အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၂) ရူးပီး ငါးသောင်း

နောက် ခြောက်လလောက်ကြာတော့ ကျွန်တော်လည်း ပုံမှန်အတိုင်း ပြန်လည်ပတ်နေတော့တာပေါ့။ထမင်းချက်

အသစ်တော့ ထပ်ခေါ်ရတာပေါ့လေ။အဲဒီလူက ဒီကနေ မိုင်တစ်ထောင်လောက်ဝေးတဲ့ တီဟာ ထောင်ကိုတော့ မရောက်

ဘူးပါဘူးဗျ။အဲ..ဘဂဝါတီကြီးလည်း မရှိတော့ဘူး။လစ်သွားပြီ။သူ့အမျိုးတစ်ယောက် မင်္ဂလာဆောင်တာ ကာနယ်ကြီးတို့

ကားကို ခွင့်ပြုချက်မရှိဘဲ ယူသွားမိလို့လေ။မက်ဂီ လည်း ဂျိမ်းစ် ဆိုတဲ့ကောင်လေးနဲ့ သမီးရည်းစားဖြစ်နေတာ သိသွားလို့

ကောင်လေးလည်း အိမ်မလာရတော့ဘူး။ ရွိုင်းလည်း မူးယစ်ဆေးသုံးတာ မိသွားလို့ အတော်လေး အနွှာခံလိုက်ရသေး

တယ်။ကာနယ်ကြီးတို့ လင်မယားက စကားတော့ ပြောပါတယ်။ဒါပေမဲ့ သူတို့ဆက်ဆံရေးက လုံးဝအေးစက်သွားပြီ။

ကာနယ်ကြီးလည်း အရင်လိုပဲ ဂျီဗန်ကူးမားနဲ့ လူရှင်းတဲ့ လမ်းကြားလေးတွေထဲမှာ၊ကားပါတ်ကင်တွေမှာ လျှို့လျှို့

ဝှက်ဝှက်နဲ့ တွေ့နေဦးမှာပဲ။

 

******************************

 

 မက်ဂီ နဲ့ ရွိုင်း ဧည့်ခန်းထဲမှာ စခရပ်ဘဲလ် ဆော့နေကြတုန်း ကျွန်တော်ဝင်လာတော့ သူတို့က ကျွန်တော့်ကို

လည်း ဝင်ဆော့ဖို့ ခေါ်ကြတယ်။ကျွန်တော်လည်း စကားလုံးအသစ်တွေတော့ တော်တော်လေး လေ့လာထားသေး

တယ်။သူတို့နဲ့ဆော့ရင် ကျွန်တော်ချည်း ရှုံးတာကိုး။အဲဒီတော့ အားရင်ဝေါဟာရအသစ်လေးတွေ လေ့လာရတယ်။

bingle တို့ ၊brekkie တို့၊ chalkie တို့၊dosh တို့ ၊skite တို့  ပြီးတော့ spunk ဆိုတဲ့ စကားလုံးမျိုးတွေလေ။

သုံးယောက်ထဲမှာတော့ မက်ဂီ က ဆရာကြီးဗျ။သူ အမြဲနိုင်တာပဲ။ သူကတော့ ဝေါဟာရ တကယ်ကိုကြွယ်သလား

မမေးနဲ့။ ရှစ်လုံးတွဲ ၊ကိုးလုံးတွဲ စကားလုံးတွေတောင် ရတာ။ကျွန်တော်ကတော့ အချာဆုံးပေါ့ဗျာ။ ကျွန်တော်ဆက်

ရင်  go တို့ ၊eat တို့ ၊sing တို့ ၊last တို့ ဒီလောက်ပဲ။တကယ့်ကို ရှားရှားပါးပါး တစ်ခါတစ်လေမှာ ခြောက်လုံးတွဲ

ခုနစ်လုံးတွဲ ရတတ်ပါရဲ့။ဒါပေမဲ့ ဘိတ်ချေးက ဘိတ်ချေးပဲ။ရွိုင်း က ကျွန်တော့်ခေါ်ခေါ်ပြီး ဝင်ဆော့ခိုင်းတာ အ

ကောင်းမှတ်လို့။ သူ့အစ်မနဲ့ ဆော့ရင် သူက အမြဲရှုံးတယ်မို့လား။ကျွန်တော်ပါဝင်ဆော့တော့ သူက ဒုတိယလိုက်

သွားတာပေါ့။သူ ဘိတ်ချေး မဖြစ်ချင်လို့လေ။ဒီနေ့လည်း ကျွန်တော့် စာလုံးတွေက အတော်လေး ဂွမ်း တယ်ဗျ။

ကြည့်ဦး Xတွေ၊ Jတွေ၊ Kတွေ၊ L တွေ အများကြီးရယ်။ပွဲကလည်း ပြီးတော့မယ်။မက်ဂီက အမှတ်အများဆုံး။

၂၀၃ မှတ်တောင် ရနေပြီ။ ရွိုင်းက ၁၇၅ မှတ်။ ကျွန်တော်ကတော့ ၁၀၄မှတ်ပဲ ရသေးတယ်။ကျွန်တော့်လက်ထဲမှာ

စာလုံးခုနစ်လုံးကျန်သေးတယ်။G၊ P၊ E၊ E၊ S၊ A၊ I။ကျွန်တော်လည်း တိုင်ပတ်နေတယ်။ Pageတို့၊ see တို့ ဆက်

ရမလား တွေးနေတာ။အဲဒီမှာ ရွိုင်းက အို တစ်လုံးသုံးပြီး မက်ဂီရဲ ့စာလုံးတစ်လုံး အန် အောက်မှာ ဆက်လိုက်တယ်။

ON ပေါ့လေ။ဟား…ဟုတ်ပြီ။ခေါင်းထဲမှာ လက်ခနဲ အကြံရသွားတယ်။ အို ရှေ့မှာအီး အက်စ် ပီ အိုင်  ထည့်။ အန်

နောက်မှာ အေ ဂျီ အီး ကိုထည့်။ESPIONAGE ပေါ့။ဟေးဟေး..ကိုးလုံးတွဲကွ။အဲဒီတော့ ဆယ့်ခုနစ်မှတ်။အနီရောင်

ဧရိယာကွက်ထဲမှာဆိုတော့ သုံးဆ..ငါးဆယ့်တစ်မှတ်။အဲ..ပြီးတော့ လက်ထဲကျန်သမျှ ခုနစ်လုံးစလုံးဆက်လိုက်တော့

နောက်ထပ် ငါးဆယ်။စုစုပေါင်း တစ်ရာ့တစ်မှတ်။ကျွန်တော့် လက်ရှိအမှတ် ၁၀၄မှတ်နဲ့ပေါင်းတော့ ၂၀၅ မှတ်။

ဟားဟား..မှတ်ဟ မက်ဂီရေ..။

 

******************************

 

 တစ်နေ့လုံး ဖုန်းနားမှာ ကျွန်တော် ရစ်သီ ရစ်သီ လုပ်နေရတယ်။မက်ဂီ လေ..သူ့ကောင်လေး ဂျိမ်းစ် ဖုန်း

ကိုမျှော်နေတာ။သူ့အဖေ အလုပ်ခန်းထဲက လှမ်းမကိုင်ခင် ကျွန်တော့်ကို အရင်ဦးအောင် ကိုင်ခိုင်းဖို့ မှာထားတာ။

ည ခုနစ်နာရီ ဆယ့်ငါးမှာ ဖုန်းမြည်လာတယ်။ကျွန်တော်လည်း ချက်ချင်းကောက်ကိုင်တာပဲ။ဒါပေမဲ့ ကာနယ်ကြီး

အသံက ဖုန်းထဲကနေ ကျွန်တော့်နားစည်ကို လာရိုက်တယ်။ ဟဲလို တဲ့။ကျွန်တော်လည်း မချဘဲ ဆက်ပြီး နား

ထောင်နေလိုက်တယ်။ အသက်ရှူသံ ပြင်းပြင်းကြီး  ကြားရတယ်။နောက် ဂျီဗန်ကူးမားရဲ့ အသံကို တစ်လုံးချင်း

ကြားရပါတော့တယ်။

“မနက်ဖြန် ကြာသပတေးနေ့ မနက်ရှစ်နာရီ အိန္ဒိယဂိတ်နားက ကွာလတီ ရေခဲမုန့်ဆိုင်မှာ ကျွန်တော့်ကို

   လာတွေ့ပါ။အရမ်း အရေးကြီး  တဲ့ ကိစ္စ ပါလာတယ်..”

              “ကောင်းပြီ..”

ကာနယ်ကြီး ဖုန်းချလိုက်တယ်။

 ကာနယ်ကြီးက ဖော့စတာ ဘီယာလေး စုပ်လို့ စတိဗ်နိုလန် နောက်ဆုံးပိုင်းကို ကြည့်နေတယ်။ စတိဗ်နိုလန်

တိုင်ပတ် နေတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းက ရန်သူ့ဘက်တော်သား သူလျှိုကြီး ဖြစ်နေ

တာကိုး။ ကျောင်းနေဖက်လည်းဖြစ်၊ သူ့မင်္ဂလာဆောင်တုန်းက သတို့သား အရံတောင် လုပ်ပေးခဲ့တဲ့ သူငယ်ချင်း

ဆိုတော့ သူဘာလုပ်ရမှန်းမသိဘဲ ဘေးကြပ်နံကြပ် ဖြစ်နေတာပေါ့။သူ တော်တော် ဝမ်းနည်းပြီး အရက်ဆိုင်တစ်

ဆိုင်မှာ မူးပြဲနေအောင် သောက်နေတော့တာပဲ။ အဲဒီမှာ အရက်ဘားက လူက သူ့ကို ဒီလိုပြောတာ –

“အပြင် လောကကြီးက ရှုပ်ထွေး ညစ်ပတ်တယ်ဗျ..အင်း…တစ်ယောက်မှ ရှင်းအောင် သန့်အောင်လုပ်ဖို့

  မကြိုးစားဘူးဆိုရင်တော့  ကျုပ်တို့ တိုင်းပြည်တစ်ခုလုံး တွင်းဆုံးကျ တော့မှာပဲ…”

အဲဒီလိုလည်း ပြောလိုက်ရော စတိဗ်နိုလန် ဆတ်ခနဲဖြစ်သွားပြီး အရက်ဖိုးတွေရှင်းလိုက်တယ်။နောက်တော့ သူ့သူငယ်ချင်း

သူလျှိုကောင်ဆီ ကားကို တရကြမ်း မောင်းပြီး သွားတော့တာပဲ။သူ့သူငယ်ချင်းနဲ့တွေ့တော့ –

“မင်းက သိပ်ဆိုးတဲ့အလုပ်တွေ လုပ်နေတဲ့ လူကောင်းတစ်ယောက်ပါလားကွာ..”

သူ့ဘော်ဒါကလည်း ဓာတ်တယ်လေ။ချက်ချင်း သေနတ်ဆွဲထုတ်ဖို့ လုပ်တာပေါ့။ဒါပေမဲ့ စတိဗ်နိုလန် ကို ယှဉ်လို့ရမတဲ့လား ။

ဇာတ်လိုက်ဟာကို။

“မိတ်ဆွေ သူငယ်ချင်း ဆိုတာ တကယ်ကို အရေးကြီးတာပေါ့ကွာ..အေး..ဒါပေမဲ့ တိုင်းပြည်ကတော့

ပထမ ပဲကွ..စိတ်မကောင်း ဘူး သူငယ်ချင်းရာ…”

ပြောပြီး တစ်ခါတည်း အသေပစ်သတ်လိုက်တာ။

 

******************************

 

   နောက်တစ်နေ့ည ဆယ်နာရီလောက်မှာ ရဲကားရော သံအမတ်ကြီးကားပါ မီးနီလေး တဖျတ်ဖျတ် နဲ့ ရောက်

လာသဗျ။ ကားပေါ်က ဆင်းလာတာ ထုံးစံအတိုင်း ရာမူးကို ဖမ်းတဲ့လူ ထျာဂျီ ရယ်၊ ရဲမင်းကြီးတောင် ပါတယ်။ကာနယ်

ကြီး နဲ့ စကားပြောနေတာ ကျွန်တော်လှမ်းမြင်ရတယ်။ ဘာတွေပြောကြသလဲတော့ မသိဘူး။ကာနယ်ကြီးကြည့်ရတာ

အရက်ဆိုင်ထဲမှာ စတိဗ်နိုလန်တစ်ယောက် ကြံရာမရဖြစ်ပြီး ဖရိုဖရဲ ဖြစ်နေပုံနဲ့တောင် သွားတူနေသေးတယ်။နောက်

ဆယ်မိနစ်လောက်ကြာတော့ သံအမတ်ကြီးလည်း ရောက်လာတယ်။တင်းမာ ခက်ထန်တဲ့ မျက်နှာနဲ့ ရဲမင်းကြီးကို

မေးလိုက်တယ်။

“ဘာတွေလဲဗျ…ဘာဖြစ်လို့ ကာနယ်တေလာကို persona non grata[1] လို့ကြေညာပြီး လေးဆယ့်ရှစ်နာရီ

အတွင်း ထွက်ခွာခိုင်းရတာတုန်း..”

            “ဟုတ်ကဲ့..ဒီလိုပါ သံအမတ်ကြီး..သံအမတ်ကြီးရဲ့ အရာရှိ ကာနယ်တေလာက သံတစ်ယောက်ရဲ့ အနေအထားနဲ့

မလျော်ညီတဲ့ အပြု အမူမျိုး ကျူးလွန်နေတဲ့ အထောက်အထားတွေ ကျွန်တော်တို့တွေ့ရလို့ပါ..”

            “ဒါဖြင့် ခင်ဗျားတို့ သူ့ကို ဘာအကြောင်းနဲ့ စွဲချက်တင်သလဲ”

“ဒီလိုပါ သံအမတ်ကြီး…ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက စာရေး ဂျီဗန်ကူးမား ဆီကနေ အရေးကြီးတဲ့

ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းတွေကို ကာနယ်တေလာ လက်လွှဲယူနေတဲ့အချိန် လက်ပူးလက်ကြပ်ကို မိသွားတာ ခင်ဗျ..”

ကာနယ်ကြီး မျက်နှာက ဖြူလျော်လျော်နဲ့။ဘာမှ မပြောဘူး။မငြင်းဘူး။အရင်လို သောက်ကုလား ကလိန်ကကျစ်တွေ ဘာတွေလည်း

မပြောဘူး။အခန်းအလယ်ခေါင်မှာ ခေါင်းငိုက်စိုက်ကြီးချလို့။

သံအမတ်ကြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။

“ကျုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှည်လျားတဲ့ သက်တမ်းတစ်လျှောက်မှာ ကျုပ်ရုံးက အရာရှိတစ်ယောက် ခုလို ဖြစ်တာ ပထမဆုံး

အကြိမ်ပဲဗျာ..အဲ..နောက်ပြီး ချားလ်စ် က သူလျှိုတစ်ယောက် မဟုတ်ရပါဘူး..ကျုပ်ကို ယုံပါ..ဒါပေမဲ့ သူသွားရမယ်ဆိုလဲ သွား

ရမှာပေါ့လေ..”

သံအမတ်ကြီးက ရဲမင်းကြီးကို ဘေးနားခေါ်ပြီး –

“ဒီမှာ..မစ္စတာ ချိုပရာ..ကျုပ် ခင်ဗျားကို ဘလက်လေဘယ် တွေ လက်ဆောင်ပေးပေး နေခဲ့တာ နှစ်အတော်တောင်ကြာခဲ့ပြီနော်..

ကျုပ်ကို အခွင့်အရေးလေးပေးတဲ့အနေနဲ့ မေးခွန်းတစ်ခုလောက် ဖြေပေးပါလား”

“ဟုတ်ကဲ့..ရပါတယ်..မေးပါဗျာ”

“ဒီလိုဗျာ..ကနေ့မှာ ချားလ်စ် လျှို့ဝှက်တွေ့ဆုံမဲ့ ကိစ္စ ရှိတာ ခင်ဗျားတို့ဘယ်လိုများ သိသွားတာလဲ..ဟို…ကူးမား ဆိုတဲ့လူများ

ပြောသလား”

“အာ..မဟုတ်တာ သံအမတ်ကြီးရယ်..ဂျီဗန်ကူးမား မဟုတ်ရပါဘူးဗျ..အဲ ..နည်းနည်းတော့ ကပေါက်တိ..ကပေါက်ချာ ပဲ..

ဘာလို့ဆိုတော့ ပြောတဲ့လူက ခင်ဗျားတို့ဘက်က လူတစ်ယောက်ဗျ..ဒီနေ့မနက် ကျုပ်တို့ အင်စပတ်တာ ထျာဂျီကို ဖုန်း

ဆက်ပြီး လှမ်း သတင်းပေးတာဗျ..ည ရှစ်နာရီလောက် အိန္ဒိယ ဂိတ် နားမှာ ကာနယ်တေလာကို သွား ဖမ်းခိုင်းတာပဲ..”

“ဟင်..မယုံဘူးဗျာ..ဘယ့်နှယ်..ဩစတေးလျသားတစ်ယောက်မှန်း ခင်ဗျားတို့ ဘယ်လိုသိတုန်း..”

အင်စပတ်တာ ထျာဂျီက ရှေ့တစ်ချက်တိုးလာပြီး –

“ဟုတ်တယ်..သံအမတ်ကြီးရေ…ခင်ဗျားတို့ ဩစတေးလျ လေသံက တခြားသူတွေလေသံနဲ့ အတော် ကွဲ တာကိုး ခင်ဗျ..ကျွန်တော့်

ကို ဖုန်းနဲ့ သတင်းပေးတဲ့လူရဲ့လေသံက ဒီလိုမျိုးဗျာ.. “G’day maite, go to India Gate, tonight at aite” တဲ့..အဲဒီတော့ဗျာ..

ကျွန်တော်ထင်တာ.. ဩစတေးလျသားတစ်ယောက်ပဲ ဒီလိုလေသံမျိုး ထွက်နိုင်မယ် မို့လား ခင်ဗျာ..”

 

******************************

 

နောက်နေ့မှာပဲ ကာနယ်ကြီးတေလာရယ် ဒေလီကနေ ကွင်တက်စ်လေကြောင်းလိုင်းနဲ့ တစ်ယောက်တည်း ပြန်သွားရရှာတယ်။

သူ့မိန်းမနဲ့ကလေးနှစ်ယောက်ကတော့ နောက်မှ လိုက်လာလိမ့်မယ်။ကျွန်တော်လည်း တေလာ မိသားစုနဲ့ လမ်းခွဲရပြီပေါ့လေ။သော့

ချိတ်လေး သုံးခု၊ တီရှပ်လေးခြောက်ထည်..ပြီးတော့ ကဘရီဝါးလား ဆီမှာ သွားရောင်းစားမဲ့ ဩစတေးလျ ပထဝီဝင် မဂ္ဂဇင်း အုပ်

သုံးဆယ်ရယ်..နောက် ကျွန်တော့်လစာ စုစုပေါင်းရူးပီး ငါးသောင်းနှစ်ထောင် (ပိုက်ဆံက အသစ်ချက်ချွတ်လေးတွေဗျ) ကျွန်တော်

နဲ့ အတူရှိနေပြီ။

ကျွန်တော်လည်း သူတို့မိသားစုကို နှုတ်ဆက်စကား ပြောတယ်။ရွိုင်းကတော့ ဖအေ မရှိတာနဲ့ သောင်းကျန်းချင်တယ်။

သူ ဆေး စသုံးကတည်းက လွတ်ချင်နေတာလေ။မက်ဂီ က ဂျိမ်းစ်ကို ဖြတ် လိုက်သဗျ။ မစ္စစ်တေလာ အတွက် ကျွန်တော်

စိတ်မပူပေါင်။ သံအမတ်ကြီးသာ အနားရှိနေရင် သူ..မျက်ရှုလည်ဆွဲလေး ဖြစ်နေဦးမှာပဲ မို့လားဗျ။ကျွန်တော်လား..အရင်က

ဆလင်း နဲ့တွေ့ဖို့ မဝံ့ခဲ့တာ ခုတော့ အေးဆေးပဲ။သူ့ဆီသွားမယ်..။သူနဲ့သွားတွေ့မယ်။ဒါပဲ..။အဟား…ကောင်းလိုက်တာ…

ပျော်စရာကြီးဗျ..။

******************************

 

စမီတာ က သူ့နာရီကို ငုံ့ကြည့်တယ်။တစ်နာရီတောင် ခွဲနေပါရော့လား။ သူအိပ်ချင်နေမလား ဆိုပြီး ကျွန်တော်

လည်းမေးရတယ်။

“ကျွန်တော် ပြောတာ ဆက်နားထောင်ဦးမလား..”

“ကျွန်မ တို့မှာ ရွေးစရာရှိသေးလို့လား။မနက်ဖြန်..အင်း…မနက်မိုးလင်းတာနဲ့ ရှင့်ကို သူတို့က တရားဝင် စွဲချက်တစ်ခုခုနဲ့

ကုတ် ဖို့လုပ်ဦးမှာ..”

ကျွန်တော် ဘာမှပြန်မပြောမိဘူး။စမီတာက ကျွန်တော့်ကို မကြည့်ဘဲ ရီမုကွန်ထရိုး က ပလေး ဆိုတဲ့ ခလုတ်လေးကို ပဲ နှိပ်ထည့်လိုက်တယ်။

******************************

 

 

ကြော်ငြာချိန်လေး ခဏနားနေတုန်းမှာပေါ့..ပရမ်ကူးမားက သူ့ခုံကို လက်နဲ့ တတောက်တောက် ခေါက်ရင်း ကျွန်တော့်ကို ခပ်ရိရိနဲ့ –

“မင်းသိလား သောမတ်စ်ရေ..မင်းရဲ့ ကံကောင်းချိန်လေးကတော့ ကုန်ပြီကွ..အဟား..နောက် မေးခွန်းတစ်ခုကတော့

မင်း လုံးဝဖြေနိုင်မယ်မထင်ဘူး ဆိုတာ လောင်းတောင် လောင်းချင်သေးသကွာ..အဲဒီတော့ကွာ..မင်း အသက်ကယ်လှေ

တစ်စီးတော့ သုံးဖို့ ပြင်ပေရော့..ဟုတ်လား…”

ကျွန်တော် နှုတ်ဆိတ်နေလိုက်တယ်။

ဟော..တီးလုံးလေး ပြန်စပြီဗျ..။

ပရမ်ကူးမား က ကျွန်တော့်ဘက်လှည့်ပြီး –

“ဟုတ်ကဲ့ပါ..ခု ကျွန်တော်တို့ ဆုငွေ ရူးပီး ငါးသောင်း အတွက် မေးခွန်းနံပါတ်ငါး..ကို မေးပါမယ်..ဒီမေးခွန်းကတော့ သံတမန်

လောကနဲ့ ဆိုင်ပါတယ်..ဟုတ်ပါပြီ..မေးခွန်းကတော့ – အစိုးရတစ်ရပ်ဟာ နိုင်ငံခြားသံတစ်ယောက်ကို persona non grata

            လို့ ကြေညာလိုက်ရင်..အဲဒီရဲ့ အဓိပ္ပါယ်က -(က)ဤ သံ သည် ရိုးသား ရ မည်။ (ခ)ဤ သံ၏ တာဝန်ထမ်းဆောင်ကာလ ကို

တိုးမြှင့်ပေးသင့်သည်။ (ဂ) ဤ သံ သည် ကျေးဇူးကို အထူး သိတတ်သည်။ (ဃ)ဤ သံ ကို လက်မခံနိုင်။

ကဲ…မေးခွန်းကိုတော့ နားလည်ရဲ့ မဟုတ်လား မစ္စတာသောမတ်စ် ရေ..”

ရုပ်က ပြုံးစိစိနဲ့။

“ဟုတ်ကဲ့”

“အိုခေ…ဒီလိုဖြင့်..ကျွန်တော်တို့ ကို အဖြေမှန်လေး ထုတ်ပြပါဦး..အဲ..သက်ကယ်လှေ နှစ်စင်းလုံး ရှိသေးတာ သတိရနော်..

ကဲ..ဘယ်လိုလဲပြော..”

“ဟုတ်ကဲ့ ကျွန်တော်ပြောမယ်..(ဃ) ”

“ဟင်..ဘာ”

“ကျွန်တော်ပြောတာ (ဃ) ဤသံကို လက်မခံနိုင်”

“ညီလေး..မှန်းပြောနေတာလား..မလုပ်နဲ့နော် ..နိုင်ထားတဲ့ ရူးပီးတစ်သောင်းလေး ဆုံး သွားဦးမယ်..မရဘူးဆိုလည်း ပွဲဖြတ်လို့ရတယ်

နော်..နိုင်ထားတဲ့ တစ်သောင်းယူပြီး အေးဆေး ပြန်လို့ရတယ်..”

“ကျွန်တော် အဖြေကို သိတယ်ဗျ..အဲဒါ (ဃ) ပဲ..”

ပရိသတ်ထဲက အာမေဋိတ်သံတစ်ချို့၊သက်ပြင်းချသံတစ်ချို့ ကျွန်တော်ကြားမိလိုက်တယ်။ပရမ်ကူးမား က ကျွန်တော့်ကို ကြည့်နေသေးတာ။ အဖြေသိ

နေတဲ့ဟာကို သူက က ဂဂျောင် လာဖတ် ချင်သေးတယ်။ကျွန်တော်က ခပ်တင်းတင်းပဲ ဆိုတော့ သူလည်း ထုံးစံအတိုင်း –

“ဟုတ်ပါပြီ..ခင်ဗျား..တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်နော်..”

“ဟုတ်ကဲ့”

ဒရမ်သံတွေ ဆူ တက်လာတယ်။အဖြေမှန်ကို ထိုးပြပါပြီ။

“ဟုတ်ကဲ့ တကယ့်ကို တစ်ရာ ရာခိုင်နှုန်း အပြည့်အဝ မှန်ပါတယ်ခင်ဗျာ..မစ္စတာသောမတ်စ် ဟာ အခုဆို ရူးပီး ငါးသောင်း

အနိုင်ရရှိသွားပါပြီ..”

ပရမ်ကူးမား က အဲဒီလို ကြေညာလိုက်တော့ ပရိသတ်တွေလည်း မတ်တပ်ရပ်ပြီးတောင် ဩဘာပေးကြတာ။ပရမ်ကူးမား

ချွေးပြန်နေပြီ။ နဖူးက စို့နေတဲ့ချွေးကို လက်ကိုင်ပုဝါလေးနဲ့ သုတ်ပြီး –

“ကျွန်တော် ပြောချင်တာကတော့ ဒါဟာ တကယ့်ကို ထူးထူးခြားခြား မှတ်သားစရာပါပဲ..”

နောက်.. အသံကို ထပ်မြှင့်ပြီး –

“ဟုတ်ကဲ့..ဒီနေ့ညတော့ မစ္စတာသောမတ်စ်ဟာ တကယ့် ကိုဖိုးသိလေး ပဲ ထင်ပါရဲ့ဗျာ..”

 

******************************


[1] That diplomat is not acceptable