ပင်စင်လစာ အသစ်တွေ ထုတ်ရတော့မည်ဆိုလို့ …….
အမေ အတော်ပျော်နေပုံရသည်။
ပင်စင်လစာအသစ်တွေ တချို့ထုတ်နေရပြီဖြစ်ကြောင်း ဂျာနယ်များတွင်ပါလာပြီ။
အနှစ် ၃ဝ လုံးလုံး အစိုးရအမှုထမ်းအဖြစ် တာဝန်ယူပြီး အသက်မပြည့်မီ မြေးများကိုထိမ်းရန် ပင်စင်ယူလိုက်ရသည်။
ဝန်ထမ်းဘဝကလည်း ထားရာနေ စေရာသွား တာဝန်ကျေအောင် အနယ်နယ်သို့လှည့်ခဲ့ရသည်။
တခါတခါ အမေနေမကောင်းသော်လည်း အားခဲကာ ရုံးတက်ခဲ့ရသည်များကို အမှတ်ရမိပါသည်။
သားသမီးများတက္ကသိုလ် ဆက်ထားနိုင်ရေး အိမ်တိုင်ပါ ချွတ်ရောင်းခဲ့ရသည်။
အဖွားအရွယ်ရောက်တော့ သားသမီး မြေးများကို မုန့်ဖိုးပေးချင်သည်။
အမေ့မှာ တပြားမှမရှိတော့ … သူများလာ ကတော့သည့်ငွေလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
မလှုရက်မတန်းရက် .. မုန့်ဖိုးပေးရမှကျေနပ်သည်။ အမေပေးသောမုန့်ဖိုးသည် ယနေ့ခေတ် ဆိုက်ကားခသာရှိတော့သည်ကို
အမေသိချင်မှသိမည်။ ဘာပြောပြော သူကတော့ ပေးလိုက်ရလျှင် အကျေနပ်ကြီးကျေနပ်နေပါတော့သည်။
ကျနော်ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်စဉ် အဆောင်မှာ ထမင်းစားမကောင်းပါက လှည်းတန်း ကိုယုန် ခေါက်ဆွဲဆိုင်တွင် ကြေးအိုး ခေါက်ဆွဲကြော် တို့နှင့်
ကျကျနနစားခဲ့ပါသည်။ အမေကတလ ၃၀ဝ ကျပ်ပို့သည်။ အဆောင်စားရိတ်က ၇၅ ကျပ် ပေးရသည်။ ကျန်တာ ကြိုက်တာသုံး။
တခါတခါ အိမ်က ဒီနေ့ပိုက်ဆံရသည် ညကျတော့ဖဲရိုက်ရျ်ကုန်သည်။
ကျနော့ရီးစားက မန်းလေးတက္ကသိုလ်မှာ .. တခါတခါ ငွေပိုနေသောကျနော် … ရန်ကုန်နှင့်မန်းလေး အခေါက်ခေါက်အခါအခါကူးချီသန်းချီလုပ်လိုက်သေးသည်။
အဲဒီတုန်းက အမေက စစ်ကိုင်းမှာတာဝန်ကျနေသည်။ တခါတော့ …. မန်းလေးသို့သွားရင်း စစ်ကိုင်းသို့ဝင်ဖြစ်သည်။
အမေသည် ကျနော့ကိုရုတ်တရက်တွေ့တော့ အံ့အားသင့်သွားသည်။ အမေထမင်းစားနေရင်း မို့ ကြည့်လိုက်တော့ ဆီဆန်းဆားဖြူးနှင့်
ကြက်သွန်ဖြူကိုက်ကာစားနေသည်။ ကျနော်ထမင်းစားနေချိန်ရောက်သွားတော့ ကဗျာကယာ ဂျိုင့်ကလေးဆွဲပြီး ဝက်သားဟင်းပြေးဝယ်ရှာသည်။
သားဘာလို့ပြန်လာတာလဲ နေမကောင်းဘူးလား …တဲ့။ ကျနော်ပြောမထွက်ပါ။ ကျနော့လိုတော့မမိုက်ကြပါနဲ့လို့သာ ……။
ဘာဘဲပြောပြော … ပင်စင်လစာတွေတိုးရရင် ကျနော့ကိုမုန့်ဖိုးတိုးပေးမည်ဟုပြောသည်။
အမေသည် ကျနောကို ယနေ့ထိမုန့်ဖိုးပေးနေတုန်း ………………။
တခါတခါ အမေသည်သူစုထားသောပိုက်ဆံလေးများကိုထုတ်ထုတ်ကြည့်ပြီး ဒါကသားအတွက် ဒါက မြေးတွေအတွက် ခဲံတန်းချနေတတ်သည်။
တခါတခါ အခန်းထဲမှထွက်လာပြီး ဟို မြေး အကြီးကောင် နာမည်မေ့နေလို့ .. ဘယ်သူ .. ဆိုပြီးမေးတတ်သေးသည်။
တခါကလည်း .. သား .. မင်းနာမည်မေ့နေလို့တဲ့ရီမောပြီးပြောသည်။ အမေမုန့်ဖိုးပေးလျှင် စာအိပ်ထဲထည့်ပြီး
အပေါ်က နာမည်ထိုးပြီးပေးလေ့ရှိသည်။
အမေ့အသက် ၈ရ နှစ်ရှိပြီ အကြာမီပြည့်တော့မည်။ မွေးလရောက်တော့မည်။ မွေးလ သို့ မွေးရက် မွေးနေ့တွင် ဆုံးတတ်သည်ဟု
အမေတို့အရွယ် လူကြီးများယူဆတတ်ပုံရပါသည်။ အမေ့မွေးလမတိုင်ခင် အမွေပေးခဲ့မည်ဟုပြောသေးသည်။
တလောက အမေ့ညီမ ဝမ်းကွဲတဦး လာကတော့သွားသည့် ပိုက်ဆံထုတ်လေးကိုသာ ထုတ်လိုက်ရေလိုက် ခဲွံတန်းချလိုက်လုပ်နေပါတော့သည်။
တိုးလာမည့်ပင်စင်လစာ မရသေးမချင်း အမေ သေအုံးမည်မထင် …။ ဇွဲကောင်းကောင်းနှင့် စောင့်နေပါအုံးမည်။
ခွဲတန်းချဘို့ကလည်း ပင်စင်လစာ ဘယ်လောက်မှန်း အသေအချာမသိရသေးတော့ အခန်းထဲကဝင်လိုက်ထွက်လိုက်နှင့်
စာလာမည့်နေ့ကိုမျှော်နေဟန်တူပါသည်။
13 comments
nozomi
August 4, 2011 at 2:29 pm
ကိုဖက်ကြီး ဖတ်ရင်းနဲ့ မျက်ရည်ဝဲ မိပါတယ်
အတတ်နိုင်ဆုံး လိမ္မာခဲ့တယ် ကျေးဇူးဆပ်နေတယ်လို့ ကိုယ့်ဘာသာ ထင်တာတောင်
မိဘတွေ ကိုယ့်အပေါ်ကောင်းခဲ့တာနဲ့ယှဉ်တော့ ပြန်ပြောပြစရာဘာမှမရှိပါဘူး
ပို့စ်အတွက် ကျေးဇူးတင်ပါတယ်
အမေ နေကောင်းကျန်းမာပါစေ ကျေးဇူးတွေ စိတ်ထဲက ကျေနပ်လောက်အောင် ဆပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
(ပို့စ် ၂ ခုဖြစ်နေလို့ နောက်ဟာပါထပ်မန်းလိုက်ပါတယ်)
fatty
August 4, 2011 at 2:33 pm
dear admin, requested to cancel one of my posts.
pan pan
August 4, 2011 at 2:38 pm
မိဘကတော့ ကိုယ့်သားသမီးဘယ်အရွယ်ရောက်ရောက် ကလေးလို့ထင်တုန်းပဲနော်
ရင်ထဲမှာ ခံစားလိုက်ရတယ်
မိဘဆိုတာ ပေးရမှ ကျေနပ်ကြတယ်လေ
နွယ်ပင်
August 4, 2011 at 2:47 pm
လေးဖတ် ပိုစ့်လေးက အရမ်းကောင်းတာပဲ
ရင်ကို တကယ်ထိတယ် ………..
ogre
August 4, 2011 at 3:18 pm
ပင်စင်စားဝန်ထမ်းကြီးတွေသိပ်သနားဘို့ကောင်းတယ်..
ကျွန်တော့်အဖေဆို ပင်စင်လစာ သုံးရာလားမသိဘူးရတယ်
အိမ်မှာလိုလေးသေးမရှိ အိတ်ထောင်တဲ ငွေ နှစ်သောင်းသုံးသောင်း ပေးထားလဲ
သူပင်စင်ထုတ်ချိန်ကျရင် နှစ်ပြားတစ်ပဲရတဲ့ ပင်စင်လေးကို
တောင်မွေးတစ်ချောင်နဲ့သွားထုတ်တုန်း
မသွားပါနဲ ကိုယ်လဲပိုက်ဆံရှိတာပဲ….သားစိုက်ပေးမယ် သွားမထုတ်နဲ့ပြောတော့ ဘာပြောလဲသိလား
““ပိုက်ဆံလိုချင်လို့သွားထုတ်တာမှုတ်ဘူးကွတဲ့ ..ငါတိုလူကြီးတွေကိုမင်းတို့လူငယ်တွေက အဖိုးကြီးတွေ ဆိုပြီး
စကားအဖက်လုပ်ပြောချင်တာမဟုတ်ဘူး..ပင်စင်သွားထုတ်မှသူငယ်ချင်းတွေနဲ့တွေ့ပြီးရှေးဟောင်နှောင်းဖြစ်
ပြန်ပြောရတာစိတ်ချမ်းသာတယ်”” ဒါကြောင့်သွားတာပါတဲ့…နောင် ပင်စင်ထုတ်သွားလေတိုင်း
သူငယ်ချင်းတွေနဲ့တွေ့ရင် လက်ဖက်ရည်တိုက်ဘို ပိုက်ဆံသပ်သပ်ထည့်ပေးနေရတယ်…။။
မနက်ကတည်းကသွားတာ ညမှပြန်လာတတ်တယ်…အင်းအသက်ကြီးတော့
ငယ်သူငယ်ချင်းတွေနဲ့တွေ့ရင်ပြန်နုပျိုပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြေ့ာပြီ..စိတ်ချမ်းသာနေတာကိုပဲ ကြည့်ပြီး
ကျေနပ်နေရတော့တယ်ဗျာ။။။။။
zawthulay
August 4, 2011 at 3:28 pm
ဒီပို့စ်လေးကကောင်းပါတယ်… မိဘနဲ့သားသမီးကြားမှာသံယောဇဉ်တိုးပွားမှုကိုပိုမိုဖြစ်စေတယ်.. လစာက ပထမက၂၀၀၀ဝ ကအနည်းဆုံးပေးမယ်ဆိုပီးတော့ .. နောက်လည်းကျရော ၂၀၀၀ဝ အောက်တောင်လျှော့တယ်တဲ့.. သူတို့စစ်တပ်ကလူတွေကို အရမ်းတိုးပီးမှ နောက်ဝန်ထမ်းတွေကိုတိုးပေးတာနော်.. ဟိုးအရင် ၁၀ဝ . ၂၀ဝ လောက်ပဲရတဲ့ ပင်စင်သမား အဘွားတွေအဘိုးတွေကို များများတိုးပေးရင်ကောင်းမှာပဲနော်..
manawphyulay
August 4, 2011 at 3:45 pm
ပင်စာလစာတွေ အရမ်းမတိုးမချင်း အမေရှိနေဦးမည်ဆိုလျှင် လေးဖက် ဝမ်းသာမည်မှာ အမှန်ဖြစ်ပါသည်။ သမီးလည်း ဒီစာလေးတွေကိုဖတ်ရတာ အဘွားကို အရမ်းသတိရစေပါတယ်။ အဘွားကိုခုထိလည်းမြင်ယောင်နေဆဲ ဖြစ်ပါတယ်။ အဘွားရဲ့ ကုသိုလ် ဒါန သီလကြောင့် အသက် ၉၉ နှစ်မှ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့သော်လည်း သမီးတို့အရွယ်ကျတော့ ဘယ်ချိန်ပြောင်းလဲမှာလဲဆိုတာ ခုထိ တွေးဆလို့မရနိုင်သေးပါဘူး။ အမေရှိသေးရင် လူကြီးကို ဆရာလုပ်တာတော့မဟုတ်ဘူး။ တတ်နိုင်သရွေ့ စိတ်ချမ်းသာအောင်ထားပြီး စားချင်တာ လိုချင်တာ လုပ်ဆောင်ပေးပါနော်။ သမီးလည်း အဘွားအကြောင်းတင်ပေးပါဦးမယ်။
good
August 4, 2011 at 5:13 pm
ကျေးဇူးပြန်ဆပ်နိုင်တဲ့ အရွယ် အထိ ကိုယ့် မိဘ တွေ ရှိနေတာ မင်္ဂလာ ပါ။
အဖေက ကိုယ် အရွယ်မရောက် ခင် ( ကျေးဇူးတရားကို နားမလည်ခင် ) ဆုံးပါး သွားခဲ့ ပြီး အမေ ကို တော့ ဘွဲ့ ရပြီး မှ ဆုံးတာ မို့ အားပါး တရ ပြုစုခွင့် ရ ခဲ့ ပါတယ်။
fatty
August 4, 2011 at 6:04 pm
မိတ်ဆွေအပေါင်းတို့ ….
ကိုယ့်မှာများ သက်ကြီးရွယ်အို မိဘတွေရှိနေကြဆဲဆိုရင် ………..
ကျေးဇူးပြုပြီး သူတို့ရဲ့ တခါတခါ ခေတ်နဲ့မညီတော့တဲ့ အပြောအဆိုတွေ အပြုအမူတွေကို မလွဲမသွေ
ကြုံကြရမှာပါ ..။ အဲဒီအခါမျိုးမှာသာကိုယ်က သတိလေးထားပြီး အတတ်နိုင်ဆုံး နားလည်ပေးကြရအောင်ပါ။
…. ကိုယ့်အလှည့်လဲလာအုံးမယ်ဆိုတာကို အသိလေးသွင်းပြီးတော့ပေါ့ ..။ ogre ပြောတာတွေ
အတိုင်းပါဘဲ။ ကျနော်လဲတခါတခါ စိတ်မရှည်စရာတွေ သတိလွတ်ပြီးဖြစ်မိပါသေးတယ်။ အမေ့ရှေ့မှာ
ဗိုက် ကိုနှိပ်မိရင် သူပေးတဲ့ အစာကြေဆေးကိုမစားမချင်း တတွတ်တွတ်ပြောပြီးကျွေးနေတော့တာပါဘဲ။
အင်္ဂလိပ်ဆေးသောက်ပြီးပါပြီဆိုလဲမရပါဘူး ..။ အခုတော့ကိုယ်ကသူ့ထက်ပိုတတ်နေပြီထင်တာကိုး ..။
အရွယ်ရောက်တဲ့အထိ သူ့ဆေးမြီးတိုနဲ့ အသက်ရှင်လာတာ မေ့လို့မဖြစ်ဘူးလေ ..။
ကျနော့စာကြောင့် အမေကို သတိမေ့လျှော့ပြီး ပြန်အော်တတ်တဲ့သူများ … သတိလေးတချက်ဝင်လာရင် … ကျေနပ်ပါပြီ။ အားလုံးကိုကျေးဇူးအထူးတင်စွာဖြင့်…။
MaMa
August 4, 2011 at 8:57 pm
အသက်ကြီးတဲ့ မိဘတွေအပေါ် မေ့လျော့နေတာတွေကို သတိပေးလိုက်သလိုပါပဲ။ ပင်စင်တွေ ထိုက်ထိုက်တန်တန် တိုးမယ် ဆိုကတည်းက ပင်စင်စားကြီးတွေ တစ်ယောက်နဲ့တစ်ယောက် ဝမ်းသာအားရ ဖုံးဆက်ကြ ပြောကြဆိုကြတွေ ကြားရ မြင်ရတာ စိတ်ချမ်းသာစရာတွေချည်းပဲ။
ဆူး
August 4, 2011 at 9:36 pm
ပိုစ်လေး ဖတ်ရတာ စိတ်မကောင်းလိုက်တာ.. မိဘ မေတ္တာ ကို သိပ်ပေါ်လွင်တယ်လို့ ခံစားရတယ်။
ဦးဖတ် က အမေ နဲ့ မျက်နှာ ကျ တော်တော် ဆင်တယ်လို့ ထင်တယ်။
အဘွားက အသားဖြူတယ်နော်..
အဘွားလည်း ကျန်းမာ အသက်ရှည်ပါစေ.. အဘွားရဲ့ ကျန်ရှိမဲ့ သက်တမ်း အချိန်ကာလ မှာ အဘွားကိုလည်း ပျော်ရွင်စွာနဲ့ တရား ဓမ္မများ အားထုတ် နိုင်ပါစေ။ ကုသိုလ် တရားများလည်း ပွားများနိုင်ပါစေ။
pyinlepyaw
August 4, 2011 at 10:27 pm
ကျေးဇူးပါ..
စိတ်ထဲမှာ ထိခိုက်မိတယ်..
ကျွန်တော့်မှာ ပြုစုဖို့ အခွင့်မရလိုက်လို့ပါ…
အခွင့်အရေး ရသူတွေ အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..
susunosuki
August 5, 2011 at 3:16 pm
ပင်စင်လစာ ၃၅ဝ လောက်ကို တက္ကစီခ ၄၀၀ဝ အကုန်ခံပြီးသွားထုတ်သူလည်းရှိတယ်။ ပင်စင်လစာတိုးလို့ ခုထိပြောမဆုံး၊ ပျော်မဆုံးတဲ့ ဘိုးဘိုး၊ ဖွားဖွားတွေလည်းရှိတယ်။ တကယ်တမ်း တိုးပေးတဲ့လစာကတောင် သူတို့ ဘဝရပ်တည်ဖို့ (ဆေးဖိုးအပါအဝင်) လောက်ငနိုင်မယ်မထင်ပေမယ့် သူတို့ရဲ့ အပျော်တွေကတော့ ဖုံးဖိလို့ကို မရနိုင်အောင်ပါပဲ။ ဒါဟာ လူသားချင်းစာနာတဲ့ အသိနဲ့ ဖေးမမှုပါပဲ။
အင်း နောက်သတင်းတစ်ခု ထွက်နေတာကိုတော့ ကွဲကွဲပြားပြားသိချင်နေသေးတယ်။ အစိုးရဝန်ထမ်းဘဝမှာကို အလုပ်နှစ်ခုပြောင်းခဲ့သူတွေ (ဥပမာ-တပ်မတော်က နေအရပ်ဖက် မှာအရာရှိထမ်းဆောင်ရသူတွေ) ဟာပင်စင်လစာအတွက် နှစ်ခုစာ ရတယ်ဆိုတာ ဟုတ်သလားဆိုတာပါပဲ။