Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

BED BUGS (ဂျပိုး) အပိုင်း ၁

nigimi77July 23, 20111min5048
အမေရိကမှာ နေထိုင်ရင်း  ကျုပ်တို ့လို အရှေ ့တိုင်းသားတွေ အတွက် အင်္ဂလိပ်စာ သင်ယူရတာထက် ပိုပြီး  စိတ်ပင်ပန်းရတဲ့ အကြောင်းအရာတွေ ရှိပါတယ်။
လက်ရှိ နယူးယောက်မှာ  နေတဲ့  ကျောင်းသား တစ်ယောက် ပြောပြတာကို ပြန်ရေးထားတာပါ။  သူ ့ရဲ ့ ဇာတ်လမ်းကို နားထောင်ပြီး  အမေရိကန် နိုင်ငံသားတွေရဲ  ့အကြီးမားဆုံး  ပူပန်မှုက ဘာလဲဆိုတာကို စဉ်းစားမိခဲ့ပါတယ်။  အင်္ဂလိပ်စကား မကျွမ်းကျင်လို ့ ဆက်ဆံရေး အဆင်မပြေတာထက်ပိုပြီး စိတ်ပင်ပန်းရတဲ့အကြောင်း… ဒါမှ မဟုတ် အထီးကျန်ခြင်းလား…..။
ဒါပေမဲ့လည်း   သူ ့ရဲ  ့အဖြေကို နားထောင်လိုက်ရတဲ့ အခါမှာ တကယ်ကို ထင်မထားခဲ့တဲ့ အကြောင်းအရာ ဖြစ်နေခဲ့တယ်။ အထီးကျန်တဲ့ ဘဝကို ပိုပြီးစိတ်ပင်ပန်းစေတဲ့ ကိစ္စ….
တခြားတော့မဟုတ်ပါဘူး…အခန်းထဲမှာ ရှိတဲ့  ဂျပိုး(ကြမ်းပိုး) ကို နှိမ်နင်းရတဲ့  ဝဋ်ဒုက္ခ ပါပဲ…။ နည်းလမ်းပေါင်းစုံနဲ ့နှိပ်ကွပ်ခဲ့ပေမဲ့လည်း အချည်းနှီးပါပဲ။
ဝယ်ထားတာ မကြာသေးတဲ့  မွေ ့ရာကို လွှင့်ပစ်တာပဲ ဖြစ်ဖြစ်  အသစ်လဲထားတာ မကြာသေးတဲ့  ကြမ်းခင်းကိုပဲ ဖြစ်ဖြစ် အသစ် ထပ်လဲပစ်မှာလား…..။
The developed countries လို ့ ကြွေးကြော်ထားတဲ့  အမေရိကန်နိုင်ငံမှာ  Least developed countries ရဲ  ့ ဘဝမျိုး နေနေရပါလား….။
အရှေ ့တိုင်းသားတွေ အသွားများတဲ့  Mart တွေမှာ  အံဩလောက်စရာပင်  “ဂျပိုး ဖမ်းတဲ့ ဆေး ရပါပြီ”  ဆိုတဲ့ စာတမ်းက  ကြီးမားထင်ရှားစွာကပ်ထားကြပါတယ်။  အမေရိကမှာ ခံနေရတဲ့ ဒုက္ခကို မကြည့်ရက်လို ့  ဘေးအိမ်က ဦးလေးကြီးက သူ ့ရဲ ့ ကိုယ်ပိုင် နည်းလမ်းကိုလည်း ပေးခဲ့ပါတယ်။
(NaclO)  ဖြန်းပေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်သာ သန် ့ရှင်းရေး လုပ်တဲ့ အခါမှာ အသုံးများတဲ့ (NaclO) ကို အားပျော့အောင် ရောစပ်ပြီး စပရေး အနေနဲ ့ အခန်းထဲမှာပက်ဖျန်းရပေမဲ ့  သတိထားရမဲ့  အချက်တွေ အလွန်များပါတယ်။   အခန် ့မသင့်ရင်တော့  ကာကီရောင် ဘောင်းဘီဟာ  စစ်ဘောင်းဘီပုံစံ ဖြစ်သွားနိုင်သလို
အပြာရောင် တီရှပ်ဟာလဲ  အညိုရောင် မြေပုံကွက်တွေ ပေါ်လာနိုင်ပါတယ်။ ဂျပိုးကို တကယ်ပဲ  နှိမ်နင်းနိုင်လားဆိုတာ မသိပေမဲ့ အနည်းဆုံးတော့ စပရေး ဖြန်းပေးထားတဲ့ ညမှာတော့ တော်တော်လေးကို ဂျပိုးရန် ကင်းရှင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း အနံ ့က ပြင်းထန် ဆိုးဝါးလွန်းတော့ အိပ်ခန်းထဲမှာ ဆေးဖြန်းပြီး ဧည့်ခန်းမှာပဲ အိပ်ရတဲ့ ညတွေက ပိုပိုပြီး စိပ်လာပါတော့တယ်…။
ဆေးဆိုင်ကို သွားရင်  အဆီ (ဒါမှမဟုတ်)  အတုံးအခဲ အနေနဲ ့ရောင်းတဲ့ ပိုးသတ်ဆေး တွေရှိပေမဲ့လည်း မျှော်လင့်ထား သလောက် မထိရောက်ပါဘူး။
World Mart လို ဟာမျိုး  Mart အကြီးစားတွေမှာတော့ ဂျပိုး မကပ်နိုင်တဲ့  ပိုလီအက်စတာ မွေ ့ယာ အစွပ်တွေ လည်း ရောင်းပါတယ်။
တကယ့်ကို နည်းလမ်း အစုံအလင်ကို  သုံးခဲ့ဖူးပေမဲ့လည်း  ထိရောက်မှု မရှိပဲ လက်လျှော့ပြီး  မိမိတိုင်းပြည်ကို ပြန်ခဲ့ပါတယ်။
သေချာတာကတော့ မိမိနိုင်ငံမှာ  ဂျပိုးကိုက်ခံရတဲ့ ဒုက္ခ မရှိခဲ့ပါဘူး…။
ဒါပေမဲ့လည်း  လောလောလတ်လတ်ကို  Korea မှာလည်း ဂျပိုးကို ရှာဖွေတွေ ့ရှိခဲ့တယ် ဆိုတဲ့ သီတင်းက TV မှာ ပြလာပါတယ်။  ပြီးခဲ့တဲ့ အနှစ် ၂ဝ လောက်အထိ အစအနတောင် မရှိတဲ့  ဂျပိုး ဆိုတဲ့ သတ္တဝါက  Seoul မြို ့မှာရှိတဲ့  စုပေါင်းအိမ်ရာ တစ်ခုမှာ ရှာဖွေတွေ ့ရှိခဲ့ပါတယ်။
ကျွမ်းကျင်သူတွေရဲ  ့ အဆိုအရတော့ အမေရိကန်နိုင်ငံကနေ  ပြန် ့ပွားလာချေ များတယ်လို ့ဆိုပါတယ်။ ချက်ချင်း ဆိုသလိုပဲ …. ကျွန်တော်တို ့မိသားစုကို
အလွန် ဒုက္ခပေးခဲ့တဲ့  ဂျပိုးက  ဆိုလ်းမြို ့ အထိရောက်လာပြီဆိုတော့  တကယ့်ကို အံ့မခမ်း  အားထုတ်မှုပါပဲ။ ဆံပင်မွှေးတွေတောင် ထောင်သွားလောက်အောင်ကို  ကြက်သီးထလာပါတော့တယ်….။  သတင်း အရဆိုရင်  အဲဒီ ဂျပိုးဟာ  အညိုရောင် ပြောင်ပြောင် ၊  ကို်ယ် အရှည်  6.5~9mm ရှိတဲ့ အင်းဆက် (Insect)ဖြစ်ပြီး ၊  အိမ်တွေထဲမှာ နေထိုင်ပြီး ပြင်းထန်ဆိုးဝါးတဲ့ အနံ  ့ရှိပြီး  ရှည်လျားတဲ့ ပါးစပ်နဲ  ့  လူတွေ  (ဒါမှမဟုတ်)  တိရိစ ္ဆာန်တွေရဲ  ့သွေးကို စုပ်ယူတယ်လို ့ဆိုပါတယ်။  အမေရိကမှာ မြင်ခဲ့ဖူးတဲ့  ဂျပိုးကတော့  အညိုရောင်တင်မကဘူး  ခဲရောင်(ဆေးလိပ်ပြာ အရောင်) တောင် ရှိပါတယ်။
Yonse University က  Insect သုတေသန ဋ္ဌာန အကြီးအကဲရဲ  ့အဆိုအရ  ပြီးခဲ့တဲ့  ၂၀၀ရ ခုနှစ် ၁၂ လပိုင်းမှာ  လာရောက်တွေ ့ဆုံတဲ့  အသက် ၃ဝ အရွယ် အမျိုးသမီးက သူ ့အိမ်ကနေ ဖမ်းလာတဲ့  ပိုးကောင်ကို စစ်ဆေးကြည့်တဲ့ အခါ   နှစ်ပေါင်း ၂ဝ လောက်ကြာအောင် ပြည်တွင်းမှာ မတွေ ့နိုင်ခဲ့တဲ့  ဂျပိုးဖြစ်နေတယ်ဆိုတာကို အတည် ပြုခဲ့ပါတယ်။
ပြသာနာက  ဒီ ဂျပိုး ဆိုတဲ့ အကောင်ဟာ  ပြည်တွင်းမှာပဲ ပေါက်ဖွားလာတာလား  ဒါမှမဟုတ်   ပြည်ပကနေ  ကူးဆက် ပြန် ့ပွားလာတာလား ဆိုတာနဲ ့ ပါတ်သပ်ပြီးအငြင်းပွားနေခဲ့ကြပါတယ်။  သုတေသန အဖွဲ  ့ရဲ  ့ အဆိုအရတော့  ဂျပိုးဟာ  အမေရိက ကနေ ဝင်ရောက်လာတယ် တယ်ဆိုတဲ့ အချက်ကို အတည်ပြုခဲ့ပါတယ်။
လက်ရှိ  ဂျပိုး အကိုက်ခံရတဲ့  အမျိုးသမီး တစ်ယောက်ဟာ  အမေရိကန်နိုင်ငံနယူးဂျာဆီပြည်နယ်မှာ  ကြာမြင့်စွာ နေထိုင်ခဲ့ပြီး  ပြီးခဲ့တဲ့ ၉ လ လောက်က
ပြန်ရောက်လာတဲ့ အချက်ကို ကြည့်ပြီး ကောက်ချက်ချတာ ဖြစ်နိုင်ပါတယ်။  ဒါကြောင့်  သုတေသန အဖွဲ  ့က  နှစ်ပေါင်း ၂ဝ လောက်ကြာအောင် မတွေ ့ခဲ့ရတဲ့ကိုရီးယားပြည်ပေါက်  ဂျပိုး မဟုတ်ပဲ  အမေရိကန်ုပြည်ပေါက် ဂျပိုးက ပိုးမွှားသန် ့စင်ရေး စနစ်ကို  အောင်မြင်စွာ ထိုးဖောက်ပြီး ပြည်တွင်းကို ကူးစက်ပြန် ့ပွားလာတယ်လို ့ ခန် ့မှန်းကြောင်းကို  ကြေညာခဲ့ပါတယ်။  ပြီးတော့  သတင်းထဲမှာပဲ  ပိုးသတ်နှိမ်နင်းရေးလုပ်ထားပြီး လောလောဆယ်မှာ ဂျပိုး မျိုးပြုတ်သွားပြီလို ့ဆိုပါတယ်…..။   တကယ်ကို ပဲ မျိုးပြုတ်သွားပြီတဲ့လား…..။  အမေရိကန်နိုင်ငံဟာ ကျွန်တော်တို ့နိုင်ငံထက်ကို ပိုပြီး  လူနေထိုင်မှုစနစ် နိမ့်ကျပြီး ညစ်ပတ်လို ့ပဲဂျပိုး ဖြစ်ထွန်းနေတာလား  ….။  အဲဒီလို ကြိမ်းသေပေါက် ပြောဖို ့ဆိုတာ အလွန်ကို ခက်ခဲပါတယ်…။
“ဂျပိုးဟာ  အနေအထိုင် သပ်ရပ် သန် ့ရှင်းရင်  မရှိနိုင်ပါ”…………………လုံးဝ မဟုတ်ပါ ခင်ဗျား…….။
အဲဒီလို မဟုတ်တာက  အဓိက ပြသာနာပါ။  လူနေအိမ်တွေမှာ  ဂျပိုး တစ်ကောင် ရောက်လာပြီဆိုရင်  အံဩဖွယ် မျိုးပွားနှုံးနဲ ့ အခန်းတွေတင် မက အဆောက်အဦးရဲ  ့ နေရာတိုင်းမှာ  အလွန်လျင်မြန်စွာ ပေါက်ဖွားလာပါတော့တယ်။  ဒီ့ အပြင်  ဂျပိုး အကိုက်ခံရရင် ကိုက်ရာထင်ပြီး  ရောင်လာတတ်ပါတယ်။
ဘယ်လိုမှ အောင့်အီးပြီး မနေနိုင်လောက်အောင် ယားယံလာပြီး  မကုတ်ပဲ မနေနိုင်တော့ပါဘူး။  အထူးသဖြင့်  လက်၊ခြေထောက်၊ ဗိုက်  အစရှိတဲ့ နေရာတွေမှာအကိုက်ခံရရင်  သိသိသာသာ ရောင်တက်လာပါတယ်။  အဲဒီ ဝေဒနာဟာ အိပ်စက်လို ့ကို မရနိုင်တော့ပါဘူး။   ကလေး သူငယ်တွေ အတွက် ပိုဆိုးပါတယ်။
စိတ်ဝင်စားဖို ့ကောင်းတဲ့ အချက်က အမေရိကန်ပြည်ပေါက်  ဂျပိုးဟာ  ပိုးသတ်ဆေးဖြန်းတာတောင်မှ  တော်တော်နဲ ့ မသေဘူး ဆိုတာပါပဲ။
အမေရိက မှာတော့  1950 ခုနှစ်လောက်က  အသုံးပြုခဲ့တဲ့   DDT ဆိုတဲ့  ပိုးသတ်ဆေး ကို အသုံးပြုခွင့် မရှိတော့ပါဘူး။ DDT ဟာ လူကို ထိခိုက် အဆိပ်သင့်စေတဲ့အတွက်  အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်  အသက် ၅ဝ အထက် လူတွေဟာ ဂျပိုးနဲ ့သန်းကို  သတ်ဖို ့အတွက်  အဖြူရောင် အမှုန် ့ကို ကိုယ်ခန္ဒာနဲ ့ အဝတ်မှာ ဖြူးပြီး
လုပ်ခဲ့တဲ့ အတွေ ့အကြုံကို မှတ်မိကြမှာပါ။  အဲဒါဟာ  DDT ပါပဲ။  အမေရိကမှာ  အခုတလော  Pires Lloyd အနွယ်ဝင် ပိုးသတ်ဆေးကို  အသုံးပြုနေပါတယ်။
ရှင်းရှင်းပြောရရင်  အခုတစ်လော ပေါ်ထွက်လာတဲ့  ခြင်ဆေးမှာ အသုံးပြုတဲ့ပိုးသတ်ဆေးမျိုးပါပဲ။  မက်ဆာချူးဆက် တက္ကသိုလ်နဲ ့ ဆိုလ်း တက္ကသိုလ် ပေါင်းပြီးပြုလုပ်ထားတဲ့  ဂျပိုးနှိမ်နင်းရေး နည်းလမ်း အပြင်  မအောင်မြင်တဲ့ အကြောင်းရင်းကို လေ့လာခဲ့ပါတယ်။
ရလာဒ်ကတော့  ဂျပိုးဟာ Pires Lloyd  အနွယ်ဝင် ပိုးသတ်ဆေး ပီးတဲ့ သတ္တဝါတွေ ဖြစ်တယ် ဆိုတဲ့ အချက်ကို တွေ ့ရှိခဲ့ပါတယ်။  ပြီးခဲ့တဲ့ နှစ် အင်းဆက်ပိုးမွှား
သုတေသန ပွဲမှာ  ကြေညာခဲ့တဲ့ အချက်က  Pires Lloyd အနွယ်ဝင် ပိုးသတ်ဆေးဟာ  ဂျပိုးရဲ  ့ အာရုံခံဆဲလ် မှာရှိတဲ့ Electrical signal  ကို ထိမ်းချုပ်တဲ့ Geneကို ပြောင်းလဲ ပြစ်လိုက်ပြီး  Nerve တွေကို  ပျက်စီးပြီး သေသွားစေတယ်လို ့ ဆိုပါတယ်။ ဆိုလ်းတက္ကသိုလ်က  သုတေသန ပညာရှင်ရဲ  ့စကားအရဆိုရင်တော့ပိုးသတ်ဆေးပြီးတဲ့ ဂျပိုးဟာ  ပိုးသတ်ဆေးကို ဖြန်းပေမဲ့လည်း Gene က မပြောင်းလဲတဲ့ အတွက်  မသေရုံတင် မကဘူး  ပိုးသတ်ဆေးကို ပိုပြီးတောင် ခံနိုင်ရည် ရှိစေတဲ့ အတွက်  သာမာန် ဂျပိုးထက်ကို  အဆပေါင်း  264 ဆ ပိုပြီး  ခံနိုင်ရည် အားကောင်းလာတယ်လို ့ ဆိုပါတယ်။  အဲဒီလို ပိုးသတ်ဆေး ပီးတဲ့  အင်းဆက်တွေဟာ  ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာက  ကျွန်တော်တို ့ကို ထိတ်လန် ့စေခဲ့တဲ့  ကလေးတွေရဲ ့ ဆံပင်ထဲက  သန်းတွေ  ပဲ ဖြစ်ပါတယ်။

8 comments

  • nigimi77

    July 24, 2011 at 12:17 am

    Tag က ဘယ်လို ဖြစ်လို ့ ရေနွေးကြမ်း ဆိုတာက ပါလာတာလဲ။ ကိုခိုင်ရေ လုပ်ပါဦး။

  • kai

    July 24, 2011 at 4:51 am

    Tag ပြင်ပေးလိုက်ပါတယ်..။
    ကြမ်းပိုးက.. ယူအက်စ်တနိုင်ငံလုံးဆိုတာထက်.. နယူးယောက်မှာ အဓိကရှိတာပါ..။
    အဲဒီမြို့က..နှစ်ရာချီကြာနေပြီဖြစ်တဲ့.. မြို့လေ..။
    ဆန်ဖရမ်..အယ်လ်အေဖက်ကတော့.. ချကိုပိုကြောက်တယ်ထင်ပါတယ်..။

  • ကြောင်ကြီး

    July 24, 2011 at 5:36 am

    ကြမ်းပိုး၊ ကြွက်၊ ပိုးဟပ် ဆိုတာ နယူးယောက်မြို့ရဲ့ အိမ်မွေးသတ္တဝါများဖြစ်ပါတယ်။ ကိုယ်က သန့်သန့်ရှင်းရှင်း နေတတ်ရင်တော့ ဒင်းတို့ကို ပိုချစ်သူများဆီကို သွားမှာပါ။

  • nature

    July 24, 2011 at 3:15 pm

    264 ဆ ပိုပြီး ခံနိုင်ရည် အားကောင်းလာတယ် ဆိုတာဖတ်လိုက်ရတော့…. သေပြီဆရာ ….။

  • နွယ်ပင်

    July 25, 2011 at 9:53 am

    လင်းနို့ရဲ့ သန်းက ဂျပိုးလို့လဲ ပြောကြတယ် ။
    ဂျပိုးက တွယ်မိရင် မရတော့ဘူး ဘယ်လောက် သတ်သတ် တစ်ကောင်လောက်ကျန်ခဲ့တာနဲ့ အချိန်တို ခဏလေး အတွင်းမှာကိုပဲ အုံနဲ့ ကျင်းနဲ့ကို ပြန်ဖြစ်လာကြတာပဲ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 25, 2011 at 10:20 am

    ဘောစ်
    ခေါင်းစည်းမှားနေတယ်
    အိမ်မှာနေတော့ အိမ်မြှောင် ကျောင်းမှာနေတော့ကျောင်းမြှောင် ဆိုတဲ့ထုံးကိုမူပြီး
    အဲ့သည်သတ္တဝါရဲ့မှီရာတည်ရာ နေရာကိုမှီပြီး နာမည်ပေးရင်ကောင်းမယ်
    ဥပမာ
    ကြမ်းကြားမှာနေတော့ ကြမ်းပိုး
    ဘယ်ဂျား
    ညာဂျား
    ဟိုဂျား
    ဒီဂျာ
    ဟိုကြားပိုး ဒီကြားပိုး ဘာညာမလုပ်ဘဲနဲ့ ဘယ့်နှယ် ကိုယ့်နာမည် ဂျပိုး ဆိုပြီးလာကြော်ငြာနေရတာလည်း 😀
    သန်းဆိုလို့ပြောရဦးမယ် 😀 😀 😀
    နည်းနည်းတော့ ကြားမကောင်းဘူးပေါ့ဗျာ ဒါပေမယ့် တစ်ကယ့်ကိုယ်တွေ့
    လူတွေရဲ့အမြတ်တနိုးထားတဲ့ ဦးခေါင်းက ဆံပင်တွေမှာ
    လင်ယူသားမွေး အိမ်ထောင်မှုပြု ကြတဲ့သတ္တဝါတွေကို သန်းလို့ခေါ်ကြတာပေါ့လေနော
    မျက်စေ့နဲ့မမြင်ရတဲ့ သတ္တဝါတွေတော့ မပြောတော့ဘူး
    လူ့ရဲ့ အမွေးမှင်တွေမှာ တွယ်ကပ်နေပြီး လူ့သွေးကိုစုပ်တာ သန်းတစ်မျိုးထည်းမဟုတ်ဘူး
    ကြားပိုးလိုဘဲ တစ်ပုံစံထည်းဘဲ ဒါပေမယ့် သေချာကြည့်မှ တွေ့ရတာ
    ပန်းရောင် ခပ်ရင့်ရင့်လေး
    ငယ်ငယ်တုန်းကတွေ့ဘူးတာပါ
    လူတစ်ယောက် နေရောင်ထည်းမှာ ထိုင်ပြီး တစ်စုံတစ်ခုကို သဲသဲမဲရှာနေတာ
    မိန်းမထိုင်ပေါ့ ကြုံ့ကြုံ့လေးထိုင်တာမဟုတ်ဘူးနော်
    ဖင်ချထိုင်ပြီး ချေဖဝါးနှစ်ဖက်ကိုပူးပြီး ဒူးခေါင်းကို ဖြဲပြီးထိုင်တာ
    ( ဒေါက်တာ အီးတုံးပြောတဲ့ ထိုင်မတတ်တော့ ဖြဲပြသလို ဆိုတာနဲ့ ခပ်ဆင်ဆင်ပေါ့ )
    အဲ့သည်လိုထိုင်နေပြီး သူ့အောက်က ( ကန်တော့ဗျာ ) အမွေးတွေကို သူဘာသာ
    သန်းရှာသလို ရှာနေတာ
    ခဏနေတော့ အဲ့သည် စောစောကပြောတဲ့ ကြမ်းပိုးလို ပိုးတစ်ကောင်တွေ့တယ်ဗျ
    ယောက်ကျားတွေချည်းဘဲဆိုတော့ ဝိုင်းကြည့်ကြတာပေါ့
    သူပြောပုံက တော်တော့် တော်တော်ကိုယားလို့ နေရောင်ထည်းမှာ သေခြာရှာကြည့်တာ
    အဲ့သည် အကောင်လေးကိုတွေ့တာဘဲ
    တစ်ယောက်တစ်ပေါက်ပြောကြတာပေါ့
    တော်တော်ညစ်ပတ်တဲ့ကောင် -ီး မှာတောင်သန်းတွယ်တယ်ပေါ့
    အဲ့ဒါ -ီးသန်းပေါ့
    ဒါပေမယ့် သန်းနဲ့မတူဘူး ကြမ်းပိုးနဲ့တော်တော်တူတယ်
    သူက အကောင်ပါးပါးလေး
    တစ်ကယ်နော်
    အကောင်မျှင်မျှင်လေး

    • kai

      July 25, 2011 at 1:52 pm

      ဦးပုည ထင်တယ်.. ရေးဖူးတယ်…။
      အဲဒီအကောင်ကို… ဂျပ်ကောင်တဲ့..။ ဗဟုသုတအဖြစ်ပါ..။

  • hmee

    July 25, 2011 at 1:29 pm

    ကိုnigimi77ရေ ဗဟုသုတ အတွက် ကျေးဇူးပါ။ တချို့ဆို ဂျပိုးအကိုက်ခံရတာနဲ့ allergy ဖြစ်တာတွေ့ဖူးတယ်။ တကိုယ်လုံး အဖိန့်ဖိန့်တွေ ဖြစ်တာ။

Leave a Reply