ဝတ္ထုတို တစ်ပုဒ် ဖြစ်မလားရယ်လို ့
မင်းခ ၊ ၈ တန်း ကျောင်းသား ၊ သူ ့အဖေ က အငြိမ့်ထဲ က လူပြက် ၊ အမေ က အငြိမ့် တွေ ဇါတ်တွေ ထဲမှာ မင်းသမီးအရံ ။ ပြောရရင် အနုပညာ လင်မယား ရဲ ့သားပေါ့ ၊ ဒီတော့ မင်းခ မှာလည်း အနုပညာ ဇ ရှိတယ် ။ ငယ်ငယ်လေး ထဲ က ကျောင်းပွဲတွေ မှာဆို ဝင်ကနေကြ ၊ ပညာပေး သရုပ်ဖော် ဇါတ်တိုလေး တွေ မှာ မင်းခ က အမြဲ ခေါင်းဆောင် ။ သို ့ပေသည့် မင်းခ ရဲ ့ အဖေ က မင်းခ ဒီလို လုပ်တာတွေ ကို အားမပေးတဲ့ အပြင် ၊ ဘာပွဲ ညာပွဲ နွှဲလာပြီ သတင်းကြားတာနဲ ့ မင်းခ ခဗျာ အရိုက်ခံ ရပြီ ပဲ ။
“ ဘာမှ အထင်ကြီးစရာ မရှိတဲ့ လောက ၊ ထွီ….သစ္စာမရှိ ၊ မေတ္တာ ကို ခုတုံးလုပ်ကြ ၊ ဒီလို အသိုင်းအဝိုင်း လောက ထဲ ၊ ငါ့သား….မဝင်စေရဘူး ၊ ငါ့ တုန်းက မိုက်လို ့၊ မသိခဲ့လို ့ ဝင်ခဲ့ပြီးပြီ…။ ဒီမှာ…မင်းခ…..မင်းမှတ်ထားဖို ့က အနုပညာလောက ဆိုတာ…မင်းဘဝ နဲ ့ဘာမှ မအပ်စက်ဘူး ၊ မေ့ထားရမယ်..ဆိုတာပဲ ” ဟု အမြဲ ဆို ဆုံးမနေကြ ။
အဖေ ပြောစကား အရ ဆိုလျှင် ဘယ်အနုပညာသမားမှ မကောင်း ဟူ ၊ အမေ လုပ်သူ က တော့ မိုးတွင်း ကာလ တစ်ခုသာ အိမ်မှာ နေသည် ။ ကြုံရာ ဇါတ် ၊ ကြုံရာ အငြိမ့် ဖြင့် လိုက်ကစမြဲ ၊ နောက်ပြီး မင်းခ အဖေ နှင့် အမေ သည် ဘယ်တော့ မှ မတဲ့ကြ ၊ မိုးတွင်းကာလ လေး အိမ်မှာ ဆုံလျှင်ပင် အမြဲ တကျက်ကျက် ၊ အဖေ က အမေ ့ကို ဇါတ်ဆရာ နှင့် သမုတ်ကာ စွတ်စွဲ ရန်ရှာ စမြဲ ။ အမေ က လည်း “ ရသမျှ ညကြေး အကုန်ပြန်မအပ်တဲ့ ယောက်ျား ၊ နာမည်ခံ ပဲ ရမယ် ” ဟု ပြန် ပြောစမြဲ ။
“ ဒါကြောင့်မို ့..အဖေ က ငါ့ကို မကစေချင်တာများလား ” ဟု ရံဖန်ရံခါ တွေးမိသည် ။
ယခု လည်း မင်းခ တို ့ကျောင်း ပညာရည်ချွန်ဆု ပေးပွဲ တွင် ကျောင်းသား များ ၏ သီဆို ဖျော်ဖြေ မှုများ နှင့် အတူ ပညာပေးပြဇါတ်တစ်ပုဒ် သရုပ်ဖော်ကြ ရန် စီစဉ်နေကြသည် ။ ထုံးစံ အတိုင်း မင်းခ ကတော့ စာရင်းပေးစရာ မလို ၊ အော်တို အရွေးခံရပြီးသား ။ ဖြစ်ချင်တော့ ဒီတစ်ခါ ပြဇါတ်တွင် မင်းသမီး နေရာ သရုပ်ဆောင်မည့် ကျောင်းသူ က မရှိ ၊ မင်းခ က ရုပ်ရည်ချောမော သူ တစ်ဦးဖြစ်သည့် အတွက် မင်းသမီးနေရာ တွင် မင်းခ ကို ရွေးလိုက်ကြသည် ။ အနုပညာ ပိုးကြီးသော မင်းခ က လည်း မငြင်း ။ ထို ့အပြင် ဆုပေးခြင်း အခမ်းအနား မစမှီ တေးသရုပ်ဖော် အစီအစဉ် တွင်လည်း မင်းခ က ဦးရွှေရိုး နှင့် ဒေါ ်မိုး အက ကို ဒေါ ်မိုး နေရာ က မင်းခ ကမည် ။ ထိုအခါ မိတ်ကပ် လည်း ၂ ခါ ပြင်စရာ မလိုတော့ ။ ဖခင်ကြီး မသိအောင် ကျောင်းဆင်းချိန်များတွင် ဇါတ်တိုက် အကတိုက် ခဲ့သည် ။
မင်းခ အဖေ နှင့် အမေ သည မင်းခ ကို ကျောင်းထားပေးရုံသာ တတ်နိုင်ကြသည် ။ အခြားကျောင်းသား များလို ထွက်သမျှ ကစားစရာ အရုပ် မင်းခ တွင် မရှိ ။ လန်းလန်းဆန်းဆန်း အဝတ်အစား အသစ်များ လည်း မင်းခ ကို မဆင်နိုင် ။ မင်းခ တစ်ယောက် မှာလည်း ကျောင်းစာ တွင် မပျော်နိုင်ပဲ ဇါတ်သရုပ်ဆောင်ရသည် ၊ က ရသည် ကို သာ စိတ်ဝင်စားနေခဲ့သည် ။ မင်းခ တို ့မြို ့ဘုရားပွဲ ရာသီ ချိန် ရောက်ပြီ ဆိုလျှင် မင်းခ တစ်ယောက် ဘယ်အငြိမ့် ဘယ်ဇါတ် မှ မလွတ်အောင် ပွဲတိုင်းစေ့ ကြည့်နေကြ ။ ဇါတ်ခုံ များ အငြိမ့်စင် များ တွင် ပရိသတ် များ မှ ဆုတော်ငွေ များ တက်ဆုချ ပြီ ဆိုလျှင် မင်းခ တစ်ယောက် အရမ်းအားကျ ခဲ့သည် ။ အက ပညာတွင် မိခင်ထံ မှ အနည်းငယ် သင်ယူထားရှိပြီး ၊ ဇါတ်အငြိမ့်များ မလွတ်တမ်း ကြည့်ရှူ ခဲ့သော ကျေးဇူးကြောင့် မင်းခ တစ်ယောက် စည်းဝါးကိုက်အောင် ကောင်းကောင်းကြီး ကတတ်သည် ။
ယခု လည်း ကျောင်းကပွဲ အတွက် အကတိုက် ၊ ပြဇါတ် ရီဟာဇယ် တွင် မင်းခ အခန်းအတွက် ကောင်းကောင်းကြီး ပိုင်နိုင်သွားပြီ ။ သို ့ဖြစ်၍ အခြား ဇါတ်တိုက်နေသူ များ ၊ အကကျင့်နေသူ များ ကို မင်းခ က ဆရာပြန်လုပ်နေသည် ။ မင်းခ တို ့ကမည့် ဇါတ်လမ်း က မူးယစ်ဆေးဝါး ပညာပေး ဇါတ် ။ မူးယစ်ဆေးဝါး သုံးစွဲသည့် လူငယ် တစ်ဦး လမ်းမှား ရောက်ကာ ဘဝပျက်ရပုံကို ပုံဖော်ကြမည် ဖြစ်သည် ။ အကောင်းဆုံး သရုပ်ဆောင်နိုင်သူ က ကျောင်းအုပ်ဆရာ ကြီး နှင့် ကျောင်းသားမိဘ ကော်မတီ ဝင်များ က ဆုချီးမြှင့်မည် ဟု သိရသဖြင့် ပါဝင်မည့် သူတိုင်း တက်ကြွနေကြသည် ။
သို ့နှင့် ပညာထူးချွန်သူ များ ကို ဆုပေးပွဲနေ ့ကျင်းပသည့် နေ ့ကို ရောက်လာခဲ့သည် ။ ဦးစွာ အခမ်းအနား စတင်ကြောင်း ကြေငြာ ပြီးသည် နှင့် ကျောင်းသား များ ၏ သီဆို ဖျော်ဖြေ မှု များ ဖြင့် စတင်သည် ။ ထို ့နောက် မင်းခ နှင့် ကျောင်းသား တစ်ယောက် တို ့ ဦးရွှေရိုး၊ဒေါ ်မိုး အက ကို ကကြသည် ။ မင်းခ တို ့ကအပြီး ပရိသတ်များ က သဘောကျ ကြ သဖြင့် မင်းခ နှင့် ဦးရွှေရိုး က သူ တို ့ တစ်ယောက် ကို ဆုတော်ငွေ ၅ထောင်ကျပ် တန် နှစ်ရွက် စီ ဆုချခြင်း ခံရသည် ။ မင်းခ တစ်ယောက် တော်တော်လေး ပျော်ရွှင် ဝမ်းသာ မိသွားသည် ။ သူ ့ဘဝ တွင် ၅ထောင်ကျပ် တန် ဆိုသည် မှာ မြင်သာမြင်ဖူးသော်လည်း တစ်ခါ မှ ကိုင်တွယ် မသုံးခဲ့ဖူးသေး ။ ၅ ထောင်ကျပ်တန် ပေါ ်ကာစ က ၊ သူငယ်ချင်းတွေ နည်းတူ ကိုင်ချင်သောကြောင့် အဖေ့ထံ သွားတောင်းရာ နားရင်း ရိုက်ခံ ရပြီး ဆူပူကြိမ်းမောင်းခြင်းသာ ခံ ခဲ့ရသည် ။ ယခု ဆုချ ခံ ရသော ၅ ထောင်ကျပ်တန် နှစ်ရွက် ကို သေချာ ကိုင်ကြည့်ကာ မင်းခ တစ်ယောက် ဝမ်းသာ ကြည်နူးနေမိသည် ။ ထို ့နောက် ပိုက်ဆံ အိတ်ထဲ သေချာ ထည့်သိမ်းလိုက်ပြီး အဝတ်လဲ ခန်း သို ့အသွား ၊ ပွဲစီစဉ်သူ ဆရာ က ရေးကြီးသုတ်ပြာ နှင့် သူ ့ဆီ ပြေးလာသည် ။
“ မင်းခ….၊ မင်းခရေ…မင်း ကူမှ ဖြစ်တော့မယ် အနေအထားတော့ ရောက်နေပြီ ကွာ ”
“ ဗျာ…ဆရာ ၊ ဘာများ ဖြစ်လို ့လဲ ဗျ ”
“ တို ့ဇါတ်လမ်းထဲ မှာ ပိုက်ဆံ အိတ် လုခံ ရမယ့် သူ နေရာ ကို သရုပ်ဆောင် မယ့် ကောင် ကွာ ၊ မနေ ့ည က ခရီးထွက်သွားတယ် တဲ့ ကွာ ။ အဲဒါ သူ ့နေရာ မှာ မင်း ဝင် သရုပ်ဆောင်ပေးပါဦး ”
“ ဟာ..ဆရာကလဲ…ကျွန်တော် က မင်းသမီးနေရာ က ဆောင်ရမှာလေ..။ အခု ဒေါ ်မိုး အက အတွက် မိန်းမ လို ပြင်ထားတာ ဆိုတော့ ၊ အဲဒီနေ ရာ ဝင်ရမယ့် ဆိုရင် ကျွန်တော် မိတ်ကပ် ဖျက်ပြီး တစ်ခါ ပြန်လိမ်းနေရာမှပေါ့ ”
“ မိတ်ကပ် လိမ်းတာ က မကြာပါဘူးကွာ ၊ လုပ်ပါ ၊ ဒီတစ်ခန်းလေးပါ ၊ အပြင်ကျောင်းသား ကို အစားထိုးမယ် ဆိုရင် မပီပြင်မှာ စိုးလို ့ပါကွာ ၊ ဆရာ မင်းကို တောင်းဆိုပါရစေ ၊ ကူညီလိုက်ပါဦးကွာ..နော် ”
“ ဘယ်လို မှ မဖြစ်နိုင်ဘူး ဆိုရင် လည်း ကျွန်တော်ပဲ ဝင်ပေးပါ့မယ်လေ ၊ ဒါဆို ကျွန်တော် ၊ ယောက်ျား လို ပြန်ဝတ်လိုက်တော့မယ်နော် ”
“ ကောင်းပြီကွာ…မြန်မြန်လေး လုပ်လိုက် ၊ မင်း ရှိလို ့လည်း တို ့ကပွဲလေး က အရမ်းကို အဆင်ပြေ တော့တာပေါ့ကွာ ၊ ကျေးဇူးပါပဲ..မင်းခ ရာ ”
သို ့နှင့် မင်းခ တစ်ယောက် အဝတ်အစား လဲ ပြီး စောင့်နေလိုက်သည် ။ ဆေးစွဲနေသူ လူငယ် က ဆေးဖိုး ပိုက်ဆံ ပြတ်သွားသဖြင့် လမ်းမှာ တွေ ့သည့် ဘောစိ တစ်ယောက် ကို ခါးပိုက်နှိုက် မည့် အခန်း ကို ဘောစိ နေရာ မှ မင်းခ ဝင်ပေးရမည် ဖြစ်သည် ။ မင်းခ သရုပ်ဆောင်ရမည့် နေရာ သို ့ရောက်လာပြီ ဖြစ်၍ စင်ပေါ ်သို ့ဝင်လိုက်သည် ။ စင်ရှေ ့တွင် ဟန်ပါပါ နှင့် သူဌေး(ဘောစိ) လို လမ်းသလားနေလိုက်သည် ။ ဆေးစွဲသူ အဖြစ်သရုပ်ဆောင်သည့် ကောင် က အပြင် တစ်ကယ့် ဘဝ တွင်လည်း ခပ်ပေပေ ခပ်ရွတ်ရွတ် ငဆိုးတစ်ကောင်ဖြစ်သည် ။ မင်းခ တို ့အပေါ ်တွင်လည်း အနိုင်ကျင့်နေကြ ။ ယခု လည်း မင်းခ တစ်ယောက် မျက်ခုံး ခပ်လှုပ်လှုပ် နှင့် ။ ဇါတ်လမ်း သဘောအရ မင်းခ ကို ပြေးဖက် ၊ အိပ်ကပ် ကို နှိုက်ဟန် ပြ ပြီး ကန်လန် ့ကာ နောက်ကွယ် သို ့ပြေးဝင်ရမည် ဖြစ်သည် ။ ဇါတ်က စပြီ ။ ဆေးသမား သည် မင်းခ ထံ ပြေးလာပြီး ဖက်လိုက်သည် ။ မင်းခ က လည်း အော်သည် ။
“ ကယ်ကြပါဦး ဗျို ့…..နေ ့ခင်းကြောင်တောင်ကြီး လုယက်နေလို ့ပါဗျို ့ ” အော်ရင်း ရုန်းဟန်ပြသည် ။ သို ့သော် ဆေးသမား လုပ်သူ က သူ ့ပိုက်ဆံ အိတ်ကို တစ်ကယ် ဇွတ်နှိုက်လာသည် ။ မျက်နှာ ကို ကြည့်လိုက်တော့ တစ်ကယ် ကို မာန်ပါပါနှင့် ။ မင်းခ လည်း စိုးရိမ်လာပြီး ဇွတ်ရုန်းသည် ။ သို ့သော် ဆေးသမား လုပ်သူ က သူ ့ထက် ဘော်ဒီ ပိုကြီး သဖြင့် မနိုင် ။ သို ့နှင့် မင်းခ တစ်ယောက် မတတ်နိုင်သည့် အဆုံး ဆေးသမား ကို ပစ်ထိုးလိုက်သည် ။ စင်အောင်မှ ပရိသတ်ကြီးက ပွဲကြသွားသည် ။ “ တစ်ကယ် သရုပ်ဆောင် တာ တော်တယ် ကွ ” ဟု ဆိုကာ ဝိုင်းဝန်း လက်ခုပ် အားပေးကြသည် ။ တစ်ကယ်တမ်း မင်းခ တစ်ယောက် မှာမူ အကျဉ်းအကြပ် ထဲ ။ မင်းခ ထိုးလိုက်သဖြင့် ဆေးသမား လုပ်သူ တစ်ချက် ယိုင်သွားသည် ။ ပြန်ဆုတ်ခွါသွားသည် ။ သို ့သော် မင်းခ ပိုက်ဆံအိတ်ကမူ သူ ့ထံ ပါသွားပြီ ။ မင်းခ လည်း “ ဟေ့ကောင်.. ငါ့ ပိုက်ဆံ အိတ် ပြန်ပေး ” ဟု ဆိုကာ ပြန်ဖက် လိုက်တော့ မင်းခ မျက်နှာကို တစ်ချက်ထိုး ၊ တွန်းလွှတ်ပြီး စင်နောက်သို ့ပြေးဝင်သွားသည် ။ မင်းခ တစ်ယောက် လည်း အော်ငိုပြီး ကန် ့လန် ့ကာ အမြန်ချ ရန် အော်ဟစ်လိုက်သည် ။
“ သွားပြီ….ဇါတ်တော့ ပျက်ပါပြီ ကွာ ၊ ဘယ်လို ဖြစ်ရတာလဲ မင်းခ ရယ် ” ဟု ဆရာ က အပြစ်တင်လာသည် ။ မင်းခ က သူ ့ပိုက်ဆံ အိတ် ကို တစ်ကယ် လုယူ သွားကြောင်း တိုင်လိုက်သည့် အခါ ဆေးသမား လုပ်သူ က ခပ်တည်တည် နှင့် သူ ့ပိုက်ဆံအိတ် ကို ပစ်ပေးပြီး “ အဖြစ်သည်း နေလိုက်တာကွာ ” ဟု ဆိုကာ ထွက်သွားသည် ။ ပိုက်ဆံ အိတ် ကို ဖွင့်ကြည့်လိုက်တော့ သူ အိမ်မှ ပါလာသော ပိုက်ဆံ ၁၀၀ဝ ခန် ့အပြင် ၊ ဆုချီးမြှင့် ခံထားရသည့် ၅ထောင်ကျပ်တန် ၂ ရွက်ပါ မရှိတော့ ၊ သို ့နှင့် ဆရာ့ ကို သွားပြောတော့
“ တော်တော်ဆိုးတဲ့ကောင်ပါလား ၊ မင်းကြောင့်မို ့တို ့သရုပ်ဖော် ဇါတ်လည်း ပစ်ရပြီ….သွားစမ်းကွာ ” ဟု ဆိုကာ အကြိမ်းမောင်း ခံရသည် ။ မည်သို ့တောင်းပန် ပြောဆိုဆို ဆရာ လုပ်သူ က သူ ပြောသမျှ ကို နားမဝင်တော့ ။ ဒေါသပုန် ထနေသည် ။ နောက်ဆုံး ဘယ်လို မှ ပြောမရတော့ သဖြင့် မင်းခ တစ်ယောက် ဝမ်းနည်း ပက်လက် ပြန်ခဲ့သည် ။ အိမ်သို ့ရောက်တော့ ဖခင် ကြီး က စောစောစီးစီး ပုလင်းထောင်နေသည် ။ မျက်နှာတွင် တစ်ချက် အထိုးခံ ထားရသဖြင့် ဖူးယောင်နေသော မျက်နှာ နှင့် စိတ်ညစ်နေသည့် ပုံကို မြင်တွေ ့သွား သဖြင့် ခေါ ်မေးတော့သည် ။
“ ဟေ့ကောင်….မင်းခ လာစမ်းပါဦး ၊ မင်းမျက်နှာ က ယောင်လို ့ပါလား ၊ ဘာဖြစ်လာတာ လဲ ”
မင်းခ တစ်ယောက် ဘယ်လို မှ ဖုံးကွယ်ရန် မတတ်နိုင်တော့ သဖြင့် အကြောင်းစုံကို ရှင်းပြ လိုက်တော့
“ ဟားဟားဟားဟား… ခံလာရတာ နည်းတောင် နည်းသေးတယ် ၊ ဒါ မင်းအတွက် သင်ခန်းစာ ပဲ ၊ ဒီအလုပ် တွေ မလုပ်ရပါဘူး လို ့ငါ အတန်တန် ဆုံးမနေတဲ့ ကြား က သွားကမြင်းတာလေ ၊ ဒါ အကင်းပဲ ရှိသေးတယ် ၊ တစ်ကယ့်..တစ်ကယ် ငါတို ့လောက ထဲ မှာဆိုရင် ဒီ့ထက် အဆတစ်ရာ မက ဆိုးတဲ့ ဟာတွေ အများကြီး ရှိတယ် ။ ထားပါတော့…သွားသွား ရေချိုးပြီး နားချေတော့ …။
ဝမ်းနည်း ကြေကွဲလာသော ကျောင်းသားလေး မင်းခ စိတ်တွင်တော့…………………. ။
( ဝတ္ထုတို တစ်ပုဒ် အဖြစ် ကြိုးစားရေးထားခြင်း ဖြစ်ပါသည် ။ အားလုံး ကို ကျေးဇူးတင်ပါသည် ။ ဝတ္ထုတို တစ်ပုဒ်သာ ဖြစ်ပါသည် ။ )
12 comments
suicide blind
July 31, 2011 at 3:50 pm
မိုက်တယ် ဟ…….အရေးအသားမိုက်တယ်
alinsett
July 31, 2011 at 4:33 pm
ဝတ္ထူ တို တစ်ပုဒ် ဖြစ်ပါတယ် ။ ကောင်းလည်းကောင်းပါတယ် ။ အလားအလာ ရှိတဲ ့ သူ တစ်ယောက်လို ့ မြင်မိပါတယ် ။ ဒီထက် ပို ကောင်းတဲ ့ စာတွေ ကို ဖန်တီးနိုင်မယ် ့ လက်..လို ့လည်း ယုံကြည်မိပါတယ် ။ တကယ်ပါ။ စာပေလောက မှာ ဒီ လို ရေးနိုင်စွမ်းရှိသူတွေ တကယ်လိုအပ်နေတာပါ ။
စာသမားအချင်းချင်း စာတစ်ပူဒ်နဲ ့တင် ခင်မင်မိပါပြီ။ ထပ်ရေးပါဦး။
PaukPhaw
July 31, 2011 at 4:34 pm
ဤအရာသည်..ဝတ္ထုတို တစ်ပုဒ်ပင် ဖြစ်ပေသည်။
😛
တော်ပါပြီ…
အစက ရုပ်ရှင်မင်းသား မရရင် ဇာတ်မင်းသားတော့ လုပ်ရင်ကောင်းမလားလို ့..
ခုတော့..
ဖြစ်ချေဘူး….
ကံစမ်းမဲအစီအစဉ်အရ..ဒုတိယဆုရပေါက်တဲ့အတွက်.
ဘီယာ..၂ ခွက်နဲ ့.ဘဲကင် တစ်စိတ်.လားထားပါ.. 😀
windtalker
July 31, 2011 at 5:59 pm
စိတ်ချ ကိုပေါက်ဖော်
ကျွန်တော် မှတ်ထားမယ်နော်
ဒီပုံစံ အတိုင်း ဆိုရင်
ပထမ ဆု ဘဲကင် နဲ ့ဘီယာ နဲ ့က
ကိုပေါက်ဖော် အတွက် သေချာနေပြီ ။ ဟဲဟဲ
manawphyulay
July 31, 2011 at 7:59 pm
အဲဒါ နုံတာလို့ခေါ်တယ်…ဇာတ်လမ်းစထဲကပိုက်ဆံအိတ်က ငွေတွေထုတ်တားလိုက်ပါလား… ဒါဆိုသူလုသွားလည်းမင်းခ ပိုက်ဆံမဆုံးတော့ဘူးလေ….
ဆူး
July 31, 2011 at 8:26 pm
ဝတ္တုတို များများ ရေးပြီး နာမည်ရ စာရေးဆရာ ဖြစ်အောင် ကြိုးစားနိုင်ပါစေ။
weiwei
July 31, 2011 at 8:40 pm
ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါတယ် … အရေးအသားစွဲဆောင်မှုရှိပါတယ် … နောက်လဲ များများရေးနိုင်ပါစေ ..
pan pan
August 1, 2011 at 3:35 pm
ဆရာလုပ်တဲ့လူကလည်း ဆရာဖြစ်ပြီး ဘာလို့ဒီလောက်ဒေါသပုန်ထနေရတာလဲမသိဘူး
ဒေါသထွက်တာလည်းထွက်ပေ့ါ၊ တပည့်လုပ်သူက သေချာတောင်းပန်ပြီး ရှင်းပြနေရင် နားထောင်ပြီး ဖြေရှင်းသင့်ဖြေရှင်းပေးရမှာပေ့ါ
လိုအပ်တော့ မြှောက်ခိုင်းပြီး မလိုတော့မှ ကြိမ်းမောင်းတာမျိုး ဖြစ်နေသလားလို့
နွယ်ပင်
August 1, 2011 at 3:47 pm
ဝတ္ထုတို တစ်ပုဒ် အဖြစ်ဝင်ရောက်ဖတ်ရှုသွားပါသည် ။
zawthulay
August 1, 2011 at 4:16 pm
ကောင်းပါတယ်..ဝတ္ထုတို တစ်ပုဒ်ဖြစ်ပါတယ်.. အဲလိုအတွေ့အကြုံ့တွေ ပေါင်းပြီးရေးလိုက်မယ်ဆိုရင် အနုပညာရှင်ဘဝ၏ဖြတ်သန်းမှု ဆိုပြီး ဟာသ ဝတ္ထု တစ်အုပ်တောင်ရေးလို့ရတယ်ဗျိုး .. အားပေးတယ် ဆက်ရေး စိတ်ဝင်စားတယ် အဲဒါမျိုးတွေ
windtalker
August 1, 2011 at 11:49 pm
ကျွန်တော် ရေးတဲ့ ပို ့စ်မှာ တော့ ကွန်မင့် ပေးသမျှ လူတိုင်း ကို
အနီပေးထားသူ တိုင်း ကို
တတ်နိုင်သမျှ ပြန် စိမ်းပေးထားပါကြောင်း ။
အဘယ်ကြောင့် ကွန်မင့်များ ကို များကို
မိုင်းနပ်စ် လိုက်ပြနေတာလဲ ဆိုတာ
သိချင် စမ်းပါဘိ
shwe ni
August 2, 2011 at 1:09 am
မောင်ပေ လက်ရည် တက်နေပါလား ။ MG မှာစာရေးဆရာတွေ ဆရာမတွေ အများကြီးပါလား