Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နာမယ်တူတယ်…ဆိုတာ……..

naywoon niAugust 27, 20111min64421

ဒီကိစ္စပြောချင်နေတာကြာပါပြီ..။ ဒါပေမဲ့ အချိန်တန်ရင် ရပ်သွားမလားလို့ ကြည့်နေတာ ။ ပြောလိုက်ရင် အနဲဆုံးအဆဲခံရမှာသိတယ်..။ ကွန်ပလိန်းတွေလည်းတက်လာမှာပဲ…။ ဒါပေမဲ့ မျက်စေ့နောက်လာရင်တော့လည်း ပြောရတော့မှာပဲ…။
မတတ်နိုင်ဘူး ဆဲလိုကလည်း ဆဲကြပေရော့…။
နာမယ်ဆိုတာ မူပိုင်ခွင့်ဥပဒေမရှိဖူးသေးဘူး..။ နိုင်ငံတော် အကြီးအကဲတွေရဲ့ နာမယ်တောင်ယူမှည့်ကြသေးတာပဲ..။ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ နာမယ်ကော…။ အိမ်မွေး တိရစ္ဆာန်တွေကိုတောင် မိုက်မိုက်ရိုင်းရိုင်း ပေးထားကြတာတွေ့ဘူးရဲ့..။ အဲဒိတော့ သူတို့ ဘာလုပ်လို့ရသလဲ..။
တစ်ခြားနိုင်ငံတွေမှာလို မျိုးရိုးကိုလိုက်ပြီး နာမယ်ပေးကြတာလည်း ထုံးစံမရှိဘူး..။ စည်းကမ်းမထားဘူး..။ အရှေ့ဘက်အိမ်က ခုမှ မွေးတဲ့ ကလေးက တစ်အိမ်ကျော်က ကလေးနာမယ်ယူမှည့်လည်း ဒါငါပေးပြီးသား နင်ယူမှည့်စရာမလိုဘူးလို့ ပြောပိုင်ခွင့်မရှိဘူး..။
ဒီဆိုဒ်ထဲမှာ သူ့နာမယ် ထည့်မရေးရဘူး ငါ့နာမယ် ပါလာပြန်ပြီနဲ့ ခဏခဏ ပြောနေသံကြားရတော့ အစတော့ ရယ်ချင်စိတ် ပဲပေါ်မိတာ…။ နောက်ကျတော့ သနားလာတယ်..။ အော် …လူတစ်ယောက်လုံးတောင် ဘယ်နေ့သေရမယ်မသိ ဒီတစ်နေရာလေးမှာ နာမယ်လေး သွားတူနေတာ များ အပြင်မှာ တစ်ကယ်ဖြစ်မဲ့ အတိုင်းပေါ့လေ…။
အပြင်မှာ နိုင်ငံသိနာမယ်ကျော်နေတဲ့ အနုပညာရှင်တွေရဲ့ နာမယ်ယူမှည့်လို့ မရပါဘူး..။ ဒါပေမဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ခေါင်းစဉ်ပေးလိုက်တာတို့ စာထဲမှာ နစ်နာလိုစေတဲ့ စေတနာမပါပဲ ရေးလိုက်တာတို့ ဆိုရင်မပြောသာပါဘူး..။
ဥပမာ……
နိုင်ငံကျော် စာရေးဆရာကြီးတစ်ယောက်ရေးလိုက်တဲ့ ဝတ္ထုတစ်ပုဒ်မှာတောင်နိုင်ငံကျော်အနုပညာရှင်ရဲ့ နာမယ်ပေးလိုက်ဖူးတယ်..။ နစ်နာလိုတဲ့စေတနာမပါတော့ ဘာမှပြောသံမကြားပါဘူး..။ သူ့ကို ကြော်ညာပေးတယ်လို့တောင်ထင်သွားသလားမသိဘူးလေ..။ ကြားဖူးလား အဲဒိဝတ္ထုခေါင်းစဉ် ခေတ်ဟောင်းက စာအုပ်ဆိုတော့ ဖတ်ဖူးလားမမေးတော့ဘူး..။
စာအုပ်ခေါင်းစဉ်က
“နောက်ဆုံးတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ” တဲ့
နယ်ရုပ်ရှင်ရုံတွေမှာ ယနေ့စူပါးစတားကျော်ဟိန်းလို့ အော်အော်ပြီး ကျေညာနေတဲ့ အချိန်မှာ …….။
နောက် စာရေးဆရာတစ်ယောက်ရှိသေးတယ်..။ မှတ်မိသလောက်ပေါ့..။ ပေးလိုက်တဲ့ ခေါင်းစဉ်က
“ခိုင်ခိုင်ဦးနှင့်ချစ်ဖူးသည်” တဲ့
အဲဒိအချိန် အမှည့် အများဆုံးနာမယ်..။ ဘယ်ခိုင်ခိုင်ဦး ဆိုတဲ့ ကောင်မလေးကမှ ထ မကန့်ကွက်ခဲ့ကြပါဘူး..။
နောက်သီချင်းတစ်ပုဒ်ရှိသေးတယ်..။
“ရီရီစိုး ရက်စက်တယ်” တဲ့..။ အဲဒိသီချင်းစားသားပါ ပါတဲ့ မိန်းကလေးက အပြင်မှာလည်း သူ့ရည်းစားဖြစ်ခဲ့ဖူးတယ်လို့ ကြားဖူးတာပဲ…။ ဟုတ်မဟုတ်တော့ မသိဘူး..။ ဒီသီချင်းထွက်လာတဲ့ အချိန်မှာလည်း တက္ကသိုလ်ကျောင်းသူတွေ နေတဲ့ အပြင်ဆောင်မှာ ဂစ်တာသွားတီးကြတယ်..။
သူငယ်ချင်းတစ်ယောက်က အကြံပေးတယ်..။
ရီရီစိုး သီချင်းဆိုရအောင်တဲ့..။ ဒီအဆောင်မှာ ရီရီစိုး ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်တဲ့..။
ဆိုကြတာပေါ့..။ “ ရီရိစိုးရက်စက်တယ်” ဆိုပြီးတော့ အဲဒိကောင်မလေး စိတ်မဆိုးရှာပါဘူး..။ သီချင်းရှိလို့ ဆိုတာပဲပေါ့..။
အနုပညာနယ်ပယ်မှာ အားလုံးက တစ်ညီတစ်ညာထဲ သတ်မှတ်ထားတာက နာမယ်တူ လိုက်မယူဖို့ပါပဲ..။
ဒွေးရဲ့နာမယ် အစက “ ထင်လင်း” စာရေးဆရာထင်လင်းဆိုတာရှိပြီးသားလို့ ထောက်ပြတော့ “ ဒွေး ” ပြန်ဖြစ်သွားတယ်..။ နောက်နာမယ်တူရှိတယ်ဆိုပြီး ထောက်ပြခံရလို့ ပြောင်းပေးလိုက်တာတွေလည်းရှိတာပါပဲ..။ နောက်က ဝိသေသတစ်ခုခုနဲ့ ပဲဖြစ်ဖြစ် ပြောင်းသွားတာပါပဲ..။ သူလိုလို ကိုယ့်လိုလိုအဖြစ်မခံကြပါဘူး..။
နောက်ခေါင်းစဉ် ကိစ္စ..။ ကိုယ်ဖန်တီးလိုက်တဲ့ စာတစ်ပုဒ် သီချင်းတစ်ပုဒ် တစ်ယောက်ယောက်နဲ့ ခေါင်းစဉ်ပေးတာသွားတူနေရင် ကိုယ်က နောက်ကျနေရင်ပြောင်းပေးရတာပါ..။ ပြောင်းပေးလို့ မရရင် မူလပေးခဲ့ တဲ့ အနုပညာရှင် ကို ခွင့်ပြုပေးဖို့ ခွင့်တောင်းရပါတယ်..။ သီချင်းတွေထွက်သွားပြီး ရုပ်ရှင်ထွက်သွားပြီး မှတောင် သွားပြီး ခွင့်တောင်းရသေးတာ ကြားဖူးပါတယ်..။
ဝတ္ထုထဲမှာ သီချင်းထဲမှာ နာမယ်လေးပါသွားတာလောက်တော့ ဘာမှမပြောကြပါဘူး..။ ကိုယ့်နာမယ်ကလည်း အများသုံးနေကြနာမယ်ဖြစ်နေမယ်..။ ဥပမာ – ကိုကို တို့ မောင်မောင် တို့ ပေးထားပြီး စာထဲမှာ ဒီနာမယ်ပါလာတိုင်းသာ ထထပြီးအော်နေရင် ဒီဇာတ်လမ်းတွဲက ဆုံးမှာမဟုတ်တော့ပါဘူး..။
ရေးတဲ့သူတွေလည်း ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ အနှောက်အယှက်ဖြစ်ရပါတယ်..။
ဒီတော့ နာမယ်ကိစ္စ ယူဇာနိမ်းတူတဲ့ ကိစ္စ ကလွဲရင် သည်းခံနေလိုက်တာကကောင်းမယ်ထင်ပါတယ်..။ ကိုယ့်နာမယ်နဲ့လာတူပြီး အပြင်က အကြောင်းအရာတွေပါတူနေရင်တော့ ပြောပေါ့..။
ဘာမှမဟုတ်လောက်တဲ့ အကြောင်းအရာလေးကို ရေးကြီးခွင့်ကျယ်လုပ်နေကြခြင်းက ကင်းဝေးကြပါစေ
မှတ်ချက်။ ။ ဆဲချင်ရင်ဂျီတော့ခ်ထဲကလာဆဲပါ..။

နေဝန်းနီ

21 comments

  • ကိုပေါက်(မန္တလေး) ပေါက်ကရစာတွေရေးပြီး စနက်ရှော့မဟုတ်တဲ့လက်ဆော့တွေတင်ပါတယ်။
    ကိုပေါက် (ဒါရိုက်တာ) နာမည်ကျော် လူငယ်လေးပါဒ
    အသက်ငယ်ပေမယ့်သူက ကိုပေါက်(မန္တလေး)ထက် စောပါတယ်။
    ကိုပေါက် ဂီတသင်တန်းပေးသူ ကနောက်တစ်ယောက်။
    ကျနာ်ကနောက်ဆုံးလူ။
    ဒါပေမယ့် မန်းတလေးနာမည်တတ်ပြီး ကွဲအောင်ခွဲပေးလိုက်ပါတယ်။
    ပိုင်မှပိုင်………………

  • MaMa

    August 27, 2011 at 10:26 pm

    ကော်မန့်နဲ့ ရန်ဖြစ်တာ ရွာထဲမှာ အသစ်အသစ်သော လက်စွမ်းထက် ကလောင်ရှင်များရဲ့ စတန့်တမျိုး ထင်ပါတယ်။ ရွာထဲမှာ စည်းကမ်းထိန်းသိမ်းရေး၊ ရပ်ရွာလုံခြုံရေး၊ ဒူးစာ တုတ်စာ လိုက်နာရေး စသဖြင့် ကော်မတီတွေ ဖွဲ့သင့်ပြီထင်တယ်နော်။
    (သဂျီးကို ရွာသူရွာသားများအတွက် ပြည်သူ့အော်သံလိုမျိုး ဖွင့်ခိုင်းရမယ် ထင်တယ်။)

    • ဆူး

      August 27, 2011 at 10:59 pm

      ပြည်သူ့အော်လံ မရှိတော့.. လွတ်တော် မရှိ.. အမတ်မင်းတွေ မရှိ.. ဟန်ရေးပြတောင် မရှိ…
      ရွာရဲ့ အုပ်ချုပ်ရေးမှု သဂျီး ကို သာ သပိတ်မှောက်..
      တရွာလုံး စုပြုံပြီး သပိတ်မှောက်..
      တအိမ်တယောက် ကလေးကော ခွေးပါမကျန် ဆန္ဒရှိတာ ထုတ်ပြီး ဖော်ပြ..
      အဲဒါမှ မရရင်.. ရွာကို ဗြောင်းပြန်လှန်.. (ရွာကို ဟတ်)

      😀 🙂 😛 😉

  • weiwei

    August 27, 2011 at 10:48 pm

    အဆဲတောင်းတယ်ဆိုလို့ ဘာများလဲလို့ ..
    ဆဲစရာလို့ မထင်ပါဘူး …
    ဘယ်သူမှလဲ စိတ်ဆိုးမယ်မထင်ပါဘူး …

  • ကြောင်ကြီး

    August 28, 2011 at 7:35 am

    စစ်တပ်ထဲမှာတော့ ထိပ်ဆုံးကအဘတွေနဲ့ နာမည်တူနေရင် ပြောင်းရတယ်ပြောတယ်။ တချို့ အောင်ဆန်းအမည်ဖြစ်နေတဲ့ လူကြီးနားကပ်နေသူတွေဆို အာင်စန်းလို့ မသိမသာ ပြောင်းယူထားတယ်လို့ ကြားဖူးတယ်…။

  • “ဘီလူးကြီး”ogre

    August 28, 2011 at 8:27 am

    ကျွန်တော့ နာမည်ကတော့ တူစရာ အကြောင်းမရှိဘူးထင်ပါတယ်
    အရုပ်လဲဆိုးတယ်လေ တူခြင်လဲတူဗျာ နောက်ထပ် ဘီလူးတစ်ကောင်ပေါ်လာရင်တော့
    ကျွန်တော်နာမည်နောက်က (အထီး)လို့ ထည့်လိုက်မှာပေါ့ ..
    ဟုတ်တယ်ဗျ ….နာမည်တွေရှောင်နေရတာနဲ့ ရေးထားတာလေး(၃)ခုလောက်
    မတင်ရဘဲ ဆိုင်ငံထားရပါကြောင်း…။။။။

  • manawphyulay

    August 28, 2011 at 9:55 am

    အင်း မဆဲပါဘူး။ မနော နာမည်မှမပါတာနော်…. ဆက်ရေး ဆက်ရေး… 😛

  • မီးမီး သော်

    August 28, 2011 at 1:12 pm

    ကျွန်မနာမည်နဲ ့လဲတူလောက်ပါဘူး။မင်ဘာ ၅၂၆၆ယောက်ထဲမှာတော့ မတွေ ့သေးဘူး တခါမှ။ဟိ ဟိ။ရှိလာရင်လဲ စီနီယာကိုဦးစားပေးပေါ့မယ်—

  • မီးမီး သော်

    August 28, 2011 at 1:12 pm

    ကျွန်မနာမည်နဲ ့မတူလောက်ပါဘူး။မင်ဘာ ၅၂၆၆ယောက်ထဲမှာတော့ မတွေ ့သေးဘူး တခါမှ။ဟိ ဟိ။ရှိလာရင်လဲ စီနီယာကိုဦးစားပေးပေါ့မယ်—

  • captainamerica

    August 28, 2011 at 1:39 pm

    ဆဲစရာဘာမှမရှိပါဝူးအဘနီရယ်။ယူဇာနိမ်းတူတာကလွဲလို.ကျန်တဲ့ဟာတွေက
    ကိုယ်နားလည်းပေးနိုင်ရင်အတိုအစကိစ္စတွေပါ။အဘနီပြောတာ
    တွေလက်ခံပါတယ်။အမြင်မတော်တာရှိရင်ဆက်သာရေးဗျ။

  • cobra

    August 28, 2011 at 2:45 pm

    ကျွန်တော့နာမည်နဲ့တူတဲ့သူတော့မရှိလောက်ပါဘူးနော်။

  • naywoonni

    August 28, 2011 at 3:37 pm

    အိမ်းးး ပို့စ်ထဲမှာ နာမယ်တူပါတယ် ဖျက်ပေးပါဆိုပြီး လိုက်ဖွနေလို့ မျက်စေ့နောက်လို့ရေးလိုက်တာ….။ ကိုယ့်ကိုမတရားစော်ကားတာမှမဟုတ်ရင်..။ ကိုယ်နဲ့မတူရင်ပြောစရာလား…။ တစ်ကယ်နာမယ်ကျော်တွေကိုတောင်မှ ခေါင်းစဉ်ပေးပြီး ရေးခဲ့ကြသလို …။ ဘာမှလည်း ဒါနဲ့ပါတ်သက်ပြီးပြောသံမကြားခဲ့ဖူးပါဘူး..။ သူတို့လိုဆိုရင်ဖြင့် ဆရာ ကိုသုမောင်တို့ ညီကိုတစ်တွေ စာရေး စားရမှာတောင်မဟုတ်တော့ဘူး…။ နောက် ကိုယ်ပေးလိုက်တဲ့ ခေါင်းစဉ်နဲ့ ရှေ့က လူပေးထားတဲ့ ခေါင်းစဉ်ချင်းတူနေရင် သာပြောင်းပေးကြပါ…။ ပို့စ်ထဲက နာမယ်နဲ့ ကိုယ့်နာမယ် တူတာ မထိခိုက်ရင် စကားများမနေကြပါနဲ့…။ (စကားလာများရင်တော့ ပို့ရေးထားတဲ့ အတိုင်းအပြင်မှာ ဖြစ်ပျက်နေတယ်လို့ပဲယူဆရတော့မှာပဲ..။ )သဘောတူမတူ ပြန်ပြောပေးကြပါ..။

      • တာနော

        August 29, 2011 at 8:36 am

        ချနော် လဲတူတယ်
        ငါကွဲ့ တာနောယက္ခ ဂန်ထုလ.. အဲ..ဂံဒပ်ဘ…

        • pan pan

          August 29, 2011 at 11:07 am

          ရွာထဲ ဘီလူးအရေအတွက်များလာပြီ
          နာမည်အမျိုးမျိုးနဲ့ ဘီလူးအမျိုးအစားများစွာရှိနေပြီ
          —————————————————–
          နာမည်တူရင် ပြဿနာမရှာဘူးဆိုတာ ကောင်းပါတယ်
          သဘောတူပါတယ်
          အဲ့….ကျွန်မနာမည်တော့ မတူလောက်ပါဘူးနော် 😛
          အထက်မှာ သဘောတူထားတဲ့ ဦးဦး ကိုကို ဘိုးဘိုးဘီလူးများလည်း ဘီလူးအကြောင်းများပါလာရင်လည်း ခုလိုပဲ သဘောတူကြပါလို့ :mrgreen: 😀

  • piti

    August 28, 2011 at 5:44 pm

    ကျနော်နံမည်ကိုတော့ မဟုတ်တဲ့နေရာမှာ မသုံးလောက်ပါဘူးနော်
    ဟဲ ……….

  • ရွှေအိမ်စည်

    August 28, 2011 at 6:31 pm

    အော်…..ကလိုက်တုပေးလည်းကိုယ်ချစ်တဲ ့သူဘဲလို ့တွေးတော့…

    ရွှေအိမ်စည်ဆိုပြီးကောင်းလေးတွေ လည်း..ဧဒင်မှာလိုက်ထားကြတယ်…

    ချစ်လို ့ဘဲတွေးလိုက်…
    ဒါပေမယ့်သေချာတာတစ်ခုတော့ရှိတယ်….
    ဟေ ့..နင်ကနိုင်ငံရေးတွေ ဘာတွေ တခါတရံရေးတယ်နော်..လို ့ကျနော့်သူငယ်ချင်းတွေ ကသွားသာပြောလိုက်ရင်.

    .နောက်နေ့ပြင်ရောဗျာ…

    ကျနော့်ကတော့ယူပါတယ်ကလောင်အမည်တွေ အများကြိး…
    ဒါပေမယ့်..ရွှေအိမ်စည်ကတော့..ကျနော့်..မူပိုင်ဘဲ..
    ကိုရင်ကတုံးလေးလည်းကျနော်လုပ်ထားတာ..ဟဟ

    • မှော်ဆရာ

      August 29, 2011 at 8:36 am

      အားပါးပါး …
      ရွှေအိမ်စည်ဆိုတာ ယောကျင်္ားလေးလား…
      သူများတွေ မျက်စိလည်အောင် မလုပ်ကြေး
      နာမည်တူတာ ခွင့်လွှတ်တယ်..
      ဟိုထင် ဒီထင်ဖြစ်အောင်လုပ်တာ သိပ်စိတ်ဆိုးတယ်………

  • တော်ဝင် သူရဲကောင်း

    August 28, 2011 at 10:15 pm

    ဟာဟာ.. ဟဟ…
    အိုးလေး ကွဲသွားပြီ.. အဲ မှားတယ် ကွာ.. စည်ကြီး ကွဲသွားပြီး..
    ကျနော်တို့ ရွာက ရေအိမ်စည်ကြီး ကွဲသွားပြီ။ ဖြစ်ချင်တော့ ဗျာ.. အဲဒီ ရေအိမ်က တရွာလုံးမှာ တခုတည်း ရှိတာ ရေအိမ် အတွက် ရေ ပြသနာ လိုအပ်ချက် ပေးတဲ့ ရေအိမ်စည်ကြီးပေါ့..
    တောက လာတဲ့ ကိုရင် လက်ဆော့လို့ ပေါ့ ဗျာ.. တောက လာတဲ့ ကိုရင် လောက်လေးနဲ့ ချက်ကောင်း ပစ်တာ တချက်တည်းကို ရေအိမ်စည်ကြီး ကွဲသွားတာ ဂွမ်းကနဲပဲ.. ရွာသားတွေ ရေအိမ် တက်ရင် ပြသနာ တက်နေကြတယ်။ ရေအိမ် အထိ သွားပြီး ရေမရှိရင် သိပ်နံပါတယ် ဒါကြောင့် လမ်းမှာတင် အီးအီး ပါချ တာနဲ့ သိပ်မထူးတော့ပါဘူး။ လူကွယ်ရာ ခြုံလည်မှာ ကိစ္စရှင်းတော့မယ်။ အဲဒါ ရေအိမ်စည်ကြီး ကွဲသွာလို့ပါ။
    ရေအိမ်စည် ထပ်လုပ်ဖို့ အလှူခံချင်ပါတယ်။ တရွာလုံး ရွာထဲမှာ မနံ စေချင်ရင်တော့ ဒီကိစ္စ ပြန်စဉ်းစားဖို့ လိုမယ်။

  • တာနော

    August 29, 2011 at 8:41 am

    ရေစည်အိမ် နဲ့တောဝင် ဘာတွေပြောကြတာလဲဗျာ
    နားလည်အောင် ပြောပေးကြပါ 😛

Leave a Reply