တစ်နေ.တစ်လံ ပုဂံ ဘယ်ရွေ.မလဲ ?

လက်မဲ့၊ ဘာမှမရှိ၊- အားကိုးရာမဲ့နေကြတဲ့ ကျွန်တော်တို့နိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့၊ မိတ်ဆွေတို့ အ ကုန်လုံးမှာ ကိုယ်စီကိုယ်ငှ လုပ်နိုင်တာလေးတွေကနေစပြီးလုပ်ကြရင် ကောင်းမွန်တဲ့ လမ်းစတွေပေါ်လာနိုင်မှာပါ။ ဘာမှမပါရှိတဲ့လက်တွေအားလုံးစုစည်းညီညွတ်လာကြရင် အဲ့ဒီပေါင်းစည်းတဲ့အားကို ဘယ်လက်နက်၊ ဘယ်မတ ရားမှုကမှ ဖိနှိပ်လို့ရေရှည်ရမှာမဟုတ်ပါဘူး။ ဒါဖြင့်ဘာဖြစ်လို့အခုအချိန်အထိ ကျနော်တို့တွေအားလုံး ဒီဖိနှိပ်မှု အောက်မှာနေနေရသေးလဲဆိုပြီးတော့ မေးချင်မေးကြပါလိမ့်မယ်။ တကယ်က အားလုံးပါဝင်ကြရမဲ့အချိန်မှာ  အကုန်လုံး မပါကြသေးပဲ ဘေးက ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်နေခဲ့ကြလို့ပါ။  တကယ်လို့သာ အားလုံး တ ညီတညာတည်း စုပေါင်းညီညီညွတ်ညွတ်ပါဝင်ကြမယ်ဆိုရင် တနိုင်ငံလုံးမှာ ကျွန်တော်တို့လက်မဲ့၊ ခွန်အားမဲ့တဲ့ သူတွေအားလုံးပါဝင်ကြပြီး ခွန်အားဖြစ်လာပါလိမ့်မယ်။  အားလုံးက သူလုပ်နိုးနိုး၊ ကိုယ်လုပ်နိုးနိုးနဲ့ ကိုယ့်မိသား စုအတွက်ပဲအရေးထားပြီး သူများလုပ်တာကို ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်ကြရင်တော့ အားလုံးပဲ အခုလိုဘဝဆိုးထဲက လွတ်မြောက်တော့မှာမဟုတ်ပါဘူး။ အားလုံး၊ လက်တွဲညီညီနဲ့ အသိစိတ်ဓါတ်ရှိရှိပါဝင်ကြမှပဲ အားလုံး ရဲ့ကောင်းကျိုးကို ဖေါ်ဆောင်နိုင်မှာပါ။  မရှိတဲ့ လာကယ်တင်မဲ့သူကိုစောင့်နေလို့ကတော့ နေသာဝင်ပြီး ကျွန် တော်တို့အားလုံးပဲ အို၊ သေ၊ မျိုးဆက်တွေပဲ အဆင့်ဆင့်ပြောင်းသွားကြမယ်။ ဘာပြောင်းလဲမှုမှတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ နောင်လာနောက်သားတွေအတွက် ကျွန်တော်တို့အားလုံးတာဝန်ကျေပွန်ကြမှာမဟုတ်ပါဘူး။ လမ်းဘေးက၊  အိမ်ပေါ်က လက်ခုပ်တီးအားပေးသလို ဘေးကရပ်နေ၊ ပွဲကြည့်နေ၊ စုတ်သတ်နေကြမဲ့အစား၊ ဒါတို့ အားလုံးရဲ့အရေးပါလားဆိုပြီး တို့အားလုံးပါဝင်လုပ်ကြမယ်ဆိုရင် ဘယ်လိုမတရားမှုကမှ၊ ဘယ်လောက်ကြီးမား တဲ့လက်နက်ကိုင်တပ်ကြီးကမှ ညီညာတဲ့လူထုအားကို ရင်ဆိုင်ဖို့ရဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လူမျိုးတွေဟာ ရဲဝံ့၊ သတ္တိပြောင်မြောက်ကြတဲ့သူတွေပါ။ ကျွန်တော်တို့အလှည်.မှ  ညံ့ကြတော့မှာလားဆိုတာကို ကိုယ့် ကိုကိုယ်ပြန်မေးရင်း၊ လုပ်စရာရှိတာကို အားလုံးတာဝန်သိသိနဲ့လုပ်ကြရင် ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့အလို ကျဖန်တီးခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်လာမှာပါ။ အားလုံးတာဝန်သိသိနဲ့ အကြောက်စိတ်ကို ဝတ္တရားကျေ ပွန်လိုစိတ်နဲ့ အစားထိုးပြီး လုပ်စရာရှိတာလုပ်ကြရင် လူထုအားလုံးတောင့်တနေတဲ့ ပြောင်းလဲမှုတွေမလွဲမသွေ ဖြစ်လာမှာအမှန်ပါပဲ။ အားလုံးကလုပ်ခဲ့ကြပါတယ်။  ဒါပေမဲ့ ညီညီညာညာစည်းစည်းလုံးလုံးနဲ့ တညီတညွတ်တဲ ထပ်လုပ်ကြရအောင်ပါ။   မိတ်ဆွေတို့၊ ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တဲ့ဘယ်လောက်သေးသေးမွှားမွှားလေးဖြစ်ဖြစ် နိုင်ငံနဲ့လူထု ကောင်းစားဘို့ တနေ့မှာတခုလောက် စလုပ်ကြရင်၊ အားလုံးက ဘယ်သူ့ကိုမှမညာပဲ၊ ကိုယ့်ကိုကိုယ်လဲမညာ ပဲ တကယ်လုပ်ကြရင် အများကြီးသိသိသာသာခရီးရောက်လာတာတွေ့ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ ကိုယ်တတ် နိုင်တာတွေအထဲက  တနေ့မှာ တခုလောက် အားလုံးလုပ်ကြည့်ရင်၊ ကိုယ့်နဲ့နီးစပ်တဲ့သူတွေကိုပဲဖြစ်ဖြစ် အမှန် ဖြစ်သင့်တာလေးတခုလောက် ပြောဖြစ်ကြရင် ရက်နဲနဲအတွင်းမှာကို အများကြီး ဖြစ်လာမှာကို တွေ့ရပါလိမ့် မယ်။  ကိုယ့်ထက်နိမ့်ကျသူတွေကို တတ်နိုင်သလောက်ကူညီမြှင့်တင်ပေးတာလေး၊  ဆွေးနွေးပြောပြလမ်းဖွင့်တာ မျိုးလေးတွေကစပြီး တနေ့တခါလောက် လုပ်ပေးကြရင်လဲ တဖြည်းဖြည်းနဲ့ တိုးတက်မှုတွေတွေ့လာရမှာပါ။ မ တရားတာကိုလဲ မတရားတဲ့အကြောင်း ပါးစပ်ကပဲဖြစ်ဖြစ်ပြောဆိုဆွေးနွေးကြတာမျိုးလဲ လုပ်နိုင်ကြပါတယ်။  အားလုံးက တနေ့ကို တခုပဲဖြစ်ဖြစ် ကောင်းတာမှန်တာတခုခုကို ပြောဆိုဆွေးနွေးလုပ်ပြကြရင် မကြာခင်မှာ မြင် သာတဲ့ ပြောင်းလဲတွေတိုးတက်မှုတွေဖြစ်လာကြမှာပါ။ တနေ့နဲနဲစီနဲ့ ပုံမှန်အားလုံးလုပ်ကြရင် မဖြစ်နိုင်တာမရှိပါ ဘူး။   .. ကဲ ကျနော်တို. ကြိုးစားလိုက်ကြရအောင်ဗျာ…..။