Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပစ္စုပ္ပါန်ကမ္မဝါဒီများသို့ (၁)

True AnswerAugust 29, 20111min34310

ယနေ့ ၂၁ ရာစု ခေတ် တွင် လောကီ အတတ်ပညာ စွမ်းပကား ၊ လောကီကြီးပွားကြောင်းများအား အထင်ကြီး ငြိတွယ် လွန်းရာမှ ဗုဒ္ဓဘာသာဝင် တချို့ သည် မိမိမျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော habitual perception ဖြင့် သုတေသနလုပ်ထားသော လက်ခံနိုင်သော နားလည်နိုင်သော အကြောင်းခြင်းရာများကိုသာ အဟုတ်ထင် ဆုပ်ကိုင် အထင်ကြီးလေသည်။ ယနေ့ ၂၁ရာစု ခေတ်သစ်သိပ္ပံကလည်း ရုပ်ပိုင်းဆိုင်ရာ အံဖွယ်သရဲများကို စွမ်းပြလေသည်။

ခေတ်သစ်သိပ္ပံ ကို အထင်ကြီးသူတို့ တနည်းအားဖြင့် မိမိအာရုံခံ အင်္ဂါများဖြင့် သိရှိနိုင်မှု normal perception, လောကီ ဦးနှောက် ၊ ဗဟုသုတ ၊ အကြောင်းအကျိုးသင့်စဉ်းစားနိုင်မှု ၊ brain reasoning တို့အား အဟုတ်ထင်မှတ်ကာ… ထို့ထက်လွန်သော ဖြစ်ပျက်မှု အခြင်းအရာ စသည်တို့ကို မယုံကြည်နိုင် သံသယဖြစ်လာလေသည်။ မိမိအာရုံခံ အင်္ဂါများဖြင့် သိရှိနိုင်မှု normal perception ထက် လွန်မြောက်နေသော ဘုရားဟောဒေသနာများအားလည်း သံသယဝင်လာလေသည်။
မိမိ လက်တွေ့မှ ယုံမယ်။ ငါက လက်တွေ့သမား ဆိုသူတွေ ပေါ်ပေါက်လာလေသည်။

တချို့ တရားဓမ္မကိုလေ့လာကျင့်ကြံသူများကိုယ်တိုင် လိုရင်းရောက်အောင် အားထုတ်နိုင်ခြင်းမရှိသဖြင့် …လောကီ အတတ်ပညာများက မစွမ်းနိုင်သည့် လောဘ၊ ဒေါသ၊ မနာလို၊ ဝန်တိုမှု တို့ လုံးဝအရှင်းချုပ်ငြိမ်းခြင်းကို ပေးစွမ်းနိုင်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသည့် လောကုတ္တရာ တရားများနှင့် ထိုတရားများကို အဆုံးတိုင် သိနားလည်သွားသူ အရိယာသူတောင်ကောင်းများရှိသည်ကို ယုံဖို့ဝေးစွ ………မိမိအာရုံခံ အင်္ဂါများဖြင့် သိရှိနိုင်မှု normal perception, ထက် ကျော်လွန်နေသာ လောကီ သမုတိသစ္စာ အမှန်တရားတချို့ (ရှေ့ဘဝ နောက်ဘဝစသည်ဖြင့်) ကိုပင် လက်မခံနိုင် ၊ မယုံကြည်နိုင် ဖြစ်လာလေသည်။ ရှေ့ဘဝ နောက်ဘဝ ရှိသည်ကို လက်ခံလျှင်ပင် ခေတ်မမှီသူ၊ ခေတ်သစ်သိပ္ပံကို ဆန့်ကျင်သူ ပမာ ထင်မှတ်လာလေသည်။

ထိုအခါ မိမိအာရုံခံ အင်္ဂါများဖြင့် သိရှိနိုင်မှု normal perception (သို့) ကျင့်ကြံမှုမပါသော ဦးနှောက်ဖြင့် နားလည်နိုင်သော အကြောင်းအရာများကိုသာ လက်ခံလိုသည်ကတကြောင်း ၊ မိမိလက်ခံထားမှုအား (မိမိတစ်ဦးတည်း မိမိဘာသာရဲရဲဝံ့ဝံ့ လွတ်လွတ်လပ်လပ် လက်မခံနိုင်ပဲ) မိမိအယူ မှန်ကန်နေကြောင်း မိမိစိတ်လုံခြုံမှု ယုံကြည်မှုအတွက် reference အဖြစ် ရယူလိုသည်ကတစ်ကြောင်း ဘုရားဟောတရားများ သုတ္တန်တစ်ချို့မှ မိမိတို့အယူကို ထောက်ခံသည်ထင်ရသော စကားလုံးများကို လိုရာစွဲယူလျှက် မိမိတို့အယူအဆသည် ဗုဒ္ဓအလိုကျ ဖြစ်လေဟန် ယုံကြည်မှုတည်ဆောက်ပြသလို အများကိုလည်းဝါဒဖြန့်လေသည်။
ထိုအခါ ဗုဒ္ဓတရားတော်များအား ပြောင်းပြန်ဆန့်ကျင်ဖက် ဖြစ်အောင် ဖန်တီးလေတော့သည်။

တချို့ဆိုလျှင် ယခု ဘဝ စားဝတ်နေရေး နှင့်ပတ်သက်ပြီးလမ်းညွှန်သော သုတ္တန် များလောက်ကိုသာ ဘုရားဟာအဖြစ် ယူလိုတော့သည်။

ဗုဒ္ဓသည် လောကီကြီးပွားရေးရော၊ လောကုတ္တရာ (လောကကိုကျော်လွန်-လွန်မြောက်သည့်တရားတော်)များကို ရော သင်ကြ ပြသသွားခဲ့လေသည်။ လောကီကို ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့သော အရိယာ သူတော်ကောင်းကြီးများ နှစ်ပေါင်း ၂၆၀ဝ အတွင်း မရေမတွက်နိုင်အောင်ပေါ်ထွန်းခဲ့လေသည်။

ထိုင်းနိုင်ငံတွင် ဆရာတော်ကြီး အာဂျန်ချား၊ အာဂျန်မွန်တို့အား အရိယာသူတော်ကောင်းကြီးများအဖြစ် ထိုင်း ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကြလေသည်။ မြန်မာနိုင်ငံတွင်ဆိုလည်း လယ်တီဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး စသည်ဖြင့် အရိုးမှ ဓါတ်တော်ကျပြကာ လောကကို လွန်မြောက်သောတရားများကို နားလည်သော အရိယာသူတော်ကောင်းကြီးများဖြစ်ကြောင်း သက်သေပြခဲ့လေသည်။ တနည်းအားဖြင့် မြတ်စွာဘုရားနားလည်စေချင်သည့်အတိုုင်း မှန်မှန်ကန်ကန်နားလည်သွားသူတို့ ရှိခဲ့လေသည်။ ရှိနေလေသည်။

သို့ပါသော်လည်း အထက်ဖော်ပြပါ ဉာဏ်ကြီးရှင်များသည် ……မိမိအာရုံခံ အင်္ဂါများဖြင့် သိရှိနိုင်မှု normal perception (သို့) ကျင့်ကြံမှုမပါသော ဦးနှောက်ဖြင့် နားလည်နိုင်သော အကြောင်းအရာများတွင်သာ လမ်းဆုံးလျှက် ….မြတ်စွာဘုရား နားလည်စေချင်သည့်အတိုင်း မိမိတို့ နားလည်နေဘိအလား (အယူမှားကင်းစင်နေပြီ) ဟု ယူဆပြီး….သမုတိသစ္စာအမှန်တရားများမှ မိမိအသိဉာဏ်နှင့် လိုက်မမှီသော အရာတချို့ကို ပစ်ပယ်ရန်ကြိုးစားလေသည်။

ပစ်ပယ်ရာတွင် မိမိဘာသာ မိမိစိတ်ထဲ ပစ်ပယ်ပါက အကြောင်းမဟုတ်သော်လည်း၊ မိမိအသိဉာဏ်ဖြင့် မိမိဘာသာ မိမိစိတ်ထဲ ပစ်ပယ်မှုများသည် မြတ်စွာဘုရား အလိုကျဖြစ်လေဟန် ဘုရားဟော တရားတော် အချို့မှ ကောက်နုတ်ဖော်ပြလျှက် မိမိလိုရာကို ဆွဲပြီး အများကို ထင်ယောင်ထင်မှားပြုလုပ်လေသည်။

ထင်ရှားသော သာဓက မှာ ရှေ့ဘဝ နောက်ဘဝ (သို့) ပုဂိ္ဂုလ်၊ သတ္တဝါ နှင့် ပတ်သက်သော အယူအဆဖြစ်သည်..

ဗုဒ္ဓသည်
၁) သမုတိသစ္စာ နှင့်
၂) ပရမတ္တသစ္စာ ဟူပြီး အမှန်တရား နှစ်မျိုးကို သင်ပြခဲ့သည်။

ထို နှစ်မျိုးကို သူ့နေရာနှင့် သူ မှန်မှန်ကန်ကန်ယူတတ်ရပါသည် ။ သမုတိသစ္စာ ရှုထောင့်မှ ပြောနေစဉ်တွင် ပရမတ် အမြင်ဖြင့် ပြောသောစကားလုံးများကို စွဲယူပြီး ချေဖျက်လို့မရပါ။ သဲအင်းဂူဆရာတော်ကြီးမှလည်း ပညတ် ပရမတ် နှစ်ခုစပ်ကို မှန်မှန်ကန်ကန်သိတတ်ရမည်ဟု သင်ပြပါသည်။

ပရမတ် အလိုအားဖြင့် ပုဂိ္ဂုလ်၊ သတ္တဝါ ၊ အချိန်တစ်ခုကြာ ခိုင်နေ မြဲနေသော တစ်ခုခု၊ တစ်ယောက်ယောက်၊ သူ၊ ငါ၊ လူ၊ နတ်၊ တိရစ္ဆာန် ဘဝ ဆိုတာ တကယ်မဟုတ်။ လျင်မြန်လွန်းစွာ တရစပ်ပျက်စီးနေသော ရုပ်နာမ်စွမ်းအင်သဘာဝများသာ ရှိသည်။

ထို့ကြောင့် ငါပုဂိ္ဂုလ်၊ သတ္တဝါ တကယ်မရှိသဖြင့် ပုဂိ္ဂုလ်၊ သတ္တဝါ ကို အရှိလုပ်ကာ ပြောဆိုရသော ယခုဘဝ၊ နောက်ဘဝ ၊ အတိတ်ဘဝ ဆိုသည်မှာလည်း တကယ်မဟုတ်ပေ။

ထို့ကြောင့် တကယ်မရှိသော တကယ်မဟုတ်သော ငါ၊ သူတပါး၊ တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂိ္ဂုလ်၊ သတ္တဝါ ကို အတည်ယူ အဟုတ်ထင်ပြီး ပြောဆိုနေသော ‘သတ္တဝါသေပြီး ဖြစ်သလော ၊ မဖြစ်သလော ဟူသော အယူသည်” ဒိဌိ အယူဖြစ်ကြောင်း ပရမတ်သစ္စာ အလို အားဖြင့် ဟောပြောထားလေသည်။

ထိုသဘောတရားနှင့် ပတ်သက်ပြီး မိုးကုတ်ဆရာတော်ကြီးရှင်းပြမှုများမှာထင်ရှားသည်။ ဆရာတော်ကြီးသည် အဂ္ဂိဝစ္ဆသုတ်၊ မာလုကျပုတ္တသုတ်၊ ယမကသုတ်၊ တခြား ဒိဌိဖြုတ်သုတ္တန်များ နှင့် အခြားသဘောတရားတူသုတ္တန်များကိုးကားကာ သူ၊ ငါ၊ လူ၊ တစ်ဦးဦး၊ တစ်ယောက်ယောက် ၊ ပုဂိ္ဂုလ်၊ သတ္တဝါ၊ ဘဝ ဆိုတာ တကယ်မဟုတ်။ (တရစပ် ပျက်စီးနေသော ရုပ်နာမ်စွမ်းအင်များသက်သက်) သာဖြစ်သည်။ ထို့ကြောင့် တစ်ဦးဦး၊ တစ်ယောက်ယောက် ၊ ပုဂိ္ဂုလ်၊ သတ္တဝါ၊ ကို အတည်ယူ အဟုတ်ထင်ပြီး မေးသောမေးခွန်း ”ပုဂိ္ဂုလ်၊ သတ္တဝါသေပြီး ဖြစ်မဖြစ် ” စသောမေးခွန်းများသည် မေးခွန်းကိုက မှားနေသည် ဟူကာ ရှင်းပြလျှက် ငါစွဲ၊ သူစွဲ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်စွဲ၊ ပစ္စုပ္ပါန်ဘဝစွဲ၊ အတိတ်-အနာဂတ်ဘဝစွဲ ၊ အချိန်စွဲ ကို ဖြုတ်တတ် စွန့်လွှတ်တတ်စေရန် သင်ကြားပေးလေသည်။

(ယနေ့ သဂျီး နှင့် ပစ္စပါ္ပန်ဝါဒီများ copy paste အများဆုံးဆွဲယူလေ့ရှိသောသုတ်အများစု ၏ ဆိုလိုရင်းအမှန်ကို မိုးကုတ်ဆရာတော်ကြီးမှ ရှင်းပြပြီးဖြစ်လေသည်။)

သမုတိသစ္စာ ရှုထောင့်အားဖြင့်လည်း ဗုဒ္ဓမှ ရှင်းလင်းစွာ ဟောကြားခဲ့လေသည်။
သမုတိသစ္စာ အားဖြင့် ရှေ့ဘဝ နောက်ဘဝ ဟူသည် တကယ်ရှိလေသည်။ ဘဝပေါင်းများစွာ အများအကျိုးအတွက် ဘုရားအလောင်းဘဝဖြင့် ပါရမီဖြည့်ကျင့်စွန့်လွတ် အနစ်နာခံခဲ့ပုံ၊ ၅၅ဝ နိပါတ်တော် ၊ ဇာတက စသည့် သုတ္တန်များ တွင် ဘုရားဟောအထင်အရှားရှိလေသည် ။

အရိယာ သူတော်ကောင်းကြီးများလည်း ထောက်ခံပြောကြားခဲ့သည်များ အထင်အရှားဖြစ်သည်။ သဲအင်းဂူဆရာတော်၊ စွန်းလွန်းဆရာတော်ကြီးများ အတိတ်ဘဝ-ရှေးဘဝများကို ပြန်လည်ပြောခဲ့မှုများ လူသိများကြလေသည်။ ယခုလက်ရှိ အောင်လံဆရာတော်ကြီးသည်လည်း ဘဝဖြစ်စဉ်များကို ပြန်လည်ပြောပြနိုင်စွမ်းရှိလေသည်။ ဖားအောက် တောရ ရိပ်သာတွင်လည်း အတိတ်ဘဝ -ရှေးဘဝဖြစ်စဉ်များကို အထောက်အထားနှင့်အတွ ပြန်ပြောနိုင်သူများ များစွာရှိလေသည်။

သူ၊ ငါ၊ လူ၊ တစ်ဦးဦး၊ တစ်ယောက်ယောက် ၊ ပုဂိ္ဂုလ်၊ သတ္တဝါ၊ ဘဝ၊ ယခုဘဝ၊ အတိတ်ဘဝ၊ နောက်ဘဝဟူသည် ကို ဘယ်ရှုထောင့်ကနေ မိမိ ပြောမှာလည်း ဆိုတာ နားလည်ရပေမည်။

သူ၊ ငါ၊ လူ၊ တစ်ဦးဦး၊ တစ်ယောက်ယောက် ၊ ပုဂိ္ဂုလ်၊ သတ္တဝါ၊ ပစ္စုပ္ဂါန်ဘဝကို အတည်ယူ အဟုတ်တကယ်ထင်ပြီး ပြောဆိုပါက အနာဂတ်ဘဝ အတိတ်ဘဝ သည် တကယ်ဟုတ်နေပေမည်။

ယခု ပစ္စုပ္ပါန်ဘဝကို အဟုတ်ထင် အတည်ယူ အရှိယူက ရှေ့ဘဝ နောက်ဘဝ ကို ရှိသည် ဟု ယူရပေမည်။ ယခု တစ်နာရီကို အရှိယူက ယခင်တစ်နာရီ နောက်တစ်နာရီ ကို အရှိယူရပေမည်။

သမုတိသစ္စာ ကို မပယ်ရသလို… မတွယ်စေရန် အတွက် လည်း နားလည်မှုအမှန်ကို တည်ဆောက်-ကျင့်ကြံအားထုတ်ယူရပေသည် ။ (တနည်းအားဖြင့်) တရစပ်ဖောက်ပြန်ပျက်စီးနေမှုစွမ်အင်ရုပ်နာမ်များ(အနိစ္စ ဒုက္ခ အနတ္တ) တရား ကို သာ အတည်ယူပြီး အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ် (အချိန်စွဲ )ရှေ့ဘဝ နောက်ဘဝ ယခုဘဝ အယူကို စွန့် ရလေသည်။

ဆိုလိုသည်ကတော့ အတိတ်၊ အနာဂတ်ကို မရှိယူလိုသော် ပစ္စုပ္ပါန်ကို လည်း မရှိယူရလေသည်…(ကျင့်ကြံအားထုတ်မှု ဝိပဿနာဉာဏ်ဖြင့်သာ စွမ်းနိုင်လေသည်)

တချို့သော ကိုယ်လိုရာဆွဲ ယူသူ ပစ္စုပ္ပါန်သမား ဆိုသူများသည် သမုတိသစ္စာ ထဲမှ ပစ္စုပ္ပါန်ဘဝ၊ အချိန် ကိုကျတော့ အဟုတ်ထင် အတည်ယူ အရှိယူကာ အနာဂတ်၊ အတိတ်ဘဝ ကို ပယ်ရန်ကြိုးစားလေသည်။ …….မိမိဖာသာ ပယ်ခြင်းမှာ အကြောင်းမဟုတ်သော်လည်း သမုတိသစ္စာရှုထောင့်မှ နေ၍ သမုတိသစ္စာ ပစ္စုပ္ပါန်ဘဝကို တော့ အတည်ယူ အရှိထင်ပြီး……..ဘုရားဟော ပရမတ်ရှုထောင့်မှ အမြင် အတိတ်ဘဝ ၊ နောက်ဘဝ ၊ ယခုဘဝ (အချိန်စွဲ)ကို ဖြုတ်သော စကားလုံးများကို ကိုးကားလျှက် ဘုရားကပဲ အတိတ်ဘဝ ၊ နောက်ဘဝ သမုတိသစ္စာကို ပယ်လေဟန် လီဆည် ရေးသားကြကုန်သည်။

ပရမတ်ဉာဏ်အမြင် ပေါက်အောင် အားထုတ်ခြင်းမရှိပဲ …ပညတ်တရားကို ပယ်ဖို့ကြိုးစားသူတို့ အပယ်လေးပါးဆိုတာ ရှိနေလေသည် ။

သမုတိသစ္စာအလိုအားဖြင့် ပညတ်တရားများ ပြောနေချိန်တွင် ပရမတ်တရားကို ဆွဲယူပြီး မိမိလိုရာစွဲပြောခြင်းနှင့်ပတ်သက်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဖောက်သည်ချလိုပါသည်။

မြန်မာနိုင်ငံ ကွန်မြူနစ်ရုပ်ဝါဒခေတ်စားချိန် ကွန်မြူနစ်ဝါဒရှိသူတစ်ဦးက မိမိအိမ်နီးနားချင်းတစ်ဦး စေတီတစ်ဆူဆီကို ဘုရားဖူးသွားမည်ဟု ဆိုရာ
ကွန်မြူနစ်ဝါဒရှိသူမှ – စေတီဆိုသည်မှာ အုတ်ပုံကြီးပင် ဖြစ်ရာ…
စေတီကို ရှိခိုးခြင်းနှင့် မိမိတို့ အိမ်ရှေ့က တိုက်ဆောက်ရန်ပုံထားသော အုတ်ပုံကို ရှိခိုးခြင်း တူတူပင်ဖြစ်ကြောင်း
စေတီကို ကားခ အချိန်ကုန် ခံပြီး တကူးတက သွားမနေဘဲ မိမိအိမ်ရှေ့အုတ်ပုံကိုပင် ရှိခိုးလိုက်ဖို့ ဆိုပါသည်။

ထိုအခါ ဘုရားဖူးသွားမည့်သူ ပြန်လည်ပြောကြားလိုက် သည်ကား မင်းဇနီးလည်း မိန်းမ၊ မင်းနှမလည်း မိန်းမ မိန်းမ ချင်း တူတူပဲဥစ္စာ၊ မင်းနှမကို မင်းပြန်ပြီး ယူလို့ ရသလား ဟူ၍ဖြစ်လေသတည်း ။

မှတ်ချက်။ ။ယခုဘဝ၊ နောက်ဘဝ စသည့်ဖြင့် ဘဝဆိုတာ ….တွေ့ကြုံဖို့သက်သက်…..အသုံးချဖို့သက်သက် ၊ အဟုတ်ထင် ဆုပ်ကိုင်ဖို့မဟုတ် ….ပယ်ဖို့လည်းမဟုတ်…တွယ်ဖို့လည်းမဟုတ်။

သမုတိသစ္စာ ပရမတ်သစ္စာ ရောထွေးကာ နားလည်မှုမှားပုံကို ရှင်းပြချက် –

http://realenlightenment.multiply.com/journal/item/9/9

၂၁ ရာစု သိပ္ပံမှ သိပ္ပံ ဆိုသူများအတွက် အတိတ်၊ အနာဂတ် ဘဝ ဖြစ်နေပုံ quantum physics အမြင်ဖြင့် သိပ္ပံနည်းကျ ရှင်းပြချက်။

http://www.scribd.com/doc/33296614/Scientific-Acceptability-of-Rebirth

မှတ်ချက်။
(ပစ္စုပ္ပါန်ကမ္မဝါဒီများ MG တွင် နောက်ဆုံးကျည်ဆံများဖြင့် ပစ်ခတ်နေမှုကို တတ်နိုင်သမျှ ကြိုးစား ကာကွယ် တင်ပြခြင်းဖြစ်ပါသည်။ သူကြီးမင်းနှစ်လုံးပြူးအား စိတ်ပုတီးဖြင့်လဲလှယ်ခြင်းဆောင်းပါးကို ခေါင်းစဉ်ပြောင်းလိုက်ပါသည်။)

10 comments

  • မီးမီး သော်

    August 29, 2011 at 8:16 pm

    မြန်မာနိုင်ငံ ကွန်မြူနစ်ရုပ်ဝါဒခေတ်စားချိန် ကွန်မြူနစ်ဝါဒရှိသူတစ်ဦးက မိမိအိမ်နီးနားချင်းတစ်ဦး စေတီတစ်ဆူဆီကို ဘုရားဖူးသွားမည်ဟု ဆိုရာ
    ကွန်မြူနစ်ဝါဒရှိသူမှ – စေတီဆိုသည်မှာ အုတ်ပုံကြီးပင် ဖြစ်ရာ…
    စေတီကို ရှိခိုးခြင်းနှင့် မိမိတို့ အိမ်ရှေ့က တိုက်ဆောက်ရန်ပုံထားသော အုတ်ပုံကို ရှိခိုးခြင်း တူတူပင်ဖြစ်ကြောင်း
    စေတီကို ကားခ အချိန်ကုန် ခံပြီး တကူးတက သွားမနေဘဲ မိမိအိမ်ရှေ့အုတ်ပုံကိုပင် ရှိခိုးလိုက်ဖို့ ဆိုပါသည်။

    မှတ်သားစရာလေးပါ။အရင်ဆုံးဝင်မန် ့သွားပါတယ်။

  • မီးမီး သော်

    August 29, 2011 at 8:18 pm

    “”ထိုအခါ ဘုရားဖူးသွားမည့်သူ ပြန်လည်ပြောကြားလိုက် သည်ကား မင်းဇနီးလည်း မိန်းမ၊ မင်းနှမလည်း မိန်းမ မိန်းမ ချင်း တူတူပဲဥစ္စာ၊ မင်းနှမကို မင်းပြန်ပြီး ယူလို့ ရသလား ဟူ၍ဖြစ်လေသတည်း ။””

    ကျနိခဲ့လို ့ဟိ ဟိ။မမ ကော်ပီ ပေ့စ် ပြောခံရတော့မယ်

  • မှော်ဆရာ

    August 29, 2011 at 8:33 pm

    မှန်လိုက်တာနော်

  • ရွှေဘိုသား

    August 30, 2011 at 10:05 am

    တယ်မှန်တဲ. စကားပါလား ကြားဖူးတယ်
    ဒါပေမဲ. ခပ်ဆင်ဆင်ပဲဖြစ်နေတယ် သိပ်မတူဘူးး
    ကြားဖူးတာက မြန်မာနိုင်ငံလာတဲ. နိုင်ငံခြားသား ခရီးသွားတဲ.
    ဘယ်ဟာပဲ ဖြစ်ဖြစ် မှတ်သားလောက်ပါတယ်

  • ကြောင်ကြီး

    August 30, 2011 at 11:41 am

    အမှန်သစ္စာ
    ရန်ဖြစ်မပါ
    ညဏ်အနှစ်သာ
    ကျန်ရစ်မှာ…။
    မှတ်ချက်။ true answer ရေ သဂျီးကို သန့်စင်ဖို့ သာသနာတော်ကို မညစ်နွမ်းပါစေနဲ့လားဗျာ..။ 🙂

    • thantmonzaw

      September 29, 2011 at 3:23 pm

      ဒီနေ.ဒီpostကိုဖတ်ရတာအကြိုက်ဆုံးပါ
      ကိုကြောင်ကြီး လေးစားတယ်ဗျာ
      အမှန်သစ္စာ
      ရန်ဖြစ်မပါ
      ညဏ်အနှစ်သာ
      ကျန်ရစ်မှာ…။
      ကောင်းလိုက်တာဗျာ၊ရေးလဲရေးတတ်ပါ.ကိုကြောင်ကြီးရယ်

  • True Answer

    September 5, 2011 at 8:55 am

    ဟုတ်ကဲ့ပါ ကိုကြောင်ကြီး။ ကိုကြောင်ကြီး သာသနာပြုရင်တော့ အောင်မြင်မှာဗျ။ ကိုကြောင်ကြီးအရေး အပြောက ကာရံနဘေနဲ့ တကယ့်ကို ထိမိလှပါတယ်။

  • lionking

    September 26, 2011 at 3:38 pm

    လက်စသတ်တော့ ဒီပို့စ်က ကွန်ကြောင်နဲ့ သက်သေထူနေတာကိုး။ ပြောတော့ 550 နိပါတ် အကြောင်း၊ သုတ္တန်အကြောင်း ကိုးတော့ဘာမဟုတ်တဲ့ကွန်ကြောင်တွေရဲ့ လုပ်ဇာတ်ကို သက်သေထူနေသေးတယ်။ စကားလုံး ရိုင်းတော့သာရိုင်းတယ် ရိုင်းတယ်နဲ့။ ပြောမပြောချင်ဘူး။ 2500မှာ အသက်ရှင်နေသူများလို့ ပို့ရေးရရင် မြန်မာတပြည်လုံးပါသွားလိမ့်မယ်။ ပြတိုက်ထဲမှာ အသက်ရှင်လျှက် နေချင်ကြသလား။

  • kthwinzayarmyo

    September 14, 2012 at 2:01 pm

    ကျွန်တော်တို့ကို ရည်ရွယ်ပြီး ပိုစ် တစ်ခု ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ဒါပေမယ့် ပစ္စုပ္ပါန်ကမ္မဝါဒ ကို သေသေချာချာ နားမလည်တာ တွေ့ရတယ်။ဘာလို့လဲဆိုတော့ စာထဲမှာ
    ဗုဒ္ဓသည်
    ၁) သမုတိသစ္စာ နှင့်
    ၂) ပရမတ္တသစ္စာ ဟူပြီး အမှန်တရား နှစ်မျိုးကို သင်ပြခဲ့သည်
    ကျွန်တော်တို နားလည်ထားတာက
    ၁) သမုတိသစ္စာ နှင့်
    ၂) ပရမတ္တသစ္စာ ရှိနေပြီး ခေတ်တွင် ဗုဒ္ဓ ပေါ်ထွန်းကာ ထိုသစ္စာ နှစ် ပါးကိုသုံးပြီး သူ၏ တရားဖြစ်သော
    ၃)အရိယသစ္စာ ကို ဟောကြားခဲ့သည်။
    သမုတိသစ္စာအလိုအားဖြင့် ပညတ်တရားများ ပြောနေချိန်တွင် ပရမတ်တရားကို ဆွဲယူပြီး မိမိလိုရာစွဲပြောခြင်းနှင့်ပတ်သက်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဖောက်သည်ချလိုပါသည်။

    မြန်မာနိုင်ငံ ကွန်မြူနစ်ရုပ်ဝါဒခေတ်စားချိန် ကွန်မြူနစ်ဝါဒရှိသူတစ်ဦးက မိမိအိမ်နီးနားချင်းတစ်ဦး စေတီတစ်ဆူဆီကို ဘုရားဖူးသွားမည်ဟု ဆိုရာ
    ကွန်မြူနစ်ဝါဒရှိသူမှ – စေတီဆိုသည်မှာ အုတ်ပုံကြီးပင် ဖြစ်ရာ…
    စေတီကို ရှိခိုးခြင်းနှင့် မိမိတို့ အိမ်ရှေ့က တိုက်ဆောက်ရန်ပုံထားသော အုတ်ပုံကို ရှိခိုးခြင်း တူတူပင်ဖြစ်ကြောင်း
    စေတီကို ကားခ အချိန်ကုန် ခံပြီး တကူးတက သွားမနေဘဲ မိမိအိမ်ရှေ့အုတ်ပုံကိုပင် ရှိခိုးလိုက်ဖို့ ဆိုပါသည်။

    ထိုအခါ ဘုရားဖူးသွားမည့်သူ ပြန်လည်ပြောကြားလိုက် သည်ကား မင်းဇနီးလည်း မိန်းမ၊ မင်းနှမလည်း မိန်းမ မိန်းမ ချင်း တူတူပဲဥစ္စာ၊ မင်းနှမကို မင်းပြန်ပြီး ယူလို့ ရသလား ဟူ၍ဖြစ်လေသတည်း ။
    ဆိုလိုချင်တာက(ကျွန်တော်တို မြင်တာက)
    ပရမတ္တ လို မြင် တာ မှား နေကြောင်း(တကယ် ကျင့်ပြီး တကယ်မြင်ကုန်ရင် အပေါ်က ဥပမာ
    ၂ ခုလို တကယ်မှားကြမည်ဟု ယုံကြည်ကြောင်း (အရိယာ ဆရာတော်ကြီးများ ပရမတ္တ လို
    တကယ် မြင်.တကယ်ပြုမူ မသွားကြဟု ယုံကြည်ကြောင်း)
    ပညတ် အတိုင်း အရည်အချင်း အမှန်အကန် သိမြင်သင့်သည် ဟု ယူဆကြပါ ကြောင်း

    ကိလေသာ ငြိမ်းစေသော အရည်အချင်း အမှန်အကန် သိမြင်မှုကို
    ယောနိသော မနသီကာရ ဟု
    အရိယသစ္စာ အမြင်ဟု ယုံကြည် သိမြင်ကြပါကြောင်း

Leave a Reply