Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလား အပိုင်း(၁)

padonmarAugust 15, 20111min52815

အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင်ပြောလိုက်တဲ့ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေးကြားပြီးကတည်းက ကျွန်မရင်ထဲမှာပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင်မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်း ဆိုတော့ စာရိုက်ရမှာကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။
၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွါခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြောချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက် နဲ့ဒီ Post လေးတင်ပြီးရင်ဖွင့်ချင်ပါတယ်။ အပြောမတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။
ပထမဆုံးပြောချင်တာကတော့ ကျွန်မဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျွန်မ မြန်မာပြည်ထဲမှာဘဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျွန်မရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေထဲမှာတော့ နိုင်ငံကိုစွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျွန်မဘယ်တော့မှ သူတို့ကိုအပြစ်မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့ စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ ကျွန်မတို့ ဒီတိုင်းပြည်ကို ချစ်သလောက် သူတို့လည်း ချစ်ကြမှာပါ။ မေးကြည့်လိုက်ပါ။ အကယ်၍ သူတို့လက်ရှိ နေတဲ့ တိုင်းပြည်နဲ့ မြန်မာပြည် အားကစားပွဲတစ်ခုမှာ ထိပ်တိုက်ဆိုရင် ဘယ်သူ့ကိုနိုင် စေချင်သလဲ လို့။ သူတို့ မြန်မာလို့ဘဲဖြေကြမှာပါ။
ဒါဆိုသူတို့ဘာလို့နိုင်ငံကို စွန့်ခွါသွားကြသလဲလို့မေးရင် ကျွန်မအမြင်မှာတော့ သူတို့ကို နိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားခဲ့လို့နဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေရဲ့နောင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုပေးချင်လို့ ဆိုတဲ့အဖြေ နှစ်ခုကျွန်မတွေ့ပါတယ်။
သူတို့ကိုနိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားလို့ဆိုတဲ့ အကြောင်း ကျွန်မကိုယ်တွေ့တွေနဲ့ ရှင်းပြပါမယ်။ ကျွန်မတို့ဘွဲ့ရတဲ့ခေတ်က အစိုးရဝန်ထမ်း အလုပ်ရဘို့ အလွန်ခက်ပါတယ်။ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေး စာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးပြီး အောင်မှ သတ်မှတ်ဦးရေဘဲ ခန့်ထားတဲ့စနစ်ပါ။ ဆရာဝန်တွေ အတွက်တော့ ဝန်ထမ်းလုပ်သက် ၂ နှစ်ရှိမှ ဘွဲ့လွန်ဖြေခွင့်ပေးတဲ့ခေတ်ပါ။
ကျွန်မဟာ ငယ်ငယ်ကတည်းက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ “သူ” ၊ဒေါက်တာထွန်းရွှေရဲ့ “သက်ဝေမေကျော့”၊ ဒေါက်တာမောင်သင်ရဲ့“ကိုယ်တွေ့ဝတ္ထုတိုများ” နဲ့ကြီးခဲ့ရတော့ အဲဒီဝတ္ထုတွေထဲ ကလို စေတနာဆရာဝန် ဖြစ်ချုင်ခဲ့သူပါ။ ငယ်ငယ်ကရွှေသွေးထဲမှာ ဖတ်ခဲ့ရတဲ့ ကယားပြည်နယ်က ဆရာဝန်မလေး သူလက်ထပ်တဲ့နေ့မှာ ဧည့်ခံပွဲကျင်းပနေရင်းထားခဲ့ပြီး မီးမဖွားနိုင်တဲ့ လူနာကို ဆေးသွားကုပေးလို့ ယောက္ခမလောင်းက မင်္ဂလာပွဲဖျက်ပစ်တာတွေ၊ သူသေတော့ ဆေးခန်းက “အထက်သို့”ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကို ကယားလူမျိုးတွေက အုတ်ဂူလေးမှာတပ်ပေးတာတွေဖတ်ရင်း မျက်ရည် ကျမတတ် အားကျမိခဲ့ရသူပါ။ ပြောရရင်တော့ နိုင်ငံ့ဝန်ထမ်း ဆရာဝန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့သူ လို့ ပြောချင်ပါတယ်။
ကျွန်မတို့ရှေ့အတန်းကအကိုအမတွေ အောင်ပြီးသော်လည်း ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက စာမေးပွဲမကျင်းပပေးလို့ ဆမ လက်မှတ်ကိုင်ပြီးစောင့်နေကြတာ ၄-၅ နှစ်ထက် မနည်းတော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ အောင်တဲ့နှစ်မှာ (ကျွန်မတို့အတန်းက လူကြီးသားသမီးတွေများတယ်) စာမေးပွဲခေါ်ပြီဆိုတော့ အရမ်းပျော်ရပါတယ်။
အင်္ဂလိပ်စာနဲ့ဗဟုသုတ စာမေးပွဲ နှစ်ဘာသာအတွက်လည်း လေ့လာရပါတယ်။ ကျူရှင်က နယ်မှာနေတာလည်းဖြစ်၊ တစ်သက်လုံး ကျူရှင်မတက်ခဲ့ဘူးတော့ ဒါအတွက်နဲ့တော့ မတက်တော့ပါ ဘူး။ နေ့စဉ် ဖတ်နေကျသတင်းစာတွေလည်း ညက်ညက်ကျေအောင်ဖတ်မှတ်တာပေါ့။ ရေးဖြေက တော့ လွယ်လွယ်ကူကူဘဲ အောင်ပါတယ်။
နှုတ်ဖြေအတွက်အများပြောသလို မြန်မာဆန်ဆန်လေးဝတ်၊ ရိုရိုကျိုးကျိုးလေးနဲ့ Interview ခန်းထဲဝင်၊ ဝန်ထမ်းရွေးချယ်ရေးက လူကြီးတွေ ၅ ယောက်ဝိုင်းပြီးမေးကြသမျှ ကျွန်မ အထင် ၈ဝ – ၉ဝ % လောက်ကျွန်မဖြေနိုင်မယ်လို့ထင်ပါတယ်။ နာရီဝက်လောက်ကြာအောင်မေးပြီး တဲ့အခါ တစ်ယောက်က သမီးအသက်ဘယ်လောက်ရှိပြီလဲတဲ့။ ကျွန်မက ၂၄ နှစ်လို့ဖြေပါတယ်။ အဲဒီတော့ အော်ငယ်ပါသေးတယ်တဲ့။ ကျွန်မသိလိုက်ပါပြီ။ ကျွန်မကိုမရွေးတော့ဘူးလို့။ ပြောဘို့မေ့ ကျန်သွားတယ် ကျောင်းမှာလည်း ကျွန်မကအမှတ်တွေသိပ်မဆိုးတဲ့အထဲမှာပါပါတယ်။ အရည်အချင်း ကိုမရွေးဘဲ ငယ်သေးလို့မခေါ်ချင်ရင်လည်း အစကတည်းက အသက်ကို မြှင့်ပြီးကန့်သတ်ပါလား။ ပြန်အထွက်မှာ အသိတစ်ယောက်နဲ့တိုးတော့ စောစောကမှကြိုမပြောဘဲ။ Plaster ရှာပေးလို့ရတယ်တဲ့ လေ။ ကျွန်မအရည်အချင်းမရှိဘဲ Plaster နဲ့မှရမယ့်အလုပ်ကို ကျွန်မလည်းမလိုချင်တော့ပါဘူး။ နောက်နှစ်တွေမှာ စာမေးပွဲခေါ်တော့ စာတောင်မဖတ်တော့ဘဲ သွားဖြေပါတယ်။ ရေးဖြေကတော့ အောင်တာပါဘဲ။ နှုတ်ဖြေကတော့ စိတ်နာလို့ သွားကိုမဖြေတော့ပါဘူး။ ပြောချင်တာကတော့ တကယ် တိုင်းပြည်အတွက်လုပ်ပေးမယ့် ဝန်ထမ်းကောင်းတစ်ယောက်ကို သူတို့လွှင့်ပစ်ခဲ့ကြပါတယ်။
နောက် အဖြစ်အပျက်တစ်ခုကတော့ ကျွန်မသူငယ်ချင်းပါ။ သူကစာသိပ်တော်ပါတယ်။ လူရည်ချွန် ခြောက်ထပ်ကွမ်းပါ။ ကျောင်းမှာ Roll No: (2) ပါ။ စာမေးပွဲတိုင်း ဂုဏ်ထူးနဲ့အောင်သူပါ။ ဘွဲ့ရပြီးတော့ ဆေးသုတေသနက အလုပ်ခေါ်တာ သူသွားလျှောက်ပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းမေးပြီး၊ အဲဒီအလုပ်ဘဲ ပြန်လုပ်ပါလားလို့ ပြောခံခဲ့ရပါတယ်။ အဲဒီကတည်းက သူပြည်ပထွက် သွားတာ အခု အထူးကုကြီးအဖြစ် ပြည်ပမှာ အခြေချနေပါပြီ။ တော်တဲ့သူက ဘယ်ရောက်ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည်ကတော့ နစ်နာခဲ့ပါပြီ။

15 comments

  • MaMa

    August 15, 2011 at 10:06 pm

    ပိုစ့်ကို ဖတ်ပြီးတော့ ကိုယ်တွေ့လေးကို ပြောပြချင်စိတ်ပေါက်လာပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အသက်မွေးဝမ်းကြောင်းပညာကျောင်းက ဆင်းပြီဆိုတာနဲ့ လူကလည်း မြောက်ကြွမြောက်ကြွပေ့ါ။ မိဘက သူတို့ရဲ့ လက်ငုတ်လက်ရင်းကို လုပ်စေချင်ပေမယ့် ကိုယ့်ပညာနဲ့ပဲ လုပ်စားချင်တယ်ဆိုပြီး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က အလုပ်ခေါ်စာတွေ့တာနဲ့ မနေနိုင် မထိုင်နိုင် မိဘကို အတိုက်အခံလုပ်ပြီး သွားဖြေလိုက်ပါတယ်။
    အဲဒီတော့မှ အလုပ်ခေါ်တာက ၁ နေရာ၊ လာဖြေကြတာက လူ၁၀ဝလောက်၊ ကိုယ်ကျောင်းစတက်တုန်းထဲက ကျောင်းမှာမတွေ့ဘူးတဲ၊့ ကျောင်းပြီးတာ အတော်ကြာပြီဖြစ်တဲ့ အကိုကြီး အမကြီးများကို တွေ့ပြီး သူတို့ဖြေတာ ဘယ်နှစ်ကြိမ်ရှိပြီဆိုတာ သိလိုက်ရမှပဲ စာမေးပွဲဖြေစရာ မလိုပဲ ခေါ်တဲ့အလုပ်ကိုပဲ လွယ်လွယ်ကူကူ ဝင်လုပ်လိုက်ရပါတော့တယ်။
    🙁

  • ဒီပိုစ်လေး အရမ်းကိုမှန်တာတွေပြောထားပါတယ်။
    လွန်လေပြီးခဲ့သောကာလများမှာ
    နေရာတစ်ခု ရာထူးတစ်ခု အခွင့်အရေးတစ်ခုအတွက်
    အမှန်တကယ် ထိုက်တန်သော
    အမှန်တကယ် ဖြစ်သင့်သော
    အမှန်တကယ်ရွေးချယ်သင့်သောသူမျာကို ပစ်ပယ်ပြီး
    နီးစပ်ပါတ်သက်သူများကိုသာ ရွေးချယ်ခဲ့တဲ့အတွက် တိုင်းပြည်ရော စွန့်ပယ်ခံခဲ့ရတဲ့ကာယကံရှင်ပါနစ်နာခဲ့ရတာ
    အမှန်ပါဘဲ။
    ဒီလိုအမှားမျုးိကို အခုလက်ရှိအနေအထားမှာ ပြင်နိုင်မယ်ဆိုရင်
    တိုင်းပြည် ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။

  • weiwei

    August 15, 2011 at 10:48 pm

    ကျွန်မတို့ခေတ်တစ်ခေတ် ၂၀၀ဝ ဝန်းကျင်တုန်းကတော့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက ခေါ်တာက ၄ဝ ဆိုရင် လာဖြေတာက ၃ဝ လောက်ပဲ ရှိပါတယ် … ဖြေတဲ့သူ အကုန်အလုပ်ရတဲ့အချိန်ပေါ့ …
    အခုတော့ အလုပ်ခေါ်တာတောင် မတွေ့ရတော့ဘူး …

    စကားစပ်လို့ပြောရအုန်းမယ် …
    ကျွန်မမှာ တော်တော်လေးဉာဏ်ကောင်းပြီး စာတော်တဲ့ ညီမတစ်ယောက်ရှိပါတယ် … သူက အခုအိမ်ရှင်မအလုပ်နဲ့ ကလေးထိန်းအလုပ်ပဲလုပ်နေတယ် … တစ်ခါတစ်လေ သူကပြောတယ် … ငါတို့တိုင်းပြည် မတိုးတက်နေတာ ငါလိုတော်တဲ့လူတွေ မီးဖိုထဲရောက်နေလို့တဲ့ … 😛

  • unclegyi1974

    August 15, 2011 at 10:50 pm

    အမှန်ပါဗျာ
    မဆလခေတ်ကနီးရာလူ
    ပတ်သက်မှုရှိသူ တွေရွေးခန့်ခဲ့တာ
    တကယ်တော်တဲ့သူ ဟုတ်ကဲ့မလုပ်တတ်သူတွေဘေးရောက်ပြီး
    တဖြည်းဖြည်းတို်င်းပြည်နစ်မွန်းလာတာ
    ၈၈၈၈ဖြစ်တဲ့အထိဆိုပါတော့
    အခုကကောဘာတွေထူးခြားလာမလဲစောင့်ကြည့်ရပါအုန်းမယ်
    ပြောမယ့်သာပြောတာ
    ကြေးမုံဆောင်းပါးအတိုင်းဆို ထု်ိနည်း၎င်းထိုနည်း၎င်း

  • padonmar

    August 15, 2011 at 11:21 pm

    ထောက်ခံအားပေးကြတာကျေးဇူးတင်ပါတယ်။ရေးသာရေးရတယ် undate feeling တွေဖြစ်နေလို့ စိတ်ဝင်စားနားလည်ပေးနိုင်ပါ့မလားလို့ စိတ်ပူမိတယ်

  • မီးမီး သော်

    August 16, 2011 at 12:02 am

    ကျွန်မတို ့နိုင်ငံမှာ ကပြောရမယ်ဆိုရင် လူတော် တွေ တကယ်အလုပ်လုပ်မယ့်သူတွေ ကို သူတို ့ကိုယ်တိုင်ကကန်ထုတ်ပြစ်ခဲ့တာအကြောင်းရှိမှာပေါ့။သူတို ့ကိုဒုက္ခပေးမှာစိုးတာကြောင့်လဲဖြစ်မယ်ထင်ပါတယ်။ခုတော ့သူများတိုင်းပြည်တွေမှာ အလုပ်အကျွေးပြ ုနေကြပါလေရဲ ့။သူတို ့လဲ လွမ်းနေကြရောပေါ့။ကိုယ့်အိမါမပြန်ချင်တဲ ့လူရယ်လို ့ရှိပေါ့မလား

  • zaw min

    August 16, 2011 at 1:10 am

    အင်း…ဟုတ်ပါပေ့..မှန်ပါပေ့..ဆရာမရယ်၊ကျနော် သဘောင်္သားဘဝနဲ့ စင်္ကာပူမှာရှိနေတဲ့အချိန် ၁၉၉၃-ခုနှစ်လောက်က စင်္ကာပူနဲ့ဗမာ ဆီမီးဖိုင်နယ်တွေကြတဲ့ ဆီးဂိမ်းကျွန်းဆွယ်ပွဲနဲ့လည်းကြုံတော့…ဘောလုံးကွင်းထဲသို့သွားရောက်အားပေးကောင်းလိုက်တာ အလုပ်ပါပြုတ်သွားတယ်လေ…အသံတွေဝင်…မျက်ရည်တွေကျ…
    ထူးချွန်ထက်မြတ်တဲ့ ဗာမာလူမျိုးတွေ နိုင်ငံတကာမှာအများကြီးရှိနေပါတယ်….ပီဂျေယူနီဗာစတီ ဟောစစ်ပီတယ် ကိုမိတ်ဆွေတစ်ယောက်အစာအိမ်အချဉ်ပေါက်တဲ့ရောဂါနဲ့ရောက်သွားတော့ အဲဒီမှာ ဒုတိယကျောင်းအုပ်ဆရာကြီးက ဗမာလူမျိုးဖြစ်နေတယ်…ဗမာဆရာဝန်တွေလည်းအများကြီးရှိတယ်ဆိုတာသိလိုက်ရပါတယ်….နောက်တစ်ဦးက K.L မှာရှိတဲ့ Tool ဂိတ်တွေမှာTouch&Tool ဆိုပြီးအလိုအလျှောက်တခါးပွင့်ဂိတ်ကြေးကောက်ခံတာကို ဗမာဆော့ဝဲလ်ပညာရှင်အင်ဂျင်နီယာကဆော့ဝလ်ရေးသားပေးတာလို့သိရပါတယ်….ပြည်တွင်းပြည်ပ ပညာရှင်တွေပူးပေါင်းဆောင်ရွက်လုပ်ဆောင်နိုင်မယ့်အချိန်ကိုသာစောင့်မျှော်နေပါတယ်…..

  • Foreign Resident

    August 16, 2011 at 5:12 am

    ” တော်တဲ့သူက ဘယ်ရောက်ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည်ကတော့ နစ်နာခဲ့ပါပြီ “

    • pan pan

      August 16, 2011 at 9:30 am

      ပလာစတာတွေ၊ ကော်တွေကိုဦးစားပေးလည်း သူတို့က တကယ်တော်တယ် တတ်တယ်ဆိုရင်ကောင်းတယ်
      ဒီပိုစ့်ရေးထားတဲ့အတိုင်းဆို တော်တဲ့လူတွေ နိုင်ငံခြားရောက်ကုန်တာပဲ
      ဟုတ်လည်းဟုတ်တယ်
      ကျွန်မတို့ ရုံးမှာလည်းတော်တော်များများ စင်ကာပူရောက်ကုန်ပြီ
      ရုံးကတော့ ပုဂ္ဂလိကပါပဲ
      တိုင်းပြည်ကတော့ နစ်နာတာပါပဲ
      ကိုယ့်ဆီကပညာတွေသင်ပေးလိုက်ရပြီး ကိုယ်နိုင်ငံကနိုင်ငံသားတစ်ယောက်က တခြားတိုင်းပြည်အတွက် အလုပ်သွားလုပ်ပေးနေရသလိုပါပဲ

  • koyinmaung

    August 16, 2011 at 7:19 am

    ခုလဲကြည့်လေ ဘာအရည်အချင်းမှရှိတဲ့သူတွေက နိုင်ငံခေါင်းဆောင်းလုပ် နီးစပ်ရာကိုရာထူးပေ တကယ်တော်တဲ့သူတွေက လက်အောက်ငယ်သားတွေဖြစ် ဒီလိုနိုင်ငံမျိုးမတိုးတက်တာဘာဆန်းလို့လဲ…ဒီလူ ဒီမူတွေနဲ့ကတော့ ဒီနိုင်ငံမှာမနေတာဘဲကောင်းတယ်…အပြင်မှာရောက်နေပေမဲ့ကိုယ့်နိုင်ငံကိုတော့အရမ်းလွမ်းပါတယ် ။။

  • maungmoenyo

    August 16, 2011 at 7:21 am

    ညီမရေ ခုလက်ရှိကျန်းမာရေးဝန်ကြီးက လူရည်ခွှန်(၆)ထပ်ကွမ်းဘဲမို့ သူနဲ့ ခေတ်ပြိုင်တွေထဲကနိုင်ငံတကာမှာပေါက်ရောက်နေကြသူများရှိရင်လက်တို့လိုက်ပါလား။ သူကအခုအဲ့ဒီလိုလူမျိုးတွေနဲ့အချိန်ယူဆွေးနွေးနေလေရဲ့…။

  • kai

    August 16, 2011 at 10:52 am

    မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွါခြင်း ဆောင်းပါးဖတ်ပြီး…
    ဆွေးနွေးလို့ရအောင်.. စာတောင်တင်ပေးလိုက်ဖူးသေးတယ်..။
    ပြန်ဖတ်လို့ရအောင် လင့်ခ်ပေးလိုက်ပါတယ်..။
    http://myanmargazette.net/59958/politics-news-issues

    အဲဒီဆောင်းပါးက..အစိုးရသတင်းစာမှာရေးတော့.. အစိုးရအာဘော်လို့ ယူဆမိတယ်..။
    တကယ်တော့… စွန့်ခဲ့တဲ့သူတွေကို.. အပြစ်ပြောမဲ့အစား..နောင်မြန်မာတွေ..ထပ်ဆင့်ဆင့်..နိုင်ငံမစွန့်ကြရလေအောင်.. ဘယ်လိုလုပ်မလည်းကို.. အဖြေရှာသင့်ကြတယ်…။

    ထွက်ပြီးသူတွေ ဘယ်လိုပြန်ခေါ်…တိုင်းပြည်အတွက်ဘယ်လိုအသုံးချကြမလည်း.. စဉ်းစားသင့်ပါတယ်…။
    ဒီအချိန်ကာလဟာ.. စွန့်ခဲ့သူတော်တော်များများ.. မိခင်နိုင်ငံကို..သမင်လည်ပြန်ကြည့်ချိန်ပဲ..။
    အရေးကြီးကာလလို့… သုံးသပ်ပါတယ်..။

    ဒီလိုကာလမှာ.. ဝေဖန်ရေးပေးနေတဲ့…. padonmarကိုကျေးဇူးတင်ကြောင်း.. ပြောချင်ပါတယ်နော..။
    ဒါဖတ်ပြီး.. အပိုင်း၂ကိုလည်း ဆက်ဖတ်ကြပါလို့…။
    http://myanmargazette.net/61901/creative-writing

  • padonmar

    August 16, 2011 at 9:15 pm

    အကိုကြီးမောင်မိုးညို၊ 2012 April ကျရင် Australia Sydney မှာ Reunion of IM(1),IM(2),IM(M) and Dental alumni
    ကျင်းပမယ်လို့ ဆရာJonny ဦးသိန်းအုပ်ကျော်မြင့် facebook ကနေဖိတ်နေပါတယ်။
    သွားတက်မယ့်သူတွေကိုလည်း ဒီ topic လေး ဆွေးနွေးပေးဘို့ မှာပါမယ်၊

    သဂျီးကကျေးဇူးနော လို့ပြောတာနဲ့ မြောက်ကြွကြွ ဖြစ်ပြီး အပိုင်း (၃) အပိုင်း(၄) တွေ ဆက်တင်ပါမည့်အကြောင်း 😀 😀

    • maungmoenyo

      August 17, 2011 at 7:36 am

      တက်လာတဲ့အစိုးရသစ်ဟာ အရင်လက်ဟောင်းအမူအကျင့်တွေကိုလက်လှါတ်ပြီး၊ မူသစ်အမြင်သစ်တွေနဲ့ လူထုဦးစားပေး လက်တွေ့ကျကျ လုပ်ငန်းတွေဇောက်ချ လုပ်လေမလားဆိုတဲ့ မျျော်လင့်ချက်ရောင်ခြည် ပညာတတ်အသိုင်းအဝိုင်းတိုင်းမှာပေါ်နေပါတယ်။ သူလဲသူ့ခြေလှမ်းသူကြည့် ကိုယ်လည်းကိုယ့်ခြေလှမ်းကိုယ်ပြင် ကာလကြီးပါ။ ခုထိကတော့ အရိပ်အရောင်သမ်းယုံဘဲရှိပါသေးတယ်။
      (၁၉၆၂) အာဏာရလာတဲ့ တော်လှန်ရေးကောင်စီအစိုးရ ကိုလူထုက အဲ့ဒိအချိန်က ဒို့ဗိုလ်ချုပ် အစိုးရဆိုပြီးမျှော်လင့်ခဲ့ပါတယ်။ ဘာမှအရာမထင်ခဲ့တာသိကြတဲ့အတိုင်းပါ။ (၁၉၇၄) လမ်းစဉ်ပါတီအစိုးရတက်လာခါစကလည်း တော်တော်အရာပေါက်မဲ့ပုံပါဘဲ။ ဒါလဲ သက်တမ်းလေးနှစ်တောင်မခံပါဘူး။ ဟောအခုကတော့ ဗေထိဆိုပြီး ကုလားကာဖွင့်ကတည်းက အနောက်နိုင်ငံအပါအဝင် အင်အားကြီးအချို့က သံသယနဲ့စောင့်ကြည့်နေကြပါတယ်။
      သက်တမ်းတစ်နှစ်တောင်မပြည့်ခင်မှာ အင်အားလွန်ဆွဲပွဲအရိပ်အရောင်တွေသမ်းလာတော့ အပြုသဘောမြင်ကြသူတွေ အားလျော့လာကြပါတယ်။
      နိုင်ငံတနိုင်ငံရဲ့ တိုးတက်အဆင့်အတန်းမှီမှု ဟာ ပညာရေး နဲ့ ကျန်းမာရေးလွှမ်းခြုံစောင့်ရှောက်မှုဘယ်လောက်ရှိလဲဆိုတဲ့အတိုင်းအတာပေါ်မှာအများကြီးတည်ျမှီနေပါတယ်။
      မောင်မိုးညိုလက်လှမ်းမှီသလောက် အတွေ့အကြုံအရ လက်ရှိအစိုးရအဖွဲ့မှာ ပါလာကြတဲ့ ပညာရေး နဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်ပိုင်း ပုဂ္ဂိုလ်များဟာ ပညာအခံရှိယုံသာမက အခြေခံလူတန်းစားကြားထဲကပေါက်ဖွားလာကြတဲ့သူတွေပါ။ ဒါပေမဲ့ လက်ရှိ လုပ်နည်းလုပ်ဟန်အဟောင်းတွေရဲ့လောင်းရိပ်ဘယ်လောက်မိသွားမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရပါမယ်။
      မောင်မိုးညိုတို့မြင်ချင်တဲ့ ကျန်းမာရေးအဆင့်အတန်းမြင့်မားတဲ့ဆေးလောကကြီး ကိုမြင်ခွင့်ရပါ့မလားလို့ အားငယ်စွာနဲ့ စောင့်နေရတဲ့အချိန်ပါ။ ညီ၊ ညီမဆရာဝန်သစ်လွင်များ အနေနဲ့ကတော့ မျှော်လင့်ချက်ရောင်ခြည်ရှိနိုင်ပါသေးတယ်။ ကိုယ်ကအစ ကြိုးစားခဲ့ရင်၊ ကိုယ်တတ်ကျွမ်းတဲ့ပညာကို ကိုယ့် လူထုအပေါ် ဘယ်လိုအသုံးချခွင့်ရမလဲဆိုတဲ့ အခွင့်အလန်းတွေ ကြိုးစားရှာဖွေ နိုင်ခဲ့ကြရင်ပေါ့လေ…။ ဆေးကုပေးမှ မဟုတ်ပါဘူး။ အခြားနည်းလမ်းများစွာနဲ့ ကိုယ့်နိုင်ငံအတွက်ပြန်အသုံးချနိုင်တဲ့နည်းလမ်းတွေရှိနေလေရဲ့ လို့…။

Leave a Reply