ချွေးထုတ်ခန်းရောက်တဲ့နေ့
ရုံးပိတ်ရက်လည်းဖြစ် ၊ သွားစရာ အထွေထူးမရှိတဲ့နေ့လည်းဖြစ်တာမို့ … MRTV 4 ရဲ့ … 7နှစ်မြောက်နှစ်ပတ်လည် အခမ်းနားကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ် … ။ တပ်မတော်ခန်းမမှာ ဇူလိုင် ၂၉ရက်ကနေ ဩဂုတ် ၁ရက်နေ့ အထိ ကျင်းပမယ်လို့ ကြေငြာထားသော်လည်း … တနင်္ဂနွေပိတ်ရက်မို့ …. တခြား နေ့တွေထက် လူပိုစည်တာ တွေ့ရပါတယ် … ။ ဝင်ဝင်ချင်း အပေါက်ဝမှာတင် ငါးပိသိပ် ငါးချဉ်သိပ်သလို တိုးနေခဲ့ရတာပါ … ။ လူအရမ်းကြပ်တာကြောင့် ပြန်လှည့်ဖို ့စိတ်ကူးမိပါသေးတယ် …. လာပြီးမှ မထူးပါဘူး ရအောင်ဝင်မယ်ဆိုပြီး … ကြက်တောင်ပံခတ်လို…. လက်နှစ်ဘက်နဲ့ … ဘေးကလူတွေကြား တိုးကာ ဝှေ ့ကာ အနံ့ပေါင်းစုံရှူပြီးမှ အတွင်းသို့ ရောက်ပါတယ် … ။ အတွင်းသို့ရောက်တာကလည်း … ရွှေ့လျားလှေခါးမတပ်ထားပဲနဲ့ …ရောက်သွားပုံမျိုးပါပဲ ..။
လူတွေက တိုးကြိတ်ပြီး အထဲဝင်ရဖို့အရေး … အင်တိုက်အားတိုက် လှုပ်ရှားတွန်းကန်နေတာကြောင့် ကျွန်မက အသင့်အနေထားနဲ့ မတ်တပ်လေး ရပ်ရေယုံ အလိုလိုရွှေ့လျားပြီး ဝင်ပေါက်ထဲရောက်သွားတာပါ … ။ ပြန်တွေးကြည့်လျှင် အတော်ရယ်စရာကောင်းပါတယ် … ကျွန်မရဲ့ ဖြစ်ပုံ တစ်ယောက်ယောက်များမြင်သွားလျှင်ဖြင့် … ခွက်ထိုးခွက်လန်ရယ်ခံရကိန်းပါ… ။ သူများပစ္စည်းလည်း အချောင်မလိုချင်တတ် ၊ လိုချင်စိတ်မပြင်းပျတတ်တဲ့ ကျွန်မက ကိုယ့်ပစ္စည်းဆိုလည်း … အရမ်းကို ဥစ္စာခြောက်ပါရဲ့ … ။ လူတွေ စုံစိအောင် တိုးယှက်နေတဲ့ အ နေထားမှာ … ကျွန်မရဲ့ ပိုင်ဆိုင်မှူလေးတွေကို ကာကွယ်ပေးရပါတယ်… ။ ဘေးမှာပါတဲ့ ကျွန်မချစ်သူကတော့ …. ခန်းမထဲမဝင်တော့ပဲ ပြန်ဖို့ တတွတ်တွတ် ပြောနေသော်လည်း.. သူလည်းကျွန်မလိုပဲ … တိုးကြပ်နေတဲ့လူထဲ ချွေးတလုံးလုံးနဲ့ တော်တော်အနေရခက်နေပါရဲ့ … ။ သူပြောသမျှ ကြားတချက် ၊ မကြားတချက်နဲ့ … နဂိုအကျင့်အတိုင်း ကိုယ့်ပိုက်ဆံအိတ်ကိုယ် ဂရုစိုက်ရပါတယ် … ။
မြင်သာအောင်ပြောပြရလျှင်ဖြင့် … ကျွန်မအခုလက်ရှိသုံးနေတဲ့ အိတ်က အကြီးကြီပါပဲ … အနည်းဆုံး ခရီးနှစ်ရက်ထွက်လောက်တဲ့ပစ္စည်းဆံ့တဲ့ အိတ်ဆိုဒ်မျိုးပါ … ဒီအတိုင်းလွယ်ထားလျှင်တောင် မှ သူများကိုယ်ကို သွားထိုးနေတာ … အခုလို တစ်ယောက်နဲ့ တစ်ယောက် ငါးပိသိပ် ၊ ငါးချဉ်သိပ်ဖြစ်နေချိန်မှာတော့ … ပိုလို့ ဆိုးပါတယ် … ။ ခါးပိုက်နှိုက်လက်သရမ်းမှာလည်း ကြောက်ရလို့ … အိတ်ကိုပိုက်ထားရတာ …တောသာ မြို့တတ်တော့ အိပ်ယာလိတ်ပိုက်ကာ …မအူမလည် ပုံစံလိုပါပဲ … ။ ပွစိပွစိ ကျွန်မချစ်သူကလည်း … ရုပ်ကြီး ရှုံမဲ့လို့ … ပြန်ကြဖို့ပဲ …အကြိမ်တစ်ထောင်လောက်ပြောနေတော့တာပေါ့… ။ သူပြောသမျှ မကြားချင်ယောင်ဆောင်ပြီး ဥစ္စာခြောက်နေရတာ ကျွန်မအလုပ်လေ … ။ သူ့ကိုကြည့်တော့… လူကြားထဲလဲ ပိုက်ဆံအိတ်ကို ထိန်းသိမ်းရကောင်းမှန်းမသိတာကြောင့် … အနားတိုးတိုးကပ်ပြီး …ကျွန်မလုပ်သလို လိုက်လုပ်ခိုင်းတော့တယ် … ။ ဒါတောင် သူက သူများအိတ်လာဖွင့်လျှင် သိပါတယ် ဘာညာ အထွန့်က တက်နေသေးတယ် … ။ လူကြား သူကြားထဲ သေချာ ရှင်းမပြချင်တော့တာကြောင့် … မျက်လုံးကြီးနှစ်လး စကောလောက်ပြူးပြလိုက်တော့မှပဲ … ကျွန်မလုပ်သလို လိုက်လုပ်တော့တာပါ … ။ ဒါက ကျွန်မရဲ့ အသံတိတ်အချက်ပြနည်းမှန်း သူကောင်းကောင်းသိတယ်လေ … ။
သူကတော့ အပူပင် မရှိသလိုပါပဲ….. အေးအေးလူလူနဲ့ … ပိုက်ဆံအိတ်ကိုသာ ကျွန်မဆန္ဒအရ လက်က ပိုက်ထားတာ … ဖုန်းတော့ ခါးကြားထိုးမပျက်ဘူးလေ … ။ အဲ့ဒါမြင်ရတော့ ဒေါသထွက်စရာပါပဲ … သူကတော့ .. အမှူမဲ့ အမှတ်မဲ့ပဲ နေမှာပါ … အာရုံမကျလို့ မဖြုတ်မိပေမဲ့ …. အလှူပေးသလိုဖြစ်နေတဲ့ အဖြစ် … ကျွန်မက မြင်မိသွားတော ့… ပိုက်ဆံအိတ်ထဲထည့်ပြီး သိမ်းခိုင်းပါတယ် … ။ သူများ လာဖြုတ်လျှင် သိမှာပေါ့ ဘာညာ ထပ် အထွန်တက်တာနဲ့ .. ဒုတိယ အကြိမ် … ခပ်ပြင်းပြငိး ကြည့်လိုက်ပါတယ် … ဒီတော့မှ … အမြန်ပိုက်ဆံအိတ်ထဲ ထည့်သိမ်းပါတော့တယ်… သိမ်းသာသိမ်းတယ် .. ပါးစပ်က ပွစိပွစိနဲ့ … တီးတိုးရွတ်လိုက်သေးတယ်… ဒါကို ကျွန်မကလည်း ကြားဖြစ်အောင် ကြားမိပေမဲ့ … မသိချင်ယောင် ဆောင်နေလိုက်ပါတယ် … သူပြောလိုက်တာ ဖုန်းလာလျှင် ဒီလောက်ဆူနေတာ အိတ်ထဲထည့်ထားရင် …ကြားရမှာ မဟုတ်ဘူးတဲ့လေ…။ ကျွန်မခေါ်တဲ့ဖုန်းမကြားလျှင်သာ သူ့ကို ကွိုင်ရှာမှာ အခု ကျွန်မလည်း ဒီမှာ အတူရှိနေတာမို ့… ဘယ်ဖုန်းမှ မကိုင်လည်း ပြသနာမရှိတာကြောင့် … သူပြောတာ မကြားချင်ယောင်ဆောင်နေလိုက်ပါတယ် … ။ ခဏလောက် ဒုက္ခခံပြီး…. ရေချိုးချထားသလို ချွေးတွေ တကိုယ်လုံး ရွှဲတော့မှပဲ … ဝင်ပေါက်က ကျော်ဖြတ်လို့ရပါတော့တယ် … ။ လူတွေ ပြည့်သိပ်နေတာကြောင့် … လွယ်ထားတဲ့ အိတ်လုံး… ခါးပိုက်နှိုက်စာ မိသွားမှာစိုးလို့ … မျက်စိကို သုံးရာ့ခြောက်ဆယ် ဒီဂရီလည်အောင်လည်း ကြည့်ရပါသေးတယ် … ။ လှတပတ ဖိနပ်လေး စီးသွားပါမှ … ဖိနပ်နင်းခံရလို့ … ဖိနပ်ထိပ်ပဲ့သွားပေမဲ့ … စိတ်မတိုပဲ … ရယ်စရာတောင် ကောင်းနေတဲ့အဖြစ်မို့ … ဒီနေရာက …ဘာနဲ့များ စွဲဆောင်နေပါလိမ့် သိချင်စိတ်ပြင်းပြမိပါတယ် … ။
အထဲမှာ ကဏ္ဌတွေခွဲပြီး အစီစဉ်တွေ ကျင်းပတာ လူတွေမှ ကြိတ်ကြိတ်တိုးပါပဲ .. ။ လေဝင်လေထွက်သိပ်မရှိပဲ …လူငွေ့တွေနဲ့ .. တကိုယ်လုံး ရေပက်ထားသလိုပဲ … သင်္ကြန် ရေပက်ခံရပြီး ခဏနားတဲ့ အနေထားနဲ့ တူပါတယ် … ။ ငြီးစိစိဖြစ်နေပေမဲ့… MRTV4က ကျင်းပတဲ့အစီစဉ်တိုင်းမှာ လူတွေ ပြည့်လို့ပါပဲ … ။ ကံစမ်းမဲနှိုက်ရတဲ့ အစီစဉ်ထဲ … ကလေးတွေကြား တိုးပြီး … မေးထားတဲ့မေးခွန်းလေးတွေ ဖြေခဲ့ကာ ကံစမ်းမဲ နှိုက်ခဲ့ပါသေးတယ် … ။ကံကောင်းလွန်းတဲ့ ကျွန်မတို့နှစ်ယောက်စလုံး ဘောပင်တယောက်တချောင်းရပါတယ် … 😛 😛 ဒါတောင် ဗလာပါလျှင်ဖြင့် … ဗလာကျလောက်အောင် ကံကောင်းမဲ့လူတွေပါပဲ … ။ကျွန်မတို့ရှေ့က ကလေးတယောက်က နာရီတလုံးမသွားတာ မြင်လို့ …. ဒီလောက်တောင် လက်ကီးကောင်းတဲ့ ကျွန်မတို့ရဲ့ ကံကို … ထောပနာပြုမိပါရဲ့ … 🙄
ဟိုစပ်စပ် ဒီစပ်စပ်လိုက်ကြည့်ရင်း … လူတွေအုံခဲနေတဲ့အစီစဉ်တခုကိုရောက်သွားတော့တယ် … လူတွေ အုံခဲလွန်းလို့ …ဘာမှ မမြင်ရတာနဲ့ … ဟိုတိုးလိုက်ဒီတိုးလိုက်နဲ့ မျက်စိစုံမှိတ်ကာတိုးရင်း … ဆက်တိုးစရာမရှိတော့လို့ မျက်စိဖွင့်ကြည့်တော့မှ … ရှေ့ဆုံးကိုရောက်နေတော့တယ်… တယ်ဟုတ်ပါလားပေါ့.. ဒီတခါ စုံမှိတ်ပြီး လူတိုးတာ … အသုံးဝင်သားပဲ မှတ်တယ်…ဘေးကြည့်တော ့ .. ဘယ်သူမှ မရှိပဲ… မိုက်ကိုင်ထားတဲ့ လူနည်းနည်းပဲ တွေ့ရတယ် … ။ အဲ့ဒီထဲက လူတစ်ယောက်က ကျွန်မလက်ထဲ မိုက်လာပေးတော့ ကြောင်အမ်းအမ်းနဲ့ …ယူထားလိုက်သေးတယ်… ပြီးမှ သတိဝင်လာပြီး … ဘာလို့ …ငါ့လက်ထဲလာပေးလဲ ကြည့်တော့… ကျွန်မရောက်နေတာ စင်မြင့်ငယ်လေးအပေါ်မှာမို့ပါ… ။ အပြင်ဆင်ကို ကြည့်လိုက်တဲ့အခါ …ရေးထားတဲ့ စာတန်းလေးကြောင့် ခေါင်း နားပမ်းကြီးသွားရပါတော့တယ် … ။ ရေးထားတာလေးက … စကားနပမ်းတဲ့လေ … ။
တွန်းတိုက်တိုးပြီး … ဝင်လာတာနောက်ဆုံး စင်ပေါ်ရောက်ရတဲ့အဖြစ် မထူးတော့ပြီမို့ … ရေလိုက်ငါးလိုက် တပွဲတလမ်း အကဲစမ်းမယ်ဆိုတဲ့ အတွေးနဲ့ … စကားနပမ်းဝင်ပြိုင်ပါရော … ။ ကျွန်မလူကြားထဲ ဝင်တိုးတုန်းက ဒရွတ်တိုက်ဆွဲခေါ်ခံရတဲ့ … ချစ်သူကလည်း အမှတ်မထင် ကျွန်မနဲ့အတူ စင်ပေါ်ရောက်နေလေရဲ့ … ။ လူအများကြီးထဲ ဒီအတိုင်း ပြန်ဆင်းသွားရလျှင် သရုပ်ပျက်တယ်လို့ … တီးတိုးပြောပြီးသူ့ကိုလည်း စင်ပေါ်မှာ ကျမဆွဲထားခဲ့ပါတယ် … တကယ်တော့ …ကျွန်မတစ်ယောက်တည်း … လူအများကြီးပြူးကြည့်ခံရမှာ မနေတတ်လို့ပါ … 😛 ဒါနဲ့ တဘက်က စကားနပမ်းစစ်ထိုးမဲ့ ပြိုင်ဘက်နှစ်ယောက်လည်း တက်လာတော့တယ် … ကျွန်မအတင်းတိုးဝှေ့သွားတဲ့အချိန်က စကားနပမ်း ပြောမဲ့ လူကို စင်ပေါ်အင်ဗိုက်လုပ်တဲ့ အချိန်နဲ့ … တိုးနေတာကြောင့် ပါပဲ … ။ နှစ်ယောက်သား … ရယ်ဖြဲဖြဲနဲ့ … ရှက်ကိုးရှက်ကန်းလုပ်မနေတော့ပဲ ….. ရောက်ရာနေရာမှာ အဆင်ပြေအောင်စကားနပမ်းပြိုင်ခဲ့ကြတယ်… ။ စကားအေးတဲ့သူနဲ့ …စကားနပမ်းဘယ်လိုမှ အဆင်ပြေမယ် မထင်တာကြောင့်..ကျွန်မကချည်းပဲ ခရားရေလွှတ်ပြောဖို့ … တိုင်ပင်ထားပေမဲ့..တကယ်တမ်း …သူက …ကျွန်မထက်ကိုပိုလို့ ပြောနိုင်ခဲ့တာပါ … ။ အနိုင်အရှုံးမရှိပဲ … သားရေပွဲအဖြစ် အဆုံးသတ်ခဲ့ပါတယ် … ။ အမှတ်တရအနေနဲ့… logo ပါ ကီးချိန်းရယ် … မတ်ခွက်တစ်ခွက်ရယ် ရခဲ့တယ် … ။ ချွေးတရွဲရွဲ အဆီပြန်နေတဲ့ မျက်နှာတွေနဲ့…..အစီစဉ်စုံလျှောက်ပတ်ကြည့်ပြီး ခဏမှာတော့ … နာရီက ဆေးခန်းသွားချိန်ရောက်ပြီမို့ …. လာရာလမ်းအတိုင်း တိုးဝှေ့ပြီး ပြန်ခဲ့ပါတော့တယ် … ။ အသွားရော အပြန်ပါ လူတိုးရတဲ့ပွဲမို့… အရမ်းပဲ စည်ကားခဲ့တဲ့ပွဲတစ်ခုပါပဲ … ။ သူများနိုင်ငံမှာလိုချွေးထုတ်ခန်းသွားစရာမလိုပဲ ချွေးထွက်ရတဲ့နေပါပဲ…… ။ ပြန်လာတဲ့လမ်းရောက်မှ … စဉ်စားမိတာက …. ဒီလောက်လူများတာ ဘာညာကွိကွမဖြစ်လို့ တော်သေးတယ်လို့ …. မစဉ်းစားပဲသွားပြီးမှ … ပြန်တွေးရင်း ….လန့်လာတာမို့ … နောက်ဆိုလျှင် သတိနဲ့ယှဉ်ပြီး သွားလာတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
15 comments
hmee
August 3, 2011 at 5:23 pm
ရလာတဲ့ မတ်ခွက်ကို ကြွားတာပေါ့။ 🙂 ဒီမှာ ပြပွဲတခုကို သွားတော့ ဘာရယ်မဟုတ် ကိုယ့်ရှေ့ကလူတွေ ယူတာတွေကို အနောက်ကနေ လိုက်လုပ်တာ ဂဏန်းပေါင်းစက် လှလှလေးတခုရလာတယ်။ ပစ္စည်းပါမှန်း မသိပဲ ရမ်းသမ်းယူလာတာ။ ပါမှန်းသိရင် ၃၊၄ အိတ်လောက် ယူလာပါတယ်။ 🙂 🙂
etone
August 4, 2011 at 8:20 am
အာ……..မမှီ ဒီပြန်ရောက်နေတာလား ။
nayminn
August 3, 2011 at 5:55 pm
live ပြတာပဲ..တော်တော်အပင်ပန်းခံတာပဲ..etone ရယ်…ဖိနပ်ပြန်ပါလာတာတော်သေးတာပေါ။
Yan Shin
August 3, 2011 at 9:42 pm
eitone လေး ရန်မဖြစ်ခဲ့ဘူးပေါ့ လိမ်မာနေပါလား?
ကိုပေါက်(မန္တလေး)
August 3, 2011 at 9:50 pm
တုံမမရာ ချွေးထုတ်ခန်းတစ်ခေါက်ဆိုတော့
အလန်းလေးတွေတွေ့ပြီမှတ်နေတာ
အခုတော့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
etone
August 4, 2011 at 8:43 am
မလန်းပဲ အတော်လေး ဂွမ်းသွားတယ် လေးပေါက်ရေ … စုတ်ပြတ်သတ်နေတာပဲ … ဒါပေမဲ့ … ပျော်စရာကောင်းတယ် … ။ 🙂
MaMa
August 4, 2011 at 7:11 am
ဟုတ်ပါ့ etone လည်း အားကျမခံ ချွေးထုတ်ခန်းသွားပြီး ပိုစ့်တင်တာလို့ အောက်မေ့သွားတာ။ 🙂
pan pan
August 4, 2011 at 9:26 am
မအီးတုံးတော့ ဘယ်လိုကြုံခဲ့ရတယ်မသိဘူး
ရေးထားတာလိုက်ဖတ်တာ အသက်တောင်မရှုနိုင်ဘူး
ချွေးတစိုစိုနဲ့ လှောင်ပိတ်ပိတ် လူအုပ်ကြီးထဲ ကိုယ်တိုင်ရောက်သလိုပဲ 🙁
ပိုစ့်နာမည်ဖတ်ပြီး မအီးတုံးတစ်ယောက် ချွေးထုတ်ခန်းမှာ သွားလန်းနေပြီမှတ်တာ 😀 😛
စုံ စုံ
August 4, 2011 at 9:30 am
etone ပို့စ်ကိုဖတ်ပြီး
ကိုယ်ပါလူလိုက်တိုးကြည့်တာ
တော်တော်ချွေးထွက်သွားတယ် 🙂
နွယ်ပင်
August 4, 2011 at 9:33 am
နွယ်ပင်လဲ MRTV 4 ရဲ့ … 7နှစ်မြောက်နှစ်ပတ်လည် အခမ်းနားကို သွားမလိုပဲ ဒါပေမယ့် သူငယ်ချင်း တစ်ယောက်က အရင်ဦးအောင်သွားခဲ့ပြီး နင်တော့ မသွားလေနဲ့ အရိုးတွေကျိုးကုန်မယ်ဆိုတာနဲ့ မသွားဖြစ်ခဲ့ရဘူး 🙂 အခု etone ဓာတ်ပုံလေးတွေတင်ပေးမှပဲ မသွားဖြစ်ခဲ့တာ မှန်သွားတယ် 😛
etone
August 4, 2011 at 9:38 am
ဟုတ်တယ် နွယ်ပင်ရေ … မသွားတာမှကောင်းသေးတယ် … ။ ကိုယ်တွေလည်း အစီစဉ်မရှိဘူး … ရုပ်ရှင်ရုံ ကြိုတင်လက်မှတ်မဝယ်ထားမိပဲ ပွဲစဉ်ချိန်ထက် တနာရီစောသွားဝယ်တာ လက်မှတ်ကုန်သွားလို့လေ … ။ အဲ့ဒါနဲ့ … ရုပ်ရှင်မကြည့်ဖြစ်ပဲ …. ဘယ်သွားလျှင်ကောင်းမလဲတွေးပြီး … MRTV 4 ပွဲရှိတာပဲဆိုပြီး သွားဖြစ်တာ … ။
သူများတွေပြောတာပဲ live ပြတယ်တဲ့လေ …အဲ့ဒီမှာကတည်းက ကြပ်ညပ်နေတာပဲတဲ့…
ညဘက် အိမ်ပြန်ချိန် အမြဲနောက်ကျတော့ … TV က ပြမပြ မသိပဲ သွားမိတာ … ။
ဓါတ်ပုံကောင်းကောင်းရိုက်လို့မရဘူး …တွန်းလိုက်တိုက်လိုက်နဲ့ … ။ 😀
(မေ့ကျန်တဲ့) တစ်ပုံကလွဲလို့ …ကျန်တဲ့ပုံတွေ နည်းနည်း ဝါးအောင် တင်ထားပေးတာ … ပြည်သူတွေရဲ့ ရုပ်တွေပါလို့ … ရန်လာတွေ့ခံရမှာ စိုးလို့ … ။ 😛 😛
ကြောင်ကြီး
August 4, 2011 at 10:08 am
ပုံတွေဝါးနေပေမဲ့ ဘီဖိုးနဲ့အာဖတာ ပြခန်းက အဝါရောင်ဝတ်စုံနဲ့ ကောင်မလေးတွေပုံကြောင့် ကျေနပ်လိုက်ပါတယ်ကွယ်။ မီနီစကပ်နဲ့လက်ပြတ်နဲ့ဆို ကုမ္မဏီလည်း ဝန်ထမ်းယူနီဖောင်း စရိတ်သက်သာ၊ ပရိတ်သတ်လည်း မျက်စိအေး၊ နှစ်ဦးနှစ်ဖက် ပိုအဆင်ပြေသွားမဲ့ဟာကို… အခုတော့ 🙁
aungnng87
August 4, 2011 at 12:02 pm
ကြောင်ကြီး ကြောင်ကြီး ကြည့်တတ်တယ်။ မြင်တတ်တယ်နော်။
etone
August 4, 2011 at 12:20 pm
ကျုပ်ကလည်း အဲ့ဒီပုံ ဝါးတားတားလုပ်ဖို့ မေ့ပြီး တင်လိုက်မိတာ မှားလေခြင်း 🙂
ဆူး
August 4, 2011 at 12:27 pm
တီဗွီမှာ လူတွေ တန်းစီနေတာ မြင်တာနဲ့ သွားချင်စိတ်မရှိတော့ဘဲ မသွားဘဲ နေလိုက်တာ.. စကားနဘန်း ပြောခဲ့တော့ ရုပ်သံမှာ လာမှာလား ဘာပြောလဲဟင်။