Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိတ်ဆက်ခြင်းနှင့်တောင်းပန်ခြင်း

007JamesAugust 2, 20111min100325

ကျွန်တော် 007 ဧ။် ပထမဆုံးသော postဖြစ်ပြီး လိုအပ်ချက်များရှိပါက အကြံဉာဏ်ပေးကြပါရန်နှင့် လွန်ခဲ့သော (၁၅)နှစ်က အဖြစ်အပျက်လေးအတွက် ဒီနေရာမှ တောင်းပန်ရခြင်းဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်က ကျွန်တော့အမေ နှလုံးရောဂါနဲ့ ရန်ကုန်မှာဆေးရုံတက်ပါတယ်။ကျွန်တော်(၁၀)တန်းပေါ့။ မိတ္ထီလာကနေ ရန်ကုန်ကို အဖေနဲ့ကျွန်တော် ခဏခဏ သွားရတယ်။ စာမေးပွဲဖြေကာနီး တခေါက်အပြန်မှာဖြစ်တာပါ။အဲဒိနေ့က ရန်ကုန်ကနေ ည(၇)နာရီရထားနဲ့မိတ္ထီလာကို အပြန်မှာပါ။ ခုံက ရိုးရိုးတန်း အိမ်သာနားကပ်ရက်ခုံ။ တံခါးကလဲ အသံတအားမြည်နေတာ။ အနံကလဲဆိုးပေါ့။ ပဲခူးကို ည(၉း၃၀)လောက်ရောက်ပြီးပြန်အထွက်မှာ ကျွန်တော်က အိမ်သာတံခါးကို ထပိတ်ထားလိုက်တယ်။ အထဲလူရှိမရှိ မကြည်မိဘူး။ လမ်းတလျျောက် အိမ်သာတက်တဲ့လူတစ်ယောက်မှ မရှိဘူး။ တံခါးကလဲ တဂျုံးဂျုံးမြည်လို့ပေါ့။ ည(၁၂)နာရီလောက် တောင်ငူဘူတာမှာ ရထားခဏ ရပ်တော့လဲ အသံကမြည်တုံးပဲ။ တောင်ငူဘူတာကနေ ရထားထွက်ပြီး ခဏနေတော့ အဖွားကြီးတယောက် အီမ်သာထတက်တာမှာ ပြသနာစတာပါ။
အထဲကနေ အသက်(၃၅)လောက်ရှိမယ့် လူတယောက်ထွက်လာပြီး “ဘယ်မ-=-=-=-=-======လဲကွ၊ အိမ်သာတံခါးပိတ်ထားတာ”– ဆိုပြီး ဆဲနေတာ အကြာကြီး။ ပြီးတော့ တွဲစောင့်ဆီသွားပြီး ဂုတ်ဆွဲလာပြီး ရစ်တော့တာပဲ။ ရအောင်ဖေါ်ပေး မပေးရင် မင်းကိုသတ်မယ်ဆိုပြီးပြောတာ။
မျက်နှာကတအားစိတ်ဆိုးနေတာ။ အဖေက မင်းပိတ်တာလားတဲ့။ မပြောရဲဘူး။ အထိုးခံရမှာကြောက်လို့။ စဉ်းစားကြည့်လေ ပဲခူးကနေ တောင်ငူထိ အိမ်သာထဲမှာ ဘယ်လောက် ဒုက္ခရောက်မလဲ။ အဲဒိအဖြစ်အပျက်လေက ခုချိန်ထိ ရင်ထဲမှာကျန်နေတုံးပဲ။မိတ်ဆွေသစ်များနဲ့ တွေ့ရင် အမြဲတမ်းပြောဖြစ်ပါတယ်။အိမ်သာထဲက လူနဲ့များ ဆက်စပ်နေမလားလို့ပါ။ ရွာသားများ ထဲကနေဆက်စပ်နေရင်လဲ တောင်းပန်လိုပါတယ်။
သိများသိကြရင် ပြောပေးကြပါ တောင်းပန်ပါတယ်လို့။
အမှားပါရင် သီးခံဖတ်ပေးသူများအားလုံးကို ကျေးဇူးတင်လျှက်။

25 comments

  • 007James

    August 2, 2011 at 9:40 pm

    ကိုပေါက် ဘာကိုပြောတာလဲဟင်။

  • အိမ်သာထဲမှာ 5နာရီလောက်ပစ်ထားခဲ့တာကို
    15နှစ်လောက်ကြာမှာ အစဖော်ပြီးတောင်းပန်တာ
    ကိုပြောတာလေကွာ……………………………..

  • unclegyi1974

    August 2, 2011 at 10:15 pm

    တောင်းပန်တိုင်းကျေအေးမယ်ဆိုစစ်ပွဲတွေဘယ်ရှိတော့မလဲကွာ
    မင်းတော့လားလူချင်းတွေ့မှသိမယ်ဟင်းဟင်း…

  • ဆူး

    August 2, 2011 at 10:21 pm

    နှစ်ပေါင်းများစွာ ရင်ထဲမှာ တိတ်တဆိတ် သိမ်းထားပြီး စိတ်မကောင်း ဖြစ်ခဲ့တဲ့ ကိစ္စ ဆိုတော့ အခုလို ဖွင့်ချလိုက်တော့ ဝန်တခု ပေါ့သွားသလို ဖြစ်သွားတာပေါ့။
    အကောင်းဆုံးကတော့ မမှတ်မိတော့တဲ့ တံခါးပိတ်မိခံထားရတဲ့ လူကို ညည ဘုရားရှိခိုးတိုင်း ကျန်းမာပါစေ ချမ်းသာပါစေ ဆိုပြီး စိတ်နဲ့ မှန်းပြီးသာ မေတ္တာပို့ပေးလိုက်ပါလား.. သူ့ အပေါ်မှာ တင်နေတဲ့ အကြွေးတခု အခု ပေါ့တာထက် ပိုပြီး ပေါ့သွားမယ်လို့ ထင်ပါတယ်။
    စမ်းကြည့်လိုက်ပါ တကယ် အစွမ်းထက် ထိရောက်ပါလိမ့်မယ်။
    ဗုဒ္ဓဘာသာ မဟုတ်ရင်တော့ ဆောတီးပါနော်။

  • maythakhin

    August 2, 2011 at 10:37 pm

    ကောင်းပါတယ်။ ကိုယ့်အမှားဆိုတာကို သိလို့ ဝန်ခံခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ။ ကိုယ်တကယ်မသိလို့ တံခါးပိတ်လိုုက်တာလေ။ သိသိကြီးနဲ့ လုပ်ထားတာမှမဟုတ်တာ ။ ဒါမျိုးတွေကဖြစ်တတ်ပါတယ် ။ အခုလိုရေးချပြလိုက်ရတော့လည်း စိတ်ထဲမှာပေါ့သွားတာပေါ့။ အဲဒီလူကိုပြန်တွေ့လို့ ပြောပြရင် အဲဒီလူကခွင့်လွှတ်မှာပါ။

  • pannu

    August 2, 2011 at 11:18 pm

    ခွင့်လွှတ်မယ်မထင်ဘူး…ခွင့်မလွှတ်ဘူးလို့သူကပြောလာခဲ့ရင်….

  • redbull

    August 2, 2011 at 11:29 pm

    မပန်းနု ရေ….ခွင့်မလွှတ်ရင် လဲ မတတ်နိုင်ဘူးပေါ့
    လုပ်တုန်းက လုပ်မိပြီပဲ…အလှည့်ကျ မနွဲ့စတမ်းပါ…ဟုတ်ပီလား..

  • kai

    August 3, 2011 at 3:04 am

    အမှန်ကတော့.. အထိုးခံရခံရ.. ချက်ခြင်းတောင်းပန်ရမှာပဲ..။
    ၁၅ နှစ်နေမှတောင်းပန်လည်း ရပါသေးတယ်..။
    အနည်းဆုံးတော့.. ၁၅နှစ်လုံးလုံး စိတ်ထဲစူးနေတဲ့ ညှောင့်ကို အတိုင်းအတာတခုတော့နှုတ်လိုက်နိုင်ပြီပေါ့…။

    သာဓုပါဗျာ…။

  • True Answer

    August 3, 2011 at 8:22 am

    အော် ဘယ်သူများလဲလို့ လက်စသတ်တော့မင်းကိုး။
    အိမ်သာထဲမှာ နံစော် ပိတ်လှောင်ပြီး 5နာရီလောက်ပစ်ထားခဲ့တာကို
    ငါ အခုထက်ထိ မမေ့သေးဘူးကွ။
    15နှစ်လောက်ကြာမှာ အစဖော်ပြီး ခုမှတောင်းပန်တာ လုံးဝ (လုံးဝ) ခွင့်မလွှတ်ဘူး။ ခုနေအပြင်မှာ တွေ့လို့ကတော့ကွာ…………….
    တောက်……..

  • forever

    August 3, 2011 at 9:47 am

    အဲဒီအိမ်သာတခါးဂျက်ကအပြင်ကဘဲဂျက်ထိုးလို.ရတာ
    အထဲကဆို တခါးကိုဆွဲထားရတာ
    မပေါ.နဲ.နော် ဒီအမှုကရဲ တိုင်လို.ရတဲ.အမှု
    သက်သေခံရထားကလဲခုထိရှိသေးတယ်..ဟင်းဟင်း…

  • စုံ စုံ

    August 3, 2011 at 10:03 am

    ခွင့်ပြုတယ်……….
    ခွင့်လွှတ်တယ်……..

  • နွယ်ပင်

    August 3, 2011 at 10:58 am

    တောင်းပန်တဲ့ သူက တောင်းပန်နေတော့လဲ
    ခွေးလွှတ် အဲ …….. ခွင့်လွှတ်ပေးရတာပေါ့လေ 😀

  • pan pan

    August 3, 2011 at 11:01 am

    ၁၅နှစ်တောင်ကြာခဲ့ပြီပဲ
    အိမ်သာထဲအပိတ်ခံရတဲ့လူထက် ကိုယ်တိုင်က ကိုယ့်အပြစ်က ပိတ်လှောင်တာကို ၁၅နှစ်ခံခဲ့ရတာပဲနော်

    • kai

      August 3, 2011 at 11:11 am

      ဗုဒ္ဓပြောတဲ့ ဝဋ်ဆိုတာ အဲဒါပဲလို့.. ထင်မိတယ်..။
      တခြားကိုးကွယ်ရာဘာသာကြိးတွေက..Confession လုပ်ပြီး ဖြေလို့ရတယ်..။

  • Mee2

    August 3, 2011 at 11:07 am

    အမှတ်တမဲ့ ကနေ အမှတ်တရလေးဖြစ်သွားတာပေါ့နော့။ဘယ်လို ဘဲဖြစ်ပါ စေ မိမိ အမှားကိုသိတဲ့ လူတိုင်း အချိန်မနှောင်းခင်ဝန်ချတောင်းပန်သင့်ပါတယ်။သိသိကြီးနဲ့ဆက်မိုက်နေကြမယ့်အစား. တောင်းပန်ဦးချမယ်ဆိုရင် ခွင့်လွှတ်ကြစမြဲပါ။လူမိုက်အားပေးလုပ်နေကြတဲ့ သူများကို လဲဒီနေ ရာကနေဆက်မလုပ်ကြဖို ့တောင်းဆိုလိုပါတယ်။ဘယ်သူမှာသေချာတယ် ပိုင်တယ်ဆိုတာမရှိပါဘူး။မမြဲတဲ့တရားဆိုတာထက်သေချာတာမရှိပါဘူး။

  • manawphyulay

    August 3, 2011 at 11:51 am

    ဘယ်နှနှစ်ပဲကြာကြာ တောင်းပန်တယ်ဆိုထဲက တစ်ဖက်လူက နားလည်ခွင့်လွှတ်မှုနဲ့ ကျေအေးပေးမှာပါ။ တောင်းပန်ပြီးပြီလို့မှ တစ်ဖက်လူက နားလည်မှုမရှိ ခွင့်မလွှတ်ဘူးဆိုရင်တော့ ဒီလူဟာ ဘယ်လိုလူလဲဆိုတာ စဉ်းစားစရာတော့ပေါ်လာပြီ။ စိတ်ဓာတ်ပြည့်ဝသူများသည် ဘယ်ချိန်ပဲ မှားမှန်းသိလို့ တောင်းပန် တောင်းပန် ခွင့်လွှတ်တတ်စမြဲပါပဲ….

  • MOEPWINTPHYU

    August 3, 2011 at 12:02 pm

    တောင်းပန်တောခွင်လွတ်ရတာတာပေါ ခွင်လွတ်ပါတယ်ကွာ ငါကတောင်းပန်ရင်ကိုကျေနပ်ပါပြီ
    စိတ်ထဲလဲရှိတောပါဘူး ကျေနပ်ပါတယ်

  • pyinlepyaw

    August 3, 2011 at 12:17 pm

    အပစ်ပြုလိုက်တယ် တောင်းပန်မယ် ခံရတဲ့သူကကျေအေးတယ်
    အပစ်ပြုသူက နောက်ထပ်တစ်ကြိမ် ဒီလိုအပစ်ကျရောက်စေမှုမျိုး ထပ်တစ်ခါ လုပ်ခဲ့တယ်ဆိုရင်ကော

  • zawthulay

    August 3, 2011 at 12:48 pm

    အမှားကို အမှန်အတိုင်းဝန်ခံတာကောင်းတဲ့အလုပ်ပါ.. ဒီလိုပါပဲဗျာ ကျွန်တော်တို့လည်းအမှားတွေရှိတယ် ဝန်ခံဖို့ဝန်လေးနေတာ အကိုကဝန်ခံတော့ ကျွန်တော်တို့တောင် အားကျသွားပီဗျာ.. ဂွဒ်ဂွဒ်

  • moethidasoe

    August 4, 2011 at 11:12 am

    သူ ရေးတုန်းက တယောက်ထဲလို့ ထင်နေတာ .. အခုတော့ အူရှီးနေတဲ့လူ ငါးယောက်ပူးကြီး အိမ်သာထဲမှာ ဘာ ဝင်လုပ်နေကြတာတုန်း ..
    ကိုပေါက်၊ အန်ကယ်ကြီး၊ true answer စုံစုံ မိုးပွင့်ဖြူ .. တညိုးကြီးပဲ

  • aungnng87

    August 4, 2011 at 11:38 am

    ရထားကြီးကဂျုံးဂျုံး နဲ.မြည်နေတာဆိုတော့ ပိတ်ထားတဲ့သူကမကြားလို.ပါကွယ်။ အထဲကလူကကံဆိုးစွာနဲ.
    ဘယ်သူမှအိမ်သာမသွားကြဘူး၅နာရီလုံးလုံး.။ အော်ဒုက္ခ..။

  • AKKO

    August 4, 2011 at 1:50 pm

    ဒီလိုပါပဲ ဖြစ်တတ်ပါတယ် … ။ ကိုယ် စိတ်ယုတ်မာထားပြီးလုပ်တာမှ မဟုတ်ပဲ … ။ အကျိုးကြောင်း တိုက်ဆိုင်လို့ ဖြစ်ရတာ အခုလို ဖွင့်ပြောပြီးတော့လည်း မေ့လိုက်ပါတော့ ။

  • moonpoem

    August 4, 2011 at 4:40 pm

    ဘာပဲဖြစ်ဖြစ်ဖွင့်ပြောပြလိုက်တာ စိတ်ပေါ့သွားတာပေါ့

  • etone

    August 4, 2011 at 4:56 pm

    ပြီးတာတွေလည်း ပြီးပါစေတော့… ဟိုလူကတောင် အခု သတိရချင်မှ ရတော့မှာ … ။
    ဘာဖြစ်ဖြစ် အမှတ်တရတော့ ဖြစ်ခဲ့တယ်မို့လား .. .နောက်ပိုင်းသင်ခန်းစာရတာပေါ့လေ … ။ တစ်ခုခုကို လုပ်တော့မယ်ဆို သေချာအောင် ပြန်ကြည့်တတ်တဲ့အလေ့ကျင့်မျိုး ရတော့တာပါပဲ ။

Leave a Reply