ရွှေအိုးထမ်းလာတဲ့သား The end
ဂိတ်မှူး များ ၊ ဒရိုက်ဘာ များ ၊ စပါယ်ယာ များ နားနေရာ ၊ ကားဂိတ်၏ ရုံးခန်း အတွင်း ဝယ် လင်းလင်း ကို ဦးကိုကို က လက်ကမ်း ကြိုဆို နှုတ်ဆက်လာသည် ကို မြင်လိုက်ရသော အခါ …. လင်းလင်း တစ်ယောက် ဒေါသပုန်ထ ပြီး ဦးကိုကို အား ပြေးထိုးလေတော့သည် ။ ဖြစ်ချင်တော့ လင်းလင်း ထံတွင် ပညာသင်ရန် လိုက်ပါလာသူ မျိုးကျော် က အချိန်မှီ ဆွဲနိုင်လိုက်သည် ။ ဦးကိုကို က ပြုံးလျှက် ပင် ခပ်အေးအေး ပြောလာသည် ။
“ လင်းလင်း ရေ …၊ မင်း အနေနဲ ့ လောလောဆယ် မင်းရင်ထဲ မှာ ကိုယ့်ကို သတ်ချင်လောက်အောင် ဒေါသဖြစ်နေမယ် ဆိုတာ ကိုယ်သိပါတယ် ”
“ ဟေ့ကောင်…မျိုးကျော်… ငါ့ကို လွှတ်စမ်း…….. ဒီလူကြီး က လူယုတ်မာ ကြီး ကွ ၊ တဏှာရူးကြီး ၊ ငွေရှိတယ် ဆိုပြီး…သူများ သမီးပျိုတွေ ကို လိုက်ဖျက်ဆီးချင်နေတဲ့ လူကြီး….. လွှတ်စမ်းပါကွာ…….တောက် ! ”
“ ကဲ လင်းလင်း ရေ….. ကိုယ့် ကို စကားနဲနဲ ပြောခွင့်ပေးကွာ… ခဏလေးပါ ပဲ ။ အလွန်ဆုံးကြာ နာရီဝက်ပေါ့ … ။ ကိုယ်ပြောတဲ့ စကား အကုန်ကြားပြီး လို ့၊ လင်းလင်း ကိုယ့်ကို မကျေနပ်ဘူး ၊ ကိုယ် မှားနေတယ် ဆိုရင်… လင်းလင်း အနေ နဲ ့ကိုယ့်ကို သတ်ချင်သတ် ၊ ထိုးချင်ထိုး ။ လင်းလင်း လုပ်သမျှ ကိုယ်ငြိမ်ခံ ပေးမယ် ။ ဟုတ်ပြီလား ”
“ ဟုတ်တယ် လင်းလင်း ရေ… မင်း ရဲ ့ဇါတ်လမ်း က ဦးကိုကို နဲ ့တွေ ့မှ ဇါတ်ရည် လည်တော့မှာ မို ့ ၊ ဆရာ ကိုယ်တိုင် ဒီအချိန်မှာ ဒီလို ဖြစ်လာဖို ့စီစဉ်ပေးလိုက်တာပဲ ” ဒရိုက်ဘာ ကိုထွန်း က ဝင်ပြောလာသည် ။ ( ဒရိုက်ဘာ ကိုထွန်းသည် လင်းလင်း တို ့ကား ကို မောင်းသူ )
လင်းလင်း ဖုန်းသံမြည်လာသည် ။ ကြည့်လိုက်တော့ အိမ် မှ ဆက်လာသည့် ဖုန်း ။
“ သားလင်းလင်း ၊ သား အခု မောင်ကိုကို နဲ ့တွေ ့နေပြီလား ”
လင်းလင်းတစ်ယောက် မပြောချင် ပြောချင် ဖြင့် ပြန်ဖြေရသည် ။
“ ဟုတ်ကဲ့ ၊ ဖေဖေ အခု ဦးကိုကို နဲ ့ပြောနေပါတယ် ”
“ အေး… သား ဘာတွေ လုပ်နေတယ် ၊ ဖြစ်နေတယ် ဆိုတာ ဖေဖေ တို ့အကုန်သိပြီးသား ၊ မန်းတလေး မှာ သား ကို ဆုံးမ မယ် ဆိုရင် ၊ သား က အလွယ်တကူ နားမလည် နိုင်မှာ စိုးလို ့၊ သား လက်မခံ မှာ စိုးလို ့ ၊ အခုလို ဖြစ်လာအောင် ဖေဖေ တို ့အားလုံးတိုင်ပင် ပြီး စီစဉ် လိုက်တာပဲ ၊ အခု သား က မောင်ကိုကို ပြောမယ့် စကားတွေ ကို နားထောင်ပေး ၊ နောက်ပြီး မောင်ကိုကို က မင်း ကို နေရာ တစ်ခု လိုက်ပြ လိမ့်မယ် ၊ သား အနေ နဲ ့ဒေါသဖြစ်နေမယ် ဆိုတာ ဖေဖေ သိပါတယ် ၊ ဒါပေမယ့် ဒါဟာ သား အနေ နဲ ့အမှန် ကို မသိမြင်ရသေးလို ့ဆိုတာ ကို လဲ ဖေဖေ တို ့နားလည်တယ် ။ ဒီတော့ အခု မောင်ကိုကို ပြောသမျှ ခဏလေး သည်းခံ နားထောင်ပေး ။ ပြီးရင် သား ဘာသာ သား ၊ ဘယ်ဟာ အမှန်တရား လဲ ဆိုတာ ကို စဉ်းစားဆုံးဖြတ် …. ၊ သား ကို ဖေဖေ တို ့ ပညာသင်ပေးခဲ့တာ ၊ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့တာ တွေ က သားကို ပညာမဲ့ အဆင်အခြင်မဲ့ တစ်ယောက် အနေနဲ ့ မဖြစ်သင့်တာတွေ ဖြစ်လာဖို ့မဟုတ်ဘူး ဆိုတာ သား သဘောပေါက်လာမှာပါ ၊ အခု နားထောင်လိုက်ပါဦးနော် ၊ သား ကို ဖေဖေ တို ့ယုံကြည်တယ်….ဒါပဲ ကွာ ”
လင်းလင်း တစ်ယောက် စိတ်တွေ အရမ်းလှုပ်ရှားပြီး လက်ချောင်းလေး တွေ တစ်ဆတ်ဆတ် တုန်နေသည် ။ ဦးကိုကို က စကား ဆက်လာသည် ။
“ လာကွာ…….ကိုယ်တို ့တစ်နေနေရာ သွားပြီး အေးအေးလူလူ ထိုင်စကားပြောကြတာပေါ့ ၊ စိတ်အေးအေးထားပါနော်….လင်းလင်း ဖြစ်ချင်သမျှ အားလုံး ဖြစ်စေရမှာပါ ၊ လာ… ကိုယ့် ကားနဲ ့လိုက်ခဲ့ ”
လင်းလင်း ၊ ကားအုံနာ ၏ သား ပညာသင် မျိုးကျော် ၊ ဒရိုက်ဘာ ကိုထွန်း တို ့ဦးကိုကို ကား နှင့် ပါသွားကြသည် ။ မစ်စတာ ဂီတာ ၏ အတွင်းပိုင်း တစ်နေရာ ဝိုင်း တစ်ဝိုင်း တွင် ဝင်ထိုင်လိုက်ကြပြီး ဦးကိုကို က ပင် အစားအသောက်များ မှာပေးလိုက်သည် ။ မျိုးကျော် နှင့် ကိုထွန်း တို ့က ဘီယာ ကိုယ်စီ ဖြင့် ။
“ လင်းလင်း ဘာသောက်မလဲ ”
“ ကျွန်တော့် ကို ရေအေးအေးလေး တစ်ခွက်သာ မှာပေးပါ ”
“ ကဲ… ကိုယ် စပြောရရင်……….. ဒီလိုကွာ..၊ ယောက်ျားတွေ ချည်းပဲ ဆိုတော့ ကိုယ် ပွင့်ပွင့်လင်းလင်း ပဲ ပြောမယ်နော် ၊ ကိုယ့် ကို အိမ်ထောင် ရေး ဖောက်ပြန်တဲ့ သူ တစ်ယောက် လို ့ပြောမယ် ဆိုရင် ကိုယ် လက်ခံပါတယ် ။ ကိုယ့် မှာ မိန်းမ ရယ် သားသမီး ၂ ယောက် ရယ် ရှိနေတဲ့ ကြားက ၊ ရင်ခုန်သံ အသစ်….ကစ်ပင်း သဘောမျိုး မမ ကို ကိုယ် တွဲခဲ့တယ် ။ ကိုယ် သူ ့ကို ပြည့်ပြည့် စုံစုံ ထားခဲ့ပါတယ် ”
“ ဗျာ….ဘယ်လို ၊ ဘယ်လို …. မမ က ခင်ဗျား ကစ်ပင်း…. ဟုတ်လား ”
“ အဲဒါ အမှန်တရား ပဲ လင်းလင်း ” ဒရိုက်ဘာ ကိုထွန်း က ဝင်ပြောလာသည် ။
“ ဟုတ်တယ်….မမ က မင်းကို ဘယ်လို တွေ လိမ်ညာ ပြောထားမလဲ တော့ ကိုယ် မသိဘူး ၊ မမ က ကိုယ့် ကစ်ပင်း ပဲ ၊ ကိုယ့် မှာ ကစ်ပင်း ဆိုလို ့မမ တစ်ယောက် ပဲ ရှိတယ် ၊ မမ ကိုယ့် ကုမ္ပဏီ မှာ စဝင်တော့ စက္ကထရီ ၊ သူ ့နောက်ကြောင်း ကို ကိုယ်လိုက်ကြည့်တော့ အထာတွေ ရှိတာနဲ ့…သူနဲ ့ကိုယ်နဲ ့နားလည်မှု ယူပြီး ကိုယ့် ကစ်ပင်း အဖြစ် သူ လက်ခံ ခဲ့တာပဲ ။ လင်းလင်း သွားသွားတွေ ့နေ တဲ့ တိုက်ခန်း ဆိုတာ ကိုယ် သူ ့ကို ဝယ်ပေးထားတာ ၊သူကိုင်တဲ့ ဖုန်း ၊ အားလုံးကွာ .. အစစ အရာရာ လိုလေသေးမရှိ ကိုယ် ထားပေးခဲ့ပါတယ် ”
“ နေဦးနော်….. ကျွန်တော် မေးချင်တာလေး တစ်ခု ရှိတယ် ။ မမ မန်းတလေး ကို မလာခင် တစ်ရက် က ဖုန်းဆက်လာတာ ၊ ခင်ဗျား က သူ ့ကို အဓမ္မကျင့် တယ် ဆို ”
“ နိုး..နိုး ၊ အဲဒါ လုံးဝ မဟုတ်ဘူး ၊ သူ က ကိုယ့်ရဲ ့ကစ်ပင်း ပဲ ကွာ ၊ ကိုယ် ဆန္ဒရှိရင် သူ လိုက်လျော ရမှာ ပေါ့ ၊ အဲဒီနေ ့က ကိုယ်တို ့စကားများ သွားတာ ပဲ ရှိတာ ၊ အဲဒါ က လည်း လင်းလင်း နဲ ့ဇါတ်လမ်းဖြစ်နေတာ ကို ကိုယ် သိတယ် လို ့စလိုက်ရာက အစ……”
လင်းလင်း တစ်ယောက် ငိုသံပါကြီး ဖြင့် ပြောလာသည် ။
“ ကျွန်တော် တော့ သေချင်တော့တာပဲ သိတော့တယ် ဗျာ ၊ အခု ခင်ဗျားပြောနေတာ တွေ က တစ်မျိုး ၊ မမ ကျွန်တော့် ရှေ ့မှာ ငိုယို ပြောခဲ့တာ တွေ က တစ်မျိုး ၊ ကျွန်တော် အရမ်းချစ်တဲ့ မိန်းမ က ဒီလိုမျိုး ဆို တော့ ကျွန်တော် ဘာဆက်လုပ်ရတော့မှာ လဲ ဟင် ….”
“ ကိုယ် မမ နဲ ့တွဲ နေရာကနေ ၊ ကိုယ့် အမျိုးသမီး က လည်း ၊ ကိုယ့်သတင်း နားစွံနားဖျား ကြားမိသွားတယ် ၊ ကိုယ့် ရုံး မှာ နေ ့တိုင်း လိုက်လာပြီး ကိုယ့်ကို မျက်စိဒေါက်ထောက် ကြည့်တော့တာပဲ ၊ အဲဒီမှာ မမ က ကိုယ့်ကို အကပ် မခံတော့ဘူး ၊ ကိုယ် နဲ ့တွဲနေတဲ့ ကြားထဲ ကို အပြင်မှာ သူ ဇါတ်လမ်း အသစ်တွေ ရှိလိုက်သေးတယ် ၊ ကိုယ့် တရားဝင် မိန်းမ မဟုတ်တဲ့ အတွက် သူ ပျော်ပါစေ ဆိုပြီး ကိုယ် မသိချင်ဟန်ဆောင်ပေးခဲ့တယ် ၊ အချိန်တန် လို ့ကိုယ့် ဆန္ဒ ဖြည့်ပေးရင် တော်ပါပြီလေ ဆိုပြီး ကိုယ် ရောင့်ရဲ ပေးခဲ့တယ် ၊ တစ်ကယ်တော့ မမ ဟာ ရုပ်ကလေးက သနားကမားလေး နဲ ့အရမ်းရှုပ်တဲ့ မိန်းမ တစ်ယောက် ပဲ ။ ဒါနဲ ့လင်းလင်း သူ ့အသက် ဘယ်လောက် လို ့သိထားလဲ ”
“ ကျွန်တော့် ကို ပြောခဲ့တာ တော့ ၂၅ နှစ်ပြည့်ပြီး ပြီတဲ့ ”
“ ဟားဟား…..သူပြောတာ မမှားဘူးပဲ ၊ ဟုတ်တယ် သူ ၂၅ နှစ်ပြည့်ပြီး လို ့ ၃၃ နှစ်ထဲ ဝင်နေပြီ ၊ လင်းလင်း က လူငယ်ဆိုတော့ အချစ်ဆိုတာ ပဲ ခေါင်းထဲမှာ စဉ်းစားနေခဲ့လို ့ ၊ သူ ့မျက်နှာ ကို သေချာ သတိမထားမိခဲ့လို ့ပါ ၊ သူ မိတ်ကပ် အရမ်းသုံးတာလဲ ပါမှာပေါ့ ၊ မမ ဟာ ဒီနှစ် ၁၁ လပိုင်းဆိုရင် ၃၃ နှစ် ပြည့်မှာ ၊ ကိုယ်တို ့စကားများကြတဲ့ နေ ့က လင်းလင်း တို ့ဇါတ်လမ်း ကို ကိုယ် သိပြီး ပြီ ၊ မမ ကို နောက်ဆုတ် ဖို ့ပြောတော့…..လုံးဝ နောက်မဆုတ်ဘူး ဆိုပြီး ကိုယ့်ကို စိန်ခေါ ်ပြီး အလုပ် က ထွက်သွားခဲ့တာ ။ နောက်ရက်…လင်းလင်း ဆီ ရောက်လာတယ် မှတ်တာပဲ… ”
ဦးကိုကို တစ်ယောက် မောသွားသဖြင့် ဘီယာခွက် ကို ကောက်မော့ လိုက်သည် ။ လင်းလင်း လည်း ရင်တွေ ပူလာသဖြင့် ဝိတ်တာခေါ ်ကာ ဘီယာ မှာလိုက်သည် ။ ကိုထွန်းက ဘေးကနေ သူ ့ပခုံး ကို ခပ်ဖွဖွ နှိပ်နေသည် ။
“ သူ က ဦးကိုကို ကို ဘယ်လို တွေ ပြောသွားတာလဲ ”
“ လင်းလင်း အဖေ ဦးလင်းဆွေ နဲ ့ ကိုယ်နဲ ့က လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတဲက အလုပ်အတူတူ တွဲ လုပ်ခဲ့ကြတာ လေ ၊ လင်းလင်း ချာတိတ် ရှိဦးမှာပေါ့ ၊ လင်းလင်း အဖေ ဟာ ကိုယ့်အပေါ ်မှာ ညီတစ်ယောက် လို ကော ၊ ဆရာ တစ်ယောက် လို ပါ ကောင်းခဲ့တယ် ၊ ကိုယ့် အလုပ်နဲ ့ပတ်သက်ပြီး လင်းလင်း အဖေ ကူညီပေးခဲ့တာ တွေ အများကြီးပဲ ။ ကိုယ် လည်း လင်းလင်း အဖေ ကို အကိုတစ်ယောက် လိုကော ၊ ဆရာ တစ်ယောက် လိုပါ လေးစားခဲ့တယ် ၊ ချစ်ခင်ခဲ့တယ် ။ တစ်ယောက် တစ်မြို ့စီ မှာ နေပေမယ့် ကိုယ်တို ့တွေ ဟာ မိသားစု တွေ လိုပါပဲ ကွာ ။ လင်းလင်း က ကိုယ့် ကစ်ပင်း မမ နဲ ့ ငြိနေတယ် ဆိုတဲ့ သတင်းစကြားလိုက်ကတဲ က ကိုယ့် မှာ တော်တော်စိတ်ပူခဲ့ရတယ် ၊ စိတ်မကောင်း ဖြစ်ရတယ် ၊ ကိုယ့် ဆရာ ကိုယ့် အကို ရဲ ့တစ်ဦးတည်းသော သား ဖြစ်တဲ့ မင်းကို ကူညီစောင့်ရှောက်ပေးရမယ့် ဝတ္တရား ရှိတယ် ။ ဝတ္တရား ဆိုတဲ့ စကား က စိမ်းပါတယ်ကွာ ၊ ကိုယ့်အပေါ ်မှာ သမိုင်းပေး တာဝန်ပဲ ။ မမ ဆိုတဲ့ မိန်းမ ဟာ အရမ်းလည်တယ် ၊ ယောက်ျားတွေ ရဲ ့အထာကို ကောင်းကောင်းကြီး သိတယ် ။ သူ မန်းတလေး ကို ထွက်သွားတော့ ၊ သူ လင်းလင်း ကို ဘယ်လို ယုံအောင် နားသွင်း ၊ သွေးစည်း ထားမယ် ဆိုတာ ကိုယ် မှန်းဆ နိုင်ခဲ့တယ် ။ ကိုယ် လင်းလင်း အဖေ ဆီ ဖုန်းဆက် သတင်းလှမ်းပို ့လိုက်တော့ ၊ လင်းလင်း ကို ကိုယ် ဒီလို မျက်နှာချင်းဆိုင် ရှင်းပြ မှ လင်းလင်း နားလည်မှာ ဆိုတာ ကို ကိုယ်တို ့ သိခဲ့တယ် ။ ဒါကြောင့် ဒီလို ဖြစ်လာအောင် လင်းလင်း အဖေ ရယ် ၊ ဟောဒီက ညီလေး အဖေ ရယ် ကိုယ်တို ့ရယ် ဝိုင်း တိုင်ပင် ပြီး စီစဉ် လိုက်တာပဲ ၊ အခု ဘယ်လို လဲ…..မမ အကြောင်း ကို သိပြီလား ”
“ ကျွန်တော် အခု ဘာဆက်လုပ်ရမလဲ တစ်ခု မှ ကို မသိတော့ဘူး ၊ တွေးလည်း မတွေး တတ်တော့ဘူး ၊ ကျွန်တော် ဘယ်လို ဆက်လုပ်သင့်လဲ ဟင် ၊ အခု ဒီတစ်ခေါက် ပြန်ရင် လက်ထပ်မယ် လို ့သူ ့ကို ပြောထားတယ် ၊ သူ က လည်း နားပူနားဆာ လုပ်နေတာကြောင့်လဲ ပါတယ် ၊ လုပ်ပါဦး….ပြောကြပါဦးဗျာ ”
“ ကိုယ် လင်းလင်း ကို သူနေတဲ့ တိုက်ခန်းသော့ နဲ ့ အဲဒီ တိုက်ခန်း ကို သူ ့ကို အပိုင်ဝယ်ပေးထားတယ် ဆိုတဲ့အကြောင်း ချုပ်ထားတဲ့ စာချုပ် ကို ပေးလိုက်မယ် ။ ဒီလောက်ဆို ကျန်တာ ကို လင်းလင်း ဆက်ရှင်းလို ့ရမှာပါ …… ဖြစ်လား ”
“ ကျွန်တော် သူ ့ကို တစ်ကယ် ချစ်မိသွားခဲ့တာဗျ ၊ ကျွန်တော် မပြရဲဘူး…..ဒီသော့ နဲ ့စာချုပ် ကို ကျွန်တော် မပြရဲလောက်ပါဘူး ဗျာ..။ ကျွန်တော့် မှာ သူ ့ကို မျက်နှာချင်း ဆိုင်စရာ အားကို မရှိတော့ပါဘူး …. ”
“ အဲဒီလောက် စိတ်မပျော့ရဘူးလေ ၊ ငါ့ ညီရာ …။ မင်းအနေနဲ ့ ဘဝ တစ်လျှောက်လုံး ဒီထက် ပို ခက်မယ့် အရာတွေ လည်း ကြုံရဦးမှာပါ ၊ အခုဟာ က ငါ့ညီ အနေနဲ ့ မသိနားမလည် လို ့ ၊ ထောင်ဖမ်းခံ ရတဲ့ ကိစ္စပဲ ..။ လွယ်ပါတယ် ကွာ ။ ကိုယ့် ကို မင်းဖုန်း ခဏပေး ၊ ကိုယ် သူ ့ဆီ အခု ဖုန်းလှမ်းဆက် လိုက်မယ် ”
ဦးကိုကို…လင်းလင်း ဟန်းဖုန်း ဖြင့် မမ ဆီ လှမ်းဆက်လိုက်သည် ။
ဖုန်းစဝင်သည် နှင့် ချမ်းချမ်း ၏ တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ် သီချင်းသံလေး စကြားရသည် ။ ဦးကိုကို တစ်ယောက် အူတက်မတက် ထရယ်တော့သည် ။
“ ဟားဟား….တတ်လဲတတ်နိုင်တဲ့ မိန်းမ ပဲ…၊ ဘာတဲ့ ….. ဘာကြောင့် သတ္တိမရှိသလဲ ကွယ် ၊ ဟုတ်လား …..ကြည့်နေ ကိုယ်..စကား ပြောပြမယ် ” ဦးကိုကို ဖုန်းကို စပီကာ ဖွင့်လိုက်သည် ။ တစ်ဘက် မှ ဖုန်းစကိုင်လိုက်သဖြင့် မမ အသံထွက်ပေါ ်လာသည် ။
“ ဟဲလို….မောင်လား…..မောင် ရက်စက်တယ်ကွာ…ရောက်နေတာကြာပြီ မလား ၊ မ ဆီ အခုမှ ဖုန်းဆက်တယ် .. ”
“ ဟုတ်တယ် ၊ အခု အားလုံး ရှင်းသွားပြီ မို ့ အခု မှ ဖုန်းဆက်လိုက်တာ ပါ မမ ရဲ ့၊ ဘယ်လိုလဲ စောင့်မျှော်နေရတာ ကြာပြီလား ”
“ ဟင်..မောင်လဲ မဟုတ်ဘူး …ရှင်…ရှင်..ဘော့စ် မလား ”
“ မှန်ပါတယ် ကွယ် ၊ မမ နဲ ့ရင်ခုန်သံ တွေ နွေးနွေးထွေးထွေး ဖလှယ် ဖူးခဲ့တဲ့ ဦးကိုကို ရယ်ပါ ၊ သိပ် အံ့ဩ သွားလား မမ ”
“ မောင့် ဖုန်းက ရှင့်ဆီ ဘာလို ့ရောက်နေရတာလဲ……ဟာ…ရှင် ယုတ်မာပြီပေါ့……….တောက် ”
“ ကိုယ် ဘယ်မှာ ယုတ်မာလို ့လဲ မမ ရဲ ့၊ မင်းကို ပြောခဲ့ပြီးပါကော….၊ လင်းလင်း ကို နောက်ဆုတ်လိုက်ပါလို ့ ၊ မဖြစ်နိုင်တဲ့ ကိစ္စ ၊ မတန်တဲ့ ကိစ္စ ကို မင်း က ဇွတ်စိန်ခေါ ်ပြီး လုပ်တာကိုး ၊ အခု ငါ့ ဘေးမှာ လင်းလင်း လဲ ရှိတယ် ၊ ဒီလောက်ဆို မင်း အတွက် အဖြေ ကို နားလည်လောက်ပြီ လို ့ထင်ပါတယ်နော် ”
“ ရှင် အရမ်းယုတ်မာတယ် ၊ အောက်တန်းကျတယ် ၊ လူမဆန် ဘူး ၊ ကျွန်မ ဒီလောက် အတန်တန် တောင်းပန် ထားရဲ ့သားနဲ ့ …ရှင်လုပ်ရက်တယ် ”
“ ဆောရီးပါကွာ….တစ်ခြားတစ်ယောက် ကို မင်း ဖမ်းတယ် ဆိုရင် ငါ လက်ပိုက်ကြည့်နေနိုင်မှာ အသေအချာပဲ… ၊ လင်းလင်း ဆိုတာ ငါ့တူ ငါ့သား လို ့မင်း ကို ငါ ကြို တောင်းပန် ခဲ့ပါတယ်နော် ၊ ဪ…..လင်းလင်း က မင်းနဲ ့ဖုန်းပြောချင်မှာ မဟုတ်ဘူး ၊ ဒါပေမယ့် မပူပါနဲ ့ ၊ သူ မန်းတလေး ပြန်ရင် ၊ သူ နဲ ့ ငါ လက်ဆောင် ပေးလိုက်မယ် ၊ သူ မင်းဆီ လာပေးလိမ့်မယ် ၊ ဟုတ်ပြီလား……..အခုတော့ ဒီလောက်ပဲကွာ…..ဘိုင့် ”
“ နေဦး..နေဦး….ကျွန်မ မောင်နဲ ့စကားပြောချင်သေးတယ် ”
“ ဪ…အခုထိ ကို မောင်နေတုန်းပဲ လား ….. ကဲ… လင်းလင်း ရေ မမ က မင်းနဲ ့ပြောချင်သေးလို ့တဲ့ ၊ ဘယ်လို တုန်း ”
လင်းလင်း တစ်ယောက် ဆုံးဖြတ်ချက် ချလိုက်ကာ ၊ ဦးကိုကို လက်ထဲ မှ ဖုန်းကို လှမ်းယူ လိုက်သည် ။
“ ဟယ်လို….ဟုတ်ကဲ့..အခု လင်းလင်း ပြောနေပါတယ် ခင်ဗျာ ”
“ မောင်….မမ မောင့်ကို ညာခဲ့မိတယ် ဆိုတာ မမ ဝန်ခံပါတယ် ၊ ဒါတွေ အားလုံးဟာ မောင့် ကို မမ အရမ်းချစ်မိသွားလို ့ ၊ မောင့် ကို မမ ပိုင်ဆိုင်ချင်လွန်းလို ့ပါ ၊ မမ ကို မောင် နားလည်ပေးနိုင်တယ် မလား ဟင်….မမ ကို မောင် ခွင့်လွှတ်မယ် မဟုတ်လား…….ပြောပါဦးမောင်ရယ် ”
“ ဟုတ်ကဲ့….ကျွန်တော့် ကို ချစ်ခဲ့ပေးတာတွေ အတွက် ကျေးဇူးတင်ပါတယ် ၊ ကျွန်တော် လည်း ခင်ဗျား အကြောင်းတွေ မသိခဲ့ခင်က ခင်ဗျား ကို အရမ်းချစ်ခဲ့ဖူးပါတယ် ၊ အခု…… အခု တော့ လမ်းခွဲခြင်းဆိုတာ ကျွန်တော် တို ့နှစ်ယောက် အတွက် အကောင်းဆုံး ဖြစ်မှာပါ ၊ မမ ကို ကျွန်တော် ကျေးဇူးတင်ပါတယ် လို ့ပြောရင်း တစ်သက်စာ နှုတ်ဆက်လိုက်တယ်နော် … ”
“ မောင်…မောင်….နေပါဦး…မောင်ရေ ”
လင်းလင်း ဖုန်းပိတ်လိုက်သည် ။ ဦးကိုကို က လင်းလင်း ကို အားပေးအပြုံးလေး ပြုံးပြနေသည် ။ မျိုးကျော် တို ့ကိုထွန်း တို ့က လည်း ဘီယာ ခွက် များ ကို မြှောက်လိုက်ပြီး လင်းလင်း အတွက် ဟု ဆိုကာ cheers ထလုပ်ကြသည် ။ ဦးကိုကို လင်းလင်းကို ကြည့်လိုက်တော့ မျက်နှာ မကောင်း ၊ ခပ်လျော့လျော့လေး ပြုံးပြနေသည် ။ ဦးကိုကို သိလိုက်ပါပြီ ။ ဒီကလေး တစ်ယောက် အမှန် ကို လက်ခံသွားပြီ ဟု ။
“ ရော့..လင်းလင်း … မင်းဖေဖေ တို ့ဆီ ဖုန်းဆက်လိုက်ပါဦး ”
“ ဟယ်လို…ဖေဖေ လား ”
“ အေး..သား အခြေအနေ ဘယ်လို လဲ…..အဆင်ပြေရဲ ့လား ၊ မောင်ကိုကို ့ ကိုရော ကောင်းကောင်းဆက်ဆံ ရဲ ့လား ”
“ ဟုတ်ကဲ့…သား အကုန် သိသွားပါပြီ ၊ မမ ကို လည်း ဖုန်းဆက်ပြီး လမ်းခွဲ နှုတ်ဆက်စကား ပြောပြီးပါပြီ ၊ ဦးကိုကို လည်း ကျေးဇူးအရမ်းတင်မိပါတယ် …။ သား မသိခဲ့လို ့ မဖြစ်သင့်တာတွေ မဖြစ်အောင် အားလုံး ဝိုင်းကူညီ စောင့်ရှောက် ကြတာ တွေ ကို သား ဘယ်တော့ မှ မေ့မှာ မဟုတ်ပါဘူး ၊ ဖေဖေ တို ့ကို လည်း ကျေးဇူးတင်ပါတယ် ”
“ ဟားဟား….သားကတော့ လုပ်ပြီ ၊ သားအဖ ချင်း ကွာ ကျေးဇူးတင်စရာ မလိုပါဘူး ကွာ ၊ ဖေဖေ တို ့ဝတ္တရား က သား လမ်းမှား မရောက်အောင် ၊ မဖြစ်သင့်တာ မဖြစ်ရအောင် အမြဲ စောင့်ရှောက်ပေးရမှာ ၊ အခု ဟာ က ဖေဖေ တို ့သိတာ နောက်ကျခဲ့လို ့အခုထိ ဖြစ်သွားခဲ့တာပါ ၊ ဒါပေမယ့် အချိန်မှီ သိရတော့လည်း မှားနေပေမယ့် ထပ်မမှားအောင် ပြင်ကြရတာပေါ့ကွာ …. မဟုတ်ဘူးလား ”
“ ဟုတ်ကဲ့ပါ ဖေဖေ ၊ သား စိတ်ထဲ မှာတော့ တော်တော် ခံစားရတယ် ဗျာ ”
“ မခံစားပါနဲ ့တော့ကွာ ၊ မေ့လိုက်ပါတော့ ၊ သား အခု မောင်းသွားတဲ့ ကား က ဦးကျော် ကား ဆိုတာ ၊ မဟုတ်ဘူး သား ၊ အဲဒါ သား အတွက် ဖေဖေ ဝယ်ပေးထားတဲ့ ကား ပါ ၊ မျိုးကျော်လေး က လိုက်လာတယ် ဆိုတာ သူ က လေ့လာချင်တယ် ဆိုလို ့ထည့်ပေးလိုက်တာ ၊ နောက်ဆို သား ကိုယ်တိုင် မမောင်းရင်တောင် ၊ ဒီအလုပ် ကို သားကောင်းကောင်းကြီး နားလည် နေပြီပဲ ၊ ဖေဖေ့ ကန်ထရိုက်ပိုင်း ကို သား ကို ခေါ ်တော့ မှာ ၊ ဖေဖေ ရဲ ့လုပ်ငန်း အားလုံး ၊ ဖေဖေ ပိုင်ဆိုင် သမျှ အားလုံးဟာ သားအတွက်ပါကွာ ”
“ ဟုတ်ကဲ့…နားလည်ပါပြီ ဖေဖေ ရယ် ၊ နောက်ကို သား ဘာပဲလုပ်လုပ် ဖေဖေ တို ့ကို အရင်ဆုံး တိုင်ပင် ပြောဆိုပြီးမှ လုပ်တော့မယ် လို ့ကတိပေးပါတယ် ဖေဖေ ”
“ အေး..ကောင်းတာပေါ့ကွယ် ။ ဘာလုပ်လုပ် လူကြီးတွေ ကို အသိပေးပြီး မှ လုပ်တော့ ၊ မှားစရာအကြောင်း မရှိတော့ဘူး ပေါ့ ကွာ ။ ကဲကဲ ဖေဖေ တို ့စကားကောင်းနေတာ နဲ ့ မောင်ကိုကို တို ့ မှာ စောင့်နေရမယ် ၊ သား အဲဒီမှာ ပြန်မလာခင် စိတ်ပြေလက်ပျောက် နေ နေလိုက်ဦးပေါ့ ၊ ဖေဖေ့ ရင်မှာ အခုတော့ ပျော်သွားပါပြီကွာ ၊ ငါ့သား က ထင်ထားတာထက်တောင် ပို ပြီး သင်ရလွယ် ၊ ပြောရလွယ် ၊ အမှန်ကို လွယ်လွယ် နဲ ့လက်ခံ တတ်တာ ကို ဖေဖေ ဂုဏ်ယူပါတယ် ၊ ကဲ..သား ဒါပဲနော် ၊ မိဘ ကို သိနားလည်တဲ့ ငါ့သားတစ်ယောက် အရာရာ အောင်မြင်ပါစေကွာ ”
“ ဟုတ်…ပေးတဲ့ ဆုနဲ ့ပြည့်ပါစေ ၊ ဒါပဲနော် ဖေဖေ ၊ ဖုန်းချလိုက်တော့မယ် ၊ ဂွတ်နိုက်ပါ ”
“ အိုကေ…ဂွတ်နိုက် ” ……………………
———————————————-အားလုံးကို ကျေးဇူးတင်ပါသည် ————————————————————
19 comments
MOEPWINTPHYU
July 25, 2011 at 2:24 pm
ဒီဇာတ်လမ်းအပြီးမှာ ဘာပြောရမယ်မှန်းမသိတောပါ မမသနားပါတယ်
True Answer
July 25, 2011 at 2:40 pm
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အရေးအသားရော ဇာတ်ကွက်ရော တကယ်ကောင်းတဲ့ဇာတ်လမ်းလေးပါ။ နောက်လည်းဆက်ရေးဦးနော်
Foreign Resident
July 25, 2011 at 2:42 pm
“မမသနားပါတယ်”
Why ???
She is a liar !!!
Nowadays, our male fellows (especially rich men) encounter those type of problems frequently, be careful guys !!!
True Answer
July 25, 2011 at 2:42 pm
မမ ကတော့ အလုပ်လည်းပြုတ်။ ချစ်သူကလည်း စွန့်ခံရ
စုံ စုံ
July 25, 2011 at 2:45 pm
နောက်ဆုံးတော့
သားရွှေအိုးထမ်းလာတာကိုမြင်ရတာပေါ့နော်
(မင်းသားကလဲရုပ်ရှင်တွေထဲကလိုဘဲအမြင်မှန်ရတာမြန်လိုက်တာ)
pan pan
July 25, 2011 at 2:53 pm
သူ့အထာနဲ့ သူပါပဲ
လည်ရသောဂျင် အပြစ်မြင်လေမလား
လည်အောင်ဖန်တီးသူက အပြစ်လားကွယ်
နွယ်ပင်
July 25, 2011 at 3:01 pm
မေပေါင်က ကိုရီးယားကားအတိုင်းပဲ ရှေ့ပိုင်းမှာ ဇာတ်ရှိန်က တအားမြင့်ပြီး
နောက်ပိုင်းကျတော့ နည်းနည်း အဖျားရှူးသွားတယ်
ဘာပြောပြောကောင်းပါ၏ ………
ရွှေဘိုသား
July 25, 2011 at 3:08 pm
ပြီးပြီလား နောက်လည်းတင်အုံးနော်
manawphyulay
July 25, 2011 at 3:59 pm
ဒါကတော့ အရာရာ စဉ်းစားဆင်ခြင် မသုံးသတ်ပဲ ယုံကြည်နေတဲ့သူတစ်ယောက်ကို ယုံကြည်မှု ရိုက်ချိုးခံရတာလည်းတစ်မျိုးပေါ့လေ။ ဪ အချစ်… အချစ်….
yaungchikha
July 25, 2011 at 4:42 pm
ဇာတ်လမ်းလေးဖတ်ပြီး စိတ်ထဲမှာမကောင်းဘူး……………….
ogre
July 25, 2011 at 5:09 pm
အားပေးပါတယ်
ဆက်ရေးပါ…သုတ/ရသ
စုံသွားတာပေါ့
moethidasoe
July 25, 2011 at 5:29 pm
ဆေးခန်းနားမှာ တယောက် တွေ့ဖူးတယ် .. sponsor တယောက်က (လွန်ခဲ့သော ၉ နှစ်က) တလ ၂ သိန်း ပေးသတဲ့ .. တပတ် ၂ ရက်သာ လာသတဲ့ .. သူလေးကလဲ အသုံးမလောက်တော့ (အသုံးလဲ ကြီးပါသတဲ့) နောက်တယောက်ကို တပတ် ၂ ရက် ထပ်ချိတ်လိုက်တယ် .. ရက်တော့ လွှဲတာပေါ့ .. မမ လိုပေါ့ .. တရက်မှာ မသင်္ကာတဲ့ ပထမလူက ကြားဖောက်လာတော့ ပြဿနာ တက်ပါလေရော .. အဲဒါနဲ့ sponsor ၂ ခုလုံး ပျောက်သွားတယ်
KoNyeinChan
July 25, 2011 at 6:49 pm
အကယ်၍သာ မမ သည် လင်းလင်း ကို တကယ့်အချစ်စစ်နဲ ့ချစ်မိသွားပြီ ဆိုရင် သူ ့ဘဝကတော့ တကယ့်သနားစရာပါ
သူလည်း သူ ့ရှေ ့ရေးအတွက် ဘဝကိုတည်တည်ငြိမ်ငြိမ် ထူထောင်ချင်မှာပါဘဲ
ဒီဇာတ်လမ်းထဲမှာလည်း မမ လင်းလင်းဆီက ချူစား မြှူစားတာ မတွေ ့ရဘူး
တခြားဖက်က အမြင်နဲ ့သုံးသပ်ကြည့်တာပါ
လူဆိုတာ တခါမှုားပြီး နောက် အမြဲတမ်း မှုား မနေနိုင်ပါဘူး..
မှားခဲ့တဲ့သင်္ခန်းစာအပေါ် အမြင်မှန်ရပြီး ဘဝမှာ အောင်မြင်နေတဲ့သူ ကမ္ဘာကျော်နေသူတွေ ဒုနဲ ့ဒေးပါဘဲ
ဆူး
July 25, 2011 at 11:44 pm
သား ရွှေအိုးထမ်းလာတယ် ဆိုလို့.. ဘာများလဲလို့.. ဟိုမိန်းကလေး ရွှေအိုး ပျောက်သွားတာ ဖြစ်နေတယ်။
ကြောင်ကြီး
July 26, 2011 at 8:28 am
နွယ်ပင်ပြောသလို ဇာတ်လမ်းက အဖျားလေးနည်းနည်း ရှုးသွားတယ်။ စာရေးသူကလဲ သိပ်နက်နက်ရှိုင်းရှိုင်း ရေးလိုက်ရဲ ဝိုင်းအဆဲခံရမှာစိုးလို့ ဇာတ်အမြန်သိမ်းလိုုက်ပုံရတယ်။ ဖတ်လို့အတော်ကောင်းတဲ့ စာလေးတပုဒ်ပါ။ နောက်ဆက်တွဲ စဉ်းစားကြည့်တာ ဇာတ်လမ်းထဲက မမလို အပြင်ဖက်မှာ ဘယ်နှစ်ယောက်ရှိ မလဲ၊ သူလိုမဟုတ်ဘဲ ဘဝကို ဖြတ်လမ်းနည်းနဲ့ ရုန်းကန်ရင်း သူများအငယ်အနှောင်းဘဝကနေ ပြန်အဖတ်ဆည်မရသူတွေ ဘယ်နှစ်ယောက်ရှိပြီလဲ….
weiwei
July 26, 2011 at 10:17 am
အများကြီးရှိပါတယ် ကိုကြောင်ကြီးရေ …
အခုခေတ်မှာ အငယ်အနှောင်းအနေနဲ့ အတည်ယူရင်ပဲ ကျေနပ်ပါပြီဆိုတဲ့ အမျိုးသမီးတွေ ပေါပေါပါပဲ …
windtalker
July 26, 2011 at 10:51 am
ကိုကြောင်ကြီး တို ့များ ပညာရှိ ပီသ ပါပေ့ ဗျာ ။
ပညာရှိတွေ တွေးကြည့်ရင် ပြေးကြည့်တာ ထက် မှန်တယ် ဆိုတဲ့ စကား ကို ယုံသွားပြီ ဗျို ့။
ကိုကြောင်ကြီး ပြောသလို ပဲ ဇါတ်အမြန်သိမ်း ခဲ့ရတာပါ ။
25.07.2011 11AM ကနေ စရေးတာ 2PM ကျ အလုပ်က ဖုန်းဆက် ခေါ ်လာတာနဲ ့ ဇွတ်သိမ်းမိခဲ့ပါတယ် ဗျာ ။ ဘာပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ် ။ နောက်ကိုလည်း ကြိုးစားပါဦးမယ်
etone
August 1, 2011 at 2:08 pm
အရမ်းစိတ်ဝင်စားတာကတော့ မမဘယ်လို မိတ်ကပ်တွေ သုံးခဲ့သလဲဆိုတာပါပဲ … ။
ရှစ်နှစ်စာ ငယ်ရွယ်နုပျိုသွားမဲ့ နည်းလေးများရှိလျှင် မစပါ … ။ ဒါဆို ဆယ်ကျော်သက်ဖြန်ဖြစ်ပြီ .. ဟီးဟီး 😳
windtalker
August 1, 2011 at 11:52 pm
မမ အီးတုံး အသက် ၊ ဘယ်အရွယ် ရှိပြီ လဲ တော့မ သိဘူး ။
အသက် ကို ပြန်ငယ်လို ့မရပေမယ့်
မျက်နှာကို
အသက်ပကတိ အတိုင်း မပေါ ်အောင် လိမ်းနိုင်တဲ့
မိတ်ကပ် ၊ ပေါင်းတင်ခြင်း များ၊ သောက်ဆေး များ က တော့
ပေါ ်နေတာ အမှန်ပါပဲ