ်နိုင်သည်။ သစ္စာ ဖောက်ရာတွင် လောကသစ္စာဖောက်သူများရှိသလို ဓမ္မအပေါ်သစ္စာဖောက်သူများ လည်းရှိသည်။ နှစ်ခုစလုံးကို သစ္စာဖောက်သူများလည်းရှိသည်။ သစ္စာဖောက်လျှင် သစ္စာဖောက်တို့သွားရာလမ်းအတိုင်း တစ်ခုသောနေ့တွင် ထိုသူတို့ နှင့် ထိုသူတို့၏ အပေါင်းအပါများသည် သွားကြရမည်ဖြစ်သည်။ သစ္စာသည် ရှင်း၏။ ပြတ်သား၏။ သစ္စာကို လေးစားလျှင် သစ္စာကပြန်ချီးမြှောက်၏။ သစ္စာကိုလှည့်ပတ်လျှင် သစ္စာက ပြန်၍ဒဏ်ခတ်၏။ ဤကား ဓမ္မတာတည်း။

ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးအရွယ်ဖြစ်သော အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကြီးသည်လည်း သူ၏ဘဝ တစ်လျှောက်လုံးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ သစ္စာ၏ စွမ်းအားကို အသုံးပြု၍ ဆောင်ရွက်သည်ချည်းဖြစ် ၏။ ထို့ကြောင့်လည်း သူ၏ ဆောင်ရွက်နည်းကို “ သစ္စဂ္ဂါဟံ ” ဟူ၍ ခေါ်သည်။ အသက် ၂ဝ ကျော်သာရှိသေး သော ဗိုလ်ချုပ်အောင်ဆန်း၏ ရင့်ကျက်မှုနှင့် အမြော်အမြင်ကြီးမားမှုမှာ အံ့ဩလေးစားဖွယ်ပင်ဖြစ်သည်။

ဗိုလ်ချုပ်က “ သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် အောင်မြေချည်းဖြစ်သည် ” ဟု ဆိုထား သည်မှာ အလွန်မှန်ကန်သည်။

ဗိုလ်ချုပ်ဖောက်ပေးသော အောင်မြေသည် ယခုဘဝအတွက်သာမဟုတ် နောင် တမလွန်ဘဝအတွက်လည်း အသုံးဝင်သည်။ ဗိုလ်ချုပ်သည် ပြော သလိုလုပ်ပြီး၊ သတ္တိ၊ ဗျတ္တိနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။ သူသည်သူ့လိုပင် ရင့်ကျက်သော၊ တိုင်းပြည်အတွက်၊ အမှန်တရားအတွက်၊ တရားသော စစ်ပွဲများအ တွက် အဓမ္မကိုပယ်ပြီး ဓမ္မကို လေးစာမြတ်နိုးသော၊ တိုင်းပြည်နှင့်လူမျိုးကို တန်ဖိုးထားတတ်သော စိတ်ထားမှန် ကန်၊ ဖြောင့်မတ်ရိုးသား သော တပ်မတော်သားများဖြစ်စေလိုသည်မှာ အထင်အရှားဖြစ်ပါတော့သည်။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလိုလားသော သတ္တိ နှင့် သစ္စာရှိသော တပ်မတော်ကြီး ဗမာ့မြေ ပေါ်တွင် အမြန်ဆုံးဖြစ်ပေါ်ပါစေလို့ ရင်ထဲမှ နှစ်နှစ်ကာကာ ဆန္ဒပြုလိုက်ရပါသည်။

ှsource by Hitia

11 comments

  • chitkay

    May 7, 2010 at 8:10 am

    အခုလို မှတ်သားထိုက်တာတွေ တင်ပြပေးတဲ့ ကိုကျော်ကြီးကို
    အလွန်တရာမှ လေးစားမိပါတယ်ဗျာ။

    ဒါ ကျနော်တို့ မသိထားတာလေးတွေမို့
    ဗဟုသုတ နဲ့ မှတ်သားဖွယ် တစ်ခုပါပဲ။

  • chitkay

    May 7, 2010 at 8:10 am

    အခုလို မှတ်သားထိုက်တာတွေ တင်ပြပေးတဲ့ ကိုကျော်ကြီးကို
    အလွန်တရာမှ လေးစားမိပါတယ်ဗျာ။

    ဒါ ကျနော်တို့ မသိထားတာလေးတွေမို့
    ဗဟုသုတ နဲ့ မှတ်သားဖွယ် တစ်ခုပါပဲ။

  • chitkay

    May 7, 2010 at 8:10 am

    အခုလို မှတ်သားထိုက်တာတွေ တင်ပြပေးတဲ့ ကိုကျော်ကြီးကို
    အလွန်တရာမှ လေးစားမိပါတယ်ဗျာ။

    ဒါ ကျနော်တို့ မသိထားတာလေးတွေမို့
    ဗဟုသုတ နဲ့ မှတ်သားဖွယ် တစ်ခုပါပဲ။

  • intro

    May 7, 2010 at 9:57 am

    သိတ်တန်ဖိုးရှိတဲ့ post တစ်ခုပါ… ဗျာ

  • Sayagyi

    May 25, 2010 at 5:32 am

    မှန်လိုက်တာ။ အဲဒါကြောင့်အခုထိဒီမိုကရေစီမရတာ.

  • MyoThanHtike

    July 27, 2010 at 1:29 pm

    အလွန်တန်ဖိုးမဖြတ်နိုင်တဲ့ post ပါ…မြန်မာနိုင်ငံတော်ကြီးကိုကယ်ဖို. ဘုရားကလွှတ်လိုက်တဲ့ သခင်အောင်ဆန်းအကြောင်းကိုသတိတရရေးပေးတဲ့ကိုကျော်ကြီးကိုကျေးဇူးအထူးတင်ပါတယ်။
    ကျွန်တော်ကိုယ်တိုင်ကလဲ ဗိုလ်ချူပ်ကိုအလွန်လေးစားတဲ့သူတစ်ယောက်ပါ။
    ကျွန်တော် လဲဗိုလ်ချူပ်အကြောင်းတွေကို ရှာတင်ပါအုံးမယ်
    by_Bl@dE

  • fatty

    July 27, 2010 at 1:50 pm

    ဗု်လ်ချုပ်တို့က စွန့်စားသူတွေပါ။
    ဒါပေမဲ့စွန့်ပြီးမစားလိုက်ရပါဘူး။ ဗိုလ်ချုပ်စိတ်ဓါတ်ကလည်းစားမဲ့သူမဟုတ်ပါဘူး။
    သူတို့ကမစွန့်ဘဲစားနေသူတွေပါ။

  • happy.happy

    August 15, 2010 at 10:16 am

    ဗိုလ်ချုပ်ရဲ့အမှတ်တရတွေ အွန်လိုင်းမှာ များများလေးတင်ပေးပါ….း) နောက်လူငယ်တွေ ဗိုလ်ချုပ်ကို မေ့နေကြတယ်….

  • မန်း ရိပ်

    August 20, 2010 at 1:15 pm

    ကျေးဇူးပဲဗျာ အခုလိုမှတ်သားစရာ အဖိုးထိုက်တန်တဲ့စာမျိုး ရှာရတာမလွယ်ဘူး
    mandalaygazette ကိုလည်းကျေးဇူးတင်တယ်ဗျာ

  • laminwaiacg

    September 11, 2010 at 6:43 am

    ကောင်းလိုက်တဲ့ပိုစ့် တကယ်ကြိုက်တယ်ဗျာ
    ဒီဘက်ခေတ်မှာဆိုတာက အားလုံးသိတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဆိုတာက မေ့ပစ်စရာကိစ္စတစ်ခုလိုဖြစ်နေတာလေ။ကျောင်းမှာလဲကဗျာလောက်ပဲသင်ပြီး ဗိုလ်ချုပ်အကြောင်းတွေကိုအမှောင်ချ ကွယ်ဝှက်ထားနေကြတာကို အခုလို ရေးသားပေးတာကျေးဇူးတင်ပါတယ်ဗျာ
    အဲဒီလိုသာမဟုတ်ရင် နောက်လာမဲ့ကလေးတွေရဲ့ပါးစပ်ဖျားမှာ ဗိုလ်ချုပ်ဆိုတာ စစ်သားတစ်ယောက်လားဟင် ဆိုတာမျိုးတွေဖြစ်သွားနိုင်ပါတယ်

  • winkyawaung

    September 11, 2010 at 7:30 am

    ဗိုလ်ချုပ်ကို သတိရလိုက်တာ..။ အန္ဒိယနိုင်ငံမှာ မဟတ္တမ ဂန္ဒီကြီးကို နေရာတိုင်းမှာ ဂုဏ်ပြုထားကြပါတယ်။ မြန်မာပြည်မှာတော့ ဗိုလ်ချုပ်ကို ဂုဏ်ပြုဖို့နေနေသာသာ.. ဗိုလ်ချုပ်ထားခဲ့တဲ့ တပ်မတော်ကြီးဟာ.. ကျေးဇူးရှင်ပြည်သူ၊ပြည်သားတွေ အားလုံးကို ကျေးစွန့်နေကြပါပြီ…ဗိုလ်ချုပ် အောင်ဆန်းရယ်..။

Leave a Reply