မဆုံးတဲ့…..သီချင်း—၂၅
နေဝန်းနီက နေ့လည်ခင်းက ဆရာ သိန်းထွန်း ပေးလိုက်တဲ့စာရွက်လေးကို မိမာကိုပေးလိုက်တယ်..။ မိမာက ကြည့်ရင်းနဲ့ —
“ နှစ်ပုဒ်ထပ်ကျက်ရဦးမယ ကျန် တာတွေက ကျက်ပြီးသား …..နင်ကော”
“ မကျက်တော့ဘူးဟာ….။ လေးပုဒ် ကျက်ပြီးသား တော်ပြီ လေးပုဒ်ဆိုရင်… အောင်မှတ်ထက် အများကြီး ပိုနေပြီ… တော်ရောပေါ့…။”
နေဝန်းနီ ကအဲဒိလိုအကောင်…။ မိန်းကလေးနဲ့ ယောက်ျားလေး ကွာခြားတာလဲ ဒါပါပဲ..။ နှစ်ယောက်စလုံး စာမေးပွဲအောင်ချင်တာပဲ..။ အောင်ဖို့လည်း စာကျက်နေတာပဲ..။ ပြီးတော့ ဒီစာမေးပွဲက ဘာမှလုပ်လို့မရဘူးဆိုတာလည်း သိနေကြတာပဲ..။ အဲဒိလို အတွေးတွေနဲ့ ကြိုးစားချင်စိတ်ကို ချိုးပစ်လိုက်တာ…။ ဒါပေမဲ့ မိမာက မေးသမျှ အားလုံးကိုဖြေချင်တယ်..။ ဒါမှအောင်မှတ်သေချာမယ်ပေါ့…။ နေဝန်းနီ က တစ်ပုဒ်ချင်း ပိုင်ပိုင်နိုင်နိုင် ဖြေဖို့ပဲ အားထုတ်တယ်..။ စာတစ်ပိုဒ်ကို အမှတ်နှစ်ဆယ်ပေးရင် အနဲဆုံး ဆယ့်ငါးမှတ်ရအောင်ဖြေတယ်..။ မဖြီးဘူး…။ မိမာက ဝေဝေဝါးဝါးနဲ့ သူဖြေလိုက်တာက ဆယ်မှတ်ပဲရချင်ရမယ်..။ ငါးမှတ်ဖြစ်ချင်လည်း ဖြစ်သွားမယ်..။ ဒါကြောင့် အပုဒ်တိုင်းဖြေနိုင်မှ အောင်မယ်ထင်တယ်..။ အဲဒိတော့ သူရတယ်ပြောတာနဲ့ နေဝန်းနီ ကျက်ပြီးနဲ့ တိုက်ကြည့်တော့ သူကရတယ်ပြောတာ နေဝန်းနီ မကျက်ရသေးဘူး…။ မကျက်ရသေးတာမဟုတ်ဘူး..။ ဖယ်ထားခဲ့တာ..။ မေးလာလည်းမဖြေဘူး ဆိုပြီး ချန်ကိုထားခဲ့တာ…။ မေဂျာက မုတ်သုန်အာရှ နဲ့ မြန်မာနိုင်ငံလေ…..။ မုတ်သုန်အာရှ အပိုင်းကို ပဲ အပီ ကျက်ထားပြီး မြန်မာနိုင်ငံ အပိုင်းကို လွှတ်ခဲ့တာ…။ သင်ရိုးမှာက မုတ်သုန်အာရှက 10 ပုဒ် မြန်မာနိုင်ငံ အပိုင်းက 5 ပုဒ်ပဲရှိတာ…။ ဒီတော့ 10 ပုဒ်ရှိတဲ့ အပိုင်းက 3ပုဒ်မေးခွန်းထဲမှာ ပါရမယ်ပေါ့…။ အဲဒိ 10 ပုဒ်ကိုပဲ အပိုင် လုပ်ထားတာ..။ မေးမှာက ငါးပုဒ်ရယ်လေ…။ သုံးပုဒ်ဖြေနိုင်ရင်အောင်မှတ် သေချာတယ်ပေါ့..။ အဲဂလို တွက်ပြီးသား…။
“ အေးပါဟာ… နင်တို့ ကိုတော့ အားကျတယ် သိလား..။ စာမေးပွဲတွင်းမှာတောင် အေးအေးဆေးဆေးနဲ့ အရက်သောက်မပျက်ဘူး..။ ငါတို့ မတော့ ခေါင်းပူအောင် ကျက်လိုက်ရတာ…။ ခေါင်းကပူ ဖင်ကပူ နဲ့ ခြင်ကကိုက်သေးတယ်..။ ခြင်ကိုက်ရင် ခြင်ကပိုကိုက်သလိုပဲ..။”
မိမာ ကနောက်ဆုံးကောက်ချက်ချပါတယ်..။
“ ခြင်ကိုက်ရင် ခြင်ထောင်ထဲ ဝင်ကျက်လေ…။”
ကိုမြင့်ဇော်က ဝင်ပြောတော့
“ အံမေလေးးးး မီးက မလာရင် ဖယောင်းတိုင်နဲ့ ကျက်ရတာ..။ ခြင်ထောင်ထဲ ဝင်ကျက်လို့ မဖြစ်ပါဘူး..။ မနေ့ည ကတောင် ကောင်မလေးတစ်ယောက် စာကျက်ရင်း အိပ်ငိုက်သွားတာ ဆံပင်တွေ မီး မြိုက်သွားလို့…”
အဲဒိအခါမှ … .သူတို့ကိုမိတ်ဆက်ပေးဖို့ သတိရတာနဲ့ မိတ်ဆက်ပေးလိုက်တယ်…။
“ မိမာ သူက ကိုမြင့်ဇော်…။ အီးမေဂျာ ဒျတိယနှစ်…။ သူက ကိုမျိုး အိုင်အာ..က ဒါက မိမာ ကျွန်တော်နဲ့ တစ်ခုံထဲကျတဲ့ ဘော်ဒါ အသစ်”
လို့ ပြောလိုက်တော့ ကိုမျိုးက
“ ဒီနေ့ သချင်္ာ ဖြေခိုင်းခဲ့တာလည်း ထည့်ပြောဦး ….မိမာရေ… နောက်လုပ်မပေးနဲ့ ဒီအကောင်က သိမိငါးကျပ် ကပ်မိတစ်ဆယ် ဆိုတဲ့ အကောင်…ရယ်…သိလား….”
လို့ ဝင်ပြောတော့ ကိုမြင့်ဇော်က
“ ဒါက ကချင်စကားလား ? သိမိငါးကျပ် ကပ်မိတစ်ဆယ် ဆိုတဲ့စကားက”
ဆိုတောက လေးယောက်သား ရယ်မိကြတယ်..။
“ အေးပေါ့ ကချင်ကလည်း ကမ္မဝါ ဖတ်ချင်ဖတ်မှာပေါ့…။ ကြည့်ပါဦး တစ်ကယ်မေဂျာတွေ ရထားပြီးတော့ အရက်သောက်ရင်း စာမေးပွဲနေသတဲ့..။ ခိုးချဖူး သလား?”
မိမာက တစ်အံ့တစ်ဩ ပြောတယ်…။ ခိုးချဖူးလားတဲ့..။ ခိုးချတာလားလို့ မမေးရဲလို့ မေးခွန်းလွှဲလိုက်တာပါ..။
“ အံမာလေးးးး ဘုရားပေးပေး ကျမ်းပေးပေး ပါနော်..။ ကိုယ်တို့က အရက်သောက်ပြီးမှကို စာကျက်လို့ရလို့ပါ..။ တစ်ခါမှ ခိုးလည်း မချဘူးပါဘူး သူများလည်း မဖြေခိုင်းဘူးပါဘူး…။
ကိုမြင့်ဇော်က အဲဒိလိုပြောလိုက်တော့
“ အဲ….”
တဲ့ …။ ရှစ်နာရီ ထိုးတာနဲ့ အဆောင်ပိတ်ချိန်ရောက်နေတာကို သတိရပြီး ပြန်လာခဲ့ကြတယ်…။ လမ်း80 အတိုင်းမြောက်ဘက်ကို ပြန်လျှောက်လာခဲ့ကြတယ်..။ မူးလာတာလည်း စောစောက မိုးရေနဲနဲ စိုလိုက်တာနဲ့ ပြေသလိုလိုဖြစ်သွားတယ်……။ ကိုမြင့်ဇော်ကတော့ မိမာဆီက သနပ်ခါးနံ့ရလို့ အရက်မူးတာပြေသွားတာတဲ့…။ အပြန် လမ်းကျမှပြောတာပါ…။ ဒီတော့ ကိုမျိုးက ရယ်နေတယ်…။ 35 လမ်းမှာ ဂုံးကျော် တံတားမရှိသေးဘူး..။ မီးပွိုင့် တော့ရှိတယ်လေ…။ 35 လမ်းကို ကျော်တော့ ကျောင်းကိုရောက်ပြီလေ…။ မီးက အမြဲတမ်းမှောင်နေတာ…။ ကျောင်းရှေ့မှာ…။ လမ်း30 အထိ မသွားတော့ဘူး..။ 35 လမ်းပေါ်ကပဲ…။ ကျောင်းတောင်ဘက်က လမ်း80 နဲ့ 81 လမ်းကြားထဲက စင်းရှင်း ဆိုင်ရှေ့ကိုရောက်တော့ ကိုမျိုးက ခြေလှမ်းပျက်နေတယ်..။ ကိုမြင့်ဇော်က နေဝန်းနီကို မျက်စ ပြစ်ပြတယ်..။ ဘယ်လိုလဲပေါ့…။တဲ့။ နေဝန်းနီက ဘာမှပြန်မပြောတာ့ဘဲ ဦးဆောင်ပြီး ဝင်လိုက်တယ်..။ ဘီအီး တစ်လုံးနဲ့ အစိမ်းကြော် တစ်ပွဲမှာလိုက်တယ်..။ ကိုမျိုးက ခေါက်ဆွဲ ထပ်မှာတယ်..။ နှစ်ပွဲတဲ့..။ လုပ်လိုက်ပေါ့ ..။ ထမင်းလွတ် သောက်မယ်ပေါ့…။ ဟုတ်တယ်လေ..။ နေရတာက ဗလီ ဝန်းထဲမှာဆိုတော့ အမဲသားချည့် နေတိုင်းစားနေရတာ..။ ဒီနေ့ အဆောင်မှာ ထမင်းမစားတော့ဘူးပေါ့…။ အဲဒိလိုနဲ့ … အဲဒိလိုနဲ့..။
နေဝန်းနီ