အပြေးအလွှားမော်ကျွန်းသား

ETJuly 24, 20111min2455
ပဲခူးတိုင်းအနောက်၊ သယာဝတီမြို့ဟာ ကျနော်ရဲ့မွေးဖွားရာဇာတိဖြစ်သလို ကျနော်ရဲ့ဘဝကိုလည်း တစ်ဆင့်ချိုး ပြောင်းလဲသွားတဲ့ နေရာလည်းတစ်ခုဖြစ်ပါတယ်
ကျနော်(၁၀)နှစ်သားအရွယ်မှာ အဖေက ငှက်ဖျားရောဂါနဲ့ဆုံးသွားပါတယ်၊ အမေကလည်း ဘာမှမလုပ်တတ်.. အဲ့ဒီအချိန်မှာ အမေ ရဲ့ညီမ ကျနော်ရဲ့အဒေါ်က ကျနေ်ာကို (10)တန်းအောင်တဲအထိကျောင်းဆက်ထားဖို့တာဝန်ယူပြီး ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ (မော်ကျွန်း)ကိုခေါ်သွားခဲ့ပါတယ်. အဲ့ဒီအချိန် ကျနေ်ာရဲ့ အသက်က (၁၁)နှစ် ကျော်ပဲရှိပါသေးတယ်…
( ဒါက အခုမှ စကားစမိလို့ ကိုယ့်အကြောင်းကိုယ် ထည့်ရေးလိုက်တာပါ)။
ကျနေ်ာပြောချင်တာက မော်ကျွန်းမြို့အကြောင်းလေးပါ(သည်းခံပြီးဖတ်ပေးနော်)
မော်ကျွန်းမြို့ဆိုတာ တကယ်တော့ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းဆိုရင်လည်း မမှားပါဘူး။ အရှေ့ဘက်မှာ ဆိုရင် ကျိုက်ပိမြစ် (အခုတော့ သောင်ထွန်းနေပါပြီ….) တောင်ဘက်မှာ တုံးလဲချောင်း၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တော့ ရာဇူတိုင်နဲ့ ညောင်တုန်းမြစ်တွေ ဝိုင်းရံနေပါတယ်….
ရာဇူတိုုင်မြစ်ကထွက်တဲ့ ငါးသလောက်ဆိုရင် အကောင်းဆုံးအဆူဆုံးလို့ပြောစမှတ်ရှိပါတယ်… ဈေးထဲမှာတောင် မော်ကျွန်း ငါးသလောက်၊ရာဇူတိုင်ငါးသလောက်လို့အော်ရောင်းရင် ဟုတ်တာ/မဟုတ်တာအပထား လူကြိုက်များပြီးဈေးပိုရတတ်ပါတယ်.
ကျွန်တော်ကျောင်းသားအရွယ်(၇)တန်းနှစ်၊၁၉၉၆ခုနှစ်အလွန်ဝန်းကျင်လောက်ကဆိုရင်မော်ကျွန်းဟာမြို့လို့သာဆိုပေမယ့် တကယ့် ကျဉ်းကျဥ်းကလေးပါ. တာဝတိ ံသာ ဘုရားလမ်းနောက်မှာ ကျောင်းတွေဘုရားတွေရှိပြီး အဲ့ဒီနောက် (၁၃)လမ်း (မြို့ပတ်လမ်း) အနောက်ဘက်မှာ အ.ထ.က(၁)ကျောင်း၊ (၁၂)လမ်း နဲ့(၁၃)လမ်းဒီဘက်ထိပ်မှာဆိုရင် လူသိပ်မရှိတော့ပါဘူး။
မော်ကျွန်းမြို့က မြို့သာသေးပေမယ့် ဘာသာရေးထွန်းကားတဲ့မြို့တွေဆိုတော့ ဘုရားတေ၊ွ ကျောင်းတွေက တော်တော်များ ပါတယ်။ (အစည်ကားဆုံးအချိန်ကတော့ တာဝတိ ံသာဘုရားဆင်းပွဲ အချိန်ပဲဖြစ်ပါတယ်) အဲ့ဒီအချိန်တုန်းကတော့ ဘုန်းတော် ကြီးကျောင်းငါးဆယ်ကျော်ရှိပါတယ်. မဟာဝတ္တုကံကျောင်း၊ သူဌေးကျောင်း၊ ဘုရားကြီးတိုက်ကျောင်း၊ သာသနာ့ကာရီကျောင်း၊ မင်းကျောင်းဆိုတဲ့တိုက်ကြီးတွေကတော့ အထင်ကရတွေပါပဲ…သံသေတ္တာချောင်းတဝိုက်ကြေးဆင်းတု၊ ကျောက်ဆင်းတုဘုရား ကြား၊မင်းကျောင်းရှေ့မှာရှိတဲ့ ဆေးရုံကရင်ခွဲရုံရှိတဲ့နေရာတစ်ဝိုက်တွေမှာသူရဲခြောက်လို့နာမည်ကြီးလေတော့ကျနော်တို့ကလေး တွေဆိုရင် လူကြီးတွေမပါရင် မသွားလာဝံကြဘူး………….
ကျနော်တို့ညနေကျောင်းဆင်းပြီဆိုရင်မင်းကျောင်းတိုက်မှာကျူရှင်တက်ရပါတယ်.ဘုန်းကြီးဆီမှာစာသင်ကြားအဆောင်ကို ခွင့်တောင်းပြီး ကျောင်းက ဆရာမတွေက ပညာဒါန အလှူအဖြစ် မလိုက်နိုင်တဲ့ကလေးတွေအတွက် စာပြန်သင်ပေးပါတယ်.
(ကျနော်လည်းအပါအဝင်ပါ…. အဲ့ဒီတုန်းက ကျနော်နေတာက ခ.မ.ရ (၅၃၄)ခြေမြန်တပ်ရင်းမှာပါ ……….)ဒါကကြေငြာဝင်တာ။
ကျောင်းဆင်းပြီဆိုရင် မင်းကျောင်းတိုက်ကို အပြေးအလွှားသွားနေရာဦး ဟိုရောက်ရင် ဆရာမတွေကိုစောင့်ရင်း ရင်ခွဲရုံက တစ္ဆေခြောက်ခံရတဲ့အဖြစ်အပျက်တွေ ပြောကြတာပေါ့…….မဟုတ်တာ/ဟုတ်တာ အပထား ကြောက်တတ်သူတွေအဖို့က ကြောက်စိတ်ဝင်စရာပဲပေါ့…………….
မော်ကျွန်းမှာ ရုပ်ရှင်ရုံ(၂)ရုံရှိပါတယ်၊ (၇)လမ်းထိပ်က ပတ္တမြားရုပ်ရှင်ရုံ၊ (၁၃)လမ်းထိပ်ကမြိုင်မာလာရုပ်ရှင်ရုံတို့ဖြစ်ကြပါတယ်။
တစ်နေ့ပေါ့..
အဲ့ဒီတစ်နေ့ကလည်း ကျနော်အတွက်မှတ်မှတ်ရရ အဖြစ်အပျက်လေးပါ…မနက်ဖန်လိုကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့လို ညနေကျူရှင်အပြီးရုပ်ရှင်သွားကြည့်မယ် ဖြစ်ကြောင်း၊ မြို့ထဲကသူငယ်ချင်းအိမ်မှာပဲ အိပ်မှာဆိုတဲ့အကြောင်း အိမ်ကို ပြောပြိး ခွင့်တောင်းခဲ့တယ်………..
ညနေကျူရှင်ပြီးတော့ ကျနော်  ပတ္တမြားရုပ်ရှင်ရုံကိုသွားကြည့်တယ်…ရုပ်ရှင်ကလည်း ည(၇)နာရီမှာပြတာဆိုတော့ ကျနော့် အတွက် အချိန်မှီခဲ့ပါတယ်…….ရုပ်ရှင်ရုံရောက်တော့ လက်မှတ်ဝယ်…ရုံတွင်းဝင်ထိုင်ပြီး ရုပ်ရှင်ကြည့်ပါတယ်… ဇာတ်လမ်းက လည်း ကောင်းသလားမပြောနဲ့ ကုလားကားလို့မပြောရဘူး တော်တော်ရှည်တဲ့ဇာတ်လမ်း၊ ဇာတ်လမ်းက ခွေးလိမ္မာကားပါ ဇာတ်ကားမှာ အမျိုးသမီးကဝိညာဉ်ဘဝနဲ့ သူကလေးကို စောင့်ရှောက်တဲ့အခါမှာ ခွေးကလေးကသခင်အပေါ်ကူညီဆောင်ရွက် ထားတဲ့ ဇာတ်ကားလေးပါကြည့်ရင်းနဲ့ ဘယ်လိုပင်ပြီးသွားလဲ မသိ (ဟဲဟဲ လိုရင်းကမရောက်တော့ဘူး စိတ်ရှည်သီးခံပေးနော်)
ဇာတ်လမ်းပြီးတော့ ရုပ်ရှင်ရုံထဲကအေးဆေးထွက်လာတာပေါ့ ကျနေ်ာက လူတွေတိုးကျိတ်ထွက်ရတာကိုမကြိုက်လို့ပါ
(အဲ့ဒီအကျင့်က အခုထိပါပဲ) စိတ်ထဲမှာတော့ ရုပ်ရှင်ထဲက ဝိညာဉ်ဘဝမှာသရုပ်ဆောင်တဲ့ ကုလားအမျိုးသမီးအမူအရာနဲ့ ခွေးလိမ္မာအကြောင်းက စိတ်ထဲမှာဆွဲနေတာ)
နောက်……ဆိုက္ကားငှားပါတယ်
“ဆိုက္ကား..ဆရာ”
“အားပါတယ်… ဘယ်သွားချင်လို့လဲ”
“ကျနေ်ာ ဗိုလ်ချုပ်ဈေးကို သွားချင်လို့ပါ”
ကျနေ်ာပြောနေတုန်းရှိတုန်း အမှောင်ရိပ်ထဲက အမျိုးသမီးတစ်ယောက် အထုပ်(၁)ထုပ်ကိုကိုင်ထားပြီးရောက်လာတယ်….
“ကျမလည်း ဘုရားကြီးရှေ့အထိ လိုက်ချင်ပါတယ်”
“ဒီကလေးက ဗိုလ်ချုပ်ဈေးထိသွားမှာဆိုတော့ လမ်းကြုံပါတယ်၊ ကျမအရေးကြီးနေလို့ပါ”
အဲ့ဒီတော့ဆိုက္ကားဆရာက ပိုက်ဆံရရင်ပြီးတဲ့သဘောလား၊ လမ်းကြုံတာပဲလေ ဆိုပြီးတွေးတဲသဘောလားမသိ
“ကဲ ..ဒီက အစ်မ .ဆိုက္ကားပေါတက်…ညီလေးက နောက်ကစီးလို့ဆိုပြီး” …..စပြီးနင်းတော့တာပဲ
လရောင်ကလည်းမရှိ…. အလင်းရောင်ကလည်းမရှိ….သဖြင့် အမှောင်ထဲမှာရင်တထိတ်ထိတ်ဖြင့် ဆိုက္ကားအရှေ့မီးတစ်လုံး ထွန်းပြီးနင်းလာခဲ့ပါသည်။ (၁၁)လမ်းထိပ်အတိုင်းနင်းလာရာ ဂတ်တဲ(ရဲစခန်း)ရှေ့ရောက်သောအခါ  ဂတ်တဲက လက်နှိပ် ဓါတ်မီးဖြင့်လှမ်းထိုးသည်။
“ဟေ့…ဆိုက္ကားဆရာ……….မင်းဆိုက္ကားပေါ်ကလူက ခေါင်းမပါဘူးလား ဟ”
“ဟင်”

ကျနေ်ာလည်း အလန့်တကြားခေါင်းလှည့်ကြည့်၊ ဆိုက္ကားသမားလည်း ကျနော့်နည်းတူလှည့်အကြိုက်..တွေ့လိုက်ရတာက ဆိုက္ကားအရှေ့မှာစီးနေတဲ့အမျိုးသမီးမှာ ခေါင်းပျောက်နေပြီး  လေထဲတွင် တလူလူလွင့်နေသော ပဝါကိုသာတွေ့ရသဖြင့်………. ကျနော်စိတ်ထဲမှာကြောက်စိတ်ဖြစ်သွားပြီးကြက်သီးတွေထသွားတာပေါ့ ဆိုက္ကားဆရာလည်းမှင်သက်သွားပြီး ဆိုက္ကားကိုထိုးရပ် ဒရောသောပါးဆင်းပြေးလေးရော..ကျနေ်ာလည်း အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက်ခဲ့လေတော့သည်။။။။

အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက် ခဲ့လေတော့သည်။။။။
ဆိုက္ကားဆရာ ဘယ်ပြေးဖို့စိတ်ကူးသည်တော့မသိ………ကိုယ်လည်းကြောက်ကြောက်လန့်လန့်နဲ့ သူ့နောက်ကိုလိုက်ခဲ့တာ (၁၂)လမ်း ဗလီဘေးကိုရောက်တဲ့အထိ တရကြမ်းပြေးလာခဲ့ရာ ချွေးဒီးဒီးကျပြီး မောဟိုက်နေတာပြောမနေနဲ့……………
“ဦးလေး..ရေ၊ ဦးလေးရေ” ……ထပါဦးဗျ.. အမြန်ထပါဦး
ဆိုက္ကားဆရာရဲ့ ဦးလေးတော်စပ်သူထင်ပါရဲ့ဗျာ
တခါးလာဖွင့်ပြီး….. “ဟေ့ကောင်……..ဘာတွေဖြစ်လာတာလဲ ..တစ်ကိုယ်လုံးလည်းချွေးသံတရွဲရွဲနဲ့”
ကျနေ်ာတို့ကို သရဲခြောက်လို့ …ကျနေ်ာဆိုက္ကားပေါ် ပါလာတာ…
“ဟာ…ဟုတ်ရဲ့လားကွာ….မင်းဘာသာ မူးရူးပြီးမြင်ချင်တာမြင်တာဖြစ်မှာပေါ့…………….”
“မဟုတ်ဘူး…….ဦးလေးရ” ဂတ်တဲ့ရှေ့ရောက်တော့ ဂတ်က မီးလှမ်းထိုးလို့ လှမ်းကြည့်တော့ ခေါင်းမပါမှန်းသိရတာ ဦးလေး…. ဒီကောင်လေးပါ ပါတယ် သူ့ကိုမယုံရင်မေးကြည့်
(ကျနေ်ာကိုမေးငေါ့ပြတော့ ကျနော်လည်း ဟုတ်မှန်ကြောင်းပေါ့ ခေါင်းညိတ်ပြတယ်..ကြောက်စိတ်ကတော့မပြေသေးဘူးလေ)
အေးအေးထားတော့ …အခုတော့ အချိန်လည်းမရှိတော့ဘူး ဆိုက္ကားကို မနက်ကျမှသွားယူတော့….
“ကောင်ကလေးလည်းဒီမှာပဲအိပ်လိုက်တော့………မနက်ကျမှလိုက်ပို့မယ်..ဟုတ်လား”
အဲ့ဒီညကဆို ကြောက်လန့်စိတ်ကြောင့် တော်တော်လည်းအိပ်မပျော်ဘူး။။။ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ…အိပ်ရာထတော့ နေတောင်အတော်မြင့်နေပြီ….ကျနေ်ာအိမ်ရှေ့ထွက်လာတော့ ညက ဆိုက္ကားဆရာကိုတွေ့ရတယ် သူ့ဦးလေးနဲ့အတူ ရှိနေတာကို………..မျက်နှာကလည်းပြုံးနေတာ….
ကျနေ်ာထွက်လာတာကိုတွေ့တော့ ကျနေ်ာကို…
“ကဲ ကလေးရေ အခြေအနေတော့ပြီးသွားပြီ … ဘာမှမဖြစ်တော့ဘူး..”
ညက မင်းတို့တွေ့တာ သရဲမဟုတ်ပါဘူး လူပါပဲ…..
ညက ဦးရဲ့တူလေး ဆိုက္ကားပေါ်မှာပါတဲ့ ကောင်မလေးက ခိုးရာလိုက်ဖို့ထွက်လာတာ..သူ့ရည်းစားက ဘုရားကြီးလမ်းက စောင့်နေတာ ………လမ်းမှာ ဂတ်က ဓါတ်မီးနဲ့ထိုးတော့ ကလေးမလေးက သူ့မျက်နှာလူမြင်မှာစိုးလို့ ပဝါနဲ့ အုပ်လိုက်တယ်.။ ဒီတော့ ပဝါလေးက လေထဲမှာတလူလူလွင့်နေတာပေါ့……
ဒီမနက်ကျမှ ညက ဖြစ်တဲ့နေရာမှာ ဆိုက္ကားသွားယူတော့ ဂတ်က ရဲဆီမှာမေးပြီးထုတ်လာတာ
“…အဲ.. ဒါဆို……….ဟို… မမက ဘယ်ရောက်သွားလဲ”
ဂတ်တွေကပဲ အသိသက်သေလုပ်ပြီး လက်မှတ်ထိုးပေးလိုက်ကြတယ်… ကောင်မလေးကလည်း ဆိုက္ကားသမားကို ကျေးဇူးတင် တဲ့အနေနဲ့လည်း ပုဆိုးနဲ့ အင်္ကျီဝယ်ပေးလိုက်တယ်………..
“ဟားဟား…..မင်းတို့တွေတော့ဖြစ်ရမယ်………….”
လူကြားလို့မကောင်း…..
ကဲကလေးကို လိုက်ပို့လိုက်ဦး….ဟေ့ကောင်..ကြားလား
“ဟုတ်ကဲ့ ဦးလေး” ဆိုပြီးတော့ ကျနေ်ာကို ပြန်လိုက်လေသည်။
ကျနေ်ာလည်း ငယ်ငယ်တုန်းကအမှတ်တရလေးပါ ….
ညအမှောင်က လူကိုလှည်းစားတတ်ပါလားနော်………….

5 comments

  • ကြောင်ကြီး

    July 25, 2011 at 10:40 am

    နောက်တာလား ဒဂယ်လား။ ပေါက်ကရမပြောကောင်းဘူးနော် ရွာထဲမှာ သက်ကြီးဝါကြီး လူဂျီးတွေနေတာ..

  • good

    July 25, 2011 at 1:22 pm

    ET ရေ မော်ကျွန်းမှာ ခေါင်း ပြတ် ဆိုက္ကား စီးတာ long long ago က ပါးစပ် ရာဇဝင် တွေ အများကြီး ရှိ တယ်။
    အဲဒီ ခေါင်းပြတ် ရာဇဝင် တိုင်းမှာ ရဲစခန်း က ခေါင်း ပြတ် တင် လာ ပါတယ် ပြောမှ သိပြီး ကြောက်လန့် ထွက် ပြေးရတာ ချဉ်း ပဲ။
    ဘာပဲ ပြောပြော ဒါ ကို အခြေခံ ပြီး အမှန်တကယ် သရဲ နှင့် တွေ့ ရတာ မဟုတ်ပဲ စိတ်ရဲ့ ခြောက်ခြားမှု ပါ လို့ ဇာတ်လမ်းဆင် ရေးသွားတာ လေး ကောင်းပါတယ်။

  • manawphyulay

    July 25, 2011 at 2:20 pm

    မော်ကျွန်းသားတို့ကတော့ လုပ်ချလိုက်ပြန်ပြီ ဖတ်နေတာ ကြောက်တောင် ကြောက်သွားတယ်… တော်ပါသေးရဲ့… လန့်လိုက်တာဟာ…

  • ဆူး

    July 25, 2011 at 11:19 pm

    ည အမှောင်ထဲမှာ လရောက်နဲ့ မညီမညာတဲ့ မြေလမ်းကလေးကို လျှောက်ဖူးတယ်။

  • Myo Han Htet

    October 6, 2012 at 5:45 pm

    အကို ET အနော်လည်း မော်ကျွန်းသား ပဲ။ အနော်သူငယ်ချင်းတွေဖတ်လို့ ရအောင် ပြန် ရှယ် ပရစေ။

Leave a Reply