Gmail /Gtalk အကောင့်ဖွင့်ဘို့ခက်နေကြတယ်ဆိုလို့..//
Gmail /Gtalk အကောင့်ဖွင့်ဘို့ခက်နေကြတယ်ဆိုလို့
ဒီဟာလေးကတော့ ခင်ဗျားတို့သိသလား မသိလားသေသေချာချာမသိဘူးဗျာ
ကျုပ်လည်းဘယ်က ရမှန်းတောင်မသိတော့ဘူး လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ
ရုံးစားပွဲ အံဆွဲထဲက စာရွက်အပိုင်းလေးတွေ့လို့ ဖြန်ကြည့်လိုက်တော့မှ တွေ့တာပဲ
ကျွန်တော်ထင်တာတော့ မန်ဂေးဇက်ကပဲရတာလားတောင်မသိတော့ဘူး
ဒါပေမယ့် သိပ်လွယ်လွန်းလို့ပါဗျာ ကိုယ်တိုင်စမ်းသပ်လုပ်ကြည့်ပြီးပါပြီ
google အကြောင်း အင်တာနက်အကြောင်း ကွန်ပြူတာအကြောင်းတွေ သိပ်မကြွမ်းကျင်ပေမယ့်
သိသလောက်လေးဝင်ပြီးအကြံပေးကြည်တာပါ Gmail /Gtalk အကောင့်ဖွင်ဘို့ ခက်နေတယ်လို့ လွန်ခဲ့တဲ့
အပတ်က မန်းဂေဇက်မှာရေးတာတွေ့လိုက်ရတယ်ဗျ ..
အခုကျွန်တော်ပြောပြတဲ့ ဆိုဒ်က ဘာလဲတော့မသိဘူးဗျာ အကောင့်ဖွင့်ဘို့ တယ်လွယ်တာကလားဗျ
xxxxx@gmail.com လို့တော့ ရမှာမဟုတ်ဘူးဗျ xxxxx@blumail.org လို့ပဲဖွင့်လို့ရမှာ
ဒါပေမယ့် လူတိုင်းသုံးနေတဲ့ google mail /google talk တွေနဲ့ပဲ Sign in လုပ်လို့ ရတယ်ဗျ
username မှာ xxxxx@blumail.org ဒီလို လေးပဲရိုက်ထည့်ရမှာ gmail.com က လူကိုလဲ add ပြီး
Gtalk ပြောလို့ရတယ် Mail ပို့လို့ရတယ်…
နောက်တစ်ခုထူးခြားတာက ကိုယ့်ရဲ့ Gmail /Gtalk အကောင့် နာမည်အတိုင်း password အတိုင်း
blumail.org မှာ အကောင့်နာမည်တူ ထပ်ဖွင့်လို့ရတယ်ဗျ အကောင့်မရှိသေးသူများကိုယ်တိုင်လုပ်
ယူလို့ရတဲ့ လွယ်ကူတဲ့ blumail.org အကောင့်တစ်ခု ကိုလွယ်လွယ်ကူကူ ဖွင့်လို့ရပါတယ်
စမ်းသပ်ကြည့်ကြပါလို့ အကြံပြုပါတယ်..
အကောင့်ဖွင့်ရမယ့်လိပ်စာကတော့
http://bluworld.org/registration/account/signup.php ဖြစ်ပါတယ်
ဖိုရမ်မှာတင်ရမှာဖြစ်သော်လည်း ဖိုရမ်ကိုသိပ်မသုံးတတ်သေးတဲ့အတွက် ကိုကျွမ်းကျင်ရာ
နေရာမှာပဲတင်လိုက်ရပါတယ်…။။
http://bluworld.org/registration/account/signup.php
။။ဘီလူး။။
10 comments
ပေါက်ဖော်
August 21, 2011 at 4:11 pm
မန်းဖူးပါတယ်ဆိုပြီး ပြန်ရှာကြည့်တာ..
နောက်လူတွေအတွက်ပါ ရှာရလွယ်အောင်..
ဘီလူးမေးလ် လင့်ခ် ပါ
http://myanmargazette.net/56649/computers-technology
တို ့ကတော့ ရဲရဲတောက်ပဲ..အဲဒီမှာ..အဟီ
ogre
August 21, 2011 at 4:25 pm
good idea ပြောတာမှန်တယ်ဗျဒါဆို
တော်တော်ကြီးကိုလွယ်ကူပါတယ်
လူးတိုင်းစမ်းသုံးသင်တယ်ထင်တာပဲ ကျွန်တော်တောင်အဲဒီအကောင့်ပဲဖွင်ပြီး
မပြောခြင်တဲလူတွေကို ရှောင်နေတာတော်တော်ကြာပြီ
မီးမီး သော်
August 21, 2011 at 10:48 pm
အင်း. တလောကဘဲ ပို ့စ်တင်ပေးလို ့ပြန်ဖွင့်ညြ့်ပါတယ်။ဘယ်လိုမှ မရသေပါဘူး။မှတ်ချက်. စုတ်ပြတ်သပ်နေသောကွန်နက်ရှင်ကြောင့်ဖြစ်ပါတယ်။ဟိ ဟိ ကျေးဇူး
Yan Naing
August 22, 2011 at 5:30 pm
you speak i do
but i don’t get
an create a new account
ogre
August 22, 2011 at 7:21 pm
ကိုရန်နိုင်ရေ gmail အကောင့်ရှိရင်
nargiv605@blumail.org ကိုအပ်လိုက်ပါပြောပြ ကူညီပါမည်..။။
မီးမီး သော်
August 28, 2011 at 6:29 pm
ဟုတ်ပါပီ။ကြိ ုးစားကြည့်ပါမယ်နော်။
blackchaw
August 26, 2011 at 1:08 pm
ကျေးဇူးပဲဗျာ။ ဖွင့်ကြည့်တော့ အိုကေတယ်။ လွယ်လည်းလွယ်တယ်။
than min
August 28, 2011 at 5:52 pm
ကျေးဇူးတင်ပါသည်
လွယ်ကူးစွာဖွင့်ရပါသည်
koyin
August 28, 2011 at 9:29 pm
ဘလူးမေးလ် လည်း ကောင်းပါတယ်…
ကိုရင်တောင် ဖွင့်ထားသေးတယ်
akoyin@bluemail.org ကို အက်နိုင်ပါတယ်
နောက်ပြီး မေးလ်အသစ်ဖွင့်ချင်သူတွေ ဖွင့်ပေးပါမယ်
(အခကြေးငွေလုံးဝ မယူပါဘူးဗျာ.. ဟီး)
တချို့ ဖွင့်မရဘူးပြောလို့ပါ
ခနခန လာဖွင့်ခိုင်းနေလို့
တတ်နိုင်တာလေး ကူညီတာပါ
ပျော်ရွှင်ပါစေ…
မှော်ဆရာ
August 28, 2011 at 9:42 pm
ဟုတ်ပါ့ခင်ဗျာ …. ဂျီမေး မရတဲ့အခါမှာ တော့ ဘလူမေးက အားကိုးစရာတစ်ခုပါပဲ..
ဂျီတော့ရတာကိုက အားသာချက်ဖြစ်နေတယ်…