Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖတ်ပြီး မရယ်သောသူ အိမ်ထောင်ဖက် ချောချောလေးရပါမည်

ေရႊဘိုသားJuly 26, 20111min59616

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်…)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်..

.)အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don’t
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃ဝ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄ဝ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅ဝ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆ဝ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i’m very annoyant, don’t trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့
ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ…)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်…)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

(၁)
“ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်” ဟု
အမျိုးသမီး တစ်ဦးက အိပ်ရာကုတင်
ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား
ကုတင်ပေါ်တွင် လှဲလှောင်းစေ
ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏
ယောက်ကျားပြန်အလာနှင့် တိုးသည်။
“ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ” ဟု မေးရာ ထိုလူက
“ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား” ဟု ပြန်ဖြေသည်။အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော
စကားအချို့သည် သံသယမရှိ ယုံကြည်
စေတတ်သည်။

(၂)
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
“ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ” အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
“ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်”
“ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ”

အခြေအနေကို သိနားလည်သော ယောက်ကျားသည် ယောက်ကျားကောင်းဖြစ်ပြီး
အခြေအနေကို မသိ နားမလည်သော ယောက်ကျားသည် ယောက်ကျားမြတ်ဖြစ်သည်။

(၃)
Franklin Delano Roosevelt အမေရိကန်သမတ္တ မဖြစ်ခင် နေအိမ်တွင်
အခိုးခံရဖူးသည်။သူငယ်ချင်းများက အကျိုး
အကြောင်း လာရောက်မေးမြန်းကြသည်။ Roosevelt က ထိုသို့ ပြန်ဖြေလေသည်။
“လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်.ကျွန်တော်
ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာ
တည်ငြိမ်နေပါတယ်..ဘာဖြစ်လို့လဲ

ဆိုတော့..
သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး…
ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး….
ကျွန်တော် ဝမ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်
မဟုတ်လိုပါပဲ”(၄)
Winston Churchill (British Prime Minister 1874-1965) တစ်ခါက
ဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးက
စာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။
စင်အောက်တွင် သူ့အား ကန့်ကွက်မည့်
သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchill
မှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့် …
“ကျွန်တော် စာတစ်စောင် ရလိုက်တယ်… စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်း
ရေးဖို့မေ့ပြီး သူ့နာမည်ပဲရေး
ထားတယ်” ဟုပြောသည်။
စိတ်မဆိုးသည့်အပြင် ဟာသနှောပြီးတစ်ဖက်လူအား အလိမ္မာနည်းဖြင့်
အနိုင်ယူလိုက်ခြင်းဖြစ်သည်။

(၁)
ဖခင်…..သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား…..ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်…..ဟာ….ငါ့သား တယ်တော်ပါလား…ဘယ်(၂)ခု မတတ်တာလဲ။
သား…..သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
ဖခင်………. ^&(*&!”)(!_)£$”(၂)
ဖခင်……….သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား……….ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့….သားကြီး

လာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်………ဟာ….ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား…….. ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်………^&!()%^$%!$”*((၃)
ဖခင်……….. သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား……….. မသိဘူး ဖေဖေ
ဖခင်……… လူအ..၂ ရတယ်…ဟင်း…ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား……….. ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်………..&^!*”^!%”$!£”)(*)

(၄)
“နင့်အမှတ် ဘယ်လောက်ရလဲ”
“သုည ..နင်ကော”
“ငါလဲ သုညပဲရတယ်”
“အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ
ဘူး”

ဖခင်……..ဟင်း….ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့…ဟင်း
သား…….. ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်…………&*!^”!%”!^%”!08

(၅)
ဖခင်………. ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား……….. ဖေဖေ….သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်….
ဖခင်…………&*!^”!%”!^%”!08

တွေးတွေးပြီး…….ရယ်

.
(၁)
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ….. ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး……ကောင်းပါတယ်……ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ……မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ……..ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး…….သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

(၂)
တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိ
ရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။
လုယုက်သူ…….ပါသမျှ ပိုက်ဆံ အကုန်ထုတ်
အကြီးအကဲ…..ငါဘယ်သူလဲ သိလား…ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲ
ကွ
လုယုက်သူ……ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

(၃)
တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခ
ရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။

သတင်းထောက်….ဆရာ…ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်……….အင်း…အခြေအနေ မကောင်းဘူး
သတင်းထောက်……သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်……..သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်……ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်……..ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

(၄)
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
ဆေးရုံရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. “အကြီးအကဲ ကျန်း
မာပါစေ…နေကောင်းပါစေ….သက်တော်ရှည်ပါစေ…”ဟု ကောင်းချီးပေး
ကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအ
ကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော် “ဒီလူနာက ငါ့
ကိုမြင်တာတောင် မကြိုဆိုပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ “လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
နေတယ်” ဟူတည်း။

၁.
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်……..”ဘာများသုံးေ

ဆာင်မလဲရှင်။”
အကြီးအကဲ………..”ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။”၂.
တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး ” ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ”
ယောင်္ကျားလေး ” အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ”
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး ” ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်”

၃.
“ကျွန်တော်ဟာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား”
” ဒါပေါ့ရှင်…. ဘာဖြစ်လို့ ယောကျင်္ားလေးတိုင်းက ဒီမေးခွန်းကို မေးကြသလဲ
မသိဘူး”

၄.
ကကြီး “ABCD … ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ”
ခခွေး ” ၂၄ လုံးကျန်မယ်”
ကကြီး ” မှားတယ်… ၂၁ လုံးပဲ ကျန်မယ်”
ခခွေး ” ဘာဖြစ်လို့လဲ”
ကကြီး ” ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။”

၅.
အသက်(၆၀)ရှိ လင်မယားနှစ်ဦး မွေးနေ့ပွဲ ကျင်းပကြသည်။ နတ်သား
တစ်ပါးရောက်လာပြီး လိုရာဆုတောင်း
စေသည်။
အဘွားအို ” တပည့်တော်မ ကမ္ဘာပတ်ချင်ပါတယ်”
နတ်သား ” တောင်းတဲ့ဆုနဲ့ ပြည့်စေ”
အဘွားအိုမှာ တောင်းသောဆုပြည့်သွားသည်။
အဘိုးအို ” တပည့်တော်ထက် အသက်(၃၀)ငယ်တဲ့ မိန်းကလေးကို အခုအချိန်မှာ
ပွေ့ဖက်ချင်ပါတယ်”
နတ်သား “တောင်းတဲ့ဆုနဲ့ပြည့်စေ”
အဘိုးအိုမှာ ချက်ချင်း အသက်(၉၀)ဖြစ်သွားသည်။
ဆုတောင်းမည်ဆိုလျှင် စကားကို ရှင်းလင်းအောင်ပြောသင့်သည်။

၆.
မိုက်ခရိုဆော့ခ်၏ ဖခင် Bill – Gatesမှာ မတော်တဆ
ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)
ယမမင်း ” ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့
မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို
ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့
အသုံးဝင် WINDOWS တွေကိုလည်း ထွင်
ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ
ဆုံးဖြတ်ပေတော့”

Bill – Gates ” နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ”
ယမမင်း “ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်”
သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော
ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့်
မိန်းမလှလေးများဖြင့် လှပနေသည်။ Bill – Gates မှာ အလွန်ပျော်ရွှင်သွားသည်။
သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော
တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး
နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။
Bill – Gates “ကျွန်တော် ငရဲပြည်ပဲ သွားမယ်”
ယမမင်း “ကောင်းပြီ”

သို့နှင့် နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူငှေး ငရဲပြည်မှာ
ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း
ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill – Gatesမှာ လက်ကျင်း၊
ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။

Bill – Gates “ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့
မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့
ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ”
ယမမင်း ” အော် အဲတာတွေလား….အဲတာတွေက Screen Saver တွေလေ”

မေးထဲကဖတ်ဖူးတာလေး ရွာသားတွေအမောပြေဖို.မျှဝေလိုက်ပါတယ်။

သိပြီးသားလူတွေရှိရင်လည်း အချိန်ကုန်အောင်လုပ်မိလို. တောင်းပန်ပါတယ်ဗျာ


16 comments

  • ကြောင်ကြီး

    July 26, 2011 at 9:47 am

    ဟား ဟား ဟား ဟီး ဟီး ဟီး ဟိုး ဟိုး ဟိုး…..

    အကြီးအကဲ….. ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
    စာတိုက်မှုး……ကောင်းပါတယ်……ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
    ကပ်ဘူးလို့ ပြောကြတယ်။
    အကြီးအကဲ……မဖြစ်နိုင်တာ

    ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
    ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
    အကြီးအကဲ……..ကပ်တာမှ မြဲနေတာပဲ
    စာတိုက်မှုး…….သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

    • pan pan

      July 26, 2011 at 10:50 am

      အဲဒီထဲက တော်တော်များများတော့ ဖတ်ဖူးတယ်..

      ရယ်လိုက်တဲ့ ဦးကြောင်ကြီးတော့ အိမ်ထောင်ဖက် ချောချောလေး မရနိုင်တော့ပါ

  • manawphyulay

    July 26, 2011 at 10:03 am

    ဟိဟိ… မရယ်ပါ။ ပြုံးရုံပဲ ပြုံးသွားသည်……………….. 😛

  • ogre

    July 26, 2011 at 10:11 am

    ့ွပါးစပ်ပိတ်ပြီး အသံမထွက်အောင်ရီသွားပါတယ်…………….။။

  • နီလေး

    July 26, 2011 at 10:41 am

    မရီရင် အိမ်ထောင်ဖက်ချောချောလေးရမှာသေချာတယ်နော် ဒါဆိုရီတော့ဘူး ၁ ၂ ၃ ၄

  • ရွှေဘိုသား

    July 26, 2011 at 10:42 am

    မမ မနောဖြူလေးရေ ပြုံရုံသာပြုံတာဆိုရင်တော. ရမှာပါရွှေဘိုသားလောက်နီးပါးချောတဲ. ကောင်လေးပေါ.

    အစ်ကိုogre ကရယ်တာတောင် အသံမထွက်အောင်ကြိတ်ပြီးရယ်တာဆိုတော. ရွက်ပုန်းသီး အပျိုကြီးနဲ.
    ရနိုင်ပါကြောင်း

  • နွယ်ပင်

    July 26, 2011 at 11:05 am

    မဖတ်ရသေးတဲ့ ဟာသလေးတွေပါတဲ့အတွက် ဝင်ရောက်ရယ်သွားပါကြောင်း…
    ချောချောလေးမရလဲ နေပါစေတော့ (နှစ်ယောက်ဆိုရင်မဖြစ်ဘူးပဲ … :p )

  • Anzartone

    July 26, 2011 at 11:14 am

    ကျုပ်လည်း ပြုံးရုံသာ ပြုံးသွားသည် ………. ။

  • စုံ စုံ

    July 26, 2011 at 12:29 pm

    မရီမပြုံး ခပ်တည်တည်ဖြင့်သာဖတ်ပါကြောင်း…….. 🙂

  • king

    July 26, 2011 at 12:46 pm

    ကြိတ်ပြုံးပြီး … ရီချင်စိတ်ကိုအောင့်အီးကာ… ………….. 😛
    😀 ထိန်းရတော့ဝူးးးးးးးးးးးး… ချောချောမရလည်းကိစ္စရှိတော့ဝူးးး … ကျန်တာတွေအများကြီးရှိတယ်လေ

  • windtalker

    July 26, 2011 at 1:06 pm

    အင်း
    ဘယ်လိုပြောရမလဲ ဆိုရင်
    တိုက်ပင်းရိုက်ပြီး ပြောရမှာပေါ့နော်
    ဖတ်ပြီးမရယ်ရင် ချောချောလေး ရမယ်လို ့ရေးထားတာကို တွေ ့လို ့ပေါ့နော်
    ဘယ်လောက်ချောတာပဲ တွေ ့တွေ ့
    လုံးဝ မယူဘူး ဆိုတာ လေးကို
    ဒီမှာ ကြေငြာခဲ့ပါတယ်ပေါ့နော်

  • MOEPWINTPHYU

    July 26, 2011 at 1:06 pm

    Bill – Gatesကိုကြိုက်တယ် ရီမသွားတော ကောင်းလေးချောချောနဲတွေမှာပေါနော်

  • meelay

    July 26, 2011 at 5:40 pm

    ဟား ဟား ဟား ဟား 😀 😀 😀 အိမ်ထောင်ချောချောလေးရမှာဆိုးလို့ အားရပါးရ ရယ်သွားပါတယ် ………

  • forever

    July 26, 2011 at 6:51 pm

    ရပြီးသားမို. စိတ်ကြိုက်ရီသွားသည်

  • alinsett

    July 27, 2011 at 8:27 pm

    ကျွန်တော် ကတော့ နဂို ကတည်းက မိန်းမ မလိုချင် ဘူးဆိုတော့.. အားရပါးရ ရယ် သွားပါတယ် ။ မချောတဲ ့သူနဲ ့ ့ရမယ် ဆိုရင်တောင် မရယ်မိအောင် ထိန်းမှာ… ။ အခု ကချောချောလေးရမယ် ဆိုတော့ မဖြစ်မနေ ရယ် လိုက်ပါတ.ယ် ။ ချောတာ လှတာ တွေကို ပိုကြောက်လို ့..။ဟီ းဟီး ဟဲဟ ဟဲ

  • PMP

    July 29, 2011 at 1:02 am

    ချောချောလေးမရလည်းနေတော့…ရီမှာဘဲ..ခစ်..ခစ်..ခစ်.

Leave a Reply