မဆုံးတဲ့…သီချင်း–၁၇

naywoon niJuly 25, 20111min1231

နေဝန်းနီ တိုု့နှစ်ယောက် ဖြိုလိုက်တာက ဂျင်တစ်လုံး လဲကုန်သွားပါပြီ.။ လူတွေကမလည်သေးပါဘူး..။ ကိုဇော်ပြောသလို လေတိုးမခံရသေးလို့ထင်ရဲ့..။ အပြင်မှာ မျုးရွာနေတာတောင် ချွေးပြန်နေသေးသလိုပဲ..။ ဂျင်ထည့်ထားတဲ့ ဖန်ခွက်လေးကို လှည့် ကစားရင်းက ကဗျာတွေရဲ့ ခြေရာကိုလိုက်ခံနေရပါပြီ..။ ကိုမြင့်ဇော်နဲ့ မူးယစ်ဝေသော အရက်ကဗျာ ဝိုင်းကို ပြန်လှန်နေရပါပြီ..။ ဒီတစ်ခါ ကိုလင်းသူ ဝင်လာတော့ နေဝန်းနီတို့ရဲ့ ကဗျာစာအုပ်လေးပါလာတယ်..။ သူတစ်ယောက်ထဲ အသံထွက်ပြီး ဖတ်နေလေရဲ့…………။
“ ခေါင်းစဉ်က ချိန်ခွင်လျှာပေါ်မှာ အိပ်စက်ခြင်း..။ အင်း..။ ထူးအိအ်သင်က နာရီပေါ်က မျက်ရည်စက်များဆိုတော့ ဆရာနေဝန်းနီကလည်း ရာသီပေါ်မှာ အိပ်စက်ခြင်းတို့ ချိန်ခွင်လျှာပေါ်မှာအိပ်စက်ခြင်းတို့ ဖြစ်ပေါ်လာတာပေါ့လေ……..။ (မှတ်ချက်…… ရာသီပေါ်မှာ အိပ်စက်ခြင်း ကဗျာက မန္တလေး တက္ကသိုလ် မြန်မာစာဌာန မြကွန်းသာ နံရံကပ် စာစောင်မှာ ပါဖူးပါတယ်..။ နေဝန်းနီရဲ့ လူတောတိုးခဲ့တဲ့ တစ်ပုဒ်ထဲသော ကဗျာပါပဲ..။ )
*သစ္စာမဲ့တဲ့ ပိတောက်
တစ်နှစ်လုံးလမ်းလျှောက်နေတယ်..။
*တစ်ပင်လုံးဝါထိန်
ရနံ့များမှိန်ပျောက်
နေရာတစ်ကာ သူရောက်နေတယ်..။
အင်း…။ ပိတောက်က သစ္စာမဲ့နေပြီပေါ့…။ တစ်နှစ်လုံး မိုးသံကြား လေသံကြားတာနဲ့ ပွင့်လာကုန်ပြီ..။ ပွင့်ရလွန်းလို့ ရနံ့တောင်မှိန်နေပြီ..။ အတာကူးတဲ့ လတန်ခူး …။တစ်နှစ်မှာ ဒီတစ်လ တစ်လမှာ ဒီတစ်ရက်..။ အဲဒိလိုမဟုတ်တော့ဘူး..။ အတွေးအခေါ်တွေ တော်လှန်လာပြီ..။ သစ္စာမဲ့တယ်ဆိုတာကတော့ နဲနဲ ကြမ်းလွန်းမနေဘူးလားဆရာဆရာနေဝန်းနီ..။ ပိတောက်ဆိုတာက အများလက်ခံထားတာမှာ နွေကိုတော်လှန်တဲ့ပန်း နွေကိုအံတုတဲ့ပန်း..။ နှစ်အကူးမှာ ပထမဆုံးပွင့်တဲ့ပန်း..။ အများရဲ့ အိပ်မက်..။ ရင်ခုန်မှု ..။ ဒါကို ရဲရဲတင်းတင်း သစ္စာမဲ့တယ်လို့ သုံးလိုက်တာက ကြမ်းလွန်းနေတယ်လို့ မထင်မိဖူးလား..။ “
အဲဒလိုပြောနေရင်း နေဝန်းနီကိုလည်း ကြည့်လိုက်သေးတယ်..။ ပြီးတော့ ကုန်နေတဲ့ အရက်ခွက်ထဲကို အရက်ထပ်ငှဲ့လိုက်တယ်..။ သံပုရာသီး ညှစ်ထည့်လိုက် သကြားထည့်မွှေလိုက်နဲ့ အလုပ်ရှုပ်နေပြီး အရက်ခွက်ကိုကောက်မော့လိုက်..။
“ အဲ.. နောက်တစ်ပုဒ်က …။
*ချောက်လှန့်မှုအိပ်မက်
တစ်ညလုံးနှိပ်စက်
နွေညတွေကို အိပ်ရေးပျက်စေခဲ့..။
* ကဗျာသမားဘဝ
ထင်ထားသမျှထက်ကြမ်းရှ
(ဒါပေမဲ့)
ရင်ထဲက ဒုက္ခချိ်ုမြိန်နေ…။
ပိတောက်ပန်းက သစ္စာမဲ့ပြီ..။ တစ်နှစ်လုံး သူချည့်ပွင့်နေတာပဲ..။ ရနံ့လဲ မရှိတော့ဘူး ..။ အဲဒါထားလိုက်ဦး..။ နောက်တစ်ပုဒ်က ကဗျာ သမားရဲ့ပုံရိပ်.. ။ အတွေးတွေနဲ့ နွေညတွေ အိပ်မရဘူး..။ ရင်ထဲက ဒုက္ခတွေ ချိုမြိန်နေတယ်..။ လှတယ်..။ ဒုက္ခဆိုတာကို ချိမြန်တယ်လို့ သုံးလိုက်တာက..။ ဂျေမောင်မောင်ရဲ့ သီချင်းလို ကိုယ့်အသဲစွဲအောင် မင်းအပြုံးထဲ ဘာထည့်ပြုံး သလဲကွယ်ဆိုတာမျိုး ..။ ဒါပေမဲ့ မဆက်စပ်မိသေးဘူး..။ ကျဲနေတယ်..။ ကဗျာဆိုတာက ကတ္တားတွေ ကံ တွေ ကြိယာတွေ တစ်နေရာစီ သူထားချင်သလို ထားခွင့်ရှိတဲ့ ပညာရှင်တွေရဲ့ ပစ္စည်းဆိုတော့ ဆုံးအောင်တော့ ဆက်ဖတ်ကြည့်မှ..။ ကဲ.. ဆက်ကြည့်လိုက်ဦးမယ်….။
*အပျိုမ
လှအောင်ဖန်တီး
နမ်းရှိုက်ပြီး နွမ်းမသွားခင်…။
သွားပါပြီ ခင်ဗျား …။ အကြောင်းအရာက နောက်တစ်ခုတိုးလိာပြီ..။ ရှေ့ ကအပြတွေကို မရှင်းသေးဘဲနဲ့ နောက်ထပ်ပြောလိုက်ပြန်ပြီ..။ ပိတောက် အကြောင်း ကဗျာသမားအကြောင်း ခု အပျိုမ အကြောင်း ရောက်သွားပြန်ပြီ..။ ပန်းအကြောင်းနဲ့စထားလို့ မိန်းကလေးအကြောငိးဆက်ရေးတာလား ..။ ဒါမှမဟုတ် ကာရံ သဘောအရ ခေါင်းထဲပေါ်လာတာချရေးလိုက်တာလား..။ ကဗျာ မရေးခင် ဇာတ်ကြောင်းမထားဘူးလား..။ ဒါဆိုရင်တော့ မှားပြီ..။ ချိန်ခွင်လျှာဆိုတာက Balance ညီမျှခြင်းကို ပြရမှာ ခုတော့ ချိန်ခွင်ပေါ်တွေ့ကရာတွေ တင်ပြနေသလိုပဲ..။ အရက်တစ်ခွက်သောက်ပြီးရင် ဆက်ရှင်းပါ့မယ်..။ “
အဲဒိလိုပြောပြီး အရက်တစ်ခွက်သောက်..။ ရေသောက်..။ အမြည်းလေးကောက်စား..။ ပြီးတော့မှ …..။
“ လာပါပြီဗျာ…။
* အလှဖွဲ့ ကဗျာ
ရသမဲ့ကဗျာ
ဘဝရဲ့ကဗျာ
ဗလာကဗျာ
ခပ်နာနာထုထောင်း
ဖုန်ခါပြီးရောင်းလိုရောင်း….။
အတွေးမပြောင်း
သဏ္ဍာန်ဟောင်းနဲ့
ယိုင်နဲ့နဲ့
နိုင်မဲ့ကစားပွဲ တစ်ခု
နှစ်တွေကျော်လွန်ခဲ့ပြီလေ…….။
* ပေတံတစ်ချောင်နဲ့
ဆယ့်ခြောက်နှစ်ရဲ့ အစွန်းတစ်ဖက်
ပြီးခဲ့တဲ့ အတိတ်ဟာ
အိပ်မက်သာသာပါပဲ..။
* ရာသီအိုဖာထေး
အမြင်မှေး
အထင်သေး
သွင်သွင်ကျိုးနေတဲ့
ခြေထောက်ရဲ့ အောက်
မျက်ရည်ပေါက်တွေကျခဲ့ဖူးတယ်..။
အဲဒိလိုနဲ့..။
ငါ
သွားစမ်း ပိတောက်
လွင့်ပေါက်ပစ်မိ
ရေးစမ်းကဗျာ
ဘဝမှာရှာကြည့်
(တစ်ကယ်တော့ )
ဘာမှမဖြစ်နိုင်သေးတာ
ခုနေမှာအကောင်းဆုံးပါပဲလေ………။ ။
ဘာမှမဖြစ်နိုင်သေးတာအကောင်းဆုံးပါပဲ..။ဆိုတော့ အရက်ပဲဆက်သောက်နေပါဦး ခင်ဗျား..။ ပြီးမှ မူးမူးနဲ့ သစ္စာမဲ့တဲ့ပိတောက်လို့ ကုန်းအော် နောက်ဆုံး အရက်သမားကြီးနေဝန်းနီဖြစ်..။ ဒါအကောင်းဆုံးပါပဲ..။ ဒါဟာသေချာပါတယ်..။

One comment

  • forever

    July 26, 2011 at 6:27 pm

    ုုလေးဖြူသီချင်းထဲကလိုဆိုရရင်
    အသုံးမကျတဲပိတောက် ပေါ.

Leave a Reply