မြန်မာပြည်ကြီးသား
ကျွန်တော် ကိုယ့်နိုင်ငံအတွင်းရှိစဉ် (၁၉၅၂)ခုနှစ်ထုတ် ပြစ်မှုသို့မဟုတ်မှုခင်းမဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်ရီစရာ ဟာသတော့မဟုတ်ပေမဲ့ မှတ်သားစရာ ကောင်းတော့ကောင်းသောကြောင့် မှတ်မိသလောက်ထပ်ဆင့်တင်ပြချင်ပါတယ်၊
ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတစ်ပါးဟာငယ်စဉ်ကထဲက အကျင့်သီလနှင့်ပြည့်စုံပြီး ဘုန်းကြီးဝတ်လာခဲ့တာ ဝါ(၃၀)တောင် ရခဲ့လို့တန်ခိုးကြီး နာမည်ကျော်ကြားခဲ့လို့ ပတ်ဝန်းကျင်ကျေးရွာများကပင် လာရောက်ကြည်ညို ကိုယ်းကွယ်ကြရတယ်၊ ထိုဘုန်းကြီး ၏နေ့စဉ်ဆွမ်းဖုန်း အတွက်၎င်းရွာမှ ဘာသာတရားကိုအလွန်တရာ ကိုင်းရှိုင်းသော အပျိုကြီးတစ်ဦးသည် နေ့စဉ်ကုသိုလ်ယူ ဆွမ်းပို့လေ့ရှိပါတယ်
တနေ့သောဥပုဒ်နေ့မှာ သူမဟာအာရုံဆွမ်းကပ်မည်ဆိုပြီး ဆွမ်းအမယ်စုံပြင်ဆင်ပြီး ခံတောင်းထဲထည့်ပြီး ဘုန်းကြီးကျောင်းကို အစောကြီးထခေါင်းရွက်သွားတယ်၊ ဘုန်းကြီးကျောင်းထဲရောက်တော့ ဘုန်းကြီးကလည်း အဆင်သင့်ဘဲ ခါတိုင်းလိုဘဲ ဘုရာစဉ်အောက်မှာ တင်ပလင်ထိုင်စောင့်နေတာပေါ့ ဘုန်းကြီးရှေ့ရောက်တော့ အပျိုကြီးဆွမ်းတောင်းကိုချမယ် ဆိုပြီးခေါင်းပေါ်မှ ဆွမ်းတောင်းလှန်းအကိုင် ဒူကလေးအသာညွန့်ပြီး အရှေ့တလှမ်းအလှန်းမှာ သူမရဲ့ထမီစကို နင်းမိပြီး ထမီကွင်းလုံးကို ကျွတ်သွားတော့သူမရဲ့လက်တစ်ဖက်နှင့် ထမီအပေါ်စကိုလှမ်းဆွဲရင်လဲ ဆွမ်းတောင်းမှောက်ကျသွားမည်စိုးသဖြင့် သူမ၏အတွင်းပစ္စည်းကို ဘုန်းကြီးကို လှစ်ပြသလိုဖြစ်သွားသည့် အပြင်ဘုန်းကြီးလည်း မမြင်သင့် မမြင်အပ်မမြင်ဖူးသာအရာကို မြင်လိုက်ရတော့ ဓါတ်လိုက်သလိုလို ၊သွေးတက်သလို ခံစားမှုတွေကိုခံစားနေရသည်မှ သတိဝင်လာကာ၊ထမီကိုကိုင်ပြီး ဝတ်ပေးရင်လည်း ကံသင့်မည်သူ၏ သင်္ကံန်းနှင့် ပါတ်ပေးရင်လည်း ဝဋ်ကြီးမည်ဖြစ်သဖြင့် တကာမအား (ဟဲ့တကာမထိုင်လိုက်၊ထိုင်လိုက်) ဆိုပြီး ထိုင်ခိုင်းတယ် တကာမကလည်း ဘုန်းကြီးပြောသည့် အတိုင်းထိုင်ချလိုက်တယ် အဲ့ဒီထိုင်ချလိုက်တဲ့မြင်ကွင်းကို ဘုန်းကြီးက မြင်လိုက်ရတော့ ဘုန်းကြီးခမြာ ဗိုလ့်အားမြင့်တဲ့ ဓါတ်နှင့်အတို့ခံရသလိုရှိပြီး တစ်ကိုယ်လုံးလဲဖိန်းရှိန်းဖြစ်ပြီး အသံတွေလဲကတုန်ကရင်တွေဖြစ်ကာ၊ တကာမကိုပြန်ထခိုင်းလိုက်၊ ပြန်ထိုင်ခိုင်းလိုက်နှင့် နောက်ဆုံးတော့ဘုန်းကြီး ကိုယ်တိုင်မနေသာတော့ဘဲ တကာမရွက်ထားသော ဆွမ်းတောင်းကိုချလိုက်ရော ဘုရားစဉ် ကဖယာင်းတိုင်မီးလည်း လူသူတိတ်ဆိတ်သော အာရုံဦးအချိန်မှာငြိမ်းသွားခဲ့တော့ လောကလုံးဟာ ခေတ္တမှောင်မှိုက်သွားခဲ့ရတယ်ပေါ့
ရောင်ချည်ဦးလေးဝင်လာတဲ့အခါ မှာတော့ဘုန်းကြီးခမျာ သတိရလာပြီးသူ့ဘေးမှာ လျောင်းနေတဲ့တကာမကို လှမ်းကြည့်လိုက်တော့ အစထမီဘဲကျွတ်နေတဲ့ ဒကာမဟာ ယခုတော့တကိုယ်လုံး ဘာမှမရှိတော့တွေ့ရတော့မှ သူ့ကိုယ်သူပြန်ကြည့်မိတဲအခါ သူ့ကိုယ်မှသင်္ကံန်းဟာလဲ သူ့ချေရင်းအောက်မှာပင် ဒကာမ၏ ထမီဖြင့်လုံးထွေးနေသည်ကိုမြင်လိုက်ရတော့ သူ၏နှုတ်မှ (ဗုဒ္ဓေါ) သာရွတ်နိုင်ပြီး ၊နောင်တကြီးစွာဖြင့် ချုုံးချငိုကြွေးကာ အမှောင့်တကာ အမှောင်မှိုက်ဆုံးဖြစ်သော ကာမ
ကိလေသာတဏာ အမှောင်မှိုက်ထဲကျရောက်သွားခဲ့ရခြင်း ကိုခွင့်လွတ်ပါရန် ဗုဒ္ဓရှင်တော်မြတ်၏ ခြေတော်ရင်းမှာ လက်နှစ်ဖြာ ရှက်ပြီး ဦးထိပ်မိုးကာ နောင်တကြီးစွာဖြင့် ဝန်ချကတော့တောင်းပန်ရှာပါတယ်
၊နောက်ရက်မှာဘဲ ရွာမှရွာသူကြီး၊ ရပ်ရွာလူကြီးတွေကိုခေါ်ယူကာ မြို့တက်ပြီး ဂါတ်တဲကိုသွားအမှုဖွင်ခဲ့ပါတယ်၊ ဂါတ်ဗိုလ်ကလည်း လူထွက်မလားမေးတော့လူမထွက်ချင်သည့် အတွက်သူ့အားသူ၏ဝါ (၃၀) ကိုချွတ်ကာ ကိုရင်ပြန်ပေးဝတ်ခဲ့ပါတယ်၊ ဘုန်းကြီးလည်း တဒင်္ဂံအချိန်အတွင်းလေးမှာ ကိလေသာ တဏှာ ကာမ အမှောင်အမှိုက်ထဲ ကျရောက်သွားလို့နှစ်ပေါင်းများစွာ ထိမ်းသိမ်းစောင့်ရှောင့်လာခဲ့ရသော ဝါ(၃၀) ဆုံးရှုံးသွားခဲ့ရသည်ကို ဝမ်းနည်းစွာဖြင့် ရှေ့တသက်တာ ကို ကိုရင်ဘဝဖြင့် ပြန်စခဲ့ရပါတော့တယ်…
ကျွန်တော် ဘာသွားမြင်လဲဆိုတော့ ဟိုးအရင်က မြန်မာလူမျိုးများဟာ ကိုယ်လုပ်တာမှားရင်မှားတယ် မှန်ရင်မှန်တယ်ဝံခံရဲကြတယ်.. ဥပဒေကို လည်းလေးစားကြတယ်.. ဥပဒေဟာ နိုင်ငံတော်အထက်မှာ ရှိတယ်ဆိုတာကိုလက်ခံကြတယ်.. ဥပဒေရဲ့အဆုံးအဖြတ်ကို လည်းကျေကျေနပ်နပ် ခံယူကြတယ်.. ဒါဟာကမ္ဘာမှာ မြန်မာပြည်ကြီးသားဆိုတာပြတာဘဲ၊
မှန်ချက်။ ။ သူကြီးမှ အောက်က..ဆူးမမစာ ပြန်ကူးပြီး ပြင်ပေးထားပါကြောင်း…။ ( နောက်စာများတွင် ..စပေ့ ခံရန်မမေ့ပါနှင့်၊ Category မှန်မှန်ကန်ကန်ရွေးရန်မမေ့ပါနှင့်)
26 comments
ဆူး
August 31, 2011 at 7:58 pm
ကျွန်တော် ကိုယ့်နိုင်ငံအတွင်းရှိစဉ် (၁၉၅၂)ခုနှစ်ထုတ် ပြစ်မှုသို့မဟုတ်မှုခင်းမဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်ရီစရာ ဟာသတော့မဟုတ်ပေမဲ့ မှတ်သားစရာ ကောင်းတော့ကောင်းသောကြောင့် မှတ်မိသလောက်ထပ်ဆင့်တင်ပြချင်ပါတယ်၊ ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတစ်ပါးဟာငယ်စဉ်ကထဲက အကျင့်သီလနှင့်ပြည့်စုံပြီး ဘုန်းကြီးဝတ်လာခဲ့တာ ဝါ(၃၀)တောင် ရခဲ့လို့တန်ခိုးကြီး နာမည်ကျော်ကြားခဲ့လို့ ပတ်ဝန်းကျင်
ကျေးရွာများကပင် လာရောက်ကြည်ညို ကိုယ်းကွယ်ကြရတယ်၊ ထိုဘုန်းကြီး ၏နေ့စဉ်ဆွမ်းဖုန်း အတွက်၎င်းရွာမှ ဘာသာတရားကိုအလွန်တရာ ကိုင်းရှိုင်းသော အပျိုကြီးတစ်ဦးသည် နေ့စဉ်ကုသိုလ်ယူ ဆွမ်းပို့လေ့ရှိပါတယ် တနေ့သောဥပုဒ်နေ့မှာ သူမဟာအာရုံဆွမ်းကပ်မည်ဆိုပြီး ဆွမ်းအမယ်စုံပြင်ဆင်ပြီး ခံတောင်းထဲထည့်ပြီး ဘုန်းကြီးကျောင်းကို အစောကြီးထခေါင်းရွက်သွားတယ်၊ ဘုန်းကြီးကျောင်းထဲရောက်တော့ ဘုန်းကြီးကလည်း အဆင်သင့်ဘဲ ခါတိုင်းလိုဘဲ ဘုရာစဉ်အောက်မှာ တင်ပလင်ထိုင်စောင့်နေတာပေါ့ ဘုန်းကြီးရှေ့ရောက်တော့ အပျိုကြီးဆွမ်းတောင်းကိုချမယ် ဆိုပြီးခေါင်းပေါ်မှ ဆွမ်းတောင်းလှန်းအကိုင် ဒူကလေးအသာညွန့်ပြီး အရှေ့တလှမ်းအလှန်းမှာ သူမရဲ့ထမီစကို နင်းမိပြီး ထမီကွင်းလုံးကို ကျွတ်သွားတော့သူမရဲ့လက်တစ်ဖက်နှင့် ထမီအပေါ်စကိုလှမ်းဆွဲရင်လဲ ဆွမ်းတောင်းမှောက်ကျသွားမည်စိုးသဖြင့် သူမ၏အတွင်းပစ္စည်းကို ဘုန်းကြီးကို လှစ်ပြသလိုဖြစ်သွားသည့် အပြင်ဘုန်းကြီးလည်း မမြင်သင့် မမြင်အပ်မမြင်ဖူးသာအရာကို မြင်လိုက်ရတော့ ဓါတ်လိုက်သလိုလို ၊သွေးတက်သလို ခံစားမှုတွေကိုခံစားနေရသည်မှ သတိဝင်လာကာ၊ထမီကိုကိုင်ပြီး ဝတ်ပေးရင်လည်း ကံသင့်မည်သူ၏ သင်္ကံန်းနှင့် ပါတ်ပေးရင်လည်း ဝဋ်ကြီးမည်ဖြစ်သဖြင့် တကာမအား (ဟဲ့တကာမထိုင်လိုက်၊ထိုင်လိုက်) ဆိုပြီး ထိုင်ခိုင်းတယ် တကာမကလည်း ဘုန်းကြီးပြောသည့် အတိုင်းထိုင်ချလိုက်တယ် အဲ့ဒီထိုင်ချလိုက်တဲ့မြင်ကွင်းကို ဘုန်းကြီးက မြင်လိုက်ရတော့ ဘုန်းကြီးခမြာ ဗိုလ့်အားမြင့်တဲ့ ဓါတ်နှင့်အတို့ခံရသလိုရှိပြီး တစ်ကိုယ်လုံးလဲဖိန်းရှိန်းဖြစ်ပြီး အသံတွေလဲကတုန်ကရင်တွေဖြစ်ကာ၊ တကာမကိုပြန်ထခိုင်းလိုက်၊ ပြန်ထိုင်ခိုင်းလိုက်နှင့် နောက်ဆုံးတော့ဘုန်းကြီး ကိုယ်တိုင်မနေသာတော့ဘဲ တကာမရွက်ထားသော ဆွမ်းတောင်းကိုချလိုက်ရော ဘုရားစဉ် ကဖယာင်းတိုင်မီးလည်း လူသူတိတ်ဆိတ်သော အာရုံဦးအချိန်မှာငြိမ်းသွားခဲ့တော့ လောကလုံးဟာ ခေတ္တမှောင်မှိုက်သွားခဲ့ရတယ်ပေါ့ ရောင်ချည်ဦးလေးဝင်လာတဲ့အခါ မှာတော့ဘုန်းကြီးခမျာ သတိရလာပြီးသူ့ဘေးမှာ လျောင်းနေတဲ့တကာမကို လှမ်းကြည့်လိုက်တော့ အစထမီဘဲကျွတ်နေတဲ့ ဒကာမဟာ ယခုတော့တကိုယ်လုံး ဘာမှမရှိတော့တွေ့ရတော့မှ သူ့ကိုယ်သူပြန်ကြည့်မိတဲအခါ သူ့ကိုယ်မှသင်္ကံန်းဟာလဲ သူ့ချေရင်းအောက်မှာပင် ဒကာမ၏ ထမီဖြင့်လုံးထွေးနေသည်ကိုမြင်လိုက်ရတော့ သူ၏နှုတ်မှ (ဗုဒ္ဓေါ) သာရွတ်နိုင်ပြီး ၊နောင်တကြီးစွာဖြင့် ချုုံးချငိုကြွေးကာ အမှောင့်တကာ အမှောင်မှိုက်ဆုံးဖြစ်သော ကာမ
ကိလေသာတဏာ အမှောင်မှိုက်ထဲကျရောက်သွားခဲ့ရခြင်း ကိုခွင့်လွတ်ပါရန် ဗုဒ္ဓရှင်တော်မြတ်၏ ခြေတော်ရင်းမှာ လက်နှစ်ဖြာ ရှက်ပြီး ဦးထိပ်မိုးကာ နောင်တကြီးစွာဖြင့် ဝန်ချကတော့တောင်းပန်ရှာပါတယ် ၊နောက်ရက်မှာဘဲ ရွာမှရွာသူကြီး၊ ရပ်ရွာလူကြီးတွေကိုခေါ်ယူကာ
မြို့တက်ပြီး ဂါတ်တဲကိုသွားအမှုဖွင်ခဲ့ပါတယ်၊ ဂါတ်ဗိုလ်ကလည်း လူထွက်မလားမေးတော့လူမထွက်ချင်သည့် အတွက်သူ့အားသူ၏ဝါ (၃၀) ကိုချွတ်ကာ ကိုရင်ပြန်ပေးဝတ်ခဲ့ပါတယ်၊ ဘုန်းကြီးလည်း တဒင်္ဂံအချိန်အတွင်းလေးမှာ ကိလေသာ တဏှာ ကာမ အမှောင်အမှိုက်ထဲ ကျရောက်သွားလို့နှစ်ပေါင်းများစွာ ထိမ်းသိမ်းစောင့်ရှောင့်လာခဲ့ရသော ဝါ(၃၀) ဆုံးရှုံးသွားခဲ့ရသည်ကို ဝမ်းနည်းစွာဖြင့် ရှေ့တသက်တာ ကို ကိုရင်ဘဝဖြင့် ပြန်စခဲ့ရပါတော့တယ်… ကျွန်တော် ဘာသွားမြင်လဲဆိုတော့ ဟိုးအရင်က မြန်မာလူမျိုးများဟာ ကိုယ်လုပ်တာမှားရင်
မှားတယ် မှန်ရင်မှန်တယ်ဝံခံရဲကြတယ်.. ဥပဒေကို လည်းလေးစားကြတယ်.. ဥပဒေဟာ နိုင်ငံတော်အထက်မှာ ရှိတယ်ဆိုတာကိုလက်ခံကြတယ်.. ဥပဒေရဲ့အဆုံးအဖြတ်ကို လည်းကျေကျေနပ်နပ် ခံယူကြတယ်.. ဒါဟာကမ္ဘာမှာ မြန်မာပြည်ကြီးသားဆိုတာပြတာဘဲ
ကွန်မန်း ဖတ်ရင်းနဲ့ ရေးထားတာ ဖတ်မရလို့ အားလုံးလည်း ဖတ်ရအောင် အဖြတ်အတောက် လုပ်ပြီး ပြန်တင်ပေးလိုက်တယ်။
goldenhawk
September 16, 2011 at 11:19 am
မဆူးရေး..ပြန်လည်ပြုပြင်တင်ဆက်ပေးသည့်အတွက်ကျေးဇူးကမ္ဘာပါဘဲဗျား..
unclegyi1974
August 31, 2011 at 10:32 pm
အဟ မြန်မာစာကိုမြန်မာလိုပြန်ပေးတာဒီတခါဖတ်ရသေးဟေ့ဟေ့..
goldenhawk
September 16, 2011 at 11:13 am
အဟေး…ပြောရဦးမယ်ကျွန်တော်မြန်မာပြည်ရှိစဉ်..ကျွန်တော်ပြောသောမြန်မာစကားကိုကျွန်
တော့်အမေကပြန်ပြောမှလူတွေကနားလယ်ကြတယ်..ဒီမှာလည်းထိုနည်း၎င်းကျွန်တော်ပြောတဲ့
တရုတ်စကားဒီကတရုတ်တွေနားမလည်ကြဖူးကျွန်တော့်အမျိုးကသမီးထပ်ဘာသာပြန်ပေးရတယ်.
mgmglusoe
August 31, 2011 at 10:50 pm
မဆူး ပြင်ပေးတော့ အဆီအငေါ်တည့်သွားပါတယ်.. နို့မဟုတ်ရင် ဖတ်ရတာ နဲနဲထောက်နေသလိုပဲ…
ကျုပ်တို့တော့ goldenhawk ရေးသလောက် မရေးတတ်ပါဘူး…. ကြိုးစားနေဆဲပါ….
goldenhawk
September 16, 2011 at 10:24 am
ခွင့်လွတ်ကြပါဗျာမရေးတတ်ရေးတတ်နဲ့ရေးကြည့်တာပါအဲ့ဒီမဂ္ဂဇင်းသာရှိရင်ကော်ပီထည့်ပေးလိုက်ချင်ပါ့ဗျာ..ကျွန်တော့်ရဲ့ post ကိုဖတ်ရှုလို့လည်းအထူးဘဲကျေးဇူးတင်ပါတယ်..
မီးမီး သော်
August 31, 2011 at 11:02 pm
“”ဟိုးအရင်ကမြန်မာလူမျိုးများဟာကိုယ်လုပ်တာမှားရင်
မှားတယ်မှန်ရင်မှန်တယ်ဝံခံရဲကြတယ်..ဥပဒေကိုလည်းလေးစားကြတယ်..ဥပဒေဟာနိုင်ငံတော်အထက်မှာရှိတယ်ဆိုတာကိုလက်ခံ
ကြတယ်..ဥပဒေရဲ့အဆုံးအဖြတ်ကိုလည်းကျေကျေနပ်နပ်ခံယူကြတယ်..ဒါဟာကမ္ဘာမှာမြန်မာပြည်ကြီးသားဆိုတာပြတာဘဲ…””
ကြိ ုက်လို ့ကူးယူလိုက်တယ်နော်။စိတ်မဆိုးကြေးပါ။
goldenhawk
September 16, 2011 at 11:06 am
ဟီးဟီး…you’re all right..
ကြောင်ကြီး
September 1, 2011 at 7:22 am
ပြောလေ့ရှိတဲ့ သာသနာနဲ့ ဓမ္မတာဆိုတာကို ဒီပို့စ်နဲ့ စပ်ဆက်တွေးနိုင်ပါတယ်။ အရိယာအသိအမြင် ဒါမှမဟုတ် နဲနဲဈေးလျှော့ပေးရရင် ဖြစ်ပျက်မြင်တဲ့ ဝိပဿနာညဏ်ရရင် သာသနာ၊ ကျန်အားလုံးကတော့ ဓမ္မတာတွေလို့ သတ်မှတ်နိုင်တယ်။ အတိတ်ဘုန်းကံ၊ ပါရမီပါလာရင် ပါလာသလောက် ကြီးပွားမယ် တိုးတက်မယ် မြင့်မြတ်စင်ကြယ်မယ်၊ သို့ပေမဲ့ အချိန်တန်ရင် သံသရာထဲပြန်လည်၊ အကြောင်းကံမကောင်းရင် ပို့စ်ထဲကလို သိမ်းထားသမျှလေး ကုန်ရောပဲ။ ဝါနဲ့အရည်အချင်းဆိုတာလည်း ဒီသဘောပဲ။ ဓမ္မတာနယ်ထဲမှာသာ စည်းမျဉ်းစည်းကမ်း ပြုဖွယ်လိုက်နာဖွယ်တွေ အမျိုးမျိုးသတ်မှတ်ပြီး အဆင့်အတန်းခွဲကြတယ်၊ သာသနာမှာတော့ သစ္စာကိုမျက်မှောက်ပြုတဲ့ အသိညဏ်နဲ့ပဲဆိုင်တယ်။ တဖက်ကလှည့်တွေးပြန်ရင်လည်း အသိညဏ်အစစ်ရပြီးသွားသူများအဖို့ ဓမ္မတာသတ်မှတ်ချက်တွေကို လိုက်နာပေးဖို့ ဝန်မလေးဘူး၊ ဒါပေမဲ့ ဓမ္မတာသမားကြတော့ သာသနာဆိုတာကို မသိနိုင်ဘူး။ ကျနော်ပြောတာကို သေသေချာချာ တွေးကြည့်နိုင်ရင် ဘာကိုမှ အံ့ဩထူးဆန်းဖို့မလို၊ စက်ဆုပ်ရွံရှာဖွယ်မရှိ၊ အကောင်း အဆိုးမရှိ၊ ပိုင်ရှင် ဒမြမရှိ၊ ရဲ လူဆိုးမရှိဆိုတဲ့ ကိလေသာ အာသဝေါကုန်ပြီးသူများ ပြောခဲ့တဲ့ ဓမ္မသဘောကို နဲနဲပို ခံစားနိုင်ပါလိမ့်မယ်။
pan pan
September 1, 2011 at 1:06 pm
အပျိုကြီးတော့ ဘယ့်နှယ်ဖြစ်သွားတယ်မသိဘူး
သနားစရာပဲ
goldenhawk
September 16, 2011 at 10:26 am
ဟယ် ….အပျိုကြီးပါဆိုမှ….
kai
September 1, 2011 at 1:42 pm
သူဖာသူ နာဗူးထပြိး.. မိန်းမကို စော်ကား..။
ပြီးတော့..ဘာမဆိုင်ညာမဆိုင်..ဆင်းတုတော်ကို ကန်တော့ပြီး.. ဘုရားသွားကြိုးချည်..။
ပြီးတော့.. စော်ကားထားတဲ့ မိန်းမကိုတာဝန်မယူပဲ.. ကိုရင်ပြန်ဝတ်တယ်လုပ်..ပြီး..ရှောင်ပြေး.။
အဲဒါကို..လက်ခံထားတဲ့..လူမှုအသိုင်းအဝိုင်းက… တော်တော်ပျက်စီးနေတာပဲလို့.. ပြောရမှာပဲ..။
ပြောရရင်…
စာသင်ကြားတာ.. ပရောဖက်ရှင်နယ်မဟုတ်တဲ့.. ဘုန်းတော်ကြီးပညာသင်ကြားရေးစံနစ်အောက်မှာ.. စံနစ်တကျ..စောင့်ရှောက် ကွပ်ကဲမှုမရှိတဲ့.. သာသနာ့အရေခြုံလောကအောက်မှာ.. ကလေးငယ်တွေနဲ့.. မိန်းကလေးငယ်တွေ.. ဘဝတွေ.. ဘယ်လောက်ပျက်နေသလည်း …တွေးမိကြဖူးသလား..သိချင်သား..။
pan pan
September 1, 2011 at 1:54 pm
ဟုတ်တယ် ဟုတ်တယ်
သဂျီးပြောတာ ဟုတ်တယ်
ရှောင်ဖယ်တာ မကောင်းဘူး
KMN
September 1, 2011 at 2:26 pm
မိမိလုပ်ရပ်အတွက် မိမိမှာတာဝန်အပြည့်အဝရှိတယ်ဆိုတာ သူမသိလို့ဖြစ်မှာပါ။
goldenhawk
September 16, 2011 at 10:31 am
ဘုန်းကြီးဆိုတာဘုန်းကြီးဘဲမို့…ဘုန်းကြီးတာဝန်ဘဲသူသိမှာပေါ့လေ…
myanpyithar
September 1, 2011 at 2:33 pm
ဒါ့ကြောင့်ပြောတာပေါ့..စားဘူး..မြင်ဘူး..အရသာခံဘူး..ပြီးမှ..စွန့်လာတဲ့.ပုဂ်ဂိုလ်နဲ့
မတူဘူးလို့..
ငယ်ဖြူတွေဒါမျိုးဖြစ်တာများတယ်..
ကျုပ်ကိုတိုင်တွေ့ခဲ့ဘူးတယ်..
ဒါပေမဲ့…မပြောပြဘူးးးးးးးး
hmee
September 1, 2011 at 3:04 pm
အဲ့လိုတော့ ပြောမရဘူးထင်တယ်နော်။ မင်းတုန်းမင်းကြီးက သင်္ဂဇာဆရာတော်(ထင်တယ် ဆရာတော် မမှတ်မိလို့) ကို အရှင်ဘုရား နန်းတွင်းသူလေးတွေကို မြင်ရင် စိတ်ထဲမှာ ဘာမှ မဖြစ်ဘူးလားလို့ လျှောက်တော့ ဆရာတော်က ဒကာကြီး ထန်းပင်က ထန်းနို့ခြောက်ကို မြင်သလား တခါမှ ထန်းနို့ မညှစ်ဘူးတော့ ခြောက်နေပြီမို့ ဘယ်လိုညှစ်ညှစ် ထန်းရည် မထွက်သလို ဘုန်းကြီးတို့လည်း တခါဘူးမှ မတခါဘူးလို့ ထန်းနို့ခြောက်လိုပါပဲ လို့ ပြန်မိန့်သတဲ့။ ဖတ်ဖူးတာ သိပ်မမှတ်မိတော့လို့ သေချာသိသူများ ပြင်ပေးပါဦး။ ငယ်ဖြူဖြစ်ဖြစ် တောထွက်ဖြစ်ဖြစ် ဆိုင်တော့ သိပ်မဆိုင်လောက်ဘူး။
Foreign Resident
September 1, 2011 at 3:14 pm
That’s why I made comment in previous post
“ဘုန်းကြီးဝတ်လာခဲ့တာ ဝါ (၃၀)တောင် ရခဲ့လို့” = more than (50) years old.
Interesting, How can it happen ???
As for me, Not much excited for just seeing the naked Lady.
May be, I have already done a lot of nastiest (sex) things in my life. “
goldenhawk
September 16, 2011 at 11:02 am
တခါမှမမြင်ဖူးလို့ဝါ(၃၀)တောင်ရတာနေမှာပေါ့..မမြင်ဖူးမမြင်အပ်တာတွေ့မြင်လိုက်ရတော့သူ့ခ
မြာဓါတ်လိုက်သလိုဖြစ်တာနေမှာပေါ့နော်…ထင်တာပြောတာပါ..ငရဲတွေကြီးနေပါဦးမယ်..
goldenhawk
September 16, 2011 at 10:33 am
ဟဲဟဲ…တွေ့ဘူးတာလား..ကြုံဘူးတာလား..ဟီး..
စုံ စုံ
September 1, 2011 at 2:43 pm
ဒီပို့စ်ကိုဖတ်ပြီးတခုတွေးမိတာရှိတယ်
လောကကြီးမှောင်သွားလို့ဘုန်းကြီးကတကာမကြီးကိုစော်ကားမယ်ဆိုပါတော့
ဒကာမကြီးကမရုန်းဘူးလား မအော်ဘူးလား
တခုခုနဲ့ပြန်ပြီးမခုခံဘူးလား
goldenhawk
September 16, 2011 at 10:55 am
ဟဲ့ဟဲ့..သူကဘုန်းကြီးလေ..ဟိုကလည်းတကာမဘဲဥစ္စာ..ကြည်ညိုလေးစားမှုကသူမကိုမရုန်းမ
အော်နိုင်အောင်လုပ်တာနေမှာပေါ့ နော်..ကျွန်တော်ဖတ်ဖူးတဲ့စာတစ်ပုဒ်မှာပြောပြချင်သေးတယ်
မြန်မာဘုရင်တစ်ပါးဟာသူ့ပညာရှိအမတ်တစ်ဦးကိုပညာစမ်းလိုသည့်အတွက်အမေးတစ်ခုကိုဖြေ
ခိုင်းတယ်(အမှောင်တကာ့အမှောင်ဟာဘယ်အမှောင်ဟာအမိုက်ဆုံးလဲ)လို့ဆိုတာဟာလည်း၎င်း
ဘုန်းကြီးဇါတ်လမ်းနှင့်နဲနဲဆင်တယ်…ခင်ဗျားတို့လည်းဖတ်ဖူးမှာပါ..
aungnng87
September 16, 2011 at 10:39 am
စုံစုံ ပြောသလိုပါဘဲ။ ဒကာမကြီးက သဒ္ဒါလွန်တော့ တဏှာကျွံတာပေါ့။ တကယ်ဆိုရင်ဘုန်းကြီးကျောင်းကို အမျိုုးသမီးတယောက်ထဲ မသွားသင့်ပါဘူး။ အဖော်ခေါ်သင့်ပါတယ်။ အခုခေတ်လည်း မိန်းကလေးငယ်ငယ်တွေ၊ ကြီးကြီးတွေ ဘုန်းကြီးကျောင်းသွား အလုပ်ကူလုပ်ပေး။ ဘုန်းကြီးတွေနဲ့ရင်းနှီးပြီး နေချင်သလိုနေ၊ ပြောချင်သလိုပြော။ တကယ်တော့ ဒါတွေဟာ သာသနာကိုညစ်နွမ်းစေခြင်းအကြောင်းတွေ
ထဲမှာပါတယ်။
goldenhawk
November 17, 2011 at 9:14 pm
ဖုန်းကြီးကိစ္စနဲ့ပါတ်သက်လို့ကျွန်တော်ကိုယ်တွေ့တစ်ခုကိုတင်ပြလိုက်ဦးမယ်စော်ကားတာတော့မဟုတ်ဖူးကျွန်တော်တို့အလုံမြိုု့
(XXX)ရပ်ကွက်၊နံမည်ကြီးဖုန်းကြီးကျောင်းမှဖုန်းကြီးတချို့အကြောင်း။မူလတန်းကစပြီးအဲ့ဒီကျောင်းမှကိုရင်တချို့နဲ့အတူဆော့
လာခဲ့တာကျောင်းပြီးတဲ့အထိသူတို့လည်းဦးဇင်းတွေဖြစ်ကုန်ကြပေါ့၊ရန်ကုန်မှာဆိုရင်ကျွန်တော်တို့အလုံကြီးအလုံလေးဆိုတာ
တန်းဆောင်တိုင်ရောက်ပြီးဆိုရင်တအားကိုစီတဲ့နေရာ၊နှစ်စဉ်တန်းဆောင်တိုင်ရောက်ပြီးဆိုရင်အဲ့ဒီဦးဇင်းတွေကကျွန်တော်တို့
ကိုလာချိန်းကြတယ်ညကျရင်ပွဲကြည့်ဘိုအဲ့ဒီတုန်းကနာမည်ကြီးဦးစိန်အောင်မင်းတို့ရွှေမန်းတင်မောင်တို့စိန်မာဒင်တို့ပွဲသွင်းကြ
တယ်လေကောင်မလေးတွေဆိုရင်လည်းကိုညွှန့်ဝင်းတို့ကိုဆန်းဝင်းတိုကိုလာကြည့်ကြတာပေါ့၊ကိုကြီးမော့စ်လည်းနာမည်ကြီး
တယောက်ပါဘဲ…ညဘက်(၈နာရီ၊၉နာရီ)ရောက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးများဦးဇင်းတွေဟာသူတို့ကျောင်းရဲ့အ
နောက်ဘက်အမှိုက်ပုံကြီးကနေထွက်လာခဲ့ကြတယ်၊သူတို့ကိုကျွန်တော်မြင်လိုက်တော့မျက်လုံးတွေကိုပြာသွားတာဘဲ၊ကျွန်တော်
တို့တောင်မဝယ်ဝတ်နိုင်တဲ့(Lee)ဖင်ကြပ်ဘောင်းဘီ၊ဂျာကင်တွေဆံပင်အတုတွေနဲ့ဆိုတော့တကယ့်ကိုမမှတ်မိစရာဘဲလေဇါတ်
လမ်းကအဲ့ဒီကစတာတနေ့ကျွန်တော်ကသူတို့ကို(မင်းတို့တွေဒီလောက်ဈေးကြီးအဝတ်စားတွေကိုဘယ်ချိန်ကကြိုတင်ပြင်ဆင်ထား
ပြီးဘယ်ကပိုက်ဆံတွေနဲ့ထောနေတာလဲလို့မေးကြည့်တော)မှဇါတ်ရည်လည်သွားတော့တယ်။တယောက်သောဦးဇင်းကပိုက်ဆံ
အသင့်တင့်ရှိတဲ့အိမ်ကသူနေ့တိုင်းဆွမ်းခံတဲ့အိမ်ကကောင်မလေးနဲ့ညှိပြီးသူ့ကိုပိုက်ဆံခိုးခိုးပေးတယ်လူကြီးတွေဥပုဒ်စောင့်သွားတဲ့
နေ့ဆိုရင်ဆွမ်းသွားခံရင်း(ကိလေသာ)ပါယူခဲ့တယ်။နောက်ဦးဇင်းတွေကတော့တစ်ယောက်ကတော့သင်္ဘောသားမိန်းမနဲ့ဆွမ်း
သွားခံတိုင်းဖြစ်တယ်ပြီးရင်သူ့ယောကျင်္ားနိုင်ငံခြားကပါလာတဲ့(Lee) ဂျင်းတွေခိုးပေးတယ်ပိုက်ဆံလည်းရတယ်။နောက်တစ်ယောက်
ကတော့အိမ်ထောင်သည်သူ့ယောကျင်္ားက(custom) အရာရှိ။တစ်ယောက်ကတော့ကုန်စုံဆိုင်ရောင်းတဲ့အပျိုကြီး၊ဒါလည်းသူတို့အ
ပြောဘဲရှိသေးတာကိုယ်မသိတာလဲရှိခြင်ရှိဦးမှာ။နောက်ဆုံးကျွန်တော်လည်းသူတို့ကိုအားကျပြီးဖုန်းကြီးတောင်ဝတ်ချင်စိတ်ပေါက်
ခဲ့ရတယ်(ငရဲတွေ၊ငရဲတွေ)မင်းတို့ဒီလောက်တောင်ရဲရအောင်ကျောင်းထိုင်တွေမသိကြတော့ဘူးလားလို့မေးတော့သူတို့ပြောတာကို
ကြားရတော့အကယ့်ကိုအံ့ဩခဲ့ရတယ်။သူတို့ရဲ့ဒုတိယကျောင်းထိုင်ဆရာတော်ကြီးဟာရပ်ကွက်တွင်မျက်နှာကြီးမိန်းမကြီးတယောက်နဲ့ညိနေကြတဲ့အပြင်သူ့တူမပါအဆစ်ပါနေတယ်လေ၊ကျောင်းကအလှူငွေတွေကိုအဲ့ဒီမိန်းမကြီးတူအရီးဟာဆရာတော်ကြီးဆီက
ယူပြီးရပ်ကွက်ထဲငွေတိုးချေးတယ်အဲ့ဒီတုန်းကစိန်ဂျွန်းဈေးမှာသူတို့အထည်ဆိုင်ကက်ဆက်ဆိုင်တွေဖွင့်တယ်အရင်းကိုတော့ဆရာ
တော်ကြီးကိုပြန်ပေးတယ်အမြတ်ကျတော့ဆရာတော်ကိုသူတို့ခန္ဒာကိုယ်နဲ့ဆက်ကပ်တယ်ပိုက်ဆံကိုတော့သူတို့ယူတယ်။ဒါတွေကိုသူတို့တွေသိလို့သူတို့လဲလုပ်ရဲရတဲ့အကြောင်းဦးဇင်းတွေကပြောပြပါတယ်..ဒီလိုနဲ့ကျွန်တော်ဒီထွက်မလာခင်(၁၉၇၅)ကျော်ကျော်
မှာထင်တယ်၊ဦးနေဝင်းကတနိုင်ငံလုံးသာသနာသန့်ရှင်းရေးကိုလုပ်လိုက်တော့အဲ့ဒီကျောင်းလဲပါသွားတယ်သတင်းစာတွေမှာလည်း
မျှက်နှာဖုန်းကနေပါလာတာ။ကျွန်တော်ပြန်ကြားရသလောက်သူတို့တွေလည်းကံကောင်းကြတယ်သူတို့နဲ့ဖြစ်ခဲ့တဲ့သူတွေကသူတို့ကို
လိုက်ပေးတော့ထောင်တောင်မကျဘဲလူဝတ်ပဲအလဲခံလိုက်ကြရတယ်သင်္ဘောသားမိန်းမနဲ့ဖြစ်တဲ့ဦးဇင်းကတော့။သင်္ဘောသားက
သင်္ဘောမြှုပ်ထဲပါသွားလို့အဲ့ဒီမိန်းနဲ့ဘဲညားသွားတယ်လို့တော့ကြားရတယ်ကျန်တာတွေတော့မသိတော့ဘူးကျွန်တော်လဲဒီရောက်
လာပြီးဆိုတော့အဆက်သွယ်လည်းပြတ်သွားရတယ်ပေါ့..(ဒီအကြောင်းရာတွေဟာတကဲ့အဖြစ်အပျက်တွေပါ။ကျွန်တော်တာဝန်ယူ
ရဲပါတယ်…)အသေးစိတ်သာသူတို့ကိစ္စကိုပြောရရင်တော့ငရဲတော့ကြီးမှာသေခြာတယ်(ကျွန်တော်ကပြာပူကြောက်တတ်တယ်)…
နောက်ပြောရရင်ရှိသေးတယ်ကျွန်တော်တို့ရဲ့အိမ်ဘေးကဘဲကျွန်တော်တို့ရဲ့ရပ်ကွက်ကတော့မဟုတ်ဘူး၊သူတို့ကခိုးပြေးလာ
ကြပြီးဦးလေးတော်သူရဲ့နေအိမ်မှာလာနေကြတာ။သတင်းကြားလို့သွားကြည့်ကြပါတယ်နှစ်ယောက်လုံးကတစ်ယောက်မှပါမလာကြဘူးဆံပင်တွေကိုပြောတာအားလုံးကဂတုံးကြီးတွေနဲ့အဲ့ဒီတုန်းကလဲကျွန်တော်တို့ကငယ်သေးတယ်လူပျိုပေါက်တွေဘဲရှိသေးတယ်
အဲ့ဒီမယ်သီလရှင်ဗျာလှလိုက်တာမပြောပါနဲ့တော့ဂတုံးကြီးနဲ့သာဆိုတယ်တကယ့်ကိုလှတယ်..ခန္ဒာကိုယ်ကလဲလုံးကြီးပေါက်လှနဲ့ဗျာ
အသားကလည်းဖြူ၊အမျိုးသားကလည်းဆံပင်သာမပါတာခန့်ချောကြီးဗျာ၊တကယ့်ကိုလိုက်ဖက်တဲ့စုံတွဲကြီး၊သိကြတယ်မို့လားကျွန်
တော်တို့နိုင်ငံကလူတွေအကြောင်းသတင်းမရလိုက်နဲ့ရတာနဲ့လာကြည့်လိုက်ကြတာ။ကြည့်ယုံတွင်မဟုတ်ဘူးနော်ထင်မြင်ချက်လေး
တွေပါပေးလိုက်ကြသေးတယ်။တချို့က(ဟယ်ခန့်ချောကြီးတော့်ကျုပ်သာသီ္မးရှိရင်သားမက်တော်ပါတယ်ဂတုံးကြီးနဲ့ဖြစ်ပါလေ့စေ..
တချို့ကလဲဟယ်ဖြူဖြူဖွေးဖွေးလုံးကြီးပေါက်လှနဲ့တော်ဘာစိတ်ကူးပေါက်လို့ဂတုံးကြီးတုန်းပြီးမယ်သီလဝတ်ရတယ်လို့များ။ငါ့သီ္မးဆို
ရင်ပေးမဝတ်ပါဘူးပေါ့။တချို့ကတော့တကဲ့ကိုလိုက်ဖက်တဲ့စုံတွဲနေနဲ့လရွှေနဲ့မြလိုပါဘဲ၊အိုအောင်မင်းအောင်သေတပန်သက်တဆုံး
ပေါင်းသင်းသွားနိုင်ကြပါစေလို့ဆုပေးသွားကြတယ်)ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးဟာလူသားတွေကြီးမို့လူ
အကျင့်ဘဲကျင့်နိုင်သည့်အတွက်..ကိုယ်မလုပ်ခင်အလုပ်တစ်ခုကိုပိုင်နိုင်မှလုပ်ကြဖို့၊ကိုယ့်ရဲ့လုပ်ရပ်ကြောင့်အမျိုး၊ဘာသာ၊သာသနာ
ယာဉ်ကျေးမှုနှင့်ကိုယ့်လူမှုပါတ်ဝန်းကျင်အသိုင်းဝိုင်းကိုမထိခိုက်မနစ်နာစေဖို့ရာအတွက်အထူးသတိတရားရှိစေလိုပါသည်….
ကျွန်တော်မှတ်မိသောဆိုရိုးစကားတစ်ခုရှိတယ်(မြင်းမနိုင်တော့အုန်းပေါက်၊ကွန်းမနိုင်တော့ထုံးပေါက်)ဆိုတာလိုပေါ့..
nigimi77
November 17, 2011 at 9:55 pm
အင်း..အင်း…..။
မြန်မာပြည်မှာ လူ ့နလပိန်းတုံး တွေ ပိုများလာပြီပဲ ။
ခွင့်လွတ်ပေးလိုက်ကြ နားလည်ပေးလိုက်ကြပေါ့နော ။
ကာမ အမိုက်မှောင်မှာ မြောပါမိပါတယ် ဆိုတော့လည်း
ကိုယ့် နှမ မပါသေးခင် အချိန် အထိပေါ့……ဟီး ဟီး ။
သော်ကြီး
November 17, 2011 at 11:11 pm
ဟုတ်တယ်။ ဟုတ်တယ် ။ သူများတွေမှ ယူနီဖောင်းပြောင်းတာမဟုတ်ဘူး။ ဘုန်းကြီးတွေလဲ ယူနီဖောင်း ပြောင်းတယ်။ မိရင်တော့ခံကြတာပဲ။ မတွေ့ရင်တော့လဲ ဘယ်သူမှ မသိဘူးပေါ့နော်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူငယ်ချင်းတစ်ယောက် သူ့ဖုန်းထဲက ဇာတ်လမ်းလေးတစ်ခု ပြတယ်။ သင်္ကန်းနဲ့ ထမီ (လုံချည်) နဲ့တော့ မရောထွေးသွားပါဘူး။ ဝတ်ထားကြလို့ပါ။ ဘုရားရှင်ဟောထားတဲ့ အတိုင်းပဲလေ။ သူ့သားတော်တွေပဲ။ ဪ ကာမ အမိုက်မှောင်တဲ့။ ဘုရား…ဘုရား……။