ဖင်တစ်ထိုင် ..ခဏခရီး။။
အလိုလိုနေရင်းအားနာမိပါတယ်..။။
ကားစီးတာတောင် အလိုလိုနေရင်းအားနာနေရတဲ့ အဖြစ်မျိုး ကြုံဖူးကြရဲ့လား
မနေ့ကတော့ ကျွန်တော်ဆိုတဲ့ ကောင်လည်း ကြုံခဲ့ရတယ်ဗျို ့ ဒီ အားနာတာကြီးက တစ်မျိုးကြီးဗျ
ထိုင်ရှစ်ခိုးချင်လောက်အောင်ကို အားနာတာလေ ဟုတ်ပါတယ် ထိုင်ရှစ်ခိုးခြင်လောက်အောင်
အားနာခဲ့ ရတယ် လို့ပြောမှ ပိုပြီးပြည့် စုံလိမ့်မယ်..။။
လိုင်ကားစီးရင် တွေရမယ် သံဃာတော်များသာဆိုတဲ့ ကားခေါင်းဖက်က ခုံတန်းလေးကိုလူတိုင်းသိကြမှာပါ
အဲဒီခုံကြီးကြောင့်ဘဲ ကျွန်တော့အတွက် ထိုင်ရှစ်ခိုးခြင်လောက်အောင် အားနာခဲ့ရတာပဲဗျို့…..။။။။
အဲဒီလိုအားမနာရစေဘို့ အတွက် ကျွန်တော်လေ လိုင်းကားစီးရင် အမြဲတမ်း ကားအနောက်ဖက်ကိုပဲ
ဝင်ပြေးတာများတယ် အနောက်ဖက်မှာ လူသိပ်များနေရင် အရှေဖက်ကခုံမှာထိုင်ရပေမယ့် အဲဒီ သံဃာတော်
များသာ ဆိုတဲ့ ခုံကိုဝေးဝေးကရှောင်တယ် လူသိပ်ကြပ်နေပါစေ အဒီ ခုံနဲ့ကပ်လျှက် နောက်ဖက်ကခုံမှာတောင်
မစီးဘူး ဘာပဲပြောပြောပေါ့ဗျာ လိုင်းကားဆိုမှတော့ ကိုယ်ပိုင်ကားမှမဟုတ်တာပဲ ထိုင်ခြင်တဲ့နေရာတော့ ဘယ်
ထိုင်လို့ရမှာလဲ သူလိုကိုယ်လိုနေရာဦးတဲ့သူက ရှိပြီးသားပဲလေ ဒါပေမယ့် ဒီသံဃာတော်များသာဆိုတဲ့ ထိုင်ခုံ
ကြီးကို ဝေးဝေးရှောင်နေခဲ့တာကြာပေါ့..ဘာပဲဖြစ်ဖြစ် ကျွန်တော်မှတင် မဟုတ်ဘူးလေလူတော်တော်များများလဲ
ဒီခုံကြီးကိုလွတ်အောင်ရှောင်ကြ တာပဲဗျ နောက်ဆုံးမတတ်သာလို့ နေရာမရှိမှသာ ဝင်ထိုင်ကြရတာကလား…။။
ကားကလဲ လူကြပ်ချိန်များ ဒီသံဃာတော်ခုံနေရာကြီး ထိုင်လိုက်နေရလို့များကတော့ စိတ်ကသိပ်မလုံခြင်ဘူးလေ
ကားက တစ်မှတ်တိုင် တစ်မှတ်တိုင် ထိုးထိုးရပ်တိုင်း တက်လာတဲ့ခရီးသည်ကို ခိုးကြည့်ရတာလဲ အမောပဲဗျ
ဘယ်အချိန်များ သံဃာတော် တစ်ပါး ပါးတက်လာပါ့မလဲနဲ့ပေါ့ မှတ်တိုင်မှာ သံဃာတော်တွေရပ်နေတာတွေရင်
ကိုယ်စီးလာတဲ့ ကားများတက်လာလေးမလား စိုးရိမ်တစ်ကြီး ကြည့်နေရတာပဲ ကားကြပ်ကြပ်မှာ နေရာပြန်
ထပေးရရင်သိပ်အဆင်မပြေလှဘူးလေ ဒီလို အဖြစ်မျိုးနဲ့ တော်တော်များများကြုံဘူးကြမှာပါပဲ….အင်းဒါပေမယ့်လေ….
အဲဒီလိုပြန်ထပေးလိုက်ရတာကမှ သံဃာတော်ကိုနေရာပေးလိုက်ရလို့ကုသိုလ် ရပါတယ်လေးလို့ ဖြေတွေးလေး
တွေးပြီး လူကြပ်တဲ့ကြားထဲ ရပ်လိုက်သွားလို့ရသေးတယ် အခု“ကျွန်တော့ အဖြစ်ကတော့ မနှစ်ကနဲ့ မတူ”လို့သာ
ပြောလိုက်ခြင်တော့တယ်ဗျို့…..ဆက်ပြီးထိုင်နေရမှာလား ထပေးတော့လည်းမသင့်တော် …..ဒုက္ခနဲ့ လှလှတွေ့ရ
တာပဲဗျာ …။။။။
ရန်ကုန်မြို့လယ်ခေါင်လို့ပြောရမယ် ဆူးလေ(ရုပ်ရှင်ရုံမှတ်တိုင်) ကားဂိတ် ဟာမြောက်ဒဂုံ/တောင်ဥက္ကလာ/
မြောက်ဥက္ကလာ ကိုသွားကြတဲ့ ခရီးသွားတွေအတွက် ကားထိုင်ခုံနေရာရဘို့ မှတ်တိုင်ကြိုစီးကြတဲ့နေရာ ကားစပယ်ယာ
အခေါ် ပတ်စီး ခရီးသည်တွေအဖြစ် အတ္တကြီးစွာ ထိုင်ခုံနေရာလုပွဲ ကျင်ပရာမှတ်တိုင်တစ်ခုပါပဲ ကျွန်တော်ဆိုတဲ့
ကောင်းကလဲလူပဲလေတသက်လုံး အမြဲတမ်းထိုင်ရမယ် နေရာမဟုတ်တာတောင် ခဏတစ်ဖြုတ်သက်တောင့်သက်သာ
သွားလာနိုင်ဘို့ ထိုင်ခုံလုတဲ့လူတွေထဲမှာ ကျွန်တော်လဲ ဝင်နွဲ တာပါပဲ …။။ထိုင်ခုံနေရာရဘို့ ပတ်စီး ရတာလဲ
မလွယ်ဘူးဗျ ရိုးရိုး ဆူးလေဂိတ်စက စီးတဲ့လူတွေထက် ငွေ တစ်ရာပိုပေးရတယ် သူများထက် တစ်ရာပိုကုန်ပြီး
ခုံနေရာရဘို့ တိုးဝှေ့ လုတက်လာခဲ့ ရတဲ့လူတစ်ယောက် အနေနဲ့ သံဃာတော်များသာ ဆိုတဲ့ ထိုင်ခုံကိုသာ
နေရာရခဲ့မယ် ဆိုရင် အင်း….။။
အဲဒီနေ့ကတော့ …ကျွန်တော်လည်းအများနည်းတူ “၄၃ အထူး” လို့ ရေးထားတဲ့ ကားပေါ်ကို တိုးဝှေလုတက်
လိုက်ရတယ် ကားအနောက်ဖက်ကိုကြည့်လိုက်တော့ ခုံကပြည့်နေပြီ အရှေ့ဘက်မှာတော့ လွတ်နေသေးတယ်
ဒါပေမယ့် နှစ်နေရာသုံး နေရာလောက်ပဲရှိတော့တာ လေ သံဃာတော်များသာဆိုတဲ ခုံကြီးကတော့လွတ်နေသေးတယ်
အဲဒီမှာတော့ထိုင်လို့မဖြစ်
အနီးစပ်ဆုံးကြည့်လိုက်တော့ သံဃာတော်များခုံရဲ အနောက်ဖက်ကကပ်လျှက်ခုံ ချာတိတ်မလေးနှစ်ယောက်ထိုင်
နေပေမယ့် မတတ်နိုင် သူတို့ နဲ့ပဲကပ်ထိုင်ရတော့မှာပဲလေ အထူးကားမှာက နှစ်ယောက်ထိုင်ခုံနဲ့ သုံးယောက်ထိုင်ခုံ
ဆိုပြီးနှစ်တန်း ရှိပေမယ်နှစ်ယောက်ထိုင်ခုံက ခရီးသည်တွေအတွက် သိပ်ပြသနာမရှိပေမယ့် သုံးယောက်ခုံကတော့
သုံးယောက် အပြည့် ထိုင်လို့ရတာတော့ မဟုတ်ဘူးဗျ ပြောရရင်း နှစ်ယောက်နဲ့ ဖင်တစ်ချမ်းပဲ ထိုင်လို့ရတာလေ အပြင်
ဘက်အချမ်းကနေရာရသူအနေနဲ့ကတော့ ဖင်တချမ်းသာနေရာရတယ်လို့ပြောရမယ် ဖင်တချမ်းစာထိုင်ပြီး ကားယိုင်သမျှ
မဲတင်းထိုင်ကြပေတော့ဗျို့အင်း..မထူးတော့ပါဘူးလေဆိုပြီး ဖင်တစ်ချမ်းစာ လေးနဲ့ပဲ မှေးထိုင်နေလိုက် ဟိုဘက်က
ချာတိတ်မနှစ်ယောက်ကတော့ သူတို့ နေရာကို ဖင်တစ်ပြားသားမှ မရွှေ့ ရှုတည်တည်နဲ့ မိုက်ကြည့်ကြည့် ပြီးထိုင်နေ
ကြတယ်လေ မိန်းခလေးတွေဆိုတော့ ယောက်ျားလေးအချင်းချင်းလို ဟိုဘက်နည်းနည်း တိုးပါအုံးကလဲ ပြောမကောင်း
အသားချင်းအတင်းပူးကပ်ဝင်ထိုင်လို့လဲ့ မဖြစ်ဆိုတော့ ဖင်တစ်ချမ်းစာနဲ့ နှစ်သိမ့်နေလိုက်ရတယ် ….။။
“အထူးကား” ဆိုတဲ့အတိုင်း ထူးထူးခြားခြားထိုင်ခုံအပြည့်တပ်ထားတဲ့ အပြင် လူတွေကိုလဲ ကြပ်ညပ်နေအောင်
ထူးထူးခြားခြားတင်ပါတော့တယ်“ခုံတော့မရှိဘူး ဆန္ဒရှိရင်လိုက်လို့ရတယ်” ကားစပယ်ယာရဲ့စကားပါ နောက်မကျခြင်လို့
မတ်တပ်ရပ်စီးတာနဲ့ လိုင်ကားကြပ်တာကို အသားကျနေပြီဖြစ်တဲ့ ရန်ကုန်ရွာကြီးသားများဟာ နောက်ကားလဲကြပ်မယ့်
အတူတူ တက်စီးရတော့ တာပါပဲ အရင်ကလိုအပေါက်ဝမှာတွယ် မစီးရရင်တော်ပြီလို့ သဘောပိုက်ကြတယ်ထင်ပါ့ဗျာ…။။
လူပြည့်တာနဲ့ ကားကဆက်ထွက်လာ ပါတော့တယ်“ ယောက်လမ်းမှတ်တိုင်ပါလား သုံးလမ်းရွှေတိဂုံ ဘုရားပါလား ””
အော်မေးနေပါတော့တယ်“ သုံးလမ်းပါတယ်”ပြန်ဖြေတဲ့ အသံ ..ဒီလိုနဲ့သုံးလမ်းမှတ်တိုင်ရောက်ရောဗျို့ စုံတွဲ တစ်တွဲ
ဆင်းသွားပြီး ပြန်တက်လာတာကသံဃာတော်နှစ်ပါး ..ဟင်းဟင်း..သံဃာတော်ခုံထိုင်တဲ့ငတိတွေတော့သွားပြီ စပယ်ယာက
သံဃာတော်ခုံထပေးဖို့ပြောပါတော့တယ် သံဃာခုံနဲ့ ကျုပ်နဲ့ ကအလွတ်ကြီး အေးဆေးပဲလေ ဖင်းတစ်ချမ်းနေရာ အတွက်
စိတ်ချရတယ် ဂရုမစိုက်ပေါင် …။။သံဃာ နှစ်ပါး လူကြပ်ကြပ် ကြားမှာ သင်္ဃန်းတွေ ကိုးရိုးကားယားနဲ့ ကားရှေ့ပိုင်းက သူတို့
နေရာရတဲ့ခုံကိုတိုးဝှေ့သွားနေကြတယ်လေ ရှေဆုံးကတိုးတဲ့သံဃာ ကတော့ အတန်ငယ် ကြုံလှီ တဲ့အတွက် သတ်မှတ်တဲ့ခုံ
ကိုအရောက်သွားနိုင်ပေမယ့် နောက်က ကိုယ်တော်ကတော့ အနည်းငယ် ဝနေတဲ့ အတွက် လူကြားထဲ တိုးဝှေ့ခြင်းကို
လက်လျှော့လိုက်ဟန်တူပါတယ် ကျုပ်ထိုင်ရာခုံဘက်ကိုကပ်ပြီးရပ်နေပါတော့တယ် လူကလဲကြပ် သံဃာခုံကလူသုံးယောက်
ကထပေးပြီး ပြန်တိုးထွက်လာတော့ လမ်းကတအားကျပ်ပြီးဆက်တိုးမရဖြစ်နေရတာပါပဲ “အရှင်ဘုရားဆက်တိုးလေဘုရား”
ဒါကကျုပ်ပြောတာ “နေတော့ဒကာ ဒီလောက်ကျပ်နေတာ”ပြသနာက အဲဒီမှာစတွေ့တာပဲဗျ ဘာပဲဖြစ်ဖြစ် ကျုပ်ထိုင်နေတဲ့ခုံက
သံဃာတော်ခုံမဟုတ်ပေမယ် သံဃာတစ်ပါးလုံး ကိုယ့်ဘေးရပ်နေတာ ကို နေရာမပေးရင် အဂါရဝ ဖြစ်တော့မယ်လေ
နေရာပေးမယ် ဆိုရင်လဲ ကျုပ်ဘေးက မိန်းခလေးနှစ်ယောက်က အပြင်ထွက် ရပ်ပေးဖို့ သူတို့လုပ်မယ်မထင်ဘူး ဒါမှမဟုတ်
ကျုပ်ပေး တဲနေရာမှာပ ဲမိန်းခလေးတွေနဲ့အတူထိုင်ရင် ဟိုမိန်းခလေးတွေငရဲကြီးမယ် သံဃာလဲ မာတုဂါမနဲ့ ကြမ်းတစ်ပြေးတည်း
ထိုင်တဲ့အတွက် အာပတ်သင်စေမယ်ထင်တယ် ဒါပေမယ့် ကျုပ်တစ်ခုခု တော့လုပ်မှရမယ် အဂါရဝ တော့ အဖြစ်မခံနိုင်ပေါင်
“အရှင်ဘုရားဒါဆိုဒီမှာထိုင်” ကျုပ်က ဒီမှာထိုင်လို့ပြောချိန်မှာပဲ ဟိုဖက်ကနှစ်ယောက် မျက်လုံးပြူးသွားကြတယ် နောက်တော့
ကျုပ်ကိုမျက်စောင်းထိုးတယ် ပြီးတော့ သူတို့နှစ်ယောက်ပြိုင်တူ တိုက်များထားသလားမှတ်ရတယ်ဗျာ နှစ်ယောက်သား
ဟန်းစတား ကြွက်နှစ်ကောင်လို ကားပြူတင်းပေါက်ဖက် နှစ်ယောက်သား လုံးပြီး ကပ်နေကြပါတော့တယ် ကျုပ်ဘက်နဲ့
ဘုန်းကြီးဘက်ကိုလုံးဝမကြည့်တော့ပါ “ရတယ်ဒကာထိုင်ပါ” ကျုပ်ဘယ်လိုလုပ်ရမလဲ ကျုပ်အသာလေးထိုင်ခုံကဆင်းလိုက်
ဖင်းတစ်ချမ်းသာထိုင်ရတဲ့ တဏှာအပေါ် တက်မက်စွာတွယ်ကပ် ထိုင်နေတဲ့စိတ်ကိုပိုင်းဖြတ်လိုက်တယ် “ အရှင်ဘုရားထိုင်ပါ”
“ရတယ်ဒကာ မာတုဂါမတွေနဲ့” ကျုပ်လေခုံပေါ်ကဆင်းပြီး မတ်တတ်ပဲစီးလိုက်တော့တယ် ဟိုဘက်က မိန်းခလေးနှစ်ယောက်
ကတော့ လုံးဝဒီဘက်ကိုလှည့်မကြည့်တော့ ဘဲ မမြင်သယောင်မကြားသယောင် မျက်နှာကို ပြူတင်းပေါက်ဘက်လှည်ကာ
အဲဒီအတိုင်းမလှုပ်မယှက် လိုက်ပါလာကြပါတော့တယ် သူတိုနှစ်ယောက်ကြာရင် အုံးလွဲမှာတောင်ဆိုးရပါတယ်..။။။
ကျုပ်လေအားနာလိုက်တာ အဲဒီသံဃာကိုပေါ့ ဟိုမိန်းခလေးနှစ်ယောက်ကို အပြစ်မပြောလိုပေမယ် နေရာလှူတဲသူလဲအကျိုး
မရှိမတ်တပ် အလှူခံသူ သံဃာအတွက်လဲအကျိုးမရှိမတ်တပ် အလဟသလွတ်နေတဲ့နေရာတစ်ခု ဟိုဘက်က ဗုဒ္ဓဘာသာဖြစ်
လျှက်နဲ့ သံဃာကိုပြတ်ပြတ်သားသား မကြည်ညို နိုင်ကြတဲ့ ကလေးမနှစ်ယောက် အတွက်တော့………အင်း…ဒါကြောင့်
“ခင်ဗျားတို့ ကျွန်တော်တို့ တစ်တွေ
ဖင်တစ်ထိုင် ခဏခရီးလေးအတွက် ခင်ဗျားတို့ ကျွန်တော်တို့
သံဃာကိုတောင် ဒီနေရာလေး အလှူ မပေးနိုင်သေးရင်ဖြင့်
သံသရာ တစ်လျှောက်စီးသွားကြမယ့် ခရီးသွား ခင်ဗျားတို့ ကျွန်တော်တို့ အတွက်တော့
အင်း…..ဘယ်လို နေရာတွေမှ ရကြမယ် မထင်တော့ပါကြောင်း ပါ ……………….ခင်ဗျား..။။။”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
12 comments
ပေါက်ဖော်
August 27, 2011 at 11:47 am
ရှိပါစေတော့ ဒဂါဂျီး ရယ်..
ပုထုဇဉ် ဆိုတော့လဲ ..သူ ့အတ္တနဲ ့ ပဲပေါ့
ဆန္ဒမပါပဲ ပြုတဲ့အရာဟာ ကုသိုလ်လဲ မရပါဘူး..
တစ်ဂယ်လို ့မာတုဃာမ နှစ်ယောက်သာ မထချင်ပဲ ထပေး.ခဲ့လို ့ရှိရင် ..ကုသလိုလ်မရတဲ့အပြင်
ဦးပဉ္ဖင်းက ငရဲပေး မိသလို ဖြစ်သွားမှာလဲ ဦးဇင်း သိလို ့ပါ..
ရွာထဲက ဒဂါ ကြောင်ဂျီးတို ့..ဒဂါ ဘီလူးတို ့လို ဘုရားမှန်း..တရားမှန်း သိကြရင် တစ်မျိုးပေါ့ကွယ်
ဟော..ကြည့်..
ဒကာ ကြောင်ကြောင်ဆို အနတ္တသဘောနဲ ့ရှုပြီး …အားလုံးကို ပယ်ဖျက်ဖို ့ကြိုးစားနေဘီ
ဘယ်လောက် ဝမ်းသာဖို ့ကောင်းလဲ..
အိမ်း..
အဲသလိုပဲ..အတုယူကြဖို ့ကောင်းတယ်ကွဲ ့..
ကဲပါလေ…ဆွမ်းဘုဉ်းဖို ့လဲ အချိန်မမီမှာဆိုးလို ့…ဒီလောက်ပါပဲ….
မည်သူ ့ကိုမှ ဦးပဉ္ဖင်း အပစ်မယူလိုပါဘူးနော့်..
စိတ်ရှင်းရှင်းထားပြီး လောကီလောကုတ္တရာ နှစ်ဖြာအတွက် ကောင်းအောင်သာ ကြိုးစားအားထုတ်ကြပါလေ
စာဖတ်သူတွေထဲ တစ်ကယ့် ဘုန်းဘုန်း အစစ်တွေပါခဲ့ရင် ခွင့်လွှတ်တော်မူပါခင်ဗျာ
parlayar46
August 27, 2011 at 12:31 pm
ကို ဘီလူး ရေ –
(စကားမစပ် – ဒါ့ထက်ခေါ်လို့ကောင်းတဲ့နာမည်လေး ပြောင်းဘို့ မစဉ်းစားဘူးလားဟင်)
အဲဒီ လူ့ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးသူ ဒီခေတ်မှာ တော်တော်ရှားသွားပြီ။
ကမ္ဘာမှာတော့ လူများစုလက်ခံတဲ့ ဦးစားပေး အစီအစဉ်တွေရှိပါတယ်။
၁။လတ်တလောကျန်းမာရေးချို့ယွင်းသွားသူ ၂။မစွမ်းမသန် ၃။ကိုယ်ဝန်ဆောင် ၄။သက်ကြီးရွယ်အို ၅။ကလေးသူငယ် – စသည်ဖြင့်ပေါ့။ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့နိုင်ငံမှာတော့ ဂါရဝသဘောနဲ့ ရှေ့ဆုံးမှာ သံဃာတော်တွေကို ထည့်လိုက်ရမှာပေါ့။
ကျုပ်ပြည်ပနိုင်ငံတခုမှာ ရထားစီးတော့ ရထားကချောင်တယ်။ ခုံတွေလွတ်နေတယ်။ ဒါပေမယ့် အဲဒီနိုင်ငံသား မလေး၊တရုတ်၊ကုလား အားလုံးလိုပဲ အများစုက မတ်တပ်စီးကြတယ်။ ခုံတွေကိုဦးစားပေးရမယ့်သူတွေအတွက် ချန်ထားတယ်။ ဘယ်လောက်ယဉ်ကျေးမှု့ရှိသလဲလို့နော်။
နောက်တကြိမ်စီးတော့ အလုပ်ဆင်းချိန်။ ရထားတွဲထဲ မြန်မာအလုပ်သမားတွေ စုပြုံတက်လာတယ်။ ခုံတွေကို ဒရောသောပါး လုထိုင်တယ်။ ခုံမရတဲ့ ကောင်လေးတချို့ တွဲ၂တွဲကြားနေရာလောက်မှာ ကြမ်းပြင်ပေါ် ခြေဆင်းထိုင်တယ်။ ပြီးတော့ အော်ဟစ်ဆူညံ၊ ဖုန်းတွေအော်ဆက်၊ သီချင်းထဆိုတဲ့ သူတောင်ပါသေးတယ်။ တွဲထဲက သူ့နိုင်ငံသားတွေအားလုံး မျက်စိပျက်မျက်နှာပျက်နဲ့ နှာခေါင်းရှုံ့ကြတယ်။
ကျုပ်ပြောချင်တာက နမူနာယူစရာ အတုယူစရာတွေရှိတဲ့ ယဉ်ကျေးတဲ့နိုင်ငံရောက်နေတာတောင် ကျုပ်တို့လူငယ်တွေ အတုမယူကြပါဘူး။ အားလုံးကိုမဆိုလိုပေမယ့် အများစုကဒီလိုပဲဖြစ်နေတယ်။
ဒီပုံနဲ့တော့ ယဉ်ကျေးပြီး စည်းကမ်းရှိတဲ့ လူ့ဘောင်တခု ထူထောင်ဘို့ လိုပါသေးတယ်။
သံသရာခရီးအတွက်ကတော့ ………………..
pannu
August 27, 2011 at 12:32 pm
အမလေး ဒီကဖြင့် ဘုန်းဘုန်းစစ် စစ် များလားလို့…။ ဟုတ်ပ… ဟိုလေ…
ဦးသုမင်္ဂလ ဟော သလို သာသနာကွယ်ပျောက်တော့မယ် ၊ ပျက်တော့မယ်ပြောတာ မှန်တော့မှာလား..။
ဟုတ်များဟုတ်ခဲ့ရင် ဆိုပီး ရင်လေးလိုက်တာ..။
koyinmaung
August 27, 2011 at 1:59 pm
(ပေါက်ဖေါ်)ဆိုတဲ့တရုတ်ဘုန်းကြီးကအဟောအပြောကောင်းဘဲ
ရွာထဲမှာ တရာ ပွဲ ရှိယင်ဖိတ်အုံးမှ…..
good
August 27, 2011 at 5:07 pm
သံဃာတော် ခုံ ပဲ အမြဲ ရွေးထိုင်တယ်။
စပယ်ယာ အသံ အမြဲနားစွင့်ရင်း သံဃာ တပါးပါး ရောက် လာတာ နဲ့ ထပေးတယ်။
ထိုင်ခုံ ထမပေးချင် တဲ့ သူတွေ ကို မြင်မြင် နေရ တာ စိတ် မချမ်းသာ လို့ ပါ။
kai
August 27, 2011 at 5:16 pm
ဘုန်းကြီးရဟန်းဆိုတာက.. မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့ပဲဆိုင်တာပဲ..။
ကားပေါ်မှာ.. တွေ့တဲ့လူအားလုံးကို.. ကိုယ့်သာသနာဝင်လို့ ထင်နေရင်တော့..မှားမယ်ထင်မိပါတယ်..။
ဆိုတော့..
ကျုပ်အနေနဲ့ကတော့… ကျမ်းမာသန်စွမ်းနေတဲ့.. ယောကျင်္ား(သံဃာ)နဲ့စာရင်.. မသန်စွမ်းသူ၊ကလေး၊အသက်ကြီးသူတွေကို ဦးစားပေးရမယ်ထင်မိပါတယ်..။
ဒါက.. တကမ္ဘာလုံးနဲ့ဆိုင်တဲ့.. လူ့ကျင့်ဝတ်…။
hmee
August 27, 2011 at 5:37 pm
ကျွန်မလည်း ဘယ်တော့မှ သံဃာခုံကို မထိုင်ဘူး။ တခါတလေ ကိုယ်က အဝေးကြီးစီးမှာမို့ ပတ်စီးထားရတာလေ။ တခါကတော့ ကလေးအမေကို နေရာဖယ်ပေးတာ မိန်းမကြီးတယောက် အတင်းဝင်ထိုင်တယ်လေ စိတ်တိုလိုက်တာ မပြောပါနဲ့တော့ တလမ်းလုံး အကုသိုလ်တွေ အတုံးလိုက် အတစ်လိုက်ကို ရလာတာ။
မိုက်ကယ်ဂျော်နီအောင်ပု
August 27, 2011 at 7:52 pm
အင်းးးးးးးးးးးးးးးးးးး
ဒီနေရာမှာ သဂျီးမင်းရဲ့ အဆိုကို မသိမသာလိုက်ဖောလ်ရမယ်ဆိုရင်တော့
ဟုတ်သလိုလိုဘဲဗျ
ကျုပ်ကိုယ်တိုင်လည်း ငယ်ရွယ်သူတွေ ( ကျမ္မာသန်စွမ်းသော လူငယ်များ )
အဲ့သည်လို လူကြီးသူမတွေ ကိုယ့်ဘေးမှာလာရပ်နေတာကိုတွေ့ရဲ့သားနဲ့
မသိသလို ခပ်တည်တည်နဲ့နေတတ်တဲ့သတ္တဝါတွေဆို တော်တော်အမြင်ကပ်တယ်ဗျ
သတိထားမိသလောက်
အကောင်မခပ်ရွယ်ရွယ်တွေ ကျုပ်တို့တောသားစကားနဲ့ပြောရရင်
အကောင်မ မတန်းမအရွယ်တွေ ခပ်တည်တည်ဘဲဗျ နေလည်းနိုင်ပ 🙁
နောက်တစ်မျိုးက အိန္ဒိယကလားတွေ လူမျိုးရေးခွဲပြောတာမဟုတ်ဘူးနော် သူများကိုလိုက်ခွဲရအောင်ကျုပ်ကိုယ်တိုင်လည်းဘာကောင်မှမဟုတ်ဘူး
ဒီကောင်တွေရွာမှာက ဇာတ်နိမ့်ဇာတ်မြင့်တွေရှိတယ်လို့တော့
ကြားဘူးတာဘဲ ကျုပ်လည်း အိန္ဒိယမတွေနဲ့ တစ်ခါမှတော့ မတစ်ခါဘူးတဲ့အတွက် သိဘူး
တစ်ချို့ဆို အတင်းကိုတိုးတက်တာ
ယောက်က်ျားကြီးတန်မဲ့ဗျာ ( ကျုပ်လည်းယောက်ျားတန်မဲ့ အတင်းပြောနေတာ 😀 )
လူကောင်က အရင်မထိုင်မိခင် ဖင်တစ်ပိုင်းကိုအရင်ထိုင်ပြီး
ပါတဲ့ပစ္စည်းနဲ့အခြားခုံကို ရွှေမျိုးတွက် နေရာဦးလိုက်သေးတယ်
သူတို့ကိုယ်ကထွက်တဲ့ ချွေးနံ့ကလည်းတစ်မျိုးကြီးဘဲ
ဒါပေမယ့် အားလုံးတော့မဟုတ်ပါဘူး များသောအားဖြင့်ပါ 😀 ဂယ်
ကျုပ်ကတော့ ရန်ကုန်မြို့မှာ တစ်ခါမှ လိုင်းကားမစီးဘူးတော့ သိဘူး
အခြေနေကြည့်ပြီးပြောရရင်တော့
ကျုပ်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ဆိုရမှာဘဲနော
ဆိုတော့ကာ ရဟန်းသံဃာများတွက်သာ လို့စာတန်းတွေပါပြီး
အခြားဘာသာရေးဘုန်းကြီးတွေတက်လာတဲ့အခါရော ဘယ်လိုလုပ်ကြမလည်း?
( ဒါက စိန်ခေါ်မှု့တစ်ခုဘဲနော လျှော့တော့မတွက်နဲ့ )
နောက်ပြီးတော့ ကားတွေရဲ့အနေအထားကလည်းရှိသေးတယ်
ဘာကားလို့ခေါ်သတုံးဗျ ဒိုင်နာလား ဘာလား
နောက်ကနေဝင် နောက်ကနေထွက်ရတဲ့ ကားဆိုရင်တော့ ချောင်မယ်ထင်ဘူး
တစ်ချို့ကားကြတော့ အဝင်အထွက် နှစ်ပေါက်ရှိတော့ တံခါးနားရှေ့ဆုံးခုံက သံဃာခုံပေါ့နော
ဒီနေရာမှာဘဲ နေရာထိုင်ခင်းကိစ္စကိုပြောရမယ်ဆိုရင်တော့
ဒီလိုကိစ္စမျိုးတွေတွက် ဘယ်လို ပညာပေးအစီစဉ်တွေရှိသလဲဆိုတဲ့ မေးခွန်းက
တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါလာမယ်ထင်တယ်
ဒါ့ကြောင့် ကျုပ်တို့ ဘယ်လို ဘယ်လို
လူတွေသိတတ်အောင်လုပ်ကြမလဲ
မသိခြင်းကြောင့် မလိုက်နာသူ၊ မကျင့်ကြံသူကို အပြစ်ပြောလို့ကတော့
ကျုပ်တို့ဘဲ ပင်ပမ်းမယ်ထင်ပါတယ် ( အထင်ပါ ) နောက်ပြီး
ကိုယ်က သိတတ်တိုင်းနဲ့ မသိတတ်တဲ့သူကို အပြစ်ပြောလွန်းရင်လည်း
တရားမည်မထင် ( ဒါလည်း အထင်ပါ )
ကြုံလို့ပြောရရင် မျက်နှာမာ စပါယ်ရာဆိုတဲ့ သတ္တဝါတွေကိုပါ
ဘယ်လို ပညာပေးပစီစဉ်တွေရှိသလဲ
သူတို့တွက်လည်း ပညာပေး အစီစဉ်တွေရှိသင့်တယ်
လွှတ်တော်ထည်းမှာများ ပြောလို့ရနိုင်မလားဆိုတာကတော့
သဂျီးမင်းကို တီးကြည့်ခေါက်ပေါ့ဗျာ 😀 😀 😀
“ဘီလူးကြီး”ogre
August 27, 2011 at 8:13 pm
သူကြီးနဲ့ ကိုအောင်ပု ေ့ပြာတာကိုထောက်ခံပါတယ်
ဒါပေမယ့်..ကိုအောင်ပုပြောတဲ့
“ကျုပ်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ဆိုရမှာဘဲနော
ဆိုတော့ကာ ရဟန်းသံဃာများတွက်သာ လို့စာတန်းတွေပါပြီး
အခြားဘာသာရေးဘုန်းကြီးတွေတက်လာတဲ့အခါရော ဘယ်လိုလုပ်ကြမလည်း?
( ဒါက စိန်ခေါ်မှု့တစ်ခုဘဲနော လျှော့တော့မတွက်နဲ့ )”
ရန်ကုန်မှာက တစ်ခြားဘာသာဝင်ဘုန်ကြီးတွေလိုင်းကားစီးတာအင်မတန်တွေ့ရခဲပါတယ်
မော်လဝီ ဘုန်းကြီးတွေ ဖာသာကြီးတွေ မာသာကြီးတွေ ကများသောအားဖြင့်ကိုယ်ပိုင်ကား
ကိုစီရှိကြတယ်ဗျ မရှိလဲသူတို့ ဘာသာဝင်တွေက ဝိုင်းပြီးလှူဒါန်းထားတတ်ကြတာ
မြန်မာပြည်က ဗုဒ္ဓဘာသာဝင် ရဟန်းသာမဏေ သီလရှင်
စာသင်သားတွေ များတဲ့အတွက် လိုင်ကားတွေမှာတော့ သံဃာတော်များသာဆိုတဲ့ စာတမ်းကလိုနေအုန်း
မှာပါ….ဗုဒ္ဓဘာသာများတဲ့နိုင်ငံဖြစ်တဲ့အတွက် ကိုယ်ဘာသာဝင်များကိုသာ ပြောလိုပါတယ်
ခရီးသွားရင်ကုသိုလ်ယူတတ် နိုင်စေဘို့ပါပဲ…။။။
ကြောင်ကြီး
August 27, 2011 at 8:30 pm
သဂျီး၊ ကိုအောင်ဘု တို့ပြောတာ စဉ်းစားစရာပဲ။ (ဘီလူးနဲ့တော့ မပတ်သက်ချင်ဘူး၊ ဘီလူးစည်း လူ့စည်းဆိုတာ ရှိရတယ် 😎 ) ။ ကျနော့်အတွေ့အကြုံအရတော့ ကျန်းမာသန်စွမ်းတဲ့ ကိုယ်တော်များသည် ထိုင်ခုံနေရာဖယ်ပေးတောင် လက်မခံငြင်းပယ်တာ တွေ့ရပါတယ်။ ရှေ့မှတ်တိုင် ဆင်းတော့မှာ စသဖြင့် ငြင်းလို့ကောင်းတဲ့ အကြောင်းပြချက်များနဲ့ပေါ့။ ဒါလည်း ဖြစ်သင့်တယ်ထင်တယ်။ အလှူရှင်ဖက်က သိတတ်ဖို့လိုသလို အလှူခံတွေဖက်ကလည်း စိတ်ထားတတ်ရင် နှစ်ဦးနှစ်ဖက် မြတ်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
August 27, 2011 at 10:53 pm
(ဘီလူးနဲ့တော့ မပတ်သက်ချင်ဘူး၊ ဘီလူးစည်း လူ့စည်းဆိုတာ ရှိရတယ် )
ဆိုတဲ့ ကိုကြောင်ကြီးရဲ့ အဆိုကို ကန့်ကွက်ပါတယ်
ဘဝဟူသမျှ ဒုက္ခချဉ်းဘဲလို့ မိန့်ကြားတော်မူခဲ့တဲ့ ဗုဒ္ဓရှင်တော်ဘုရားရဲ့
ဘီလူးလဲ သတ္တဝါ ကြောင်လည်းသတ္တဝါဖြစ်ပါလျှက်
သတ္တဝါ အခြင်းခြင်း ခွဲခြားတာကို ကန့်ကွက်ပါတယ်
သတ္တဝါခြင်း ခွဲခြားဆက်ဆံတတ်တဲ့ မန်ဘာကိုကြောင်ကြီးကို
အရေးယူပါ သဂျီးမင်းခင်ဗျ
ဒီမိုကရေစီကျကျလုပ်ပါ သဂျီးမင်းခင်ဗျ
……………………….
အသားအရောင် ခွဲခြား စော်ကားမှု
အသားအရောင် ခွဲခြားခံရ၍ စိတ်ပျက် ဝမ်းနည်းမိကြောင်း ဂျူဗီနယ် ဖွင့်ဟ
ရန်ကုန် ယူနိုက်တက် အသင်း တိုက်စစ်မှူး ဂျူဗီနယ်က ဇေယျာရွှေမြေ အသင်းနှင့် မုံရွာ ပွဲစဉ်တွင် အိမ်ရှင် ပရိသတ်များ၏ အသားအရောင် ခွဲခြားဆက်ဆံ ခံခဲ့ရခြင်းအပေါ် စိတ်ပျက်ဝမ်းနည်း မိပါကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် အိမ်ရှင်အသင်း အားပေးသူ ပရိသတ်များက ရန်ကုန် အသင်းမှ တိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ချားစ်အိုဘီနှင့် ဂျူဗီနယ်တို့အား “Monkey, Monkey” ဟု အော်ဟစ်ခဲ့ကြပြီး ကွင်းအတွင်း ငှက်ပျော်သီးများ ဖြင့်လည်း ပစ်ပေါက်မှုများ ရှိခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဂျူဗီနယ်က “အသားအရောင် ခွဲခြား ဆက်ဆံတယ် ဆိုတာ အလွန် ရှက်စရာ ကောင်းတဲ့၊ မယဉ်ကျေးတဲ့ အပြုအမူ တစ်ခုပါ။ ဒီလိုနိုင်ငံမှာ ဒီလို အဖြစ်အပျက်မျိုး ကြုံရမယ်လို့ ထင်မထားပါဘူး။ စိတ်လည်း ပျက်မိသလို၊ ဝမ်းလည်း နည်းမိပါတယ်။ ခင်ဗျားကို လူတွေ ဝိုင်းကြည့်ပြီး မျောက်လို့ လက်ညိုးထိုး အော်ဟစ် နေကြမယ် ဆိုရင် ခင်ဗျားတို့ ဘယ်လို ခံစားရမလဲ။ ကိုယ်ချင်းစာ ကြည့်သင့်ပါတယ်” ဟု Myanmar Special ဂျာနယ်သို့ ဖွင့်ဟ ပြောကြားခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ဇေယျာရွှေမြေ အသင်း၏ အမာခံ ပရိသတ်များသည် အိမ်ရှင် အသင်းအား အကောင်းဆုံး ပံ့ပိုး အားပေးခဲ့ကြကာ အသင်းမှာလည်း ရန်ကုန် ယူနိုက်တက် အသင်းအား ၃ဂိုး ၁ဂိုးဖြင့် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သည်။
သို့သော် ပရိသတ် အချို့က ပြိုင်ဘက် အသင်း ကစားသမားများ အပေါ် အသားအရောင် ခွဲခြား ဆက်ဆံခဲ့မှုမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး ထိုဖြစ်ရပ်မျိုး မြန်မာဘောလုံး လောကတွင် ထပ်မံ ဖြစ်ပေါ်စေခြင်း မရှိစေရန် အထူးကြပ်မတ် ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ် လာခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အချက်အလက် ခိုင်လုံစွာဖြင့် တိုင်ကြားလာမည် ဆိုပါက စုံစမ်းစစ်ဆေး အရေးယူမှု ပြုလုပ်မည်ဟု ပြောကြားခဲ့ သော်လည်း ရန်ကုန် ယူနိုက်တက် အသင်းဘက်ကမှ တိုင်ကြားရန် အစီအစဉ် မရှိကြောင်းလည်း သိရသည်။
http://www.irrawaddyblog.com/2011/08/blog-post_2117.html
………………………………………….
Anonymous says: August 26, 2011 6:56 PM
အသားအရောင်ခွဲခြားရုံတင် မကဘူး…. လူမျိုးချင်လည်း ခွဲခြားတယ်။ ဆင်းရဲချမ်းသာလည်း ခွဲခြားတယ်။ ဗမာပြည်သား အချင်ချင်းတောင် ငါက စာအုပ်နဲ့ ထွက်လာတာ၊ သူက အောက်လမ်းက လာတာ။ ငါတို ့က စစ်ဗိုလ်တွေ သူတို ့က အရပ်သားတွေ။ ငါတို ့က ကမ္ဘာ ပတ်လာတဲ့ ဘုန်းကြီးကွ၊ စစ်အစိုးရကိုးကွယ်တဲ့ ဘုန်းကြီးကွ၊ ဗိုလ်ခင်ညွန်နှင့် ရင်းနှီးတယ်ကွ၊ ဗိုလ်သန်းရွှေ ရဲ့ လူယုံကွ၊ ငါတို ့က DSA ကျောင်းဆင်းကွ၊ ငါတို ့က ရှရှား ပြန်တွေကွ၊ ငါတို ့က နိုင်ငံရေးသမား မဟုတ်ဘူးကွ မီဒီယာ ကွ။ ငါတို ့က ပညာရှင်တွေကွ။ ငါတို ့က စင်္ဂပူမှာ ကျောင်းတက်နေတဲ့သူတွေကွ၊ ငါတို ့က ဂုရုတွေကွ၊ငါတို ့က ဘောင်ဘီချွတ်တွေကွ။ ငါတို ့က ဒေါက်တာတွေကွ ဆိုပြီး ကို်ယ်ကိုကိုယ်သွေးနားထင်ရောက်ပြီး ခွဲခြားတက်တာ မတူဘူး မတန်ဘူး မြင်တက်တာ လူ ့သဘာဝလား။ ဗမာပြည်သားတွေ သာ ဒီအမြင် ရှိတာ မဟုတ်တာတော့ အမှန်ပါ။ ငါစွဲ ကင်းကြပါစေ။ ခွဲခြားလို စိတ် ကင်းကြပါစေ။ အထင်သေး အမြင်သေး စိတ်ကင်းကြပါစေ။
…………………………………………..
Anonymous says: August 26, 2011 7:14 PM
သူပြောလို.သာ သိရတာ.။ ကြားဖူးတာ ဒါပထမဆုံးဘဲ..။
မြန်မာနိုင်ငံမှာ များသောအားဖြင့် နိုင်ငံခြားသားတွေက
နယ်ခံတွေထက် ပိုအရေးပေးခံရတတ်ပါတယ်..
ရဲတွေကအစ နိုင်ငံခြားသားဆိုရင် အင်္ဂလိပ်လို မပြောတတ်တာလားတော့ မသိဘူး..။
အကုန်လုံး ရက်စ် ချည်းဘဲ..။
အလုပ်ထဲမှာဆိုရင်လည်း နိုင်ငံခြားသားဆိုရင် ကိုယ်တွေထက် ပိုအရေးပေးခံရတယ်..။
ဘာဘဲဖြစ်ဖြစ် ဒီလို လူလူချင်း ခွဲခြားနှိမ်ချတဲ့ ဆက်ဆံမှုမျိုးကို ရှုတ်ချပါတယ်..။
ရှေ.လျှောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ရမှာမို. နိုင်ငံခြားသားတွေ ပိုမိုဝင်ရောက်လာနိုင်တာမို.
ဒီလို ခွဲခြားနှိမ့်ချဆက်ဆံတာတွေကို အစိုးရမှ ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ဖို. အချိန်ရောက်ပါပြီ..။
………………………………….
pan pan
August 29, 2011 at 9:37 am
ကိုယ်တိုင်ကြုံတာကတော့ သံဃာခုံမှာ မိန်းကလေးနှစ်ယောက်ထိုင်နေပြီးတော့ သံဃာတော်တစ်ပါးကြွလာတဲ့အခါ မိန်းကလေးနှစ်ယောက်လုံးက ဖယ်ပေးကြပါတယ်
အဲဒီသံဃာတော်ထိုင်ပြီးတော့ ပိုတဲ့တစ်နေရာကိုတော့ ဘေးမှာရပ်နေတဲ့ ယောက်ျားကြီးတစ်ယောက် ထိုင်ရပါတယ်
ဘာကိစ္စဖြစ်ဖြစ် လိုင်းကားပေါ်မှာက တွေးစရာတွေတော့ အများကြီးပါပဲ
ဘတ်စ်ကားစီးရတာ ပညာတော်တော်ရတယ်
ကိုယ်ပိုင်ကားမရှိတာပဲ ကျေးဇူးတင်ရမလို 😀