Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူမှုဝန်းကျင်ဝယ်—

ကွန်မတို ့အသက်အရွယ်အပိုင်းအခြား နှစ်သုံးဆယ်ကျော်တဲ့ထိ ကဗျာတပုဒ် စာတပုဒ်ကောင်းကောင်းမရေးတတ်ပါ။မိမိ ကိုမိမိ သိမ်ငယ်သလို ခံစားရပါတယ်။ခုလဲ MG ရွာထဲဝင်ရောက်ဖတ်ရှုတော့ မှအတွေးကောင်းကောင်းနဲ ့ရေးဖွဲ ့ထားကြတာတွေတော့အားကျမိပါတယ်။ရွာသားအားလုံးရဲ ့ဝေမျှမှုကြောင့် ဗဟုသုတလဲ အများကြီးရခဲ့ပါတယ်။ဆက်ပြီးလဲ အစဉ်တစိုက်အားပေးနေမှာပါ MGရေ။နေ ့တနေ ့အသစ်ဖွင့်ပါပီဆိုတာနဲ ့ကျွန်မတို ့အားလုံးသူထိတွေ ့ဆက်ဆံကြရ၊အပေါင်းအသင်းမိတ်ဆွေသစ်တွေနဲ ့တွေ ့ကြ၊အားသစ်အင်သစ်တွေနဲ ့ကြံ ုဆုံရသလို၊စိတ်ပင်ပန်းညှိုးနွမ်းဖွယ်ရာများနဲ ့လည်းကြံ ုဆုံကြရစမြဲပါ။လူသားဆိုတာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါများဖြစ်ကြပေတော့ မတွေ ့ချင်မဆုံချင်ပါလဲတွေ ့ရကြံရဦးမှာပါ။အားလုံးအတွက် ကဗျာလေးတပုဒ်ဝေမျှချင်တာပါ။ကိုယ်တိုင်ရေးထားတာတော့မဟုတ်တာဝန်ခံပါရစေ။ရေးသူက ကျွန်မမောင်လေး ကိုးတန်းကျောင်းသားလေးပါ။ရွာသားများဝိုင်းဝန်းပြီး မန့်ပေးကြပါဦးနော်—

“လူ ့ဘောင်”
အရာရာမှာ စာနာစွာ
ပြ ုမူဆက်ဆံပါ။
မခံသာတဲ့နှုတ်စကား
မပြောပါနဲ ့လား။

တပါးသူအတွက် ထိခိုက်ဖွယ်
မူရာရှာင်ရှားကွယ်
သနားမေတ္တာရင်မှာအပ်
စိတ်ဓါတ်လွန်မြင့်မြတ်။

စွဲမြဲမှတ်လို ့ကျင့်ပါလျှင်

လူတိုင်းပြံ ုးပျော်ရွှင်
လောက လူ ့ခွင်လွန်ချမ်းမြေ့
နေဖွယ်ကောင်းပါပေ့။. ။

25 comments

  • pan pan

    August 17, 2011 at 1:32 pm

    ကိုးတန်းကျောင်းသားလေးဖြစ်ပြီးရေးတတ်လိုက်တာ
    အတွေးအခေါ်က မြင့်ပါပေ့
    ကိုယ်ဟာကိုယ်တောင် အလေးချိန်ပေ့ါသွားသလိုခံစားရတယ်
    ဒီလိုကလေးတွေပေါများလာဖို့ အရေးကြီးတယ်
    ဒါမှ…..(ဆက်ပြောတော့ဝူးးးးးးးး)

  • မီးမီး သော်

    August 17, 2011 at 1:50 pm

    အယ် pan pan ရေဆက်ပြောပါဦး–။ကျွန်မမောင်လေး ရေးထားတာလေးဖတ်ရတော့ ပိုပြီးသိမ်ငယ်သလို ခံစားရပါတယ်။သူတို ့လိုအတွေးကောင်းကောင်းနဲ ့ကလေးတွေ နိုင်ငံမှာအများကြီးနေမှာပါ။မြေတောင်မြှောက်ပေးကြဖို ့ဘဲလိုမယ်နော်

    • pan pan

      August 17, 2011 at 2:05 pm

      ဥပမာပြောရရင် စာဆိုဆရာဇော်ဂျီဆိုရင် ၂၁နှစ်သားအရွယ်မှာတင် ပိတောက်ပန်းလေးတွေအကြောင်း ကဗျာလေးရေးတယ်
      ပိတောက်ပန်းလေးတွေရဲ့နေရာက ဝင်ရောက်ခံစားပြီး ကိုယ်ချင်းစာခဲ့တယ်
      ဆရာချစ်ဦးညိုပြောလို့ သိရတာပါ
      ဒီကနေ့ အသက်၂၁နှစ်သားတွေ ဘာလုပ်နေကြလဲ၊ ဆရာဇော်ဂျီ၂၁နှစ်သား(မောင်သိန်းဟန်)က ဘယ်လိုအကျိုးပြုသလဲ ဒါမျိုးပေ့ါ
      နောက်ပိုင်း ဗေဒါလမ်းကဗျာတွေ
      တို့တိုင်းပြည်ကဗျာ ဆိုရင်ကျွန်မတို့မြန်မာနိုင်ငံသားတွေအဖို့ ဘယ်လောက်အားမာန်ဖြစ်ရသလဲ
      ဘယ်လောက်အကျိုးဖြစ်စေလဲ သတိပေးဆုံးမပြီး တိုင်းပြည်ကို အကျိုးကျေးဇူးပြုသွားတယ် (အကျိုးပြုပေသိ ဆင်းရဲတာတော့ မပြောပါနဲ့တော့)
      အဲလိုုပေ့ါအစ်မရယ်
      ဆရာတင်ဆိုရင်လည်း တို့ဗမာအစည်းအရုံးအတွက် ရေးပေးသွားတဲ့သီချင်းက ဘယ်လောက်ထိတာသွားလဲဆိုတာ လူတိုင်းသိကြပါတယ်
      ကျွန်မပြောချင်တာက အတွေးအခေါ်မြင့်ပြီး စိတ်ဓါတ်ကောင်းတော့ အကျိုးပြုနိုင်တာကို ပြောချင်လို့ပါ
      ခုခေတ်တွေ့နေရတဲ့လူငယ်တွေ ပေါ့တီးပေ့ါပျက်တွေ များနေလို့
      စိတ်ဓါတ်တွေကလည်း ကိုယ်ချင်းမစာတတ်ကြဘူး
      သူတပါးကို ထိခိုက်စေမှန်းမသိကြ၊ နစ်နာအောင်လုပ်ကြနဲ့ အောက်တန်းကျကြလွန်းလို့
      အပျော်အပါးပဲမက်နေကြတယ်လေ…….. 🙁

  • thit min

    August 17, 2011 at 1:59 pm

    He may be reincarnation (reborn) of “Shin ma har Yat hta thar ya”. Nobody knows!

  • nature

    August 17, 2011 at 2:48 pm

    ရေးထားတဲ့စာက ကိုးတန်းကျောင်းသားနဲ့တောင်မလိုက်ဘူး။ အရမ်းကောင်းပြီး အဓိပါယ်လဲပြည့်ဝတယ်။

  • manawphyulay

    August 17, 2011 at 3:50 pm

    အနုပညာ စာပေ ဝါသနာပါရင် ၉ တန်းလည်း ပညာရည်ပြည့်ဝနေမှာပါ။ သူ့ရဲ့စာပေ လက်စွမ်းကတော့ အံ့မခန်းပါပဲ။ နောင်တစ်ချိန်မှာ စာရေးဆရာဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူးနော်….

  • မီးမီး သော်

    August 17, 2011 at 5:51 pm

    ဟုတ်ကဲ့ အားလုံးက ခုလို ချီးမွမ်းအားပေးကြလို ့ကျေးဇူးတင်ပါတယ် —

  • alinsett

    August 17, 2011 at 6:46 pm

    မင်းရဲ ့မောင်လေး က ကဗျာ ဇ တော့ ရှိသားပဲ။

    ကိုယ်ကတော့ ကဗျာသမား စာသမားဆိုရင် ဘယ်အရွယ် မဆို လေးစားပါတယ် ။

    ကိုယ် ကတော့ မော်ဒန် (ပို ့စ်မော်ဒန် ဘက် ပို စိတ်ဝင်စားနေပေမယ် ့) အဲဒီလို ကာရန် နဘေ နဲ ့ သမားရိုးကျ ကဗျာလေးတွေ ကို ချစ်ပါတယ် ။

    ကိုယ် ချစ်တဲ ့အရာတွေ ထဲ မှာ ကဗျာလေးတွေ လည်းပါတယ် ။

    ဆက်ရေး ပြီး တင်ပြပေးပါဦးနော့ ။

  • pooch

    August 17, 2011 at 7:55 pm

    ကြိုက်လို့ ကူးသွားပြီ မီးမီးရေ ကလေးအတွေး ကလေးအရေးမှ ဟုတ်ပါလေစ….

  • မီးမီး သော်

    August 17, 2011 at 9:17 pm

    pooch ကမယုံကြည်တဲ့သဘောမျိုးထင်ပါတယ်။ကျွန်မက ကိုယ့်လိပ်ပြာကိုသန် ့ပါတယ်။ဘုရားမကြိ ုက်နတ်မကြိ ုက်တာဘယ်တော့ မှမလုပ်ပါဘူး။အထူးသဖြင့် ကျွန်မတန်ဖိုးထားအမြဲဖတ်ဖြစ်တဲ့ MG ရွာမှာ မဟုတ်မဟပ်တာတွေတင်ပြီး ညှိုးနွမ်းအောင်မလုပ်ဝံ့ပါဘူး

  • pooch

    August 17, 2011 at 9:58 pm

    မဟုတ်ရပါဘူး မီးမီးရယ် ချီးကျူးတာပါ အတွေးနဲ့ အရေးက ကောင်းလို့လေ တမျိုးထင်သွားရင်တောင်းပန်တယ်နော်.. တချို့ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တဲ့အတွေးမျိုးရှိတယ် ကိုယ်တွေ့ မြင်ဖူးတယ် ယုံတယ် အကြွင်းမဲ့ယုံတယ် ..နောက်ကိုယ်လည်းစကားပြောဆင်ခြင်ရမယ် ..တဖက်လူ အတွေးချော်စေမဲ့ အရေးမျိုး ရှောင်ပါ့မယ် သတိပေးတဲ့ အတွက်ကျေးဇူးပါ မီးမီးရယ်…

  • မီးမီး သော်

    August 17, 2011 at 11:23 pm

    ဟုတ်ကဲ့ပါ ကျေးဇူးပါရှင်။နောက်လဲ ကျွန်မကိုယ်တိုင်ရေးကဗျာလေး တင်ဖြစ်အောင်ကြိ ုစားနေပါတယ်။သူ ့ကိုလဲထပ်ရေးဖြစ်အောင် အားပေးနေပါတယ်။သူ ့ဝါသနာလေးကို မြေတောင်မြှောက်ပေးရမယ်လေ

  • ကြောင်ကြီး

    August 18, 2011 at 10:25 am

    ပြောချင်ဘူးကွယ်
    ညီလေးရယ်
    ဦးကြောင်စိတ်ညစ်တယ်..
    မတထောင်ဖွား
    ဆိုစကား
    မင်းတို့လူသား
    လွန်ဂျီးများ..။
    ကိုးတန်းကျောင်းသား
    မောင်လုလင်
    စာကိုကောင်းကောင်းသင်..
    ဂေဇက်ရွာနား
    လာမသွား
    ဖြူစင်စိတ်ကိုထား…။
    ပွားမိပြန်ရင်
    မဆုံးခင်
    ကွန်းမန့်အသစ်မြင်..
    ရေးရင်းရေးရင်
    စိတ်တွေဖောက်
    ဂျော်နီအောင်ပု အခြောက်…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 18, 2011 at 11:17 am

      လိင်တူချစ်သူတွေကို
      အခြောက်လို့ခေါ်တာကို ကန့်ကွက်ပါတယ်
      သဂျီးမင်းခင်ဗျ
      စကားပြော ရုပ်ရင်းကြမ်းတမ်းတဲ့ မန်ဘာ ကိုကြောင်ကြီးကို အရေးယူပါခင်ဗျ
      ပွိုင့်တွေ မီးကုန်ရမ်းကုန် နှုတ်ပြစ်ပါခင်ဗျ
      တစ်ပြားမှ မကျန်အောင်နှုတ်ပြစ်ပါခင်ဗျ

  • မီးမီး သော်

    August 18, 2011 at 11:15 am

    ဟယ် ဦးကြောင်ကြီးက ကဗျာလေးကောင်းကောင်းရေးနေတယ်မှတ်တာ ကိုဂျော်နီအောင်ပု ကိုအခြောက်ကြီးတဲ့။ဘယ်လိုကြောင့်လဲ ဦးကြောင်ရဲ ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 18, 2011 at 11:18 am

    သဂျီးမင်းခင်ဗျ
    ပို့စ်ပိုင်ရှင်ကိုလည်း ကြံရာပါအဖြစ် ပွိုင့်နှုတ်ပါခင်ဗျ

  • မီးမီး သော်

    August 18, 2011 at 11:31 am

    မီးမီး နဲ ့မဆိုင်ပါဘူး ကိုဂျော်နီရယ်နော်။သူ က ကိုဝင်မန် ့သွားတာလေ။ဟုတ်တယ် ဟုတ်။နောက်မပြောတော့ပါဘူး. ဟိ ဟိ။

  • ယမမင်း ကြီး

    August 18, 2011 at 6:53 pm

    မမီးမီး ရေးတဲ့ ပို ့စ်လေး ကောင်းပါတယ်။နောက်လဲ ဝင်ဖတ်ဖြစ်မှာပါ။

  • စုန်းထီး

    August 18, 2011 at 8:53 pm

    ဟိုက် ရွာထဲမှာ ယမ မင်းကြီး တွေရောပါလား …
    ဟိုတစ်လောတုန်းက မှော်ဆရာဆိုတာတောင် တွေ့မိလိုက်ရဲ့
    ရွာတော့ စည်ကားယုံတင်မက ………………… 😛
    ကျုပ်တို့ စုန်းတွေကတော့ ရွာပြင်မှာပဲ နေတယ်ဗျို့ ..

  • windtalker

    August 18, 2011 at 10:06 pm

    မော်မော်သီး အတွက် မေပေါင် ရဲ ့လက်ဆောင်
    ` လောင်ဘု ( မှတ်ချက် အောင်ပု မဟုတ်ပါ )
    အရာရာမှာ အာပလာ
    ဖြစ်ရင် ပြောပါကွာ
    အကြံပါတဲ့ အလုပ်သမား
    မလာပါနဲ ့လား

    အလုပ်ရှင်လည်း မညစ်နဲ ့ကွယ်
    စာနာစိတ်ထားမယ်
    ကစား ကွန်ပျူတာ မြင်ပါလျှက်
    မိတ်ကပ် လွန်လိမ်းတတ်

    ပွဲလမ်းတက်ဖို ့ဖိတ်ပါရှင်

    မမူတိုင်း တက်မယ်ပြင်
    တောက သူ ့လင် မြင်တန်းတွေ ့
    နေမယ် မပြောင်းပါဟေ့ ´
    ဟီဟိ

  • မီးမီး သော်

    August 18, 2011 at 10:59 pm

    အယ် ကိုလေပွကြီးသူ များကိုနော် မော်မော်သီး တဲ့။သေရောဟ။ငါနော် အဖြစ်ကဆိုးပါတယ်။ကိုလေပွက ကိုယ့်အဖြစ်ကို ကိုယ်တိုင်ကဗျာစပ်ထားတာနေမှာ 😉

  • pyinlepyaw

    August 19, 2011 at 12:52 am

    မမီးမီးသော်က facebook အသုံးများတယ်နဲ့တူတယ်၊ အသက်လဲငယ်မယ်ထင်ပါတယ်၊ ရခိုင်မလေးဖြစ်မယ်
    လို့လဲ ခန့်မှန်းမိပါရဲ့၊ ဟုတ်ပါရဲ့လား။

    • မီးမီး သော်

      August 20, 2011 at 9:34 pm

      ဖေ့စ်ဘွခ်မသုံးသလောက်ပါဘဲ။ခုတော့ google plus သုံးကြည့်နေတယ်လေ။ဟုတ်ပါတယ် ကျွန်မအသက်က သုံးဆယ့်တစ်နှစ်ပါရှင်။အသကမမေးပါနဲ ့ ပိုင်ရှင်ရှိပြီးသားနော်။ကိုပင်လယ်ပျော်လား(မပင်လယ်ပျော် ဖြစ်နေရင်)မသိ။ကျွန်မက ဒွါရာဝတီ ဇာတိပါရှင်။ထပ်တော့ မမေးတော့နဲ ့ဖြေနိုင်တော့ဝူးးးးး

    • မီးမီး သော်

      August 20, 2011 at 9:35 pm

      ဖေ့စ်ဘွခ်မသုံးသလောက်ပါဘဲ။ခုတော့ google plus သုံးကြည့်နေတယ်လေ။ဟုတ်ပါတယ် ကျွန်မအသက်က သုံးဆယ့်တစ်နှစ်ပါရှင်။အသက်ကမမေးပါနဲ ့ ပိုင်ရှင်ရှိပြီးသားနော်။ကိုပင်လယ်ပျော်လား(မပင်လယ်ပျော် ဖြစ်နေရင်)မသိ။ကျွန်မက ဒွါရာဝတီ ဇာတိပါရှင်။ထပ်တော့ မမေးတော့နဲ ့ဖြေနိုင်တော့ဝူးးးးး

  • ယမမင်း ကြီး

    August 20, 2011 at 6:48 pm

    အင်း ကိုပင်လယ်ပျော် ဆိုတဲ့တိုင်းဘဲ အကုန်လိုက်စပ်စုမနေနဲ ့၊ပင်လယ်နားက ရခိုင်သူဆိုရင် တော့မချောလောက်ပါဘူး၊ကဲ ဒီလောက် စပ်စုရအောင် ကိုပင်လယ်ပျော်က အင်းစိန် CID ကထင်ပါတယ်။ငါကိုယ်တော် ယမမင်း မှတ်သားထားလိုက်ပါမယ်။ငရဲရောက်မှရှင်းပေတော့ ဟားးးးးးဟားးးး

Leave a Reply