ဘဝကို အရှုံးမပေးဘူးနော်
စိတ်အားငယ်နေသူများ မိမိဘဝက ထိုလူ့လောက် ဆိုးနေပြီလား
မိမိမှာ ကိုယ်လက်အင်္ဂါအပြည့်အစုံရှိနေရင် လဲကျနေလား ပြန်ထလိုက်ပါ
အပျင်းကြီးနေသူများ မိမိလို ထိုလူအပျင်းကြီးရဲ့လား
မိမိမှာ ကိုယ်လက်အင်္ဂါအပြည့်အစုံရှိရက်နဲ့ အလုပ်လုပ်ဖို့ ပျင်းမနေပါနဲ့တော့
သန်သန်စွမ်းစွမ်းနဲ့ ရေသာခိုချင်သူများ အတုယူပါ
ဆုံးရှုံးမှုတွေကြောင့် စိတ်ဓါတ်ကျနေသူများ အားတင်းပါ
မတ်တပ်မရပ်နိုင်သူတောင်မှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာကို အားကျလိုက်ပါ
ထိုထိုသောအကြောင်းများအတွက် ပုံတွေကို ကူးယူတင်လိုက်ပါကြောင်း…ရွာသူရွာသားအပေါင်းတို့ရှင့်။
11 comments
moonpoem
August 5, 2011 at 3:09 pm
ဘာပဲဖြစ်ဖြစ် အနိုင်မခံ အရှူံးမပေးတဲ့ သူ ့စိတ်ဓာတ်ကို ချီးကျူးပါတယ်။တင်ပေးတဲ့ ပန်ပန်ကိုလည်း ကျေးဇူးပါ
ogre
August 5, 2011 at 4:20 pm
အာဂ လူပဲဗျာ
ဟိုလိုလူတွေကို..ဒါမျိုးပုံတွေပြလိုက်ချင်တယ်
Ma Sweet
August 5, 2011 at 4:23 pm
အဲဒီလို ပုဂ္ဂိုလ်တွေကို အရမ်းလေးစားတယ်။
ခြေလက်အင်္ဂ ါပြည့်စုံတဲ့လူတွေတောင် အလုပ်လုပ်ဖို့ကို ဆင်ခြေပေးပြီး ချိန်ခါရွေးနေကြပေမဲ့ သူတို့တွေက လောကဓံ ကို ကြံ့ကြံ့ခံ နိုင်ကြတယ်။ ဖြစ်နေရတဲ့ဘဝကို အားငယ်မနေပဲ စိတ်ဓါတ်တွေခိုင်မာကြတယ်။ ဒီပုံတွေကြည့်ပီး အားအင်တခု ဖြစ်လာကြမှာပါ။
ခုလိုတင်ပေးတဲ့ pan pan ကိုကျေးဇူးတင်ပါတယ်။
MaMa
August 5, 2011 at 6:13 pm
pan pan ရေ- ဘဝနဲ့အားမာန် လို့ တောင် ပြောချင်တယ်။ လွယ်လွယ်ကူကူ တောင်းစားနေတဲ့လူတွေကို ပြချင်တယ်။ ပါရမီလမ်းမှာရထားဖြတ်လို့ ကားစောင့်ရရင် တောင်းစားနေတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်။ အရင်က ကလေးလေးကို လက်ဆွဲပြီး မျက်စိမမြင်သလိုနဲ့ တောင်းတယ်။ ခုရက်ကျတော့ ကလေးလေး မပါတော့ သူ့ချည်းပဲ မြင်မြင်ထင်ထင်နဲ့ ကားတွေကြားထဲ လျှောက်သွားပြီး တောင်းတယ်။ လူကြည့်တော့လည်း ကိုယ်အင်္ဂါ အပြည့်အစုံနဲ့၊ အသက်ကလည်း (၄၀-၅ဝ လောက်) လုပ်ကိုင်စားနိုင်သေးတဲ့အရွယ် ပဲရှိသေးတယ်။ ဘာဖြစ်လို့ တောင်းစားနေမှန်း မသိဘူး။
Mee2
August 5, 2011 at 11:03 pm
အိုး. အာဂဦးလေးကြီးပါလား။လုပ်နိုင်တယ်နော်။ခြေချောင်းလေးတွေ ကလက်တွေလှုပ်ရှားနေသလိုဘဲ။ဘဝကိုအနိုင်မခံအရှုံးမပေးဘဲ ကိုယ့်ချွေးနည်းစာလေးနဲ ့ရှာစားမယ်ဆိုတဲ့စိတ်ဓာတ်ပိုင်ရှင်မို ့အားကျပါတယ်
mr.lone
August 6, 2011 at 10:49 am
တကယ့်ကိုချီးကျူးစရာလူပါပဲ ။။ဒါမြန်မာနိုင်ငံမှာတော့မဟုတ်ဘူးနဲ့တူတယ်နော် ။ ကိုယ်လက်အင်္ဂါမပြည့်စုံတာကိုအကြောင်းပြပြီးတောင်းစားနေတဲ့လူတွေကိုပြသင့်တယ်
moethidasoe
August 6, 2011 at 12:20 pm
အဓိက က လုပ်ချင်စိတ် ရှိဖို့ ..
ဒီလို စိတ်ဓါတ်မျိုးရှိမှ ကောင်းနေတဲ့လူဖြစ်ဖြစ် ချို့ယွင်းသူ ဖြစ်ဖြစ် အလုပ်လုပ်မယ် ကောင်းတာ လုပ်မယ်
ဒီစိတ်ဓါတ် မရှိရင် ကောင်းနေတဲ့လူလဲ တောင်းစားမယ် ခိုးစားမယ် .. ညာစားမယ် .. ချို့ယွင်းနေတဲ့လူလဲ ဒီအတိုင်းပဲ
pan pan
August 8, 2011 at 8:43 am
ဟုတ်ပါတယ်ဒေါက်တာရယ်
အလုပ်လုပ်ချင်စိတ်မရှိမှတော့ ဘယ်လောက်ငယ်ရွယ်သန်မာနေပါစေ အပျင်းတစ်နေမှာပါ
မသန်စွမ်းဘူးဆိုပြီး လက်လျှော့တဲ့လူတွေရှိသလို သာမန်လူတွေထက် အဆပိုပြီးကြိုးစားသူတွေလည်း ရှိပါတယ်
အဓိကကတော့ စိတ်ဓါတ်ခွန်အားပါပဲ
photwenty
August 6, 2011 at 2:23 pm
သူ.ရဲ.စိတ်ဓါတ်ကိုလေးစားမိသလို သူ.ရဲ. ဘဝပေး ကုသိုလ်ကံကိုလဲ သနားမိတယ်ဗျာ
manawphyulay
August 6, 2011 at 5:07 pm
ဒီလိုလူမျိုးတောင် အလုပ်လုပ်သေးတာနော်။ လမ်းဘေးမှာ အဖွဲ့အစည်းနဲ့များ လိုက်တောင်းနေတဲ့သူတွေကို ခေါ်ပြလိုက်ချင်တယ်။ တစ်ခါတလေများ မပေးရင် ကိုယ့်တောင်သတ်သွားမလားအောင်းမေ့ရတယ်။ ကလေးလည်း ကလေးမို့လို့ လူကြီးလည်းလူကြီးမို့လို့ သူတို့ကတော့ ပါးစပ်လေးနဲ့လိုက်တောင်းနေကြတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ပိုက်ဆံမရှာကြဘူး အံ့ပါရဲ့နော်…
pan pan
August 8, 2011 at 8:52 am
မမနောရယ် ငွေကိုလွယ်လွယ်ရတော့ ရတဲ့နည်းနဲ့ယူတာပေ့ါ
မပင်ပန်းဘူးလေ
အဖွဲ့အစည်းနဲ့တောင်းနေသူတွေကလည်း ဝတ်စုံအားကိုးနဲ့ပေ့ါ
အဲဒီလိုဝတ်စုံနဲ့ဆိုရင် အလုပ်ပင်ပင်ပန်းပန်းမလုပ်ရဘဲ ပိုက်ပိုက်ရလို့လေ