Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” blackprince72 ” ၏ post အား ပြန်လည်ဖြေရှင်း ခြင်းနှင့် WellcoM သုံးစွဲသူ များသို့ပန်ကြားခြင်း

BloodseekerAugust 29, 20111min36319

အားလုံး မင်္ဂလာပါ ခင်ဗျာ ။

ကျွန်တော်က WellcoM ရဲ့ Service သမား တစ်ယောက် ပါ။ အရင် ဆုံးအနေ နဲ့ WellcoM Service မှ အ မှား အယွင်းများ ရှိခဲ့ရင် အားလုံးကိုတောင်းပန်ပါတယ် ခင်ဗျာ ။

WellcoM phone တွေ ရဲ့လိုင်းဆွဲအား က ကောင်း ပါ တယ် ။ အခြား phone အတော် များများ နှင့် ယှဉ်လို့ရ ပါတယ်။ ထူးထူး ခြားခြား ညံတယ် ဆို တာ မျိုးတော့မ ရှိ ပါ ဘူး ခင်ဗျာ။

Main Circuit Board နှင့် LCD က Phone တစ် လုံးရဲ့အဓိက အစိတ် အပိုင်း များ ဖြစ်ပါတယ်။ အဆိုပါအစိတ်အပိုင်းများရဲ့ဈေးနှုန်း က Phone တစ်လုံးရဲ့ ၄၀% မှ ၅၀% ထိ ရှိတတ် ပါတယ် ခင်ဗျာ။

ကျွန်တော်တို့Wellcom Mobile မှာ ဆို ရင်  Phone Model အပေါ် မူတည် ပြီး အပို LCD များ၏ဈေးနုန်း ဟာ ၅၀၀၀၊၆၀၀ဝ မှ ၅၅၀၀ဝ အထိ ရှိ ပါတယ်။ Multi Touch Screen ပါ LED LCD Display တစ်ခု ရဲ့ ဈေး က ၅၅၀၀ဝ ကျပ် ရှိ ပါတယ် ၊ ဒါ ဟာ အဆိုပါ LCD ပါရှိသော Phone ဈေးနုန်း၏ ၂၀% ပဲ ရှိ ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ Service ပိုင်း မှ လည်း LCD နှင့် Main Board မှ လွဲ ပြီး ကျန် အစိတ် အပိုင်း များ ကို Free Service ပေး နိုင် အောင် စီစဉ် နေ ပါ တယ် ခင်ဗျာ။

အပို အစိတ် အပိုင်းများ နှင့် ဈေး နှန်းများ ကို လည်း မြန်မာ ပြည်နှင့်ကိုက်ညီ မှု ရှိ အောင်စီစဉ် ဆောင်ရွက် ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

WellcoM Phone ပိုင်ဆိုင်ထားသော သုံးစွဲသူများ အနေ နဲ့ အစဉ် မပြေ မှု့များရှိ ခဲ့ပါက WellcoM ရုံးချုပ်  Phone – 01 534 644 သို့ ဌင်း ၊ Country Manager  Ph – 09 502 9494 , 09 730 83712 သို့ ဌင်း ဆက်သွယ် ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ Service အနေနဲ့လည်း WellcoM Phone များကို Service Charge မယူပဲ တာဝန်ယူဆောင်ရွက်ပေးနေ ပါတယ် ခင်ဗျာ။

ဝေဖန် အကြံပြု့ပေးသော blackprince 72 နှင့် တကွ အားလုံးကို အထူးကျေးဇူးတင်ရှိနေမှာဖြစ်ပြီး အထူးနင့်နာခဲ့ရသူများရှိ ခဲ့ပါ က Country Manager ၏ Phone – 09 502 9494 သို့ ဆက်သွယ် ပေးပါရန် နှင့် အ ထောက် အထား ခိုင်လုံ ပါ က Refund ပြန် လုပ်ပေးသွားမှာဖြစ်ပါတယ်။

WellcoM သုံးစွဲသူ များ ၊ ဝေဖန် အကြံပြု့ပေးကြသူများ နှင့်  Site Admin Teams မှ လူကြီးမင်း များ ကို ကျေးဇူးအထူး တင်ရှိလျှက်…….၊၊ ။     ။    ။

19 comments

  • koyinmaung

    August 29, 2011 at 10:40 pm

    အင်….ဒီလိုတော့လဲမဆိုးပါဘူး
    တို့နိုင်ငံမှာလဲဒီလိုဝန်ဆောင်မှုမျိုးရှိလာတာ
    ဝမ်းသာစရာပါ
    ကြိုဆိုပါတယ်….

  • ဆူး

    August 29, 2011 at 10:42 pm

    ကောင်းတယ် ကောင်းတယ်.. တယောက်တပေါက် အပြန်အလှန် ဆဲ တာထက် ဒိလို ပို်စ်တင်တာ သဘာဝ ကျတယ် သဘောလည်းကျတယ်။ ပညာရှိနည်းနဲ့ ရှင်းတာ အကောင်းဆုံးပဲ.. ဒီရက်ပိုင်း အပြိုင် ဆဲ နေကြတာ များတော့ စာဖတ်သူတွေ အနေနဲ့ တော်တော် စိတ်ညစ်နေတာ.. ဖြေရှင်းနည်း ကို အသိအမှတ်ပြုပါတယ်။

  • unclegyi1974

    August 29, 2011 at 11:06 pm

    ပျက်လို့သွားပြင်ရင်ရေးထားတဲ့အတိုင်းတာဝန်ယူတယ်ဆိုအကောင်းဆုံးပ
    ပစ္စည်းမှန် တာဝန်ယူမှုမှန် ဈေးနှုံးမှန်
    မှန်သုံးမှန်လက်ကိုင်ထားရင်
    အမည်တလုံးရလို့ဘယ်သူမကောင်းပြောပြော
    သုံးစွဲသုူကသိပါတယ်

  • Bloodseeker

    August 29, 2011 at 11:16 pm

    ကျေး ဇူးပါ ခင်ဗျာ ။ အားလုံး အတွက် အဆင် ပြေ အောင်ကြိုးစားနေ ပါတယ် ခင် ဗျာ ။ unclegyi1974 ရဲ့ comment ကို လေးစားပါတယ် …..

  • မီးမီး သော်

    August 29, 2011 at 11:32 pm

    အခုလိုမျိုးပြေလည်မှုမျိုးရှာတွေ ့ပါစေ လို ့သံတွဲသားအဖွဲ ့အတွက်ဆုတောင်းပေးပါတယ်။ရွာကတော့ ဆူနေပီ သူကြီးရေ။

  • blackprince72

    August 29, 2011 at 11:47 pm

    ပြန်လည် ရှင်းပြပေးလို့ ကျေးဇျးတင်ပါတယ် ။
    ကျွှန်တော် လဲ Service သမား တစ်ယောက်ပါ ။
    LCD က Phone တစ် လုံးရဲ့အဓိက အစိတ် အပိုင်း များ ဖြစ်ပါတယ်။ အဆိုပါအစိတ်အပိုင်းများရဲ့ဈေးနှုန်း က Phone တစ်လုံးရဲ့ ၄၀% မှ ၅၀% ထိ ရှိတတ် ပါတယ် ဆို တော့ Nokia E71 ဆို 160,000 ks ပါခုပေါက်ဈေး က ။သူ့ LCD က ၇၀၀ဝ ပဲ ရှိပါတယ် ။40% ဆို 64000 ks လောက် ရှိမှာပေါ့ ။nokia E72 က 210,000 ks ပါ ။ သူ့ LCD က ၇၀၀ဝ လောက် ပဲရှိတာပါ ။40% ဆို 84000 တောင် နော် ။nokia 5800 ဆို 15000 ks ပါပဲ ။40% ဆို ၇၂၀၀ဝ ks ပါ။လက် ခ ၅၀၀ဝ က နေ ၁၀၀၀ဝ ကြားပေါင်း ပါအုံး ။၂၅၀၀ဝ ks ပဲ ကျတယ် ။ဝယ် ယူ သူတွေဟာ ဖုန်း နဲ့ ပတ်သက် ပြီး သိ သူ များပါသလို ၊မသိသူများလဲပါပါတယ် ။ဖုန်းပြင် ဖူး တဲ့ သူဆို သိမှာ ပါ ။ဘယ်လိုမှ 40% မရှိ ဘူးဆို တာ ။ ပုတ်ခတ် ပြောဆိုခြင်း မဟုတ်ပါ ။Service Charge မယူပဲ ဘူးဆို တာဟုတ် ပါပြီ ။အရင်း က ဘယ် လောက်ရှိ လဲ ဘယ်သူမှ မသိနိုင်ပါဘူး ။အကြံပေးချင်တာ တော့ အကုန်စုံစမ်းပြီး မှ ဈေး ကို ပြောစေ ချင် ပါတယ် ။အပြင် ဆိုင်တွေ က ကော မပြင်ရတော့ ဘူးလား ။Service Charge မယူပဲ ပြင်နေ ရမှာ လား ။wellcom တွေအပျက်များ တယ် ဆို တာ Service လုပ်တဲ့ ဆိုင်တွေ အသိဆုံး ပါ။ တရုတ် နဲ့ ကွာလတီ အတူတူလောက် ပါပဲ ။ဝယ် ယူမည့် သူများ ကို လိမ်ရန် မသင့်ပါ ။လိမ်လည် ခြင်း က ခဏတာ ပဲ ကောင်း နိုင်ပါတယ် ။အသစ် ဝင် တာဆို တော့ မသိလို့ နေမှာပါ ။ နံမည် ရ ချင်ရင် စေတနာ ထား ပါ။ပိုက်ဆံ ကို ပထမ မထားပါနဲ့ ။အသစ် ပေါက် တာဆို တော့ အားလုံး ကို ဈေးချိုသာစွာ လုပ်ပေး ပါ။
    မည် သူ့ ကိုမှ ရည်ရွှယ်ပြောဆို ပုတ်ခတ် ခြင်း မရှိပါ ။သတိထားရန် ပြောဆိုခြင်းဖြစ်ပါသည်။

    ကျေးဇူးတင်ပါသည်။

  • Bloodseeker

    August 30, 2011 at 1:07 am

    ဝယ် ယူမည့် သူများ ကို လိမ်ရန် မသင့်ပါ ။လိမ်လည် ခြင်း က ခဏတာ ပဲ ကောင်း နိုင်ပါတယ် ။အသစ် ဝင် တာဆို တော့ မသိလို့ နေမှာပါ ။ နံမည် ရ ချင်ရင် စေတနာ ထား ပါ။ပိုက်ဆံ ကို ပထမ မထားပါနဲ့

    အကို Comment ပေးတာ ကျွန် တော် ဘာ ပြန်ပြောရမှန်းတောင် မ သိ တော့ ပါ ဘူး …..။။

    WellcoM Mobile က Housing Brand ပါ ။ အ ကို ယှဉ် ပြ သော Nokia က International Brand ပါ အကို။
    အကို့ အနေ နဲ့ Customer ဘက် က နေ Nokia ကို Suggestion ပေး တာ အ ကို မှန် ပါ တယ် ။

    International Brand အ တော် များ များ ရဲ့ အပို အစိတ် အပိုင်း ကို China မှ ထုတ် ပေး နိုင် ပါ တယ် ..

  • blackprince72

    August 30, 2011 at 2:57 am

    အဲ့လိုပြောတာ လက်ခံ ပါတယ်။china က အပိုအစိတ်အပိုင်း က မကောင်း လို့ လား ? ယိုးဒယား က ထုတ်တာ ပိုကောင်း တာ လား ? service သမားအနေနဲ့ ယှဉ်ကြည့်ပါ။ခုဆို Nokia ,sony , china handset ကအစပြင် ရင် တရုတ် အပိုအစိတ်အပိုင်းပဲထည့် တော့ တယ် ။ဘာဖြစ်လဲ ?ပျက်လွယ် လား? No ပါ ။ဈေးချိုတယ် လေ။ ကွာလတီ တူပြီး ဈေးကြီးတာကို ရှင်းပြပါ အုံး။ကျွှန်တော် က အကြံပေးတာပါ ။ ဖုန်းက ဈေးနည်းပါတယ် ။ပြင်ဖို့ဈေးကြီးနေ တော့ ဘယ်လိုလုပ်မလဲ ။ China handset ဆို ၄၀၀၀ဝ ဆို function စုံစုံရပါပြီ ။ အားသွင်းကြိုး ၊ဓာတ်ခဲ ၊မိုက် ၊စပီကာ ၊ Touch ပြား စတာတွေဝယ် ယူနိုင်ပါတယ် ဈေးနှုန်းချိုသာစွာပေါ့ ။ဒီထက်ပိုဖြစ်ရင် လွှတ်သာ ပစ်လိုက်တော့ တန်မှ မ တန်တာ ။ခုလာ တဲ့ wellcom တွေ က ဓာတ်ခဲ က ဘယ် လောက် မ မရှိသေးဘူး ဖောင်းပြီ ။ဖုန်းအောက်ကျရုံနဲ့ ပျက်တယ် ။LCD ကွဲ တယ် ပြန်မပြင်နိုင် လို့ အသစ် ဝယ် ရတယ် ။လပိုင်းပဲ ရှိသေးတယ် ။ကောင်းတယ် မကောင်း ဘူး က သုံးတဲ့ သူပဲ သိ မှာပါ ။သုံး လို့ မကောင်း မှတော့ အသစ်ပြန်ရမှာမှ မဟုတ်တာ ။ပြင်ရင် ပိုက်ဆံ ကုန်အုံးမယ် ။ဈေး သက် သာ အောင် အရင် လုပ်ပြီးမှ အပို အစိတ်အပိုင်း တွေ သွင်းသင့် တယ် ။ပြီး တော့ ဆိုင် တိုင်း ပြင်နိုင် အောင် ဈေး ကို အတူတူ ထားသင့် တယ် ။လက် ခ မယူပဲ လုပ် တာ ကို မပြောပါ ဘူး ။ကျန်တဲ့ ဆိုင်တွေ က မပြင်ရတော့ ဘူး လား ? ဝယ် သူ အဆင်ပြေ မယ် ထင်လား ။nokia မှ မဟုတ်ပါဘူး samsung & HTC & I phone တို့ လဲ ကောင်း ပါတယ် ။samsung ဆို ၁၆၀၀၀ဝ ဆိုgalaxy 5 (android OS )ဖုန်း touch သုံးလို့ ရပါတယ် ။တော်တော် လဲ ကောင်း တယ် ။wellcom သုံးမလား samsung တို့ ဘာတို့ Brand သုံးမလား ဝယ် သူ ရွှေးပါလိမ့် မယ် ။မည်သူမဆို မိမိ တို့သာ အကောင်းဆုံး ဟု ကြေညာမှာပဲ ။ဘယ်သူမှ မကောင်းဘူးပြောမှာမဟုတ်ဘူး ။အဲ့ လိုထက် မလိမ်ပဲ ဒါကဒီလို ရှိတယ် ။ပြင်ရင်ဈေးကြီး ၊အပိုမလာရင် မလာဘူး ၊ပြင်လို့ မ ရရင် မရဘူး ပျက်လွယ်တယ် ၊ ရှင်းပြပြီး မှရောင်းသင့် တယ် ။ဝယ်သူ ကြေနပ် လို့ ဝယ် တာ ဆို တော့ ပျက်လဲ နံမည် လဲမပျက်တော့ဘူးပေါ့ ဗျာ။အာမခံ တွေလဲ ပေးမယ်ဆို ရင် ဘာဖြစ်ဖြစ် လဲပေးနိုင်မှ ပြောပါ ။သုံးစွဲ သူ အမှားကြောင့် ဥပမာ – ရေဝင် တာ ၊မီးလောင်တာ ၊အောက်ကျတာ ကလွဲ ပြီး အကုန် ပြန်လဲ ပေးနိုင် ရမယ် ။စစ်ပြီး မှ လက်ခမယူဘူး ပြင်ပေးမယ်ဆိုတာတော့မလုပ်နဲ့ပေါ့ ။ ဘာပျက်ပျက် ဝယ်သူ မသုံးတက် လို့ လို့ မပြောနဲ့ ပေါ့။battery ကို လဲ ၆လ (သို့) တစ် နှစ်အတွင်း ပျက် ရင် ဖောင်း ရင် လဲပေး ရမယ် ။ဘယ်သူ မှ အမြတ်မကျန်ပဲ စီးပွားရေးမလုပ်ဘူး ။ငွေရင်းနိုင် လို့ လုပ် တာ မဖြစ်စေနဲ့ ပေါ့ ရေရှည် ကြည့် ပါ ။

  • တာနော

    August 30, 2011 at 8:40 am

    ကြည့်ရတာ ဒီမလဲ မပြေလည်နိုင်သေးဘူးပဲ။

  • nozomi

    August 30, 2011 at 9:02 am

    ဒီပို့စ် ကိုကြိုဆိုပါတယ် ကိုယ့်အမြင်နဲ့ ကိုယ် ယဉ်ယဉ်ကျေးကျေး ပြည့်ပြည့်စုံစုံ ရှင်းပြ ၊ စာဖတ်သူက သူအသိဉာဏ်နဲ့ ချင့်ယုံ ဒါမျိုး ဒီရွာထဲမှာ များများထွန်းကားစေချင်ပါတယ် ဒီကတဆင့် ကျွန်တော်တို့ မြန်မာတွေရဲ့ နေ့စဉ်လူမှုဘဝ၊ မြန်မာ့နိုင်ငံရေးထိ လွတ်လပ် ရိုးသားစွာ ငြင်းခုန်နိုင်ကြပါစေ ..

  • Pearl May

    August 30, 2011 at 9:16 am

    (Nokia E71 ဆို 160,000 ks ပါခုပေါက်ဈေး က ။သူ့ LCD က ၇၀၀ဝ ပဲ ရှိပါတယ် ။40% ဆို 64000 ks လောက် ရှိမှာပေါ့ ။nokia E72 က 210,000 ks ပါ ။ သူ့ LCD က ၇၀၀ဝ လောက် ပဲရှိတာပါ ။40% ဆို 84000 တောင် နော် ။nokia 5800 ဆို 15000 ks ပါပဲ ။40% ဆို ၇၂၀၀ဝ ks ပါ။လက် ခ ၅၀၀ဝ က နေ ၁၀၀၀ဝ ကြားပေါင်း ပါအုံး ။၂၅၀၀ဝ ks ပဲ ကျတယ်)
    ဟိုတလောလေးကမှ Nokia Music Express မီးမလင်းလို့ LCD လဲတာ ၃၅၀၀၀ဝ ပေးရတယ်။ များသွားပြီလား မသိဘုူး။
    ဲ ပြီးတော့ WellcoM Phone touch အဖြူရောင်လေး ၉၅၀၀ဝ ဆိုတော့ လှလည်းလှဈေးလည်းမဆိုးလို့ ဝယ်ရမလား စဉ်းစားနေတာ။

    • blackprince72

      August 30, 2011 at 12:24 pm

      LCD လဲတာ ၃၅၀၀၀ဝ မကျနိုင်ပါဘူး ။၃၅,၀၀ဝ လောက် လုပ်ပါဗျာ ။ဘာ model လဲ မသိဘူး ။များ တယ် ထင်ပါတယ် ။ဘယ်မော်ဒယ် ဖြစ်ဖြစ် ၂၅၀၀ဝ လောက်ကအမြင့်ဆုံး ပါပဲ ။မော်ဒယ် အမြင့်တော့မပါဘူးပေါ့ ။Touch ဖုန်းတွေဆိုပို ဈေးကြီးပါတယ် ။Wellcom မဝယ် ပါနဲ့ မပြောချင်ပါဘူး။မိမိ စိတ်ကြိုက်ရွှေးချယ်ပါ။ ကျွှန်တော် က သတိပေးပြီးပါပြီ။ china Touch ဖုန်းတွေ ဆို ၅၀၀၀ဝ လောက်ဆိုရပါပြီ။Full Touch ပါပဲ။လှလဲလှပါတယ် ။အပို တွေလဲဝယ်လို့ရပါတယ် ။Touch ကလဲ တော်တော် ကောင်းပါတယ် ။touch ကွဲလို့ လဲမယ် ဆို ၁၅၀၀ဝ လောက်ပဲရှိပါတယ်။စပီကာ ဆို ၄၀၀ဝ ၊ ၅၀၀ဝ လောက် ပဲ။မိုက်ဆိုလဲ အဲ့ လောက်ပဲ ။သချာစဉ်းစားပေါ့ဗျာ။ ဖြစ်နိုင်ရင် အကောင်းကိုင် စေချင်ပါတယ် ။အကောင်းကိုင် မယ်ဆို samsung ကိုင်စေ ချင်တယ် ။၆၀၀၀ဝ လောက် လိုက်ပြီး ကိုင်ပေါ့ ဗျာ။လိုင်းဆွဲအား က Nokia ထက်ကောင်းတယ် ။Android ဆိုတော့ game & application ပေါ ပါတယ် ။လှလဲလှပါတယ် ။ဝယ်မမှားစေ ဖို့ ပါ။ကျေးဇူးတင်ပါတယ်။

  • manawphyulay

    August 30, 2011 at 10:42 am

    ကိုယ်ရောင်းချတဲ့ပစ္စည်းအပေါ် တာဝန်ယူတာ အကောင်းဆုံးပါပဲ။ တချို့က စာရွက်ထဲပဲရှိပြီး တကယ့်လက်တွေ့မှာ အမှန်တကယ် ဝယ်သူများကို မလုပ်ပေးတဲ့အခါ ကိုယ်ရဲ့နာမည်ကိုလည်း ထိခိုက်မှုဖြစ်စေပြီး ရေရှည်ရပ်တည်မှုလည်း မရှိတော့ပါဘူး။ ပစ္စည်းဆိုတာကတော့ အနည်းနဲ့အများ ပျက်တာတွေရှိပေမယ့် မည်သူမဆို စားသုံးသူတွေကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးတွေကို လိုချင်ကြတာ ဓမ္မတာပါပဲ။ ဒီတော့ ကိုယ်ထုတ်လုပ် ဖြန့်ချိတဲ့ပစ္စည်းကို ကိုယ် အာမခံတော့ ကိုယ်ရဲ့လုပ်ငန်းလည်း ခိုင်မာမှုရှိလာတာပေါ့ရှင်… ဒါကတော့ နေရာတိုင်းမှာ ဖြစ်သင့်တဲ့အရာတွေပါပဲ။ မျက်နှာလွှဲခဲပစ်လုပ်ခဲ့ရင်တော့ တစ်နှပ်ပဲစားလို့ရမယ့် အနေအထားဖြစ်တဲ့အတွက် အောင်မြင်မှုထက် ကျရှုံးမှုကို ဖြစ်စေမှာ ဖြစ်ပါတယ်ရှင်။

  • kai

    August 30, 2011 at 12:44 pm

    အဲဒီလို ..ဟိုဟာလဲ.. ဒီဟာဖြုတ်အသစ်တတ် လုပ်နိုင်နေမှတော့….
    တခုအကြံပေးချင်တယ်…။

    ပစ္စည်းအာမခံလုပ်ပေးလိုက်ပါလား..။
    တနှစ် ဥပမာ.. ကျပ်၁သိန်း ကြိုက်တာပျက်.. ကျကွဲ..ရိုက်ခွဲတာမဟုတ်ရင်.. ရန်သူမျိုးငါးပါးဘေးမဟုတ်ရင်. ပစ္စည်းအခမဲ့..လက်ခပဲယူပြီး…ပြန်ပြင်ပေးမယ်ဆိုတာမျိုးပေါ့..။
    ဒါမှမဟုတ်.. သုံးစွဲ၍ရသော ပြင်ဆင်ထားတဲ့ refurbished အမျိုးတူပစ္စည်းတခုနဲ့ လဲပေးမယ်ဆိုတာမျိုးပေါ့…။
    ယူအက်စ်ကတော့.. အာမခံကို ဆဲလ်ဖုံးဝယ်တုံး တခါထဲမေးပြီး.. ဝယ်ခိုင်းတယ်..။

    မြန်မာဈေးကွက်နဲ့ ညှိပြီးလေ့လာလို့ရအောင်.. လင့်ခ်လေးတွေပေးလိုက်တယ်..။
    http://www.ensquared.com/
    http://www.msnbc.msn.com/id/16637188/ns/business-consumerman/t/do-you-really-need-cell-phone-insurance/#.Tlx_7Ki9FsA

  • windtalker

    August 30, 2011 at 12:52 pm

    တပ်ဘလက် တစ်လုံးလောက် ထပ်ဝယ်ချင်တယ် ဗျာ
    တရုတ် က လာတဲ့ ၊ မန်းတလေး မှာ ကုမ္ပဏီ နဲ ့အာမခံ ၆ လ ပေးတဲ့
    တပ်ဘလက် ကို ဝယ်လိုက်တာ ၊ ၁၆၅၀၀ဝ ကျပ် ပေးရတယ်
    အင်တာနက် သုံးဖို ့ခက်နေတယ် ၊ တပ်ရှ် က စန်စေတစ် သိပ်မဖြစ်ဘူး ၊ တော်တော်ကြီး ကို အားစိုက်ရတယ်
    ကျန်တာတွေ တော့ သုံးရ အဆင်ပြေပါတယ် ၊ မောက်စ် နဲ ့ဆိုရင်ပေါ့
    ကိုဘလက်စီကာ တို ့လို ၊ သိကျွမ်းနားလည်နေတဲ့ သူတွေအနေနဲ ့
    တပ်ဘလက် အမျိုးအစား တွေ နဲ ့ဈေးနှုန်းလေး တွေ
    အားသာချက် အားနည်းချက်လေးတွေ ကို
    အသေးစိတ် တင်ပြပေးမယ် ဆိုရင်
    အရမ်းကောင်းမှာပဲ လို ့မျှော်လင့်မိတယ်

  • FattyCat

    January 17, 2012 at 12:54 pm

    မျက်စိမှိတ်ပြီး iPhone နဲ့ iPad ဝယ်ပစ်လိုက်…စိတ်ချမ်းသာတယ်…

    • inz@ghi

      January 17, 2012 at 1:11 pm

      ကြုံလို့ ….
      (အင်း …ပန်းသီးအကြောင်းပြောရင် အနီကတ်ထိမယ် သိသိနဲ့…)
      ပြောရဦးမယ်ဗျာ..
      (သည်တခါ အကောင်းပြောမှာပါဗျ…)

      အစ်မတော်တစ်ယောက် …
      သူ့ အိုင်ဖုန်းကို ရန်ကုန်ပင့်သွားတယ်…(အလည်ပြန်တုန်း..)
      (110V + 220V)/2 = 165V လောက်ရှိတဲ့ မီးအားကို ထလန်စဖော်မာ မခံပဲ…
      အားသွင်း အိပ်သတဲ့လေ….
      မီးအားပြတဲ့ ဗိုလ့်မီတာလေးက ဟိုဘက်အိမ်က ရေမောင်းလိုက် လှိုင်းကြက်ခွပ်ကလေးထလိုက်….
      သည်ဘက်အိမ်က မော်တာလည်လိုက် ..rock သီချင်းဖွင့်ထားတဲ့ ဒက်စီဘယ်လ် မီတာလေးလို .လူးလိုက်နဲ့ ….

      အိုင်ဖုန်းခဗျာ ..၂ညအိပ် ၃ရက်အတွင်း ..ကိစ္စချောပါလေရောဗျာ…
      သည်ပြန်လာတော့ ဝရန်တီ ပိရိရက် အတွင်းဖြစ်တာဆိုတော့ …
      (ယူဇာ ကိုလည်း မီးအား အတင်အချလုပ်ပြီး တမင်ဖျက်တာ မဟုတ်ဟု ယုံကြည်စွာဖြင့်..)
      အသစ်တလုံးလည်းပေးလိုက်ကြောင်းပါခင်ဗျား …။(ပန်းသီးဆားဗစ်ကောင်းချက်…)

      နောက်တစ်ဦးကတော့ သဂျီးပြောသလို အိုင်ဖုန်းကို မျက်နှာသစ်ရင်း ရေတိုက်လိုက်မိတာ …
      သူ့ကျတော့ အာမခံလုပ်ထားလို့ ..ငွေလေး မစို့မပို့ထပ်ဆောင်းပေးလိုက်တာနဲ့
      နောက်ထပ် အသစ်တလုံးရခဲ့ကြောင်းပါ….

      ခင်လို့ လက်တို့တဲ့…
      သူငယ်ဂျင်း
      စိန်ဇာဂီ….

Leave a Reply