သတင်းစာတွင် VOA.BBC ရန်တိုက်ပေးနေသည်ဆိုသော စာသားများမပါဝင်တော့
ကျွန်မတို ့အိမ်သည် နေ ့တိုင်းကြေးမဲုံသတင်းစာယူပါသည်။ အစိုးရသတင်းများဖတ်ချင်သောကြောင့်တော့ မဟုတ်။
သာရေး၊နာရေးနှင့်ပတ်သတ်ပြီး အိမ်ရှိအဘိုးက သိချင်ယုံသက်သက်ကြောင့်သာဖြစ်သည် ။
ထိုသတင်းစာတွင် ထုံးစံအတိုင်း ဘယ်သူဘယ်သွား၊ ဘာလုပ်၊ ဘယ်လိုညွှန်ကြားသည်ဆိုတာသာပါသည့်အတွက်
ကျွန်မကစိတ်မဝင်စားလှပါ။ သို ့သော် ကြေးမုံ၊ မြန်မာ့အလင်းနှင့် မြဝတီ၊မြန်မာ့အသံအစရှိသော သတင်းဌာနများတွင်
တို ့တွင် VOA.BBC ရန်တိုက်ပေးနေသည်။RFA.DVBသွေးထိုးနေသည်။
အကောက်ကြံ ခလောက်ဆန် လေလှိုင်းသံ လူသတ်သမားနားမယောင်လေနဲ ့သတိထားဆိုသော စာသားများကို
နေ ့စဉ် သတိပြုမိပါသည်။မကြည့်ချင်သော်လည်းမြင်နေရသည်။ မကြားချင်သော်လည်း ကြားနေရသည်။
သို ့သော်၁၆၊၈၊၂၀၁၁အင်္ဂါနေ ့မှအစပြုပြီး အစိုးရပိုင် သတင်းစားများတွင်တော့ထိုု စာသားများမပါရှိတော့တာကို
သတိပြုမိသည်။ အဘယ့်ကြောင့်ဆိုတာတော့ နားမလည်သေးပါ။ယခင်ကလို သတင်းကြေညာပြီးချိန်တွင်
ပြောသေးသလားဘာလားတော့ သတင်းနားမထောင်သည်မှာ အတော်ကြာပြီဖြစ်သဖြင့် မသိသေးပါ။
ဒီနေ ့တော့ သတိထားကြည့်လိုက်ပါဦးမည်။
ယခင်ကလို အနောက်တိုင်းသတင်းဌာနများကို ရှူံ ့ချသော စာမျက်နှာမပါရှိတော့ပုံကို အောက်ပါလင့်၏
နောက်ဆုံးစာမျက်နှာကို ကြည့်ရှူနိုင်ပါသည်။
Array
3 comments
Thanlwinoo
August 18, 2011 at 1:30 pm
အကျိုးမရှိ၊ အပေါစားဆန်ပြီး ကျက်သရေမရှိတဲ့ စာသားတွေ နည်းသွားတာပေါ့…။
မီးမီး သော်
August 18, 2011 at 4:53 pm
အရှက်တော့နည်းနည်းရှိလာပုံရပါတယ်။သွားပုပ်လေလွင့်လျှာအရိုးမရှိစော်ကားလာတာနှစ်ပေါင်းမနည်းတော့ဘူး။မအေရိုးတွေ —ရေခုမှ နည်းနည်းကောင်း စပြ ုလာတယ်ဆိုရမလိုပါ။
KoKyiTun
August 18, 2011 at 8:18 pm
ဟုတ်ပဗျ …ခင်ဗျားပြောမှပဲ ကြည့်မိတော့တယ် မတွေ့တော့ဘူးဗျ ကောင်းတာပေါ့ဗျာ စာမျက်နာပိုထွက်လာတာပေါ့