Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမူးသမား..၁၁..ပါး..အများ..သိစေအပ်

Good IdeaAugust 20, 20111min54718

* ၁) ခွေးမူး…. မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ * ၂) ဆိ်တ်မူး….. တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ အားပေးသူ * ၃) ကြက်မူး…. ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ * ၄) မျောက်မူး….ခုန်ချင်ပေါက်ချင် ကချင်လာသူ * ၅) ဝက်မူး….တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ * ၆) ဆက်ရက်မူး….. အဆက်မပြတ် တော်ကီလွှတ်သောသူ * ၇) တောက်တဲ့မူး…..ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ * ၈) နွားမူး….မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ * ၉) ဖွတ်မူးပုတတ်မူး…. အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကို ဘာမျှမမှတ်မိဟု ပြောတတ်သူ * ၁၀) မြွေမူး… မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ ( လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည် * ၁၁) သာလိကာမူး… နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ ကဲ ရွာသားများ ဘယ်လိုအမျိုးအစားထဲမှာ ကိုယ်ပါနေသလဲ စမ်းစစ်ကြည့်နိုင်ပါ၏။ (သူငယ်ချင်းပြည့်စုံ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

18 comments

  • MaMa

    August 20, 2011 at 8:30 pm

    ဘယ်အမျိုးအစားထဲပါလဲ စဉ်းစားကြည့်လိုက်တော့ ခေါင်းမူးထဲ ပါသွားပါသည်။
    :p

  • king

    August 20, 2011 at 8:54 pm

    မသောက်ဖူးတော့ မမူးဖူးဘူး ..
    ဒါပေမယ့် ဖတ်လိုက်လို့ မူးသွားတယ် .. အဲဒါ ဘယ်အထဲမှာ ပါသွားလဲ မသိတော့ဘူး ………. 😀

  • nature

    August 20, 2011 at 9:24 pm

    အမူးပါးဆိုတာကရောဗျာ့။

  • ဆူး

    August 20, 2011 at 9:53 pm

    အမူး ဋီကာ ချဲ့ လို်က်တာ တော်တော် များတာပဲ.. တခါမှ မသောက်ဖူးဖူး။
    မူးတာတော့ မူးဖူးတယ်။
    ခေါင်းမူးရင်တော့ တလောကလုံး ချာချာလည်သလို မူးတာပဲ

  • မီးမီး သော်

    August 20, 2011 at 11:20 pm

    ရခိုင်လို ပြောတာကတော့ကြွက်တွင်း တဲ့ ဘယ်လောက်သောက်သောက် မမူးပါဘူးတဲ့ ဟိ ဟိ

  • kai

    August 21, 2011 at 1:05 am

    ကျုပ်ကတော့… မူးပြီး…သတိလက်လွတ်ဖြစ်တဲ့အထိကို.. မသောက်ဖူး..။
    သောက်သက်ရင့်လို့လားမသိ.. နည်းနည်းလောက်နဲ့လည်း…မမူးဘူး..။
    ဆိုတော့..
    ဇိမ်ကျပြီး.. လူသားဖြစ်ရတဲ့အရသာကို.. အတိုင်းအတာနဲ့..ခံစားနိုင်တဲ့နေရာမှာတင်..ရပ်ထားတယ်..။
    အသက်ပြည့်ပြီး..သောက်နိုင်ရက်သားနဲ့.. မသောက်ဖူးတဲ့သူတွေကို.. သနားတယ်.။ 🙂

  • moethidasoe

    August 21, 2011 at 7:39 am

    ဆိတ်မူး ဖြစ်ရတာ ဗိုက်ဝတယ်

  • ကြောင်ကြီး

    August 21, 2011 at 7:51 am

    ငါးမူး – ပြားငါးဆယ်၊ တကျပ်၏တဝက်
    တမူး – မြို့နယ်အမည်

  • သောက်ပြီးရင်တော့ ခုပြောတဲ့အထဲက တစ်ချက်နဲ့မှ မငြိပေါင်ဗျာ
    ရီဝေဝေလေးဖြစ်နေတာကို ဇိမ်ခံပြီး သူ့အကြောင်းကို တစ်စိမ့်စိမ့်ထိုင်တွေးပြီး ကြည်နူးနေတတ်တာပဲရှိတယ်

    သိတယ်မလား… ” အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင် ” နေတော့လည်း…
    😀

    • ogre

      August 21, 2011 at 10:54 am

      ကိုရှုံး က ဒါဆိုကြက်မူးထဲမှာပါတယ်လေဗျာ..

        • ogre

          August 21, 2011 at 11:31 am

          ကျွန်တော်က တော့ အပြင်မှာသောက်ရင် နွားမူး…မူးတော့တာပဲ
          အိမ်မှာသောက်ရင်တော့ ဝက်မူး မူးပြီးထိုးအိပ်တော့တာပဲ

  • နိုင်နိုင်

    August 21, 2011 at 11:24 am

    ဘယ်မူးထဲ ကိုယ်ပါနေလဲသိဘူး …တစ်ခါတစ်ရံတော့ ပါကောင်းပါလိမ့်မယ်
    မျောက်မူး များဖြစ်မလား ခုန်ချင်ကချင်တာတော့ဟုတ်ဘူး သီချင်းဆိုချင်တာ…:D
    ွgrand royal .. grand royal အာဇာနည်ဆိုတာ ပြောပါတယ်…

  • jaryitt

    August 21, 2011 at 9:41 pm

    လင်မယားချင်ရန်ဖြစ်ရင်. ရန်ဖြစ်သံကြားဖူးတယ်..။ မိန်းမကဘယ်လိုဆဲတယ်မှတ်လဲ သူ့လင်အရက်သမားကို……. မအေရိုး……ခွေးမသောက်တဲ့ အရည်တွေသောက် ပြီး ခွေလိုး မူးလာပြီး ထမင်းစားဆိုတော့မစား ပြီးတော့လူပေါ်ပဲ ခွခွပြီး စီးနေ…။ တဲ့………လေ ….အဲ သူက အခြားသူရန်မရှာဘူး သူ့မိန်းမပဲရန်ရှာတာ …။

  • ညီလေး

    August 21, 2011 at 11:52 pm

    (၁၂) မိုက်ခဲမူး… မူးလာရင်ကာရာအိုကေသွားချင်သူ (ကြက်မူးထဲတွင်မပါပါ)မိုက်ခဲနေရရင်ကျေနပ်နေသူ (၁၃)သူကြီးမူး(အမူးပါး)… ဘေလာလျှင်ဘေစာရွက်အားရွာသားများအားအမိန် ့ စာကဲ့သို ့ကမ်းပေးသူ(သို ့မဟုတ်)ရှူးထပေါက်သူ(ရွာထဲကဒဂျီးမပါပါ) (၁၄)…….(၁၅)…….ဟိုက်မဟေသီလာနေပြီး.. ဒါပဲနော်……….

  • shwe ni

    August 22, 2011 at 3:41 am

    ကျန်အမှုုုူးတွေကတော့ ဟုတ်ပါတယ် ဒါပေမဲ့ (၃)ကကြတော့ ကြက်မူး…. ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ ။ ဆိုတာ
    ကြက်ကမိန်းကလေးတွေစိတ်ဝင်စားလို့လား ကြက်လဲ အစာကောက်တာပဲလေ ဆိတ်လိုပဲ ဟုတ်ဘူးလား

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 23, 2011 at 9:13 am

    ကျုပ်ကတော့ အားလုံးဖြစ်ဘူးတယ်
    ဒါပေမယ့် အားလုံးကိုပယ်ဒယ်
    သောက်တာမပါ

Leave a Reply