Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကောလဟာလ နဲ့ ပွဲပျက်နေတဲ့ ငွေဈေးနှုန်း

လင်းဝေAugust 15, 20111min66419

ဈေးတွေကျတယ်။ ငွေဈေးက ပါးစပ်ထဲပြောချင်ရာပြောဖြစ်နေတော့တယ်။ မဝယ်ဘူးဆိုတဲ့သူတွေလည်းရှိနေတယ်။
နှိမ်ရသမျှ ဝိုက်ပြီး အောင်းထားမယ်ဆိုတဲ့သူတွေလည်းများနေတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူများ နိုင်ငံခြားငွေဝင်နေသူများအတွက်တော့ စိတ်ပျက်စရာ အချိန်ကာလပါပဲ။
အခုလောလောဆယ်မှာ ထင်ရာမြင်ရာခန့်မှန့်ချက်များ၊ လူတတ်ကြီးလုပ် ပြောချင်ရာ ပြောကြားချက်များ၊ အခွင့်အရေးဖန်တီး အမြတ်ထုတ်လိုသူများ၊
ရည်ရွယ်ချက်မဲ့ ကောလဟာလ ဖြန့်ဝေ သူများ ကြားမှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုကတော့ ငွေလဲနှုန်းပါပဲ။

ဟိုက တကယ်လုပ်မည့်သူများမှာ ဘယ်နှုန်းနဲ့ သတ်မှတ်ဖို့ ဆိုတာကို စဉ်းစားတဲ့အဆင့်တောင် မရောက်သေးပါဘူးတဲ့။
နှုန်းထား ထက် အဲဒီသတ်မှတ်မယ့် နှုန်းထားကို ဘယ်လိုပြောင်းဖို့၊ ဘယ်လို သတ်မှတ်ဖို့၊ မြန်မာကျပ်ငွေနဲ့ ဘယ်လိုလဲဖို့ ဆိုတဲ့ လုပ်ငန်းစဉ်တွေကို တွက်ဆနေတုန်းလို့ ဆိုပါတယ်။

သို့သော်လည်း ငွေဈေးကွက်မှာတော့ ဈေးအနည်းဆုံးနဲ့ ကောက်နိုင်သမျှကောက်ဖို့ရာ ရ၅ဝပြောလိုက် ၆၀ဝအောက်ပြောလိုက် ၅၀ဝလို့ပြောလိုက်နဲ့ ပြောချင်ရာပြောနေကြတာပါ။
မဂိုလမ်းဈေးကွက်မှာလည်း လူတတ်ကြီးတွေက အလွန်များတယ်။ ဟိုဟိုဒီဒီ နေရာတွေမှာလည်း ထင်ရာပြော၊ သံယောင်လိုက်တွေကများနေတယ်။

တစ်ချို့တွက်ကိန်းကတော့ အစိုးရ သတ်မှတ်နှုန်း ၁၀၀ဝ ဖြစ်တောင်မှ မြန်မာငွေ ၁၀၀ဝပေးရုံနဲ့ MFTB/MICB စတာတွေမှာ ဒေါ်လာ လဲခွင့် လွယ်လွယ်ရမှာကိုမဟုတ်ဘူးလို့ အခိုင်အမာပြောနေကြတုန်းပါပဲ။
ဥပမာ – ကျပ်၇၅၀=၁ဒေါ်လာ ဆိုရင် မြန်မာငွေများနေတဲ့သူများက ဒေါ်လာ လဲမယ်ဆိုတိုင်းလဲပေးနိုင်မလားတဲ့။ မလဲနိုင်ဘူး၊ လွယ်လွယ်လဲမပေးဘူးဆိုတာနဲ့ မှောင်ခိုဈေးကွက် ဖြစ်လာနိုင်သေးပါသတဲ့။
အဲဒါကြောင့် အချို့ကလည်း အစိုးရ တရားဝင်သတ်မှတ်လိုက်တာနဲ့ ဒေါ်လာဈေး တက်ကိုတက်လာမှာ ဖြစ်လို့ အခုနှိမ်ပြီး ကောက်ထား၊ နောင်ပြန်ထုတ်ရင် ကိုက်တယ်ဆိုပြီး ငွေဈေးကွက်မှာ စုပြုံနှိမ်ကောက် ပြီး ရင်းနေကြပါတယ်။
အချို့ လက်ကြီးသမား လက်သေး လက်လတ်များကလည်း ဒေါ်လာ တရားဝင်ဖြစ်ရင် ခွက်ပျောက် ခွင်ပျောက်ဖြစ်မှာမို့ နောက်ဆုံးအချီကို နွှဲဖို့ ဈေးကို အဆုံးနှိုက်ပြီး မောင်းတီးချိန်ကို ထိုင်စောင့်နေကြပါသတဲ့။
လောလောဆယ်တော့ ခံရမယ့်သူများ လှိမ့်သာ ခံကြပေတော့။ စားမယ့်သူများလည်း စိတ်ကူးပြီး စင်ပေါ်က ထိုင်နေကြတယ် ဆိုပါသဗျား။
ဘာပဲဖြစ်ဖြစ် ပွဲက ရုတ်ရုတ်သဲသဲ ဖြစ်လာပြီ မို့ တရားဝင်ကြေငြာမယ်ဆိုလည်း မြန်မြန်လုပ်လိုက်ရင် ကောင်းပါလိမ့်မယ်။
အခုတော့ အကွက်ချောင်းပြီး အချီကြီးကြံနေကြသူတို့ နှိမ်သမျှခံနေရတော့တာပါပဲ။

19 comments

  • aungnng87

    August 15, 2011 at 1:46 pm

    ကိုယ်တွေကတော့ ငွေဈေးကြည့်ပြီးစိတ်ပျက်လွန်းလို့ လွဲကိုမလွဲဘူး။ မိသားစုကိုမဖြစ်မနေထောက်ပံ့ရမဲ့သူတွေတော့ တော်တော်ညစ်တယ်။

  • pan pan

    August 15, 2011 at 1:50 pm

    ရုံးမှာတော့ FEC စုထားတဲ့လူတွေ ငိုုင်တွေငေးမော စိတ်ဆင်းရဲပြီး အလုပ်တောင်ကောင်းကောင်းမလုပ်နို်င်တော့ဘူး
    တချို့လည်း ပါသမျှတွေ အကုန်ထုတ်ရောင်းကုန်ကြပြီ

  • hmee

    August 15, 2011 at 2:43 pm

    အော်..ရှိဒုက္ခ မရှိဒုက္ခတွေပါလား။ ဒေါ်လာဈေးများ မကြားလိုပါ မကြားလိုပါ။ 🙁

  • နွယ်ပင်

    August 15, 2011 at 2:53 pm

    ဟုတ်ပ အလုပ်မှာလာ ဒေါ်လာစုတဲ့သူတွေ
    ဒေါ်လာစားတွေ စိတ်ညစ်နေကြတယ် ……..

  • koyinmaung

    August 15, 2011 at 3:17 pm

    တရုတ်..မြန်မာငွေလဲနှုန်းလေးလဲသိယင်ပြောကြပါအုံး….

    • meelay

      August 15, 2011 at 4:36 pm

      တရုတ်ငွေလဲနှုန်းက မူဆယ်နယ်စပ်မှာ တရုတ်ငွေပေးပြီး ရန်ကုန် – မန္တလေးမှာ မြန်မာငွေယူမယ်ဆိုရင် အခုညနေပိုင်းမှာ 858-859 ပေါက်ပါတယ် …

  • chatsu

    August 15, 2011 at 3:37 pm

    အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားတွေများလာတာကို…………

  • MaMa

    August 15, 2011 at 3:39 pm

    သတင်းနဲ့ လုပ်စားတဲ့ ခေတ်ကို ရောက်နေပြီ။ FEC ဈေးတွေ ပြုတ်ကျတာကိုသာကြည့်တော့။

  • kai

    August 15, 2011 at 3:45 pm

    ယူအက်စ်အစိုးရကိုယ်တိုင်လည်း.. (လွှတ်တော်)ကွန်ဂရက်နဲ့ရန်ဖြစ်နေတော့ကာ… ဒေါ်လာဈေးက..မခိုင်မာပဲဖြစ်နေဦးမလားပဲ…။
    ဒေါ်လာမခိုင်မာရင်.. ရွှေဈေးတက်တယ်..ယူဆမိတယ်..။

    ရေနံစိမ်းဈေးကကျရိပ်ရှိနေတာမို ့… မကြာခင်..ဒေါ်လာပြန်တက်လာမယ်ထင်မိပါတယ်..။
    ဒါပေမဲ့..ယူအက်စ်အစိုးရကို ..ဘတ်ဂျက်တွေဖြတ်ရင်.. ဘာဖြစ်လာဦးမလည်း ..မသိ..။
    ဥရောပကလည်း..အကြွေးလည်ပင်းနဲ့.. အခြေအနေလုံးဝမကောင်း…။

    ပြောချင်တာက…။
    ငွေကြေးဈေးကွက်…မတည်ငြိမ်တာ….. မြန်မာပြည်တင်မဟုတ်.. တကမ္ဘာလုံးဖြစ်နေတယ်ထင်ပါကြောင်း…။

  • လင်းဝေကျော်

    August 15, 2011 at 4:20 pm

    တကမာ္ဘလုံးဖြစ်နေတာကလည်း ဟုတ်ပါတယ်။ ( ကိုကျော်ဆန်းကြီးလည်း ပြောတယ်လေ )
    မြန်မာပြည်မှာ ဖြစ်နေတာက ၂ထပ်ကွမ်း မတည်ငြိမ်မှုပါ။
    လှုပ်နေရတဲ့အထဲ ကိုင်ဆောင့်ခါနေတာပါ ရောပါလာတာပါ။ ဒီပို့စ်က ဒါကို မြင်သာစေချင်တဲ့ ရည်ရွယ်ချက်ပါ။

    • kai

      August 15, 2011 at 4:38 pm

      ပို့စ်တင်ထားတဲ့… ရည်ရွယ်ချက်ကို မြင်ပါတယ်..။
      အခုစာတွေက.. အားဖြည့်ဆွေးနွေးကြည့်တာတွေပါ..။ ငွေကြေးဈေးကွက်ဆိုတာ.. ဘယ်သူကမှ.. အတိအကျတွက်ချက်နိုင်တာ မဟုတ်လို့ပါ…။

      အိုင်အန်အက်ဖ်ဝင်မယ်ဆိုတော့… ငွေကြေးဈေးကွက်ကို လက်ရှိအစိုးရက ဝင်ကိုင်လှုပ်ရတော့တယ်လို့ ..ထင်မိပါတယ်..။
      ဒေါ်လာအတုထုတ်တဲ့… အက်ဖ်အီးစီ ဆိုတာမျိုးကိုတော့… ဖျက်ပစ်ရတော့မယ်ပေါ့…။

      ယူအက်စ် အထူးသံအဖွဲ ့နဲ့လည်း စကားတွေပြောရမှာရှိနေပြန်တာမို ့.. အချိန်ကိုက်… အကုန်ပြုံကျသွားတယ် ပြောရမယ်..။

      ကောင်းတဲ့လက္ခဏာဖက်ကို သွားနေတယ် ထင်မိပါတယ်…

      ဆိုတော့…
      ဈေးကွက်ထဲကလူတွေ.. တတ်နိုင်သလောက်..အချိန်ဆွဲဆန့်ပြီး.. ထိုင်ကြည့်နေတာ အကောင်းဆုံးလို့..ထင်မိတာပါပဲ..။ 🙂

  • စုံ စုံ

    August 15, 2011 at 4:42 pm

    ဒေါ်လာဈေးကျတယ်ဆိုတဲ့အသံကြားတိုင်း
    ရင်ထဲမှာမကောင်းဖြစ်ဖြစ်နေတာ
    နှလုံးရောဂါတောင်ရနေပြီလားမသိတော့ဘူး
    တကယ်စိတ်လေတယ် 🙁

  • koyinmaung

    August 15, 2011 at 5:19 pm

    ငွေဈေ းနှုန်းလေးပြောပြတာကျေးဇူးဘဲ မီးလေးရေ …..

  • nayminn

    August 15, 2011 at 5:45 pm

    ဒီနေ့ ( 15-8-2011 )ထုတ်ပြန်တဲ့သတင်းအရ…ပို့ကုန်ရောင်းရငွေ အပေါ ်စည်းကြပ်ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်ပြီ။
    ဆန်။ပဲမျိုးစုံ။ပြောင်း။နှမ်း။ရာဘာ။ရေထွက်ကုန်။တိရိဆန်နှင်.တိရိဆန်ထွက်များ..

    ၂၀၁၂ ဖေါ ်ဝါရီလ ( 14 ) ရက်နေ့ထိ။

    • MaMa

      August 15, 2011 at 8:48 pm

      ကုန်သွယ်ခွန်လျှော့ပေးတယ်လို့ပြောပေမယ့် ကုန်သွယ်ခွန်က ဘယ်လောက်%လဲ။ အခု ပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံတာ ဘာအခွန်ကျန်သေးလဲ။ ဘယ်လောက်%ကျန်သေးလဲ သိချင်သေးတယ်။ သိရင် ပြောပြပေးပါလား။

  • minthakhin

    August 16, 2011 at 1:18 am

    ဒေါ်လာဈေးတွေတအားနဲ ့ထိုးကျနေတာမကောင်းတော့ဘူး။မြန်မာငွေဈေးကမာလာတာမှမဟုတ်တာ။မြန်မာငွေဈေးမာရင် ကုန်ဈေးနှုန်းကျရမှာပေါ့။ လောလောဆယ်အဓိကသွားထိနေတာက export သမားတွေ။သူတို ့တတွေထိတော့ အခြေံလူတန်းစားကိုသွားထိမယ်၊ပြီးရင် လူလတ်တန်းစားလာထိမယ်။ ကောင်းဘူး ကောင်းဘူး။ တက်လဲကောင်းဘူး ကျလဲကောင်းဘူး။ တတ်နိုင်သမျှငြိမ်ငြိမ်လေးနေ တာအကောင်းဆုံးဘဲ။

  • MaMa

    August 16, 2011 at 6:30 am

    ကျေးဇူးတင်ပါတယ် minthakhin ရေ။ ခုတော့ ရှင်းရှင်းလင်းလင်း သိသွားပါပြီ။

  • maungmoenyo

    August 16, 2011 at 7:53 am

    FEC ကဘာနဲ့တူလဲဆိုတော့ ငြမ်းနဲ့ တူပါတယ်။ တရုတ်ပြည်ကစခဲ့တဲ့ နည်းစနစ်ပါ။ ဘုရားပြီးရင်ငြမ်းဖျက်ရတဲ့ထုံးစံမို့ FEC ကိုရုတ်မယ်ဆိုတော့ မအံ့ဩမိပါဘူး။ FEC စနစ်ဟာမြန်မာနိုင်ငံလို စီးပွားရေးအခြေမခိုင်တဲ့ နိုင်ငံတွေမှာအကောင်းဆုံး ငွေကြေးစနစ် ဆိုတာယုံမှားဘွယ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံအတွင်းလှည်းနေလှေအောင်းမြင်းဇောင်းမကျန် သုံးနေတဲ့နိုင်ငံခြားငွေကို MFTB/MICB ဘိုဘဏ်ကြီး(၂)ခုကထိုင်ပြီးထိန်းချုတ်နိုင်တာမို့၊ အစိုးရအတွက်အတော်အသုံးဝ်ငခဲ့ပါတယ်။ ဒါပေမဲ့ မမေ့ကြဘို့က FEC ကိုတရားဝင်လို့ ($ နဲ့တူညီတဲ့တန်ဘိုး)ရှိတယ်လို့စာရွက်ပေါ်မှာပြောခဲ့ပေမဲ့ ဘယ်သောအခါကမှ၊ တူညီတဲ့တန်ဘိုးမရှိခဲ့ပါဘူး။ ဥပမာ FEC စလည်ပါတ်စဉ် နှစ်အနည်းငယ်လောက်တုံးကအဖြစ်ပါ။ ရန်ကုန်မြို့ လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးဌာနရဲ့ဝန်ကြီး ဆိုသူ (ခုတော့သွားလေပြီ) နဲ့ တွေ့ဘို့ကြိုးစားသူတွေက သူတို့ Business အတွက် လိုအပ်တဲ့ စာရင်းကိန်းဂဏန်းကို FEC နဲ့ဖေါ်ပြပြီး၊ FECနဲ့ ဝန်ကြီးဌာနကိုသွင်းဘို့အဆိုပြုတော့ ဝန်ကြီးမင်းကစိတ်ခုပါတယ်။ နောက်မှာလက်အောက်ငယ်သားညွှန်ကြားရျေးမှူးများက အရိပ်ပြမှာ FEC ဆိုတဲ့ စာသားနေရာတွေမှာ $ကိုအစားထိုးလိုက်မှ တွေ့ခွင့်ရပြီးဆက်လမ်းလျှောက်လို့ရသွားပါတယ်။ ကိုယ်လက်နဲ့ရေးပြဌာန်းထားတဲ့ ငွေကြေးစနစ်ကို ကိုယ့်ခြေနဲ့ဖျက်ခဲ့တဲ့ အတွက် မြန်မာအစိုးရအပေါ် အနောက်နိုင်ငံတွေဆိုတာဝေးရော၊ ASEAN နိုင်ငံတွေကတောင် ယုံကြည်မှုကင်းမဲ့သွားသလို၊ သိက္ခာလဲအောက်ဆုံးကျခဲ့ရပါတယ်။ ဒီအတွက် FEC နဲ့ $ ဘယ်သောအခွကမှတူညီတဲ့ တန်ဘိုးမရှီခဲ့ပါဘူး။
    ဒီကိစ္စကို လုပ်ချင်တာတကယ်တော့ အရင် ေိုလ်သန်းရွှေလက်ထက်ကတည်းကပါ။ လူထုကြားထဲမှာလည်ပါတ်တဲ့ နိုင်ငံခြားငွေကို FEC အဖြစ်ထားချင်ပေမဲ့ သူတို့ကိုယ်တိုင်ကိုင်တွယ်သုံးစွဲရတဲ့ ငွေကျတော့ dollar မှ dollar ဖြစ်နေပါတယ်။
    လက်ရှိ မြန်မာနိုင်ငံမှာကျပ်ငွေတန်ဘိုးတက်လာတဲ့အတွက်ကြောင့်၊ ပြည်ပကနေတင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုဝယ်ယူဘို့ အခက်အခဲ လှလှကြီးတွေ့ရပါတယ်။ စက်ရုံတွေမလည်နိုင်ဘဲ တလုံးပြီးတလုံးပိတ်နေရတာနေ့စဉ်နဲ့အမျှပေါ့။ အလုပ်လက်မဲ့ဆိုတာကိန်းဂဏန်းနဲ့တောင်ဖေါ်ပြစရာမလိုလောက်အောင် ရာထောင်နဲ့ချီပြီးနေ့စဉ်တွေ့နေရပါပြီ။ FEC ရုတ်မဲ့ ကိစ္စ နဲ့ အဲ့ဒီအကျိုးဆက်တွေကြည်ရအောင် –
    (၁) အစိုးရဝန်ကြီးမင်းများနားအနီးကပ်ရှီကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ – တေဇ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင် ဆိုသူတွေကဘာမှထိခိုက်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ $ ကိုဘဲကိုင်တွယ်ပြီးတသက်လုံးဒစီးပွားရေးလုပ်လာကြသူတွေမို့ပါ။
    (၂) အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ လက်ဝေခံ အဖျားအနားက လုပ်ငန်းရှင်အငယ်တွေကတော့ အတော်ဗျာများတဲ့အချိန်ပေါ့။ အဆက်အသွယ်ကမရှီရတဲ့ကြားထဲ လည်ပါတ်တဲ့ ငွေစနစ်က FEC ပေါ်မှာအခြေခံတော့ ပိုဆိုးတာပေါ့။
    (၃) မြန်မာပြည်သူတွေထဲက FEC ကိုင်ကြသူတွေ လက်မှိုင်ချ၊ ရတက်မအေးဖြစ်ရချိန်ပါ။ ဒါပေမဲ့ လစာနဲ့ပင်စင်စားတွေအနေနဲ့ကတော့ အထိုက်အသင့်သောလစာမြှင့်တင်မှုများရှိနေကြပြီမို့ မထောင်းတာနိုင်ပါ။
    (၄) FEC နဲ့ငွေကြေးလဲလှယ်သူတွေ ခုချိန်သူဌေးဖြစ်ကိန်းကြုံကြတဲ့အချိန်ပါ။ မိုးရွာတုံးရေခံကြမှာမြင်ယောင်ပါတယ်။
    (၅) dollar နဲ့ ကုန်အရောင်းအဝယ်လုပ်ကြသူတွေရဲ့ဈေးကွက် ရပ်ဆိုင်းသွားဘွယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ FEC ရဲ့ဂယက်ကိုရှောင်ချင်လို့ပါ။
    (၆) နယ်စပ်တွေမှာတော့ ကုန်သွယ်မှုတွေကမောက်ကမဖြစ်ဖွယ်ရှိပါတယ်။
    အမှန်ပြောရရင် ဒီလိုလုပ်သင့်တာကြာပါပြီ။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေကိုအစိုးရကစောင့်နေပုံရပါတယ်….။
    FEC ကိုပေါက်ဈေးနဲ့ အစိုးရကလဲပေးပါမယ်လို့ပြောထားတဲ့အတွက်ကြောင့် လက်ထဲ FEC ရှီကြသူတွေ အရှုံးကြီးရှုံးကြပြီပေါ့။
    ဒါပေမဲ့ (၆)လကနေတနှစ်ောက်အတွင်းမှာ ကုန်ဈေးနှုန်းပြောင်းလဲမှုတည်ငြိမ်လာပါလိမ့်မယ်။ တက်ရင်လဲတက်တဲ့နေရာမှာတည်ငြိမ်မယ်။ ကျရင်လဲကျတဲ့အချိန်မှာတည်ငြိမ်မယ်ကိုဆိုလိုတာပါ။ ကုန်စေျးနှုးန်ကျမယ်လို့တထစ်ချမထင်လိုက်ကြပါနဲ့။
    ကဲ…MG ရွာသားများကလည်းကို့်.်အမြင်လေးတွေ ကွန်မင့်ကြပါအုံး…။

Leave a Reply