အမေရိကန်သံတမန်၏ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက်ခရီးစဉ်

BayoteMay 9, 20101min1002

အာရှနှင့် ပိစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး
Kurt Campbell နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် သွားရောက်မည်ဖြစ်ပြီး စစ်အစိုးရ ဝန်ကြီးများအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းတွေ့ဆုံ မည်ဖြစ်ကြောင်း သံတမန်တစ်ဦးက စနေနေ့တွင် AFP သတင်းဌာနသို့ ပြောကြားလိုက်သည်။
Mr Kurt Campbell အနေဖြင့် မနက်ဖြန် တနင်္ဂနွေနေ့မှာ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုသွားရောက်ပြီး စစ်အစိုးရဝန်ကြီးများနှင့်တွေဆုံပြီး နောက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည့်အပြင် သူမ၏ပါတီမှ အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်းသိရသည်။ သောကြာနေ့တုန်းကတော့ သူ၏ ခရီးစဉ်အတွင်း စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ ့ခွင့် မပေးလျှင် မြန်မာနိုင်ငံသို့ သွားမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့ပြီးလည်းဖြစ်သည်။
အိုဘားမား အမေရိကန်သမ္မတအဖြစ် အာဏာရယူချိန်မှ စပြီး မြန်မာ နိုင်ငံနှင့်ပတ်သက်၍ သူ ၏ အစိုးရအဖွဲ ့သဘောထားများကို ပြောင်းလဲခဲ့သည်။ အစိုးရ မူဝါဒအပြောင်း အလဲများ နှင့်
ပတ်သက်ပြီး Mr Kurt Campbell ကို စေလွှတ်ပြီး မြန်မာစစ်အစိုးရ နှင့် ဆွေးနွေးစေခဲ့သော်လည်း တိုးတက် ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်မလာခြင်းအပေါ် နိုင်ငံရေး လှုပ်ရှားသူများက အားမလိုအားမရဖြစ်နေကြသည်။ (AFP)

2 comments

  • timothy

    May 9, 2010 at 9:31 pm

    When Mr Campbell came to Rangoon and saw Daw Suu and a few Junta`s minister, the US administration thought at least it was encouraging signs. But the result was outlawing of NLD, sending of Battalions to the border regions to attack ethnics brothers and blatant disregards of international genuine desire of Democracy in Burma. The Junta had finally showed its real face by announcing the election law which guarantees the legitimacy of past, present and future military regimes of Burma. Mr. Cambell should tell Than Shwe face to face that UN would not recognize the result of election which is not inclusive and fair. I bet US will go back home empty-handed, election will bring new military brass in civilian suits and who care about Burmese prisoners. It is like a non-serious play.

  • smsm

    June 11, 2010 at 7:19 am

    အမေကျော်ဒွေးတော်မလွမ်းကြနဲ့ဟေ့

Leave a Reply