Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရေတွင်းပျက် (သို.) ရင်တွင်းဖြစ်

ေရႊဘိုသားSeptember 1, 20112min56929

ချစ်တယ် မ ရယ်……။ ။
  . . .
နေ့ရက်တိုင်း

ကျနော်.ရဲ. နံဘေး

အစ်မ အမြဲရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ

အစ်မနဲ. တူတူရှိနေတဲ.အချိန်တွေ ကျနော်ပျော်တယ်

တစ်ပတ်မှ တစ်ခါပဲ တွေ.ရတာ သိပ်မကျေနပ်ဘူး

အစ်မတွေ.ခွင်.ပေးတဲ.

အစ်မ အလုပ်နားတဲ. ရက်

နေ့ရက်တိုင်း

တနင်္ဂနွေချည်းဖြစ်နေရင်

သိပ်ကောင်းမှာပဲ

အခုတော့ Pope Gregory 13 ကိုပဲ

အပြစ်တင်ရမလား

စွဲလန်းလို့ တစ်နေ့မှ မေ့မရတဲ့

ကျနော့်ကိုယ်ကျနော့်ပဲ အပြစ်တင်ရမလား. . .

ပိုင်ဆိုင်ခြင်းဆိုတာ

ကျနော့်အတွေးထဲမှ

ဖယ်ထားတာကြာပြီ

အစ်မ အနား တစ်ရံတစ်ခါနေခွင့်ရရင်

အစ်မ နဲ့စကားတွေပြောခွင့်ရရင်

မောင်ကျေနပ်နေမိတယ်

အစ်မနဲ့ အတူရှိခဲ့ရတဲ့ အချိန်တိုင်း

ကျနော်ပျော်နေရတယ်

အစ်မရယ်

ဒါရင်ထဲကစကားတွေပါ ယုံကြည်ပေးပါနော်……. .
   

လွမ်းဆွတ်မူများစွာနဲ.

အဝေးတစ်နေရာ ရောက်နေလို. မလာနိုင်ခဲ.လည်း

ဒီကဗျာကိုတွေ.ရင် စာချန်ခဲ.ဖို. မမေ.ပါနဲ.နော်

29 comments

  • ရွှေအိမ်စည်

    September 2, 2011 at 1:27 am

    ခေါင်းစဉ်နဲ ့ကဗျာမလိုက်ဘူး…လို ့ထင်တယ်….

    ရေးပါ….ရေးရင်းနဲ ့တတ်လာမယ်..နောက်ပြီးစာကဗျာများများဖတ်..

    စာဖတ်နာလာရင်..အိုကေပြီ….
    ……………………………….

    ရေးဘူးတယ်..sundayနဲ ့ပါတ်သတ်တာ..

    ရေးစမှာတော့ဒီလိုဘဲ..ရှိမှာပေါ့…..
    တို ့ကတော့လိုင်းပေါင်းစုံရေးပါတယ်….
    တတ်လို ့တော့မဟုတ်ပါဘူး…

    ကဗျာလေး..ကူးညှိပေးခဲ ့ပါတယ်……………

    ငါတို့ရဲ့ တနင်္ဂနွေ

    မနက်ဖြန်တိုင်းမှာ အသက်ဆက်ဖို့
    မင်းခေါ်သံလေး တစ်ချက်တော့လိုအပ်တယ်
    ငါမြတ်နိုးတဲ့ကောင်လေး

    နှလုံးသွေးတွေ ရပ်တန့်သွားမတတ်
    မျက်ဝန်းလက်လက်တွေနဲ့ ပြုစားတတ်တယ်
    ငါ့….. သံယောဇဉ်လေး
    မင်းနှုတ်ဖျားက
    အလင်္ကာတေးသွားတို့က
    မကြားတစ်ချက်….
    ကြားတစ်ချက်……

    င့ါရင်ဘတ်ကို လာလာဆောင့်တယ်
    မူးဝေသွားတဲ့ နှလုံးသားက
    ခံစားချက်တစ်ချို့ ရီဝေ
    ဝေးနေတဲ့ အချိန်တွေကို
    ငါမလိုချင်တော့ဘူးကွယ်

    အဲဒီလိုနဲ့
    ညရဲ့ ကြယ်ရောင်တွေအောက်မှာ
    ငါတစ်ယောက်တည်းလမ်းလျှောက်
    မမြင်နိုင်တဲ့ ခြေရာတွေကောက်ဆဲ
    ဖောက်လွဲ ဖောက်ပြန်
    အိပ်တန်းပြန်ရပေါင်းလဲ များလှပြီ.
    အိပ်စက်ခွင့်မရတိုင်းသာ
    စိတ္တဇလို့ ဆိုကြရင်
    ငါဟာ…..
    ရူးသွားခဲ့တာ ကြာပြီထင်ပါရဲ့ကွယ်.
    ထားပါလေ…….
    မင်းတစ်ယောက်ကိုသာ ရူးသွပ်သူ
    သွေးဆုပ်ဖြူရော်နေတဲ့ နှုတ်ခမ်းနဲ့
    အငွေ့ပျံအနမ်းတွေ
    ကောင်းကင်မှာ မိုးတိမ်ဖွဲ့ပေါ့
    အလွမ်းရာသီဥတုကို ကြေငြာရင်
    မုန်တိုင်းတွေပဲမြင်တယ်.
    မင်းဆီပါသွားတဲ့ မိုးပြေးတွေ
    လူကိုရေထဲ ဆွဲချ
    ဘဝလဲ စုန်းစုန်းမြုပ်တော့မယ်
    ကောင်လေး ရေ……
    ငါ့အနာဂတ်ထဲမှာ
    ဘယ်အချိန် မင်းဝင်လာမလဲ
    နေ့စွဲလေးတစ်ခုတော့ ရှိချင်တယ်
    မှောင်နေတဲ့ ဘဝနဲ့
    အလင်းကို မျှော်ရတဲ့ညနေတွေ
    ငါငြီးငွေ့နေပါပြီ
    တကယ်လို့များ…..
    ရီသံလေးတစ်ချက်နဲ့
    အခန်းရှေ့က မင်းဖြတ်လျှောက်ရင်
    ရင်ခွင်ကို…….
    တံခါးခေါက်ခဲ့ဖို့ မမေ့နဲ့ကွယ်
    ကောင်လေး ရေ……..
    အဲဒီနေ့ဟာ
    ငါတို့ရဲ့ တနင်္ဂနွေ ဖြစ်တယ်ဆိုတာတော့
    ………………………..
    ………………………..
    ……………………….
    ………………………..
    မင်းမေ့လျော့ မထားနဲ့ပေါ့ကွယ်.

    • Handy note

      September 2, 2011 at 9:38 am

      ရွှေဘို သား ရဲ့ ခံစားချက်နဲ့ Comment ့ကဗျာမလိုက်ဘူး…လို ့ထင်တယ်….
      ရေးပါ….ရေးရင်းနဲ ့တတ်လာမယ်..နောက်ပြီးCommentများများဖတ်..

      Comment ဖတ်နာလာရင်..အိုကေပြီ….

      (ရွှေဘို သား ရေ..သီးခံပေးပေါ့ကွယ်.)

        • Handy note

          September 3, 2011 at 4:03 am

          Comment ဖတ်နာလာရင်..အိုကေပြီ….ဆိုတာ ဆရာကြီးလုပ်ချင်တဲ့ ….ရွှေအိမ်စည် ကိုပြောတာ….
          ….နောက်Commentများများဖတ်..
          …..သူတပါ း ခံစားချက်ကို …..တန်ဖိုးထား
          ……ရွာသားတွေကိုလေး စား ………..နင်တွေ ငါတွေ ရပ်….

    • etone

      September 2, 2011 at 11:39 am

      အဲ … ရွှေဘိုသားရေ … မင်းမရေးပ ဲ သူ့ကို ရှဲဒိုးငှားလိုက်ရမှာ … :mrgreen:

      ( ခံစားချက်နဲ့ ရေးတဲ့စာတွေကို ရင်နဲ့ဖတ်တဲ့ လူတွေပဲ နားလည်တာအပြင် …တခြားနှမ်းဖြူးတဲ့ လူတွေပါ… ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမှာပဲ … အဲ့ဒါပေါ့ … အပြောမတတ်တော့ ဆဲသလိုဆိုတာ …ငါလည်း မနေနိုင်မထိုင်နိုင် ပြောမိပြန်ပြီ 🙁 )

      • နွယ်ပင်

        September 2, 2011 at 1:16 pm

        ကဗျာရေးသူရဲ့ ခံစားချက်ကို ရေးသူကိုယ်တိုင်ထက် ဘယ်သူမှပိုမသိနိုင်ပါဘူး
        ကိုယ့်ခံစားချက်ကို ရှဲဒိုးရေးခိုင်းတာထက် အခုလို မတက်တစ်တက်လေးရေးပြတာက ပိုကောင်းပါတယ် …

      • ချစ်စ/ဆ ရာ

        September 2, 2011 at 1:48 pm

        မမအိတုံ တွေ့လား ဟိုအောက်မှာ
        အရက်သမား မိုက်ကယ်ဂျော်နီအောင်ပု ဘာပြောတယ်ဆိုတာ
        ပြန်ပြောလိုက် မမအိတုံ
        ငြီးငါ့ကို ပြိင်ဘို့လာပြောနေတယ်
        ငြီးရေးထားတဲ့ပို့စ်တွေရော ကော်မန့်တွေရောပေါင်းတောင်မှ
        ငါရေးထားတဲ့ ပို့စ်အရေတွက်ကိုမမှီသေးဘူး
        ငါက
        တစ်သိန်းတောင်ရပြီးသွားပြီ
        ဘာမှတ်သလဲလို့ ပြန်ပြောပလိုက်ပါလား မမအိတုံရဲ့
        ကျွန်တော်က မမအိတုံရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးပါခင်ဗျ
        အဲ့သည် မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့
        မယဉ်ကျေးတဲ့ မန်ဘာကို
        ဂေဇက်ထဲက မောင်းထုပ်ဘို့ တောင်းဆိုပါတယ်ခင်ဗျ

  • ရွှေအိမ်စည်

    September 2, 2011 at 1:29 am

    ကိုရင်တော့မသိစေနဲ ့…သူများကဗျာဆို..သရော်စာရေးဖို ့ကအဆင့်သင့်ဘဲ

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 2, 2011 at 1:41 pm

      ပြောလိုက် ရွှေအိမ်စည်
      ကဗျာတစ်ယောက်တစ်ပုဒ်စီပြိုင်ရေးမလားလို့ ?

      • ရွှေအိမ်စည်

        September 2, 2011 at 4:19 pm

        ချစ်လို ့ပြောတယ်မှတ်ပါတယ်..

        ကျနော်ကတော့..ကိုရင်..ရည်းစားစာကဗျာတွေ အပြိုင်ရေးရင်းတတ်လာတယ်ထင်ပ

      • ရွှေအိမ်စည်

        September 2, 2011 at 5:01 pm

        ဥပမာ….

        တို ့တွေ ဘယ်လို ့ကဗျာကိုဆက်ထုံးလည်းပြောပြမယ်…

        နင်ကဗျာပြီးတတြ ့နောက်ဆုံးအပိုဒ်ကိုယူမယ်
        *******************************

        ဧဒင်ဥယျာဉ်မှာတော့..အကုန်ဝိုင်းသင်းပေးပါတယ်.ကိုရင်တို ့.ကိုကကြီးတို ့လည်းရှိနေတယ်လေ

        ******
        လွမ်းဆွတ်မူများစွာနဲ.
        အဝေးတစ်နေရာ ရောက်နေလို. မလာနိုင်ခဲ.လည်း
        ဒီကဗျာကိုတွေ.ရင် စာချန်ခဲ.ဖို.
        မမေ.ပါနဲ.နော်…တဲ ့မောင်ကပြောထားခဲ ့ပါရဲ ့

        ချစ်တဲ ့မောင်ရေ
        အချစ်ဆိုတဲ့စကားတွေက
        မင်းမပြောတော့ပေမယ့်
        မ..နားထဲအမြဲကြားနေသလို…..

        လုံခြုံမှုတွေပေးတတ်တဲ့
        မင်းရင်အုံနွေးနွေးကလည်း
        မှန်းဆတမ်းတလိုက်တိုင်း
        မင်းရင်အုံထဲ ..အစ်မ ရောက်ရောက်သွားတတ်တာမို့…..

        အခုတော့
        မိုးစိုမှာ လျှပ်ပြက်တာတွေ
        အစ်မအတွက်
        စိုးထိတ်စရာမဟုတ်တော့ဘူးပေါ့

        ချစ်သူ မင်းသိပါလေစ………
        အစ်မ စိတ်ရဲ့စေစားရာ
        အင်အားတခုနဲ့ထပ်တူ

        မင်းဟာ ငါ့အသည်းမှာ တထပ်တည်းပါလို့
        သိစေချင်စမ်းပါဘိ……….

        *******************

        ဒီလိုပြန်ရေးပေမဲ ့ဒါက..တစ်ယောက်နဲ ့တစ်ယောက်ကူညီတဲ ့သဘောပါဘဲ..
        ပညာပြခြင်း..အထင်သေးခြင်းအလျှင်းမရှိပါကြောင်း

        စာကြွင်းနော်……….ဒီလိုပြန်ရေးကြတတ်တာ…
        အဖြေပေးတာမဟုတ်ဘူးကွာ…..ကဗျာတွေ ဆက်ထုံးကြတတ်တယ်..
        တစ်ယောက်နဲ ့တစ်ယောက်….ဆရာကြီးတွေ မဟုတ်ဘူးပေါ့..ကူးညှိတာ…

        အဲ ့သလိုအပြန်ရေးရင်..နဲ ့…တတ်လာပါတယ်…
        ………………………………….

        ကဗျာဆရာကြီးတွေ စာတော့..တို ့တွေ ကမှီငြမ်းပေါ့…
        ကူးတာလည်းရှိမှာပေါ့..စိတ်ကဖတ်ပါများရင်ရသွားတတ်တာဘဲလေ..ဟုတ်…

        • etone

          September 3, 2011 at 9:28 am

          စိတ်ညစ်လိုက်တာ .. တကယ့်ကို အာရုံပဲ … ။
          ဓါတ်ဆီတွေ ချည်းပဲ ဟွန်းးးးးးးးးးးးး 🙁

  • ကြောင်ကြီး

    September 2, 2011 at 9:48 am

    ရေတွင်းအပျက်
    ရက်တွင်းအပြေ
    ဖျက်မြင်းအမေ
    မသိခင်
    ချက်ခြင်းအဖြေ
    ပေးစမ်းပါ မရယ်…။ 😳

  • မီးမီး သော်

    September 2, 2011 at 1:05 pm

    ဟယ် ကိုကြောင်ကြီးလုပ်ချလိုက်မှပျက်ပါလေရောဟယ်။ရွှေဘိုသားရေ မ နဲ ့အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်နော်။

  • nozomi

    September 2, 2011 at 1:06 pm

    ရွှေဘိုသား ပြောတဲ့သူ စာချန်ခဲ့ပြီလား ?

    “မောင်” လို့တောင် ခေါ်မှတော့ “မ” ဆို ပိုကောင်းမယ်ထင်တယ်
    အမ နဲ့ မောင် ဆိုတော့ တမျိုးများ ဖြစ်နေသလားလို့

  • manawphyulay

    September 2, 2011 at 2:19 pm

    ဒါကတော့ ခံစားချက်ထဲက အနှစ်တွေဖြစ်နေလို့နေမှာပေါ့။ ခံစားတတ်သူတိုင်း နားလည်ပေးလိုက်ပါ။ ကြည့်ရတဲ့ပုံက အစ်မလို ခင်ရကနေ မ လို့ ခေါ်ခွင့်ရအောင် ကြိုးစားနေသူတစ်ဦး ဖြစ်ပါလိမ့်မယ်။ ကြူတောသားဆိုတော့လည်း အားရပါးရ ခေါ်တာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့နော်။

  • ရွှေအိမ်စည်

    September 2, 2011 at 4:28 pm

    ရွှေဘိုသားလုံးဝမလျှော ့နဲ ့အစ်မ…
    ဆိုတော့……

    တို ့ကကောင်လေး လို ့ရေးပေးခဲ ့တာတမင်ပေါ့…

    ဒီတော့မှ..နင်အားကျပြီးရေးလာအောင်…

    တကယ်တော့ရွှေဘိုသားရေ……
    ငါလည်းကိုရင်ကိုနှိပ်ကွပ်ချင်လို ့အရင်ကတော့….
    (စိတ်ဆိုးတာမဟုတ်ဘူးနော်……..)
    သူ က…ရေးပြပါလိမ့်မယ်..ကဗျာကိုစက်နဲ ့ထုတ်ထားသလားမှတ်ရအောင်ပါဘဲ….

    အပြိုင်ရေးတာ…..ရင်ထဲ ကခံစားချက်ပါပါမပါပါ..နိုင်ရင်ပြီးရောဆိုပြီးပေါ့

    စရေးခါစကတော့..ခံစားချက်ဟ…
    အသည်းသာကွဲ ကြည့်..ဟား…..ဘာပြောကောင်းမလဲ..ကဗျာတွေ ဖတ်ရင်..မျက်ရည်တောင်ကျနိုင်တယ်…

    တတ်သလားဆိုတော့မတတ်ဘူး…မွေးကတည်းကတော့…
    မောင်စိန်းဝင်းလည်း၃နှစ်သားမှာကဗျာမရေးဘူး
    …………………………..

    နင်လိုအပ်မယ်ထင်ရင်…..facebookမှာစာပေစကားဝိုင်းရှိတယ်..
    ကိုဟယ်ရီဆိုတဲ ့သူက…..သင်ပေးတယ်..အယူအဆအတွေးတွေ ပေါ့

    အားတဲ ့အခါလာဖတ်ဆွေးနွေးပေါ့

    • etone

      September 3, 2011 at 9:46 am

      ိသိချင်စိတ် သိပ်ပြင်းပျနေလို့ မေးလိုက်ပါဦးမယ် … ရွှေအိမ်စည်ကို အဲ့ဒီလို နင်တွေ ၊ ငါတွေ တချိန်လုံးပြောတတ်အောင် သင်ပေးတာ ဘယ် စာပေစကားဝိုင်းကလဲ ။
      အသက်ရွယ်အပိုင်းခြား ဘယ်လောက်ရှိမလဲ မသိပေမဲ့ မျက်စိထဲ မြင်နေရတဲ့ နင်တွေ ငါတွေ ..အရေးသားက .. အတော် ထော်လော် ကန့်လန့် နိုင်နေတယ် … ။ 🙄 ဒီဆိုက်ထဲမှာရေးနေတဲ့လူတွေထဲ သက်ကြီးပိုင်းတွေ ၊ သတ်လတ်ပိုင်တွေ အများကြီးရှိတယ် …။

      ကလေးတွေကို ပြုစုပေးနေတဲ့ … အသက်သုံးဆယ့်ငါးနှစ်လောက်ရှိတဲ့ ဆရာမလိုလို … (ဒါလည်း မဖြစ်နိုင်ဘူး .. ဆရာမတွေ စကားပြောလျှင် ဒီလို အသုံးနှုန်းမသုံးဘူး )
      ဘော်ဒါဆောင်ဖွင့်ထားတဲ့ သူလိုလို … (ဒါလည်း မဖြစ်နိုင်ဘူး … ဘော်ဒါဆောင်ဖွင့်တဲ့လူတွေ ဒီလောက်အားပြီး စာတွေ အများကြီး မရေးနိုင်ဘူး .. )
      မြီးကောင်ပေါက် ယောက်ျားလုံးမလိုလို …. ( တစ်ခါတစ်ခါလည်း မိန်းမဆန်ဆန် … တစ်ခါတစ်ခါလည်း ယောကျာ်းဆန်ဆန်… ) ကိုယ့်ကာရိုက်တာ အမှန်က ဘာဖြစ်ဖြစ် … သူများ စိတ်အနှောက်ယှက်မဖြစ်အောင် နေဖို့ပဲ အရေးကြီးတယ်… ။ အလကားနေရင်း ပွဲဆူအောင် ထမလုပ်ပါနဲ့ …. ။ မနေနိုင်တဲ့လူက ထပြောတော့ အပေါက်ဆိုးတယ် ဖြစ်ဦးမယ် 🙁

      • Handy note

        September 3, 2011 at 2:40 pm

        မေးသင့် ပါတယ် မetone ရေ။ ရွာသူ/သား တွေအတွက်သူကြီးကိုယ်တိုင် ကလဲ မေးသင့်တာပြောသင့်တာ ပေါ့နော်။
        ဘယ်သူ…ပြောပြော…မျက်နှာပြောင်တိုက်ဆက်ပြောနေတာကလဲ …စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်း ပါတယ်။

      • nozomi

        September 5, 2011 at 2:10 pm

        အပေါက်မဆိုးပါ
        ပြောသင့် ပြောထိုက်တဲ့ ကိစ္စတစ်ခုကို ပြောတယ်လို့ပဲ မြင်ပါတယ်
        လူအများ ဝင်ထွက် သွားလာနေသော ရွာပါ ၊

  • Shwe Ei

    September 2, 2011 at 4:36 pm

    ” အမ ဆိုရင် ကျနော်၊ မ ဆိုရင် မောင်” လို့ ကိုယ့်သဘောနဲ့ကို ဖြည့်ဖတ်လိုက်တယ်။

  • ရွှေဘိုသား

    September 2, 2011 at 6:13 pm

    ဝေဖန်တဲ.သူတွေရော အားပေးတဲ.သူတွေရော ကျေးဇူးတင်ပါတယ်ဗျာ
    မရေးတက်သေးတော. ဒီလိုပဲ ဖြစ်မယ်လို. ကျနော်ကြိုတွက်ပြီးသားပါ ဘယ်သူ.ကိုမှ စိ်တ်ထဲမထားပါဘူး

  • Handy note

    September 2, 2011 at 7:37 pm

    ရွှေဘိုသားရေ …စိ်တ်ထဲမထားတာ ကောင်းပါတယ်ဗျာ။
    စေတနာမှန်လား………ဆရာကြီးလုပ်ချင်လို့ မျက်နှာပြောင်တိုက်ဆရာလုပ်တဲ့ လူလား….ဆိုတာ တရွာလုံးနားလည် ပါတယ်ဗျာ။
    ဆရာဆိုတာ.. သူတပါ း ခံစားချက်ကို နားလည်ပေးနိုင်ရပါတယ်…..တန်ဖိုးထားပေးနိုင်ရပါတယ်။
    စေတနာမှန် ရင်အများရှေ့မှာ…..ခုလို မလုပ်ပါဘူး။
    PM ရှိနေတာဘဲ။

    ယုံကြည်မှုလွန်ကဲပြီး မှားတဲ့အမှားလို့ ဆိုပါ ရစေ။

  • windtalker

    September 2, 2011 at 8:28 pm

    အို ရွှေဘိုသား ရေ
    လဘက်ခြောက် နဲ ့
    အတူကြွ

  • naywoonni

    September 2, 2011 at 9:47 pm

    ရေတွင်းပျက်ဆိုမှတော့ ရေ မထွက်တော့ဘူးပေါ့ကွယ်…။ အဲဒိလိုပဲ မှတ်လိုက်တော့မယ်..။ စာလည်းချန်ခဲ့ရသေးတယ်…။ ဟိုလိုဒီလိုလည်း မပြောနဲ့ကွယ်…။
    ” ဓါတ်ပုံရယ် ….စာရယ် …..ကဗျာရယ်…။ အစုံအလင်ပါကွယ်………. သူကျတော့ စာပြန်မရေးးးးးးးးးး”

    အဲဒိသီချင်းလေး သတိရသွားတယ်…… ရွှေဘိုသားရေ…………. ကျေးဇူးနော်…။( ကောင်၏ ကောင်း၏ ဂွဒ်ထ ဂွဒ်ထ ) အကြိမ်ထောင်ချီ ပြောသွားသည်……….။

    ပုံ —နေဝန်းနီ

  • ရွှေဘိုသား

    September 3, 2011 at 9:36 am

    ဂွတ်ရင်လည်း နောက်နေ. ကျနော်တို.ရွာက ကောက်စိုက်သမလေးတွေအကြောင်း
    ထပ်တင်လိုက်အုံးမယ်ဗျာ အားပေးအုံးနော်

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 3, 2011 at 9:49 am

      တေနာလေး 😀
      အပေါ်မှာရေးထားတာကတော့
      ရေတွင်းပျက်မမကိုမှ မရရင်ရေငတ်ပြီးဘဲ လျှောတော့မလိုလိုဘာလိုလိုနဲ့
      ခုတော့လည်း ကောက်စိုက်သမတွေဘက်ရောက်သွားပြန်ပြီ

  • naywoonni

    September 3, 2011 at 6:42 pm

    ကိုယ်တို့ နိုင်ငံကိုက ကောက်စိုက်သမ လေးတွေ ရှိနေလို့ ဆန်စားနေရတာပဲ …။ ရွှေဘိုသားရေ…။ သူတို့ကိုလည်း ဂုဏ်ပြုရမှာပေါ့…။ ကြိုဆိုနေပါတယ်…။ ဒါပေမဲ့ စာတစ်ပုဒ်ကို ဖတ်ပြီးနားလည်ဖို့ သူ့ရင်ဘတ်နဲ့ ကိုယ့်ရင်ဘတ် ဂျက်ပင်ထိုးပြီး ဖတ်မှနားလည်နိုင်တယ် ကွယ့်…။ အဲဒါ ကွယ်လွန်သူကဗျာ ဆရာကြီး မောင်ချောနွယ်ပြောခဲ့တဲ့စကားလေ…။ ပို့စ်ထဲမှာ မဟုတ်လို့ ထည့်သုံးလိုက်တာ…။ ပို့စ်ထဲမှာတော့ သူများသုံးပြီးသား ထည့်မသုံးပါဘူး…။ လိုအပ်ရင်လည်း ဘယ်သူပြောခဲ့တာပါလို့ ညွှန်းပြီးထည့်ရေးပါတယ်..။ ဒါက လိုက်နာစောင့်ထိမ်းအပ်တဲ့ ဥပဒေ ချမှတ်မထားတဲ့ အနုပညာစည်းကမ်းတစ်ခုပါ…။

  • ရွှေဘိုသား

    September 5, 2011 at 11:34 am

    စာပေသမားအစစ်တွေမှမဟုတ်ပါဘူး
    ဝါသနာရှင်တွေအချင်းချင်းလည်း လေးစားသင်.ပါတယ်
    ထားပါတော. မေတ္တာနဲ.ပဲ တုံ.ပြန်လိုက်ပါတယ်
    စိတ်ထဲမထားချင်ပါဘူး သူများအမှိုက်ထုပ် ကိုလည်းကူးပြောင်းမယူချင်လို.

Leave a Reply