နေ ့စဉ်အသုံးချ ဂမီ္ဘရ(၃)
အသုံးချဂမီ္ဘရ(၄)-အတိတ်ဘဝကို သတိရခြင်း(က)
လူအတော်များများသည် မိမိတို့ အရင်ဘဝဟောင်းအကြောင်းကို စပ်စုချင်၍သော်လည်းကောင်း၊မက်မော
တွယ်ဖက်ချင်၍သော်လည်းကောင်း၊ဂုဏ်ယူဝင့်ကြွားလို၍သော်လည်းကောင်း သိလိုကြသည်။မှန်ကန်စွာ
နားလည်ဖို့ရန်အတွက်မဟုတ်ပေ။ထိုထိုသောအကြောင်းရင်းများတွင်အခြေမတည်ဘဲအတိတ်ဘဝရင်းမြစ်
များကိုပြန်လည်ဖော်ထုတ်ခြင်းတွင်တန်ဘိုးရှိသောစစ်မှန်သည့်အချက်အလက်များရရှိတတ်သည်။ထိုအချက်
များသည် လက်ရှိရှင်သန်နေသောဘဝ၏သောကများကို နှစ်သိမ့်အားပေးနိုင်သည်။အသိဉာဏ်နိုးကြားဘို့ရန်
အတွက်မိမိကိုယ်ကိုနှိမ့်ချခြင်းကိုပါယူဆောင်လာသည်။အဘယ်ကြောင့်ဆိုသော်ကျွန်တော်တို့အာရုံများတွင်
ဘယ်အခါမှထင်ဟပ်မလာတော့မည့်အတိတ်ဘဝ၏ အားနည်းချက် နှင့်စိန်ခေါ်မှုများကိုမည်သို့ကျော်ဖြတ်ခဲ့
သည်ကိုနားလည်လာခြင်းကြောင့်ပင်ဖြစ်သည်။ထို့ပြင်အနာဂတ်တွင်ပိုမိုကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ဖို့
အားပေးပေလိမ့်မည်။ဘဝဟောင်းများစွာ၏အချက်အလက်များကိုပြန်လည်တူးဆွခြင်း၏ပြဿနာတစ်ရပ်
မှာ ဝေဝါးပုံပျက်နေခြင်းပင်။အတိတ်ကိုပြန်လည်မှတ်မိသူများ(လူဝင်စားများကိုဆိုလိုဟန်ရှိသည်။)သည်
ယေဘုယျအားဖြင့် မှေးမှေးမှိန်မှိန်သာဖြစ်သည်။သူတို့တွင် သိစိတ်အရည်အချင်းနိမ့်ကျနေသောကြောင့်
ရှင်းလင်းစွာမမြင်ကြပေ။သို့အတွက်ရှင်းလင်းစွာမြင်တွေ့နိုင်ရန်ကောင်းစွာလေ့ကျင့်ထားဘို့လိုသည်။
သို့မဟုတ်လျှင်လက်ရှိဘဝ၏သိစိတ်ရောင်ပြန်ဟပ်မှုကြောင့်ကိုယ်မြင်ချင်ရာမြင်ပေမည်။ထိုအမြင်တွင်
လက်ရှိသိစိတ်၏စွဲလန်းမှု၊မျှော်လင့်မှုနှင့်အမျိုးမျိုးသောအတ္တနောမတိများကြောင့်အချက်အလက်များ
သည်မှုန်ဝါးနေမည်။လုံးဝချွတ်ယွင်းနေမည်ဖြစ်သည်။အစွဲမရှိဘဲမြင်နိုင်အောင်ကြိုးစားဘို့ပင်ဖြစ်သည်။
(ဤနေရာတွင်သူ(မ)၏ဘဝသံသရာလည်ပုံအယူအဆမှာ ဗုဒ္ဓဘုရားရှင်၏ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့်
အနည်းငယ်ဆင်တူရာသူ(မ)သည်သီအိုဆိုဖီအသင်းဝင်ဖြစ်ခဲ့ဘူးသဖြင့်ဗုဒ္ဓဝါဒကိုလေ့လာခဲ့ပုံရသည်ဟု
ထင်ပါသည်။အတိတ်ကိုသာမန်သတိရသူများမှာဇာတိဿရဉာဏ်ရသူများဖြစ်သည်။သူတို့သည်ကြောင်း
ကျိုးကိုကောင်းစွာမမြင် ၊ထင်ရာသာမြင်ကြသဖြင့် အကျိုးမဲ့ကြလေသည်။ဇာတ်တော်တစ်ခုတွင်ထိုဉာဏ်ရ
သူများကအတိတ်တွင်ကောင်းတာလုပ်ခဲ့သော်လည်းလက်ရှိဘဝမကောင်းရပုံ၊မကောင်းတာလုပ်ခဲ့သော်လည်း
လက်ရှိဘဝချမ်းသာပုံတို့ကြောင့်ယုံမှားသံသယဖြစ်ကြခြင်းအကြောင်းပါသည်။ဘုရားရှင်သည် ပုဗ္ဗေနိဝါသခေါ်
မိမိ၏အတိတ်သာမကအားလုံး၏အတိတ်တို့ကိုကြောင်းကျိုးနှင့်တကွပိုင်းခြားဆစ်ဖြာ၍မြင်နိုင်ပါသည်။
ထို့ကြောင့်၎င်းဇာတ်တော်တွင်အမြင်မှားသူများကိုအမှန်မြင်စေခဲ့ပါသည်။)အတ္တတွင်အနိမ့်စားအတ္တနှင့်
အမြင့်စားအတ္တဟူ၍ခွဲထားသည်။အမြင့်စားအတ္တ၏ရောင်ပြန်ဟပ်မှုကြောင့်အနိမ့်စားအတ္တဖြစ်လာသည်။
အနိမ့်စားအတ္တသည်လက်ရှိဘဝ၏ရုပ်နာမ် ကိုယ်ရည်ကိုယ်သွေးစသည်တို့ကိုဖန်တီးသည်။
(ပဋိစ္စသမုပ္ပါဒ်တရားတော်တွင် ဝိဉာဏပစ္စယာ နာမရူပဟုဆိုရာ ဝိဉာဏ်ကိုသူ(မ)ကအနိမ့်စားနှင့်အမြင့်စား
ဟူ၍ထပ်မံပိုင်းခြားဟန်ရှိသည်)။ထို့ကြောင့် ကိုယ်ရည်ကိုယ်သွေးစသည်တို့သည်အမြင့်စားအတ္တ၏ ပုံပျက်
နေသောရောင်ပြန်ဟပ်မှုပင်ဖြစ်သည်။ဘာဝင်စားသည်ဆိုခြင်းမှာယာယီမျှသာဖြစ်သည်။ဘဝကိုဖန်တီးသည်။
ဖြစ်တည်လာသည်။အတွေ့အကြုံတွေစုဆောင်းသည်။ကိုယ့်ဟာကိုယ်ဘာဆိုတာထုတ်ဖော်သည်။သင်ကြား
သည်။ရင့်သန်လာသည်။နောက်ဆုံးသေသည်။သေခြင်းတွင် ကိုယ်ရည်ကိုယ်သွေး(ရုပ်ပိုင်း နာမ်ပိုင်း)တို့၏
ယာဉ်ရထားများသည်လည်းပြိုကွဲပျက်စီးသွားသည်။မည်သည့်အရာမျှရှင်သန်မှုမရှိတော့ချေ။(ဗုဒ္ဓဝါဒအရ
အဝိဇ္ဇာနှင့်တဏှာရှိသ၍သံသရာဆက်လည်ဦးမည်ဖြစ်သည်။နောက်ဘဝဖြစ်မည့်ကံရှိနေသေးလျှင်ဖြစ်နေ
ဦးမည်သာ။)ဤတွင်ဝိဉာဏ်သည်လက်ရှိဝင်စားသောဘဝမှနောက်ခန္ဓာ နောက်ဘဝတည်ဆောက်ရန်
တန်ဘိုးထုတ်ယူသည်။(အတော်မရှင်းလင်းဖွယ်ဖြစ်နေပါသည်။ပညာရှိများဝေဖန်တော်မူကြပါ။)ထို့နောက်
ကျွန်တော်တို့သည် ကျွန်တော်တို့၏ဝိဉာဏ်ပိုင်းတိုးတက်မှုအဆင့်မည်မျှတွင်ရှိသည်ကိုအလွန်သဘာဝကျစွာ
(စစ်မှန်စွာ)မြင်ရန်ကျွန်တော်တို့၏အတ္တများ(အနိမ့်စား)ကိုကျော်လွန်၍ကြည့်ရမည့်အစား မာယာသဖွယ်
ယာယီမျှသာဖြစ်သည့်အကြမ်းစားအတ္တကို မိမိတို့ထက်ပင်ပိုမိုစစ်မှန်သည် ထင်မြင်လာကြလေပြီဖြစ်၏။
ကျင်လည်ခဲ့သမျှဘဝများစွာ၏ တိကျသောမှတ်တမ်းများသည်အနန္တအာကာသဓာတ်ကြီးထဲတွင်သိုမှီး
ထားရာသာမန်ဇာတိဿရဉာဏ်ရသူတစ်ယောက်အနေဖြင့် အီသာ(ဝိဉာဏ်ပေါင်းကူး)၏ရောင်ပြန်ဟပ်
မှုမှရှာဖွေသိရှိနိုင်သော်လည်းတိကျမှုမရှိလှချေ။အာကာသဓာတ်ကြီးမှထုတ်ယူရန်မှာမြောက်များစွာသော
ကျင့်စဉ်များနှင့်အရည်အချင်းများလိုအပ်သောကြောင့်ပင်။အချို့မှာပါရမီအရဖြစ်၍ အချို့မှာလေ့ကျင့်မှု
ကြောင့်ဖြစ်သည်။ထိုအကြောင်းတို့သည်မြင့်မားသောအသိဉာဏ်နှင့်ဖက်တွယ်ပေါက်ဖွားလာခြင်းပင်ဖြစ်၏။
အသုံးချဂမီ္ဘရ(၄)-အတိတ်ဘဝကို သတိရခြင်း(ခ)
အနန ္တအာကသဓာတ်ကြီးမှအတိတ်မှတ်တမ်းများကိုထုတ်ယူနိုင်မည့်ကောင်းမွန်သောနည်းလမ်းမြောက်များ
စွာရှိပါသည်။တရားဘာဝနာစီးဖြန်းခြင်းနှင့်ပါရမီရင့်သန်ခြင်းတို့လည်းပါပါသည်။ထိုနည်းများသည်သင်၏
ကာလသုံးပါးကိုအပိုင်းအခြားမရှိထိုးထွင်းသိမြင်လာစေမည့်မြင်ကွင်းကျယ်ကြီးကိုဖြစ်ပေါ်လာစေမည်။ထိုအချိန်
တွင် သိစိတ်နှင့်မသိစိတ်တို့၏လွှမ်းမိုးမှုများသေချာပေါက်ရှိလာမည်။သင် ရှင်းလင်းစွာမမြင်ရမီဘက်လိုက်ခြင်း
နှင့်ဆုံးဖြတ်ခြင်းတို့ကိုသေချာစွာဆန်းစစ်ရပေလိမ့်မည်။ထို့ပြင် အတိတ်ကိုသတိရသူတို့သည်တကယ့်စစ်မှန်သော
အတိတ်ကိုမြင်ရခြင်းမဟုတ်ဘဲအတိတ်၏အရိပ်သဖွယ်ဖြစ်သောသက်ဝင်ခံစားမှုများကိုသာအမှတ်ရနေခြင်းဖြစ်၏။
(ထိုအကြောင်းနှင့်ပတ်သက်၍အသေးစိတ်ဆိုရန်ရှိသော်လည်းမိမိတို့လက်ရှိဘဝ၏အတိတ်များနှင့်သာချိန်ထိုး
ကြည့်စေလိုသည်။ကျွန်တော်တို့ဖြစ်ပျက်ခဲ့သောဝမ်းနည်းမှု၊ပျော်ရွှင်မှု၊ကြောက့်ရွံမှုစသည်တို့ပါဝင်သောအတိတ်
ဖြစ်ရပ်များတွင် ဖြစ်စဉ်ထက် ခံစားမှုများကိုသာပိုမိုမှတ်မိနေလေ့ရှိသည်။)ဤသို့ဖြစ်ခြင်းမှာ ကိုယ့်ကိုယ်ကိုဗဟို
ပြုသောအတ္တသိစိတ်တွင်သာကျွန်တော်တို့နေထိုင်လုပ်ဆောင်နေသောကြောင့်ဖြစ်၏။ဝိဉာဏ်သိစိတ်ဖြင့်မြင်နိုင်
အောင်မကြိုးစားသောကြောင့်ပင်ဖြစ်သည်။အကယ်၍သင်သည် အနန ္တအာကာသဓာတ်ကြီးနှင့်ထိတွေ့ဆက်
သွယ်မိပြီဆိုလျှင်သင့်သဘာဝအတွင်းသို့ထိုးထွင်းသိမြင်မှုများဖြစ်လာစေမည့်ဝိဉာဏ်သိစိတ်ကြီးနှင့်ယှက်နွယ်
လုပ်ဆောင်မှုတစ်ခုရှိလာပြီဖြစ်၏။ထိုလုပ်ဆောင်မှုသည်မျက်မှောက်ကာလအတွင်းအမြင်ထူးအချို့ပေးတတ်
သည့်အပြင် သိစိတ်တွင်ဘာလိုအပ်နေသည်ကိုပါမြင်လာစေသည်။ထို့ကြောင့် အမြင်ထူးလား သက်ဝင်ခံစား
မှုသက်သက်လားဆိုသည်ကိုသတိကြီးစွာထား၍ဆုံးဖြတ်ရမည်။စိတ်ကိုဖိအားပေး၍အတင်းစဉ်းစားရှာဖွေနေ
ဖို့မလိုပါ။ဘက်လိုက်မှုမရှိဘဲရိုးရိုးရှင်းရှင်းသာမြင်အောင်ကျင့်ပါ။(အကယ်၍ သင်သည်သင်မုန်းတီးသောလူတစ်
ယောက်အကြောင်းစဉ်းစားသည်ဆိုပါစို့သင့်အကြမ်းစားအတ္တကြောင့်ထိုသူသင့်အပေါ်လွန်ကျူးစော်ကားမှုများ
ကိုသင်သတိရလာမည်။မေ့လိုက်ပြီ ဆိုသော်လည်းသိစိတ်၏သိမ်မွေ့သောအတွင်းလွှာတွင်းသို့နက်ရှိုင်းစွာ
ထိုးသွင်းလိုက်ခြင်းသာဖြစ်သည်။ထိုအခါအာဃာတအဖြစ်အမြစ်တွယ်လာသည်။ထိုသူအကြောင်းမှန်ကန်စွာ
သင်မစဉ်းစားနိုင်တော့ပေ။ဘက်လိုက်မှုများရှိလာသည်။မကောင်းသောစိတ်ကူးများကမှားယွင်းစွာပုံဖော်လာ
မည်ဖြစ်သည်။)
အသုံးချဂမီ္ဘရ(၅)-ကံတရားကိုဆန်းစစ်ခြင်း(က)
ကံတရားဆိုသည်မှာ ကျွန်တော်တို့၏လက်ရှိဘဝကိုသက်ရောက်မှုရှိသော အတိတ်ဘဝများ၏လွှမ်းမိုးမှု
ပင်ဖြစ်သည်။ထိုကံတရားသည် ဗီဇနှင့်ပတ်ဝန်းကျင်အဖြစ်ထင်ရှားလာသည်။ထိုအကြောင်းသည်ကျွန်တော်
တို့၏ ဥပဓိ၊စရိုက်နှင့်ဗီဇစိတ်၊သိစိတ်၊အခြေအနေများနှင့်အခွင့်အရေးများကိုချုပ်ကိုင်ဆုံးဖြတ်သည်။ကာလနှင့်
အာကာသတို့၏အရိပ်အရောင်ကိုကျော်လွန်သည်အထိကျွန်တော်တို့သိစိတ်များချဲ့ထွင်လာနိုင်သောအခါတွင်
ကံတရားသည် ကာလသုံးပါးလုံးနှင့်သက်ဆိုင်ကြောင်းတွေ့လာရမည်။သို့သော်လက်ရှိတွင်မူကံတရားသည်
ပစ္စုပ္ပန်ကာလအတွင်းကျွန်တော်တို့ဘာ လုပ်ကိုလုပ်ရမည်ဆိုသည်သာဖြစ်ပေသည်။
ဉာဉ် (သို့)ဗီဇစရိုက်သည် သန္ဓေပါစရိုက်(သို့)သီးခြားကိုယ်ရေးကိုယ်သွေး၏သဘာဝပင်ဖြစ်သည်။ထိုဟာကို
သင့်အတွေ့အကြုံကပြောင်းလဲပေးသောအခါ လက်ရှိစရိုက်ဖြစ်လာသည်။(အကျင့်လုပ်ဖန်များသော်စရိုက်ဖြစ်
လာသည်။)ကျွန်တော်တို့၏စရိုက်များပိုမိုကောင်းမွန်လာစေမည့်အတွေ့အကြုံများနှင့်ခံစားမှုများကိုဖြတ်သန်း၍
ကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်နှင့်တိုးတက်အောင်လေ့ကျင့်ရမည်။ကျွန်တော်တို့အားဝန်းရံလျက်ရှိသောဗီဇနှင့်
ပတ်ဝန်းကျင်တို့၏လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင်ကျွန်တော်တို့ကျရောက်နေသကဲ့သို့စင်ကြယ်သောသီလနှင့်
ကုသလဓမ္မတို့ကြောင့်ရရှိသောစွမ်းအင်များပေါင်းဆုံရာလည်းဖြစ်ပေသည်။တစ်စုံတစ်ဦး၏အကျင့်စရိုက်ကို
ပြုပြင်ခြင်းသည် ထိုသူ၏ကံကိုပြောင်းလဲခြင်းမည်သည်။အဆုံးစွန် ဆိုရလျှင် ကျွန်တော်တို့သည်ကိုယ့်ကိုယ်
ကိုတာဝန်ယူရမည်သာဖြစ်သည်။ဘဝများစွာသံသရာတွင်သော်လည်းကောင်း မျက်မှောက်ဘဝတွင်သော်
လည်းကောင်းသင်ခံရသောလောကဓံတရားများကိုအကြွေးဆပ်သည်ဟုသဘောထား၍ဖြူစင်အောင်နေထိုင်
လျှင်အားနည်းချက်များနှင့်အကန့်အသတ်များကိုတဖြည်းဖြည်းသင်ကျော်လွန်လာမည်။စရိုက်သဘာဝသည်
ထိုအားနည်းချက်အားသာချက်များ၏ဟန်ချက်ကြာင့်ဖြစ်သောအကျိုးဆက်တရားပင်ဖြစ်သည်။(ဘုရားရှင်
သာလျှင်ဝါသနာနှင့်စရိုက်တို့ကိုအကြွင်းမဲ့ပယ်နိုင်သည်။)ကျွန်တော်တို့တွင်အာနည်းချက်အားသာချက်များ
ရှိရာ စရိုက်သည်ထို်အာနည်းချက်အားသာချက်များကိုရောသမမွှေ၍ဖြစ်လာသည်။ဘဝ၏ရည်ရွယ်ချက်မှာ
ဝိဉာဏ်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပင်ဖြစ်သည်။ဘဝထိုထို၏အတိတ်များမှအတွေ့အကြုံများကိုထုတ်ယူနိုင်
ရမည်။သင်ခန်းစာယူရမည်။ပါရမီရင့်သန်လာသည်နှင့်အမျှသင့်စိတ်ဝိဉာဏ်လည်းဖွံ့ဖြိုးလာပေမည်။
အသုံးချဂမီ္ဘရ(၅)-ကံတရားကိုဆန်းစစ်ခြင်း(ခ)
ကံတရားသည် စရိုက်လက္ခဏာကိုဆုံးဖြတ်သည်။စရိုက်သည်ကျွန်တော်တို့က ကျွန်တော်တို့ပတ်ဝန်းကျင်ကို
မည်သို့တုန့်ပြန်ဆက်ဆံသည်ဟူသောနည်းဖြင့်ဆုံးဖြတ်ပြီး၎င်းစရိုက်သည်ပတ်ဝန်းကျင်မှကျွန်တော်တို့အပေါ်
ပြန်လည်တုံ့ပြန်ခြင်းအပေါ်တွင်လေးနက်ထူးခြားစွာလွှမ်းမိုးမှုရှိပေသည်။(ကျေးညီနောင်ပုံပြင်ကိုသတိရပါ။)
ကြိုတင်ပြဌာန်းချက်များရှိသော်လည်း ၎င်းသည်အခြေအနေအတိုင်းအတာဘောင်တစ်ခုနှင့်လွှမ်းမိုးမှုများ
အတွင်း၌သာဖြစ်ကြောင်းနားလည်ရမည်။(ဝဋ်ကြွေးသဘောမျိုးပင်ဖြစ်သည်)ထို့ကြောင့်ဘာတွေကိုပြောင်းလဲ
နိုင်ပြီး ဘယ်လိုပြောင်းလဲရမည်နည်း။ကျွန်တော်တို့ သဘောထားများကိုပြောင်းလဲနိုင်သည်။ကျွန်တော်တို့ကံ
ကိုပြောင်းလဲနိုင်သည်။သို့သော်ဝဋ်ကြွေးကိုမူ မရှောင်လွှဲနိုင်ပါ။ကံတရားသည် လက်ခံဖို့ကြိုဆိုဖို့သာဖြစ်၏။
တိမ်းရှောင်စရာမရှိပေ။ရရှိလာသောကံတရားပေါ်တွင်အကောင်းဆုံးစေ့စေ့စပ်စပ်ဆောင်ရွက်နိုင်ရမည်။
သို့မှသာတိုးတက်မှုအမှန်တကယ်ရှိပေမည်။ဘဝတွင်ကြုံရသောပြဿနာများသည် အားနည်းချက်အမှတ်
လက္ခဏာများမဟုတ်၊အခွင့်အရေး၏သင်္ကေတများပင်ဖြစ်ပေသည်။သိစိတ်ကိုဝိဉာဏ်လမ်းကြောင်းအတိုင်း
စတင်သူတို့သည်ကံတရားပေါ်တွင်အမှန်ပင်မှီခိုနေကြရပြီးကမ္မဖလဆိုင်ရာအကျိုးများ(ကုသိုလ်၊အကုသိုလ်)
အရှိန်အဟုန်ဖြင့်ပြည့်ဝဖြစ်ပေါ်လာမည်။နှလုံးသွင်းမှန်ဖို့လိုသည်။ထိုအခါ အကြပ်အတည်းများ၊
သေရေးရှင်ရေးများကြုံတွေ့လာသောအခါရင်ဆိုင်ကျော်လွှားနိုင်လာမည်။ထိုဆိုးဝါးသောကာလ
အတွင်းမှာပင်သင် ထိရောက်စွာစီမံနိုင်လာမည်။ (Crisis Management ပေါ့။) လိုအပ်သောသင်ခန်းစာ
များကိုအမှန်တကယ်သင်ကြားပြီးမြောက်သောအခါ၊သင့်အသိစိတ်တွင်လိုအပ်သောချိန်ညှိမှုများပြုလုပ်
ပြီးသောအခါ ထိုဆိုင်ရာကျင့်စဉ်များကိုဘယ်အခါမှသင်ပြန်လုပ်ဖို့မလိုတော့ချေ။သို့မဟုတ်ပါကကံတရား
သည်ထိုကျင့်စဉ်များပြီးမြောက်မှုမရှိမချင်း ထိုသင်ခန်းစာများဖြင့်သာအဖန်တလဲလဲကြုံတွေ့စေပေလိမ့်မည်။
ကံတရားကို ကောင်းခြင်းဆိုးခြင်းတံဆိပ်ကပ်ခွင့် သင့်မှာမရှိပေ။ကံတရားသက်သက်သာဖြစ်သည်။
4 comments
မီးမီး သော်
August 24, 2011 at 5:42 pm
မောင်ဘလှိုင် ရေ ဝင်ဖတ်သွားပါတယ်နော်။ဘယ်လိုမှလိုက်မမီးပါ။ဉာဏ်ကလဲ မပြေးပါဘူး။ထပ်ခါတလဲပြန်ဖတ်ပေါ့မယ်။ဂမ္ဘီရ ကိုတော့ စိတ်ပါဝင်စားပါတယ်။ဒါပေမယ့် လက်လှမ်းမီ သေးပါဘူး
မီးမီး သော်
August 24, 2011 at 5:45 pm
“””ကံတရားသည် စရိုက်လက္ခဏာကိုဆုံးဖြတ်သည်။စရိုက်သည်ကျွန်တော်တို့က ကျွန်တော်တို့ပတ်ဝန်းကျင်ကို
မည်သို့တုန့်ပြန်ဆက်ဆံသည်ဟူသောနည်းဖြင့်ဆုံးဖြတ်ပြီး၎င်းစရိုက်သည်ပတ်ဝန်းကျင်မှကျွန်တော်တို့အပေါ်
ပြန်လည်တုံ့ပြန်ခြင်းအပေါ်တွင်လေးနက်ထူးခြားစွာလွှမ်းမိုးမှုရှိပေသည်။(ကျေးညီနောင်ပုံပြင်ကိုသတိရပါ။)”””
မှတ်သားစရာမို ့ပြန်ကူးယူလိုက်ပါတယ်နော်
Gipsy
August 24, 2011 at 6:02 pm
မမော်မော်သီး စာကူးတာဝါသနာပါတယ်ထင်ပါ့…၊ ကူးသာကူးဗျာ…၊ ပိုက်ပိုက်မပေးရပါဘူး..၊
(ကံတရားကို ကောင်းခြင်းဆိုးခြင်းတံဆိပ်ကပ်ခွင့် သင့်မှာမရှိပေ။ကံတရားသက်သက်သာဖြစ်သည်)
မှန်ပါ၏…၊ ကံ ကံ၏အကျိုးပါ….။
ရွှေအိမ်စည်
August 25, 2011 at 12:19 am
ဉာဉ် (သို့)ဗီဇစရိုက်သည် သန္ဓေပါစရိုက်(သို့)သီးခြားကိုယ်ရေးကိုယ်သွေး၏သဘာဝပင်ဖြစ်သည်။ထိုဟာကို
သင့်အတွေ့အကြုံကပြောင်းလဲပေးသောအခါ လက်ရှိစရိုက်ဖြစ်လာသည်။(အကျင့်လုပ်ဖန်များသော်စရိုက်ဖြစ်
လာသည်။)ကျွန်တော်တို့၏စရိုက်များပိုမိုကောင်းမွန်လာစေမည့်အတွေ့အကြုံများနှင့်ခံစားမှုများကိုဖြတ်သန်း၍
ကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်နှင့်တိုးတက်အောင်လေ့ကျင့်ရမည်။
———————————-
။စိတ်ကိုဖိအားပေး၍အတင်းစဉ်းစားရှာဖွေနေ
ဖို့မလိုပါ။ဘက်လိုက်မှုမရှိဘဲရိုးရိုးရှင်းရှင်းသာမြင်အောင်ကျင့်ပါ။(အကယ်၍ သင်သည်သင်မုန်းတီးသောလူတစ်
ယောက်အကြောင်းစဉ်းစားသည်ဆိုပါစို့သင့်အကြမ်းစားအတ္တကြောင့်ထိုသူသင့်အပေါ်လွန်ကျူးစော်ကားမှုများ
ကိုသင်သတိရလာမည်။မေ့လိုက်ပြီ ဆိုသော်လည်းသိစိတ်၏သိမ်မွေ့သောအတွင်းလွှာတွင်းသို့နက်ရှိုင်းစွာ
ထိုးသွင်းလိုက်ခြင်းသာဖြစ်သည်။ထိုအခါအာဃာတအဖြစ်အမြစ်တွယ်လာသည်။ထိုသူအကြောင်းမှန်ကန်စွာ
သင်မစဉ်းစားနိုင်တော့ပေ။ဘက်လိုက်မှုများရှိလာသည်။မကောင်းသောစိတ်ကူးများကမှားယွင်းစွာပုံဖော်လာ
မည်ဖြစ်သည်။)
————————————————————-
ဒီစကားစတွေုကတော့ကျနော်နဲ ့ကိုက်ညီတယ်ဗျာ……..ဟဟတကယ်တော့ကျနော်ကစဖတ်မယ်ဆို တော့..အမှန်ပြောရရင်စိတ်မဝင်စားဘူးဗျ…ဂမီ္ဘရကို
ဒီအတွေ းကတော့..သေချာတယ်..ကျနော်….အတွေးကဲ ့သို ့ဘဲ…
ကျနော်တကယ်လိုင်းစုံနေတာလား…..
ပင်ကိုယ်အတွေး…အိုင်ဒီယာကို..ဒီမှာလာတွေ ့နေပါပေါ့လားးးးးးးးးး
လက်ခံတယ်..ဒီစကားစုတွေကိုတော့………
ဒါတွေ က..ကျနော်….ဒိုင်ယာလော ့တွေဘဲ…..
ကျေးဇူးဗျာ……………
ကျနော်က..တစ်ယောက်ပြီးတစ်ယောက်ကို…စမ်းသပ်တတ်တာလား…????
…အားတိုင်းဖတ်ဖို ့စာရေးဆရာတစ်ယောက်တော့တွေ ့ပြီ