တခါတလေကျ ရင်ဘတ်အဟောင်းနဲ့ နာတယ်
ပိုက်ကွန်မှာ မိတဲ့ ငါး ထက်
အမိုက်နွံမှာ မိတဲ့ နွားက ပိုရုပ်ပေါက်တယ် ။
ကာရာအိုကေခန်းတွေထဲမှာ ကာရန်တွေ
ရွတ်ဖို့လောက်ပဲ သိတဲ့လူတွေအတွက်
ကန်တော်ကြီးထဲမှာ ခပ်တည်တည်ပဲ
ကဗျာကောက်ရွတ်ခဲ့ပါတယ် ။
“ထောက်” ခနဲ မီးခြစ်သံအဆုံးမှာ
လွင့်ထွက်သွားတဲ့ မီးခိုးငွေ ့တွေထဲ
စကားလုံးတွေ ပါလာမလား ။
လိုက်ရှာကြည့်တော့ မှန်ထဲမှာ ကိုယ့်ကိုကိုယ် တွေ့တယ် ။
ဘုရားရေ ။ အရင်လို ဘယ်ညာလွဲနေတုန်း ။
လွင့်ထွက်သွားတဲ့ မီးခိုးငွေ ့တွေထဲ
ကိုယ် ပါလာမလား ။
လိုက်ရှာကြည့်တော့ ကိုယ့်ဆီမှာ စက်မှု (၁) မှတ်တိုင် တွေ့တယ် ။
ဘုရားရေ ။ ပလက်ဖောင်းလေး အရင်လို မျက်ရည်စိုနေတုန်း ။
လွင့်ထွက်သွားတဲ့ မီးခိုးငွေ ့တွေထဲ
စက်မှု (၁) မှတ်တိုင် ပါလာမလား ။
လိုက်ရှာကြည့်တော့ ကိုယ့်ရင်ဘတ်ကို တွေ့တယ် ။
ဘုရားရေ ။ အရင်လို မျက်ရည်စိုနေတုန်း ။
အရင်လို ဘယ်ညာလွဲနေတုန်း ။
အရင်လို ကဗျာရွတ်ရင်း
အရင်လို အမိုက်နွံမိနေတုန်း ။
အရင်လိုလို့ လမ်းအိုလိုက်ခဲ့တာ မဟုတ်ပေမယ့်
အရင်လို “ထောက်” ခနဲ ။ ။
ဆူးခက်မင်း
2 comments
susunosuki
May 12, 2010 at 7:16 am
ရင်နာတယ်
ရင်နာတယ်
သိပ်စိတ်နာတယ် ဗျာ
အရမ်းရင်နာတယ်
တကယ့်ကိုရင်နာတယ်
etone
May 12, 2010 at 8:09 am
ရင်နာတာမှောက်အိပ်လို့ထင်တယ် 😀