သီတဂူနိဒါန်း

jackyangonMay 11, 20101min651

သီတဂူဆရာတော်၏ အတွေ့အကြုံများကား လွန်စွာ စိတ်ဝင်စားစရာ
ကောင်းလှ၏။လူငယ်တို့အတွက် အတုယူဖွယ်တို့
ပြည့်နှက်နေ၏။အတွေးအမြင်စာစောင်တွင် ဖော်ပြခဲ့သော ဆရာဘိုးလှိုင်၏
“သီတဂူဆရာတော်”ဆောင်းပါးများကို လေ့လာဖတ်ရှုသင့်၏။ဆရာတော်၏ ၂၄နာရီပတ်လုံး
သာသနာတော်အတွက် ဆောင်ရွက်နေပုံများမှာ အင်မတန် ကြည်ညိုစရာပါ။
သီတဂူစာစဉ် ၁ မှာပါရှိသော ဆရာတော်၏စာတန်းကလေးအကြောင်းကို
ပြန်လည်မျှဝေလိုပါသည်။ဆရာတော်၏ ပညာရှာပုံကို တစေ့တစောင်း
အကဲခတ်နိုင်ပါလိမ့်မည်။အားကျကြည်ညိုရုံသာမက အတုယူ ကျင့်ကြံကြဖို့လည်း
တိုက်တွန်းလိုပါသည်။

မိမိသည် အစိုးရ ဓမာစရိယအတန်းကို အောင်ပြီးသောအခါ ကမ~ဘာသို့ လှည့်လည်ရျ် မြတ်ဗုဒ္ဓဒေသနာတော်များကို
ဟောပြောချင်လှသောကြောင့် ရန်ကုန်မြို့ ကမ~ဘာအေးကုန်းမြေ သံဃတကသိုလ်သို့
ဝင်ရောက်ရ အင်္ဂလိပ်စာနှင့် အခြားလောကီပညာများကို သင်ကြားခဲ့သည်။
သုံးနှစ်မျှသင်ကြားခဲ့ရပြီး သုံးနှစ်မျှ
အဆက်ပြတ်သွားပါသည်။အဆက်ပြတ်ခဲ့ရသည့် သုံးနှစ်အတွင်း
မြန်မာ့ကျေးလက်တောရွာရှိ ဆင်းရဲနွမ်းပါးသော ကလေးတို့အား ပညာသင်ပေးခြင်း
ဗုဒ္ဓဘာသာ အခြေခံ ယဉ်ကျေးမှုများကို သင်ပြခြင်းဖြင့် အချိန်ကုန်ခဲ့ပါသည်။
ထိုပရဟိတလုပ်ငန်း၏ သုံးနှစ်ခရီး ပြီးဆုံးသောအခါ စစ်ကိုင်းတောင်ရိုး
အနီးစခန်းဆရာတော်၏ ခြေတော်ရင်းသို့ ဝင်ရောက်ခိုလှုံခွင့် ရခဲ့ရာ
အင်္ဂလိပ်စာနှင့် ပြန်လည်ဆက်သွယ်ခွင့် ရခဲ့ပြန်ပါသည်။
အနီးစခန်းဆရာတော်၏ ခြေတော်ရင်းတွင် ငါးနှစ်မျှကာလပတ်လုံး ဝိသုဒ္ဓိမဂ်နှင့် မိလိန္ဓပဥှာတို့ကို
အင်္ဂလိပ်ဘာသာဖြင့် လေ့လာခွင့်ရခဲ့ပြီး တောရဆောက်တည်ခြင်း တရားဟောခြင်းဖြင့်
ကျင်လည်ခြ့ရပြန်လေရာ အင်္ဂလိပ်စာနှင့် တဖန် အဆက်ပြတ်ခဲ့ ရပြန်ပါသည်။
ကမာလှည့်မည် ရည်ရွယ်ချက် မပျောက်ပျက်သော်လည်း တကယ်လှည့်နေရသည်ကား
ကမာမဟုတ်၊ မြန်မာပြည်သာ ဖြစ်နေခဲ့ပါသည်။၁၃၃၈ခုနှစ်တွင် သီတဂူချောင်ကို
တည်ထောင်သည်မှစပြီး မလွန်ဆန်လှူတရားပွဲ သီတဂူ ရေအလှူတရားပွဲများကို
ဟောပြောရင်း နေ့ပွဲ ညပွဲ နှစ်ပေါက်ဟောလျက် မြန်မာပြည်ထောင်စုတခွင်
ကျေးလက်တောရွာ တောင်ကြားချောင်းကြားများပါမကျန် လှည့်လည်နေခဲ့ရပါသည်။

နည်းစံနစ်နဲ့ အခွင့်ရေးတရပ်
မိမိ၏ အင်္ဂလိပ်စာ အခြေခံကို ဆရာဦးမောင်မောင်ကြီး၊ဆရာဦးဖေအောင် M.A,M.S.
၊ဆရာဦးလှမောင် M.A,M.S. B.L. ၊ဆရာ ဦးစပ်ထွန်းမှတ်ဝင်း M.A,M.S,A.M
တို့ထံမှ ရရှိခဲ့ပြီး သာသနာပြုနည်း (Missionary Method) ကို ကမ~ဘာ့
ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလထံမှ ရရှိခဲ့ပါသည်။
၁၉၈၂ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ အင်္ဂလိပ်ဗုဒ္ဓဘာသာဝင် တပည့်များနှင့် အင်္ဂလန်ရောက် မြန်မာဗုဒ္ဓဘာသာဝင်များက
ပင့်လျှောက်သဖြင့် ဆရာတော်အရှင်သေဋ္ဌိလသည် အင်္ဂလန်နိုင်ငံသို့ ြွကွ ရောက်မည့်
အစီအစဉ်တခု ဖြစ်ပေါ်လာခဲ့လေသည်။
သက်တော် ရှစ်ဆယ်ကျော်ပြီဖြစ်သော ဆရာတော် အရှင်သေဋ္ဌိလအတွက် အခြံအရံ ရဟန်းငယ်တပါး လိုက်ပါဖို့ရန် လိုအပ်သဖြင့်
မိမိလိုက်ပါခွင့် ရခဲ့လေသည်။ဆရာတော် အရှင်သေဋ္ဌိလမှာ အင်္ဂလန်နိုင်ငံတွင်
၁၆နှစ်မျှနေပြီး သာသနာပြုခဲ့သည်ဖြစ်ရာ ဆရာတော်ကြီးနှင့် လိုက်ပါရမည့်
မိမိအဖို့ ထူးမြတ်သည့် အခွင့်အရေးတရပ် ဖြစ်သဖြင့် အတိုင်းမသိ
ဝမ်းမြောက်နေရသည်။

ရေမကူးတတ်သူ မြစ်ထဲကျသလို
မိမိသည် အင်္ဂလိပ်စာကို ပြတ်တောင်းပြတ်တောင်း သင်ခဲ့ရပြီး မြန်မာ့တခွင်
မြန်မာ့ပလ~လင်မှာသာ နေ့ရောညဉ့်ပါ ကျက်စားနေခဲ့သူအဖို့ အင်္ဂလိပ်တို့အား
အင်္ဂလိပ်ဘာသာဖြင့် တခါဘူးမျှ တရားမဟောဘူးသည့်အတွက် နိုင်ငံရပ်ခြား
တိုင်းတပါးသို့ သွားဖို့ရန် ငြင်းဆန်ရင်းနှင့် ရင်တွေခုန်ခဲ့ရပါသည်။
တဖြည်းတဖြည်း သွားရက်နီးလာသောအခါ ဆရာသမားများအား ကိုယ်တိုင် နှုတ်ဆက်ရင်း သံဃတကသိုလ်
အုပ်ချုပ်ရေးမှူးဟောင်း ဆရာဦးမောင်မောင်ကြီးနှင့်တွေ့ရာ ဆရာက
“ဆရာတော်….အင်္ဂလန်ရောက်ရင် အင်္ဂလိပ်တေါနဲ့ စကားပြော တရားဟော
တရားဆွေးနွေးတဲ့အခါ ရေကူးမတတ်တတ်လူတယောက် မြစ်ထဲ လိမ့်ကျသလို နေမှာပဲ”ဟု
ပြောလိုက်ပါသည်။
မိမိက ဆရာအား“ဘုန်းကြီး မကူးတတ်ပေမယ့် အင်္ဂလိပ်ရေကူး ကျွမ်းကျင်တဲ့ ဆရာတော်ကြီး ရှိပါတယ်။ဆရာတော်ကြီးက ရှေ့က ကူးသွားလျှင်
ဘုန်းကြီးက နောက်ကနေ ဆရာတော်ကြီးရဲ့ သင်္ကန်းစ
ဆွဲကိုင်လိုက်ရုံပေါ့။ဒီလိုဆို ရေမနစ်နိုင်ပါဘူး ဆရာ”လို့
ပြန်ပြောလိုက်ပါသည်။

ထွက်ခွါကြပြီ
၁၉၈၂ခုနှစ် ဇူလိုင်လ ၉ရက်နေ့တွင် မိမိသည် ဆရာတော် အရှင်သေဋ္ဌိလ၏ နောက်တော်က လိုက်ပါလျက်
ရန်ကုနမြို့မှ ဘန်ကောက်မြို့သို့ စတင်ခရီးထွက်ပါသည်။
၁၉၈၂ခု ဇူလိုင်လ ၉-၁ဝရက်၂ည ဘန်ကော်မြို့နှင့် ၁၁-၁၂ ရက် ၂ညကို ကိုလံဘိုမြို့တွင်
ရပ်နားခဲ့ပြီး ၁၃-၇-၈၂ နေ့ ည၁၁နာရီမှာ လေယာဉ်ဖြင့် လန်ဒန်မြို့သို့
ထွက်ခွါခဲ့ကြရာ ၁၄-၇-၈၂ နေပ န့နက် ၉နာရီမိနစ်သုံးဆယ်တွင် လန်ဒန်မြို့သို့
ဆိုက်ရောက်ကြပါသည်။

ဒကာမကြီး ဒေါ်အီဂယ်လ်၏ ဗုဒ္ဓဘာသာ အဆင့်အတန်း
လန်ဒန်မြို့လေဆိပ်တွင် Mr. Davidson နှင့် Mrs.Iggleden BBCမောင်ချိုပြုံး(ဦးခင်)တို့က
ကြိုဆိုကြပါသည်။လန်ဒန်မှ ၃၆မိုင်ခန့်ဝေးသော Reading မြို့အနီး
Waltham,St.Lawrence ရွာရှိ Mrs.Iggleden တို့အိမ်တွင်
တည်းခိုနေထိုင်ကြရပါသည်။ဧည့်ခန် ဘုရားခန်း စာကြည့်တိုက်တို့ဖြင့်
ပြည့်စုံသော အိမ်ကလေးကို ဒကာမကြီးကိုယ်တိုင်က “ကျောင်းအဖြစ် လှူပါ၏”ဟု
လျှောက်ထားသဖြင့် ဒကာမကြီး ဒေါ်အီဂယ်လ်ဒန်၏ ဗုဒ္ဓဘာသာ အဆင့်အတန်းကို
သိရှိနိုင်ပါသည်။

ဝိဘင်းကျမ်းကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည့်နေရာ
အိမ်ကလေးကို(The Lodge)ဟု အမည်ပေးထားပါသည်။သည်ရွာနှင့် သည်အိမ်ကလေးတွင် ဆရာတော်ကြီး
ဦးသေဋ္ဌိလသည် နှစ်ဝါ သီတင်းသုံးပြီး ဝိဘင်္ဂကျမ်းဘကီးကို အင်္ဂလိပ်ဘာသာ
ပြန်ဆိုခဲ့ရာ ဖြစ်သဖြင့် ဘူမိနက်သန်မှန်လှပေသည်။
ဂျုံ ပဲ ပန်း ပန်းသီးပင် စသော စိုက်ပျိုးရေးသမား လယ်သမားတို့၏ ရွာကလေးဖြစ်သဖြင့်
ကျေးလက်ကို ကြိုက်သော ဘုန်းကြီးအဖို့ ရမဏိယဖြစ်ပါသည်။ထိုရွာကလေးသည်
လန်ဒန်မြို့မှ ၃၆မိုင် ဘာမင်ဂန်မြို့မှ မိုင်တရာခန့် ဝေးသဖြင့်
အင်္ဂလန်၏မြို့ကြီးများတွင် သုတေသနပြုလိုသော မိမိအဖို့ မချင့်မရဲ
ရှိလှပါတော့သည်။
သို့ဖြစ်ရွေ့ ၁၃-၈-၈၂ နေ့တွင် အင်္ဂလန်အလယ်ပိုင်း ဘာမင်ဂန်မြို့ ဗုဒ္ဓဝိဟာရသို့ ပြောင်းရွှေ့ခဲ့ပါသည်။ဆရာတော်ကြီး
ဦးသေဋ္ဌိလနှင့် မြောင်းမြဦးဉာဏိကတို့သည် ထိုရွာ ထိုကျောင်းကလေးမှာပင်
သီတင်းသုံးနေရစ်ကြပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးခွင့်မရခဲ့သည့် အင်္ဂလိပ်ဘာသာ
ဘာမင်ဂန်မြို့ ဗုဒ္ဓဝိဟာရသို့ ရောက်သောအခါ နေ့စဉ် ဆွေးနွေးပွဲ ဟောပြောပွဲ ကမဋ္ဌာန်းသင်တန်း
အဘိဓမာသင်တန်း စသည်တို့နှင့် ရင်ဆိုတိုးရပါတော့သည်။ပိုပြီး
စိတ်ဝငစားဖွယ်ကောင်းသည်ကား ဘာမင်ဂန်တကသိုလ်မှ စီစဉ်သော Multi Faith
Seminar ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲနှင်ပ ဆရာတော်ကြီးများ ကျင်းပသော
အောက်စဖို့ဒ်မြို့က အဘိဓမာနှီးနှောဖလှယ်ပွဲများဖြစ်ပါသည်။
ဟောပြောပွဲတိုင်း ဆွေးနွေးပွဲတိုင်းများမှာပင် အကြောင်းအရာနှင့် ဘာသာရပ်တို့မှာ မည်သို့မျှ
အခက်အခဲမရှိ။rမိမိတို့ နိုင်နင်းကျွမ်းကျင်ပြီးသားများဖြစ်ပါသည်။
သို့သော် အင်္ဂလိပ်စကားနှင့် အသံတို့မှာ မြန်မာပြည်တွင် ရင်းနှီးခွင့် မရသည့်အတွက်
အခက်အခဲ များစွာတွေ့ရပါသည်။အဓိပ္ပါယ်နှင့် စကားလုံးတို့ကို သိါသော်လည်း
ရုတ်တရက် နှုတ်မှ ထွက်မလာခြင်း ထွက်လာပြန်သည့်အခါ အသံထွက် မမှန်ခြင်း
ပိုခက်သည်ကား အင်္ဂလိပ်တို့ ပြောသည့်အသံကို လျင်မြန်စွာ စကားလုံးစေ့
နားမလည်ခြင်းပင် ဖြစ်ပါသည်။

ကျောင်းအုပ်ကြီး၏ စေတနာ
သို့ဖြစ်ရွေ့ အင်္ဂလိပ်စာနှင့် စကားပြော အသံထွက် မွမ်းမံသင်တန်းတခုသို့ တက်ရောက်ရန် စီစဉ်ရပါသည်။
၁၄-၉-၈၂ နေ့မှစပြီး Brass House Centre အင်္ဂလိပ်စာ အထူးသင်တန်းကျောင်းသို့
ဝင်ရောက်ကြပါသည်။ ထိုကျောင်းကို ခရစ်ယာန်သီလရှင်များက
ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိန်းဘရစ်ချ် တကသိုလ်ဝင်အတွက်
ကြိုတင်ပြင်ဆင်ပေးသော ကျောင်းဖြစ်ပါသည်။
ဆယ်ပတ်သင်တန်းအတွက် အင်္ဂလိပ်ငွေ ၄၅ပေါင် ပေးရပါသည်။သို့ရာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများ ၎င်းတို့ကျောင်းတွင်
ဝင်ရောက် ကျောင်းတက်နေသည်ကို သိသော ကျောင်းအုပ်ဆရာကြီးက ကျောင်းလခကို
ဆယ်ပတ်အတွက် ၄ပေါင်ခွဲမျှသာ ယူပါသည်။

ဆရာမလေး ဂျူလီယာ(Julia)
ဗုဒ္ဓဘာသာ ဘုန်းဘကီးမှန်း သိသွားသည့် အကြောင်းမှာ ထိုကျောင်းမှ ဆရာမလေးတယောက်က
ကြာသပတေးနေ့တိုင်း ဗုဒ္ဓဝိဟာရ (ဘာမင်ဂန် မြန်မာကျောင်း)သို့ လာရောက်ပြီး
ကမဋ္ဌာန်းသင်တန်း တက်ရောက်နေသောကြောင့်ဖြစ်ပါသည်။သူမ၏ အမည်မှာ Julia
ဖြစ်ပါသည်။
ဂျာမန်စကားကို နိုင်နင်းစွာ တတ်မြောက်ပါသည်။သူမသည် ၎င်းတို့ကျောင်းတွင် အင်္ဂလိပ်စာနှင့် ဂျာမန် ၂ဘာသာ သင်ပြရပါသည်။ဗုဒ္ဓ အဘိဓမာ
ကမ~ဋ္ဌာန်းတို့ကို အလွန်စိတ်ဝင်စားသူဖြစ်သည်။
သို့ဖြစ်ရွေ့ သူတို့ ကျောင်းမှာ ဆရာဖြစ်ပေမယ့် ဘုန်းကြီးတို့ ကျောင်းတွင်မူ သူသည် တပည့် ဖြစ်ပါသည်။

နိုင်ငံစုံမှ ကျောင်းသားကြီးများ
ကျောင်းသို့ မဝင်မီ ကျောင်းဝင်စာမေးပွဲအဖြစ် အင်္ဂလိပ်ဘာသာ မေးခွန်းလွှာကလေးများ ပေးပြီး
အရည်အချင်းကို စစ်ဆေးပါသည်။မိမိမှာ A Level တွင် ၆ခုမြောက် အတန်းမှ
စတင်ဝင်ရောက်ခွင့် ရပါသည်။သင်တန်းသားပေါင်း ၂၃ယောက်ရှိပါသည်။အားလုံး
နိုင်ငံခြားသားများချည်း ဖြစ်ကြပါသည်။
ပြင်သစ် ဂျာမနီ ပိုလန် ဟန်ဂေရီ စပိန် ဂရိ ဆိုက်ပရပ် အီတလီ အီဂျစ် အီရန် ပါကစ်စတန် ဗီယက်နမ် စသော
နိုင်ငံများမှ ကုန်သည်များ ကျောင်းသားများ ဆရာဝန်များ
ဘွဲ့လွန်သင်တန်းသားများ ခိုလှုံသူများ စသည်ဖြင့် နိုင်ငံပေါင်းစုံမှ
လူမျိုးပေါင်းစုံ ပါဝင်ကြပါသည်။

သင်္ကန်းရုံမပျက် ကျောင်းသို့တက်
၁၄-၉-၈၂ နေ့မှစပြီး တက်ရောက်ကြရပါသည်။သင်တန်းချိန် မှာ နံနက် ၉နာရီမှ ၁၁နာရီထိ
ဖြစ်ပါသည်။နိုင်ငံစုံမှ လူမျိုးစုံတို့နှင့် ရောနှော သင်ကြားကြရရာ
အင်္ဂလိပ်စကား အသံထွက်မှာ အသံစုံ ဖြစ်နေပါသည်။
ပထမပတ်လောက်တွင် ဆရာပြောသည့်အသံ အချင်းချင်း ပြောသည့် အသံများကို နားလည်အောင်
အတော်ကြိုးစားရပါသည်။တခါတရံ ဆရာပြောသွားသည်ကို နားမလည်လိုက်သည့်အတွက်
ဘာလုပ်ရမှန်း မသိသည်များလည်း ရှိခဲ့ပါသည်။၂ပတ်လောက် တက်မိမှ
ချောမွတ်လာပါသည်။
သင်္ကန်းရုံမဖျက် စာသင်ခန်းဝင်သည်ဖြစ်ရာ အတန်းသား တော်တော်များများက စိတ်ဝင်စားကြသော်လည်း မမေးကြပါ။ဗုဒ္ဓဘာသာ
ရဟန်းတပါးဟုလည်း မသိကြပါ။ဗီယက်နမ် ကျောင်းသားများကသာ ဗုဒ္ဓဘာသာ ရဟန်းတော်ဟု
သိရှိကြပါသည်။

သူတို့ အံ့အားသင့်သွားကြတယ်
၅ပတ်မျှ သင်ယူပြီးသောအခါ သူတပါး ပြောသည်ကိုလည်း လျင်မြန်စွာ နားလည်ပြီး မိမိကလည်း
အတော်သွက်လက်စွာ ပြောနိုင်လာပါသည်။၅ပတ်ကျော်သော တနေကတွင် အတန်းပိုင်ဆရာက
အတန်းသား အားလုံးတို့အား “ကိုယ့်ဘဝအကြောင်း”(About Myself)ကို ပြောရမည်ဟု
ဆိုပါသည်။
နိုင်ငံအသီးသီးမှ အတန်းသားအသီးသီးတို့သည် မိမိတို့တိုင်းပြည် လူမျိုးဘာသာ စသည့် ကိုယ့်အတ္တုပ္ပတ္တိကိူ ကိုယ်တတ်သော အင်္ဂလိပ်စကားဖြင့်
ကြိုတင်ရေးသားခြင်းမရှိ ပြောကြရပါသည်။
မိမိအလှည့်သို့ ရောက်သောအခါ I am from Burma.I am Burmese Buddhist monk ဟု စတင်ပြောလိုက်ရာ Oh Are you
Buddhist monk? ဟု သင်တန်းသားအားလုံး၏ အာမေဋိတ်အသံကား စာသင်ခန်းတခုလုံး
ဆူညံသွားပါသည်။ကိုယ်တိုင် ပြောပြမှသာ သူတို့အားလုံး ဗုဒ္ဓဘာသာ ရဟန်းတပါးကို
သိရှိသွားကြပါသည်။

ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒ
ထိုအခါ ရှေ့ဆက်ပြောဖို့ရန် ဘာသာရပ် ပြောင်းရပါသည်။မိမိအကြောင်းကို မပြောရတော့ပါ။What is Buddhist
nonk? Who is Buddha? ဆိုသော မေးခွန်းများ တခုပြီးတခု ဆက်တိုက်
ရောက်လာပါတော့သည်။
သို့ဖြစ်ရာ မိမိအကြောင်း ပြောမည့်အစား ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ အကြောင်းကို ပြောခွင့်ရလိုက်သည့်အတွက် အတန်းပိုင်ဆရာနှင့်
အတန်းသားအားလုံးတို့အား ကျေးဇူးတင်ရပါသည်.။
မိမိပိုင်ပိုင်နိုင်နိုင် သိရှိထားသည့်အကြောင်းအရာကို မှတ်သားမိသမျှသော စကားလုံး ထွက်လာသမျှသော
စကားလုံးတို့ဖြင့် အားပါးတရ ပြောပြလိုက်ရာ စာသင်ချိန် ၄၅မိနစ်
ကုန်သွားပါတော့သည်။
စကားဆုံးသောအခါ အတန်းပိုင်ဆရာမ ဂျူလီယာက စတင် လက်ခုပ်တီးလိုက်ရာ တတန်းလုံး ဝိုင်းပြီး လက်ခုပ်ဩဘာပေးကြပါသည်။Brass
House Centre ၏အမှတ် ၆ စာသင်ခန်းတဆောင်လုံး ပဲ့တင်ထပ်သွားပါတော့သည်။

အမှတ်မထင် ကျင်းပလိုက်ရတဲ့ တရားပွဲလေး
ဗုဒ္ဓဘာသာဝင် ပရိသတ် တယောက်မျှ မရှိသော တရားပွဲကလေးကို အမှတ်မထင် ကျင်းပပေးလိုက်သူကား
ဆရာမ ဂျူလီယာ….ကိုယ်ကဘဝ အကြောင်း ပြောသလိုလိုနှင့်
ြတေ်ဗုဒ္ဓတရားဟောလိုက်သူကား သီတဂူ ဆရာတော်ပင်ြစေ်ပါသည်။
ကြောက်လန့်လို့လား ဝမ်းသာလို့လားမသိ၊ ၁၆ဒီကရီ စင်တီဂရိတ် အအေးချိန်ရှိသော ရာသီတွင် ချွေးများပင် စို့လာပါသည်။
ဟန်ဂေရီမှ ဆရာဝန်မကြီးနှင့် ဂရိမှ တကသိုလ်ကျောင်းသူ Mary တို့ကား အချိန်စေ့ပြီး
အတန်းမှ ထွက်ကြသည်အထိ မေးခွန်းပေါင်း မြောက်မြားစွာတို့ကို မေးလို့မဆုံးဖြ
စ်နေကြပါသည်။
ဗုဒ္ဓဝိဟာရ မြန်မာဘုန်းကြီးကျောင်းမှ ကမဋ္ဌာန်းသင်တန်းတွင် တပည့်ဖြစ်ခဲ့ရပြီး သူ့ကျောင်းမှာ ဆရာဖြစ်ရသော ဂျူလီယာက You are best
speaker and distinguish preacher ဟု စာသင်ခန်းမှ အထွက် လှမ်းအော်
နှုတ်ဆက်လိုက်ပါသည်။

ထပ်ဆင့် တောင်းဆိုမှု
နောက်တရက် ကျောင်းပြန်တက်ကြသောအခါ ဟန်ဂေရီမှ ဆရာဝန်မကြီးက ကိုင်း…ဗုဒ္ဓအကြောင်း
ဆက်လက်ဆွေးနွေးကြပါဦးစို့ ဟု ဆိုလိုက်ရာ ဆိုက်ပရပ်က ကျောင်းသား(ကုန်သည်)
တယောက်က Oh…Happy morning ဟု အော်လိုက်ပါသည်။
အတန်းပိုင် ဆရာ ဂျူလီယာက သင်ခန်းစာတွေ သင်ပြီးမှ ဟောပြောပွဲ လုပ်ကြပါ။သင်ခန်းစာတွေ
အရင်လုပ်ကြပါဦး ဟု ပြောမှ သင်ခန်းစာများကို စတင် ကိုင်ကြပါသည်။
စာသင်ချိန်စေ့သောအခါ ဟန်ဂေရီမှ ဆရာဝန်မကြီးက ဗုဒ္ဓအကြောင်းကို သူ့တသက်တွင် ဒီတခါ ပထမဆုံးအကြိမ်
ကြားဘူးခြင်းပါပဲ။သူမအတွက် သိပ် ထူးဆန်းအံ့ဩဘွယ် ဖြစ်နေပါတယ်။ဒါကြောင့်
မိမိနိုင်ငံ ပြန်သွားတဲ့အခါ သူလဲ တိတိကျကျ မှတ်မိနိုင်စေဖို့
အခြားသူများကိုလဲ သေသေချာချာ ပြောပြနိုင်ဖို့အတွက် စာနှင့် ရေးပေးပါလားဟု
တောင်းပန်နေပါသည်။
ထိုအခါ ဆရာလည်းဟုတ် တပည့်လည်းဟုတ်သော ဂျူလီယာက အရှင် ဉာဏိသရ အဲဒါ Home work ပဲ။ရေးခဲ့ပါ။ ပြင်ဆင်ပေးပါ့မယ် ဟု ဆိုပါသည်။

စာတန်းတစောင်
ထိုသို့လျှင် စာတန်းကလေးကို ကြိုးစား ရေးဖြစ်ပါတော့သည်။နောက်တနေ့ စနေနေ့
ကျောင်းပိတ်ရက်ဖြစ်ရာ တနေ့လုံး ကျောင်းရှိ စာအုပ်များကို တေ်ပြီး ညဘက်တွင်
ရေးလိုက်ပါသည်။
တနင်္ဂနွေနေ့မှာ ဗုဒ္ဓဝိဟာရ၏ အတွင်းရေးမှူး အဘိဉာဏီ(ွှင်္ဂလိပ်အမျိုးသမီး) အား ဗုဒ္ဓ ဟု ခေါင်းစဉ်ပေးထားသော
စာစီစာကုံးကလေးကို ပြင်ဆင်တည်းဖြတ်စေပါသည်။ပြင်ဆင်တည်းဖြတ်ပြီး
လက်နှပ်စက်ပါ ရိုက်ပေးပါသည်။ကပ္ပိယ အန်တိုနီယိုက ဆိူင်တဆိုင်မှာ
စာကူးစက်ဖြင့် ကူးပေးသဖြင်ပ စာမူများ တရာကျော် ရပါသည်။
တနင်္လာနေ့ နံနက်ခင်း ကျောင်းတက်သောအခါ သင်တန်းသား အားလုံးအား ဗုဒ္ဓ အကြောင်း
စာစီစာကုံး စာတန်းကလေးကို ဝေငှ ပေးလှူလိုက်ပါသည်။အတန်းပိုင်ဆရာ ဂျူလီယာက
ဖတ်ကြည့်ပြီး ဝါကျ ဖွဲ့စည်းပုံ ပြင်ဆင်စရာ မရှိအောင်
ကောင်းတယ်။စကားလုံးဝေါဟာရ အသုံးကိုတော့ သူ ဉာဏ်မမီတော့ မပြင်ရဲဘူး ဟု
ပြောပါသည်။
ဗုဒ္ဓဝါဒဆိုင်ရာ ဝေါဟာရများကို ပြင်ဆင်ဖို့ ရေးသားဖို့ ပြောဆိုဖို့ အခက်အခဲမှာ သူတို့ အဖို့ မဆိုထားဘိ၊ဘုန်းကြီးတို့
ဗုဒ္ဓဘာသာဝင်များမှာပင် ရှိသည် ဖြစ်ပါသည်။

မှတ်တမ်းတင်ခြင်း
သို့ဖြစ်ရာ မိမိ၏ ဗုဒ္ဓနှင်ပ ဗုဒ္ဓဝါဒ (Buddha and Buddhism) စာတန်းကလေးကို ကျေးဇူးရှင်
ဆရာတော် အရှင် ဦးသေဋ္ဌိလက အပြီးသတ် တည်းဖြတ် ပြင်ဆင်ပေးပါသည်။
ဆရာတော်ကြီး ပြင်ဆင်တည်းဖြတ် အချောသတ်ပြီးသော အင်္ဂလိပ်စာမူကို ဆရာကြီး
ဦးခင်မောင်လတ်နှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့က မြန်မာဘာသာသို့
ပြန်ဆိုပေးပါသည်။

One comment

  • susunosuki

    May 12, 2010 at 7:55 am

    ဆရာတော်အသျှင်သူမြတ်ရဲ့ ကျေးဇူးတော်ကတော့
    တန်ဖိုးမဖြတ်နိုင်အောင်များလှတယ်
    ဆရာတော်ဘုရား ကျန်းမာပါစေ

Leave a Reply