Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဖော်စောင်ထားစို့…..(၂)

cobraSeptember 2, 20111min99020

ကဲ…..ဒုတိယတစ်ယောက်အလှည့်

သူ့အကြောင်းရေးဖို့သူ့ဆီကခွင့်ပြုချက်တောင်းတာသူကပထမတော့မပေးဘူး။

ကျွန်တော်လည်းချုပ်ကတာပေါ့။မင်းအကြောင်းကိုဥပမာပေးပြီးကျန်တဲ့လူငယ်တွေဆင်ခြင်အောင်လို့ပေါ့

မင်းလည်းကူညီရာရောက်တယ်ပေါ့လို့ပြောမှသူကလက်ခံတယ်။အေးရေးကွာတဲ့..

ဒါပေမယ့်နာမည်တော့ထည့်မရေးနဲ့တဲ့….(အေးလေသူလည်းရှက်မှာပေါ့။)

သူကကျတော့တစ်မျိုးဗျ……….

ကျွန်တော်တို့ကမူးရင်ကလပ်မှာသွားကချင်တယ်။သူကမဟုတ်ဘူး

မူးရင်အောက်သွေးတက်တယ်(လိင်ဆက်ဆံလိုခြင်း)။

သူသွားတိုင်းလည်းကွန်ဒုံးသုံးပါတယ်။အဲကျွန်တော်တို့အဖွဲ ့ထဲမှာအသက်(၃၀)ဝန်းကျင်

လောက်အကိုတစ်ယောက်ရှိတယ်။သူ့အကြောင်းလည်းဆက်ရေးပေးမှာပါသူ့ခွင့်ပြုချက်မရသေးလို့ပါ။

အဲဒီအကိုရဲ ့အတွေးတွေကလူငယ်တွေကိုလမ်းမှားရောက်စေတယ်။

သူ့ကြောင့်လည်းကျွန်တော့်သူငယ်ချင်းစိတ်ရူးပေါက်ပြီးမလုပ်သင့်တာလုပ်လိုက်တာပေါ့။

ကျွန်တော့်သူငယ်ချင်းလို့ပြောပင်မယ့်သူ့အသက်က(၂၅)ပါကျွန်တော့်ထက်ကြီးတယ်။

အဲ…ခုနကပြောခဲ့သလိုပေါ့ သူသွားပြီးစိတ်ဖြေတိုင်းကွန်ဒုံးသုံးတယ်။ဒါပေမယ့်တစ်ညကျတော့

သူသွားတယ်…..

ပြီးတော့ကွန်ဒုံးသုံးပြီးအမြဲနေနေရတာများနေပြီတဲ့

ဒီတစ်ခါတော့မသုံးပဲနေရင်ဘယ်လိုအရသာလည်းဆိုတာသိချင်တယ်ဆိုပြီး

သူကွန်ဒုံးမသုံးလိုက်ပါဘူး။

မှတ်ထားကြပါ…..။

ဒါလုံးဝမလုပ်သင့်တဲ့အချက်ပါလုံးဝကိုမလုပ်သင့်ပါဘူး။

မစမ်းသပ်သင့်တဲ့အလုပ်လို့လည်းမပြောလိုပါဘူး။ကိုယ့်အိမ်ထာင်ဘက်ဆိုရင်တစ်မျိုးပေါ့။

အခုဟာပြည့်တန်ဆာလေ…..သူသုံးနေကျပြည့်တန်ဆာမလေးပေါ့….။

သူအခုတော့လန့်နေပြီလေ….။

ကျွန်တော်တို့တစ်ဖွဲ ့လုံးမှာတူတာတစ်ခုကတော့ဘယ်သွားသွား

အိတ်ထဲမှာတော့ကွန်ဒုံးအမြဲဆောင်တယ်ဒါကရှက်ရမယ့်ဟာမှမဟုတ်တာပြီးတော့

အကုန်အသက်ပြည့်ပြီးသား။စာဖတ်ပရိသတ်ကြီးလဲအိမ်ထောင်ရှိရှိမရှိရှိအပြင်သွားရင်အမြဲဆောင်ထားပါ။

အိမ်ထောင်ရှင်မမများကလည်းကိုယ့်အိမ်ထောင်ဘက်ကိုနားလည်ပေးကြပါ။

ဆောင်ထားခိုင်းပါ။ဘာလို့လဲဆိုတော့ သူတို့ကယောက်ျားတွေလေယောက်ျားတွေဖြစ်နေလို့ပေါ့။

မိန်းကလေးတွေရဲ ့အထိအတွေ ့ကိုဘယ်ယောက်ျားမှကြာရှည်တောင့်ခံနိုင်စွမ်းမရှိသလို

ယောက်ျားလေးတွေရဲ ့အထိအတွေ ့ကိုလည်းဘယ်မိန်ကလေးမှတောင့်မခံနိုင်ပါဘူး။

ကိုယ်ချင်းစာပေးကြပါ…။

ယောက်ျားလေးဆိုတာကြီးကြီးငယ်ငယ်သူငယ်ချင်းတွေနဲ ့တွေ ့ရင်အပျော်အပါးဘက်ကိုရောက်ကြတာများပါတယ်။

သောက်မယ်စားမယ။်ပြီးရင်မူးကြမယ်။မူးပြီးရင်မှားကြမယ်။ဒါကြောင့်အိတ်ထဲမှာကွန်ဒုံးအသင့်ရှိနေတော့

အန္တရာယ်မဖြစ်နိုင်တော့ဘူးပေါ့။ကိုယ့်ယောက်ျားကိုမယုံရင်ကွန်ဒုံးမှာEXP date ပါတယ်မှတ်ထားပေါ့ ဒါမှသူလဲယူလာလို့မရမှာ။

ဒီလိုမှမမှတ်ထားရင်ညဘက်တုန်းကသုံးပြီးမနက်မှအသစ်ဝယ်လာလိမ့်မယ်။

ကဲကိုကိုများကဆောင်ထားကြပါ။မမများကနားလည်ပေးကြပါ။

ခုလိုမိုးရာသီမှာဆိုပိုတောင်အသုံးဝင်သေးတယ်။

ဘာလို့ဆို ဟန်းဖုန်းလေးတွေကိုင်ပြီးမိုးရွာတဲ့အခါမှာဒုက္ခရောက်ကြပါတယ်။

ဒါ့ကြောင့်ကွန်ဒုံးကိုဟန်းဖုန်းရဲ ့အိတ်အဖြစ်လည်းအသုံးပြုနိုင်ပါတယ်ရေမစိုတော့ဘူးပေါ့….။ 😛 😀

အပြင်သွားတိုင်းကွန်ဒုံးဆောင်ကြပါလို့သတိပေးရင်း  ဆက်လက်မျှော်ကြပါဦးဆို့…..။

20 comments

  • mr.lone

    September 2, 2011 at 4:03 pm

    အမလေး အမလေး ယောက်ျားတွေများ သူတို့လုပ်တာကျတော့ အချင်းချင်းအားပေးနေလိုက်ကြတာ ။
    အဖော်ဆောင်ထားလေးဘာလေးနဲ့။ တစ်ယောက်နဲ့တစ်ယောက်အားပေးအားမြှောက်ပြုနေလိုက်ကြတာ။
    sex ကိစ္စအတွက် အရမ်းကိုစိတ်အားထက်သန်နေကြတယ်ဆိုရင် တရားဝင်ကာမပိုင်မိန်းမတစ်ယောက်ယူ
    ကြပါလား။ ယောက်ျားတွေမို့လို့ဒီလိုလုပ်ရတယ်ဟိုလိုလုပ်လို့ရတယ်အသံကောင်းမဟစ်ကြပါနဲ့။ ဘယ်ယောက်ျားမဆို စိတ်ထားမြင့်မြင့်ထားပြီး ကိုယ့်နှမ သူ့နှမ လိုစာနာသင့်ပါတယ်။ အဲ့ဒီလိုပြောကြေးဆို
    ကိုယ့်အဖေ ကတစ်ခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေရင်သားတစ်ယောက်အနေနဲ့ ဒီတိုင်းပဲ ကြည့်နေ
    မှာလား ။ကိုယ့်အမေကိုမသနားကြတော့ဘူးလား …. ….

    • cobra

      September 2, 2011 at 9:43 pm

      ကျွန်တော်အခုတင်တဲ့ပို့စ်က ကျန်းမာရေးအကြောင်းပါ။
      လိင်ကိစ္စကိုအားပေးအားမြှောက်လုပ်နေတာလဲမဟုတ်ပါဘူး။
      မှားခဲ့ရင်တောင်ရောဂါမပါလာဖို့အဖော်ဆောင်ခိုင်းတာပါ။
      ကျွန်တော်အမေကိုထည့်ပြောစရာလည်းမလိုပါဘူး။
      အဲဒီလောက်မရိုင်းပါနဲ ့။
      မကောင်းတဲ့မိန်းမတွေကြောင့်mr.loneရဲ ့အမျိုးတွေထဲမှာAနဲ့သေတဲ့သူရှိပါသလား။
      အချစ်ဆုံးအခင်ဆုံးထဲမှာရှိပါသလား။
      ရှိရင်တော့ကိုယ်ချင်းစာတတ်ပါလိမ့်မယ်။
      ထပ်ပြောမယ်ကျွန်တော်တင်တဲ့ပိုစ့်ကကျန်းမာရေးအတွက်ပါ။
      ဒီလောက်ဆိုနားလည်မယ်လို့ထင်ပါတယ်။

      • mr.lone

        September 3, 2011 at 9:02 am

        ူLone ကသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လို့စာနာမိအောင် ဥပမာ ပေးတာပါ။ တကယ်ဆိုလိုခြင်းမဟုတ်ပါ။ cobra ကိုဆိုလိုခြင်းလည်းမဟုတ်ပါဘူး။ မိန်းမသားများဘက်မှဝင်ရောက်ခံစားတတ်စေရန်သာရည်ရွယ်ပါသည်။ အဲဒါကို ရိုင်းသွားတယ်လို့
        ထင်ရင်တော့sorry ပါပဲ။မကောင်းတဲ့မိန်းမတွေကြောင့် အမျိုးထဲမှာ သေဖူးလားမသေဖူးလား တော့ အမျိုးတွေထဲ စစ်တမ်းမကောက်ကြည့်ဖူးပါဘူး။ အမျိုးတွေနဲ့အချစ်ဆုံးအခင်ဆုံးတွေမှာ ဒီလိုရှိလာရင်တောင်မှ cobra ကိုပြောသလို ပြောမိမယ်
        ထင်တာပဲ။ ကိုယ်ချင်းစာတရားဆိုတာ cobra တို့လိုယောက်ျားတွေ အများဆုံးသုံးသင့်တဲ့ လက်
        သုံးစကားတစ်လုံးဖြစ်ခဲ့ရင် မိန်းကလေးတွေကိုလည်း စော်ကားမိမှာမဟုတ်တော့ဘူး။ထပ်ပြောမယ်
        Lone ကလည်း မိန်းမမြတ်မိခင်တွေဘက်ကဝင်ရောက်ခံစားတတ်ဖို့ရည်ရွယ်ပြီး comment ပေးတာဖြစ်တယ်။ဒီမှာ cobra ဒီလောက်ဆိုနားလည်မလား…

  • Shwe Ei

    September 2, 2011 at 5:33 pm

    cobra သူငယ်ချင်းတွေကို သွေးစစ်ကြည့်ခိုင်းရင်ကောင်းမယ်ထင်တယ်။ ဖတ်ကြည့်ရလောက် အခြေအနေမကောင်းဘူး။ HIV ကစောစောသိရင်ဆေးနဲ့ ထိန်းလို့ရတယ်၊ နောက်ကျရင်တော့ သွားဘီ။

    • cobra

      September 2, 2011 at 9:45 pm

      ဟုတ်ကဲ့ သတိပေးတာကျေးဇူးတင်ပါတယ်။
      သူတို့လည်းသွေးစစ်ဖို့လုပ်နေပါတယ်။

  • icecube

    September 2, 2011 at 5:55 pm

    ယောင်္ကျားများဟာ တယ် အတ္တကြီးပါလား..၊ ဒီပို့စ်ရေးတဲ့ စာရေးသူ လဲ အတ္တကြီးတယ်ဆိုတာ ထင်ရှားပါ
    တယ်.၊ ငါတို့ အတွက် ငါတို့ဖို့ ဒါ ပဲ အမြဲတွေးနေကြတာပဲ..၊ မိန်းကလေးတွေ ဘက်ကို လဲ နဲနဲတော့ စဉ်း
    စားပေးနိုင်ကြရင်ကောင်းမယ်..၊ ရှင်တို့က ကွန်ဒုံးဆောင်ပီး ပြည့်တန်ဆာမလေးတွေနဲ့ပျော်ပါးမယ်ပေါ့နော်
    ထားပါတော့..၊ မိန်းကလေးတွေအတွက် အခွင့်အရေး ဆိုတာရော စဉ်းစားမိကြပါရဲ့လား..၊

    • cobra

      September 2, 2011 at 10:39 pm

      အတ္တကြီးတယ်ဆိုတာယောက်ျားမှမဟုတ်ပါဘူး။
      မိန်းမလည်းအတ္တကြီးတာပါပဲ။
      လူတိုင်းမှာလည်းအတ္တရှိတာပါပဲ။
      ငါတို့ဖို့၊ငါတို့အတွက်ပဲတွေးတာမဟုတ်ပါဘူး။
      တစ်မိသားစုလုံးအတွက်ပါ။
      icecube ပြောသလိုမိန်းကလေးဘက်ကိုလည်းနဲနဲတော့စဉ်းစားပေးဦးဆိုလို့
      စဉ်းစားပေးတာပါ။
      မိန်းကလေးတွေအတွက်အခွင့်အရေးဆိုတာလည်းရှိပါတယ်…..
      မိန်းကလေးသုံးတဲ့ကွန်ဒုံးတွေရှိပါတယ်ခင်ဗျာ။
      ကျွန်တော်ထပ်ပြောမယ်…….
      ကျွန်တော်တင်တဲ့ပိုစ့်ဟာကျန်းမာရေးအတွက်ပါ။
      ကျန်းမာရေးရှုထောင့်ကနေကြည့်ပါ၊ဖတ်ပါ၊ခံစားပါ။
      ဒီလောက်ဆိုနားလည်မယ်လို့ထင်ပါတယ်။

  • ရွှေဘိုသား

    September 2, 2011 at 7:10 pm

    သားသားက ဝယ်ဖို.တောင်ရှက်တယ်ဗျ ဘယ်လိုုလုပ်ရမလဲ လုပ်ပါအုံး
    ကိစ္စမရှိပါဘူး

    • TTCG

      September 2, 2011 at 7:33 pm

      If u live in Myanmar, it’s a bit difficult to buy it if u feel shy. 🙂
      So, my suggestion is find the pharmacy which has a male receptionist. You can also buy it and other stuffs from some beetle shops (kun yar), but I don’t recommend it because of the various quality. Moreover, there are many movable shops around Sule, Theingyi Zayy, Pannsodan (Especially at nights).

      If u live abroad, u can buy it from big supermarkets, which has the self-service Point of Sales Terminal. Or go into the clinic’s toilet, grab some for free if they are there (in UK).

  • naywoonni

    September 2, 2011 at 9:35 pm

    ဒီမောင်မကြောင် ဖော်မဆောင်ပါ
    တောင်တောင်အီမတွေး
    တော်ရာငေးလို့ နေပါ့မယ်..။

  • Edward

    September 2, 2011 at 10:17 pm

    တတိယတစ်ယောက်ကဘယ်သူလဲ

  • aungkokokyaw

    September 2, 2011 at 10:25 pm

    တတိယတစ်ယောက်ကတော.မင်းသားကြီးcobra လေမသိဘူးလား။သူ.အကြောင်းရေးမှာ….:P

    • cobra

      September 2, 2011 at 10:41 pm

      ကျွန်တော့်အကြောင်းရေးမှာပါ။
      ခုကိုရေးတော့မှာ။

  • kai

    September 2, 2011 at 11:22 pm

    3 Teens Accused Of Stealing Condoms From Walmart
    Suspects Charged With Shoplifting
    POSTED: 10:57 am EDT August 18, 2011

    Read more: http://www.wxii12.com/news/28903998/detail.html#ixzz1WoWUVQB0
    WILKESBORO, N.C. — Three teenagers were arrested on Wednesday evening after Wilkesboro police said they were caught trying to steal condoms from Walmart.

    Police said an officer was called about 8:15 p.m. after the three were shouting at a nearby gas station.

    The officer found the three inside the Walmart, according to a police report. They were identified as Michael North, 18, of North Wilkesboro; Jerrard Norris, 17, of Mooresville; and Pamela Spicer, 18, of Moravian Falls.

    Police said the three consented to a search and the officer found several packs of condoms in Norris’ pants. More condoms were then found on the other two, police said.

    All three were charged with shoplifting. Spicer and Norris were additionally charged with damage to property.

    Police said Norris was also charged with trespassing after it was learned he had previously been banned from Walmart property.
    =========
    ရေးနေတာကို တယောက်ယောက်က ထောက်လာပြီဆိုရင် .. နည်းနည်းတော့သတိထားပါ။ အပြုသဘောနဲ့စဉ်းစားပါနော..။
    ငါရေးတဲ့လမ်းကြောင်းကို ရည်ရွယ်ချက်ကို (အနည်းဆုံး)တယောက်ကတော့.. ရည်ရွယ်ချက်အတိုင်းမယူပဲရှိတယ်…ဆိုတဲ့သဘောပေါ့..

    ဆိုတော့.. ပြင်ရေးပေါ့..။ သတင်းတွေထဲလည်း လိုက်ရှာပြီး ဘာသာပြန်သင့်ပြန်..ကူးသင့်ကူး..အချက်အလက်တွေနဲ့ တင်ပါ..။

    အမှန်က..မိမိရဲ့ (ကိုယ်အမြင်)ထည့်ရေးရင်.. ပရောဖက်ရှင်နယ်(ဆရာဝန်) တွေရေးတာက.. စာဖတ်သူတွေ..ပိုအကျိုးများများရနိုင်ပါတယ်..။

    အခု..ကိုရင်လုပ်တာနဲ့.. ကျုပ်တောင် အင်တာနက်ထဲ လိုက်နှိုက်တာ.. စိတ်ဝင်စားစရာတွေအများကြီးတွေ့တယ်..။ 🙂 ဘာပဲဖြစ်ဖြစ်ပါ…. ပညာသားပါပါနဲ့.. ပညာပေးသဘောရောက်အောင် ဆက်ရေးပါ.. သတင်းတွေမှီငြမ်းပါ..။
    ဒါဆို.. စာကောင်းတပုဒ်ဖြစ်လာမှာပါ..။

    အောက်မှာ ..ရှာထားတာလေးတွေ..မှီငြမ်းနိုင်အောင်.. ကူးတင်ပေးလိုက်ပါတယ်..။
    Condom အသုံးပြုဆာဗေး
    http://www.nytimes.com/2010/10/04/health/04sex.html?ref=health
    http://news.bbc.co.uk/2/hi/americas/4603442.stm
    http://www.avert.org/condom.htm
    http://www.condomman.com/articles/condom-use/condom-facts-and-statistics/
    http://well.blogs.nytimes.com/2010/10/04/teens-smarter-about-condoms-than-adults-are/

  • cobra

    September 2, 2011 at 11:37 pm

    ဟုတ်ကဲ့ကိုkaiရေ….
    ကျေးဇူးအများကြီးတင်ပါတယ်။
    ကျွန်တော်ပြောချင်တာနဲ ့သူတို့တွေးတာနဲ ့ကတခြားစီဖြစ်နေပြီလေ။
    ကျွန်တော်လည်းဆက်ပြီးမရေးတော့ပါဘူး။
    ကျွန်တော်ဒီစာကိုရေးတာကျွန်တော့်ဘက်ကလည်းပေးဆပ်ထားရပါတယ်။
    ဒါပေမယ့်ပြန်ရတာကတော့ကျွန်တော့်အဖေရယ်အမေရယ်ကိုမကောင်းတဲ့
    နေရာမှာဥပမာပေးခံလိုက်ရတာပါပဲ။

    • mr.lone

      September 3, 2011 at 9:12 am

      cobra ပြောချင်တဲ့ ကျန်းမာရေးကိုလည်း နားလည်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ HIV ပညာရေးကျန်းမာရေး တွေလည်းဖတ်ဖူးပါတယ်။ ဒါပေမယ့် cobra လိုယောက်ျားတွေဘက်က
      တက်ကြွစွာနဲ့ ရေးထားတာမျိုးမဟုတ်ပဲ ။ အမှားတစ်ခုကျူးလွန်ခဲ့သည် ရှိသော်ထိုအမှားအတွက်
      ကာကွယ် ပြင်ဆင်နိုင်ရန်ရေးထားခြင်းမျိုးပါပဲ။cobra ကတော့ ဒီအမှားတွေကို အားပေးအားမြှောက်ပြုထားသလို ပုံရေးထားလို့ ဝေဖန်ခြင်းဖြစ်ပါတယ်။ cobra ကကိုယ့်ကိုယ်ကို
      ပေးဆပ်လိုက်ရတယ်လို့ ထင်နေတာမှားတာပဲ ။ lone ရဲ့ ဆိုလိုခြင်းမှာ မွေးမိခင်၊ဖခင်တွေကို စော်ကားခြင်းမဟုတ်ပါ။ မွေးမိခင်တွေဘက်က စာနာနားလည်
      ပေးကြည့်စေချင်တာပါ။ cobra ရဲ့မိဘတွေကို Lone လုံးဝမစော်ကားပါ။ Lone ရဲ့ ဆိုလိုခြင်းကိုလည်း cobra နားမလည် သွားမိတာကိုလည်း စိတ်မကောင်းပါဘူး။ …..

  • cobra

    September 2, 2011 at 11:39 pm

    ကျွန်တော်
    အဖော်စောင်ထားစို့ပိုစ့်တွေကိုထပ်မရေးတော့ပါ။
    အားပေးတဲ့သူတွေကိုလည်းအားနာပါတယ်။
    အားမပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။

  • pyinlepyaw

    September 2, 2011 at 11:56 pm

    Cobra ရေ နဲနဲတော့စိတ်ရှည်ထားပေးပါ… ပို့စ်ရေးပီ ဆိုကတည်းက ..အပြုရော အပျက်ရော လာတော့
    မှာ မဟုတ်လား… ဆရာလုပ်တာ မဟုတ်ပါဘူး.. အလှည့်ကျရင် ကျနော့်ကိုလဲ သတိပေးနိုင်ပါတယ်..
    နောက်ဆုံး ပို့စ်ကိုဖတ်ပီးတော့မှ ပဲ ကျနောလဲ ဇတ်ရည်လည်တော့တာပါ..။ 🙂

  • shwepyiaye

    September 3, 2011 at 8:21 am

    ကျနော်ပြောချင်တာလဲကိုပင်လယ်ပျော်ပြောသလိုပဲဗျာ…
    ကျနော်တို့နောက်ဘက်လမ်းကလူငယ်တွေ15ယောက်လောက်အုပ်စုဟာ
    သာရေးနာရေးဆိုလဲရှေ့ဆုံးက…
    အပျော်အပါးဆိုလဲရှေ့ဆုံးက…
    အခုတော့အကုန်သေကုန်ကြပြီဗျ…
    ကျနော်သိတာ1ယောက်2ယောက်ပဲကျန်တော့တယ်…
    ခုတောင်အဲ့လူတွေတီဗီဖြစ်နေသတဲ့ဗျ…

  • etone

    September 3, 2011 at 9:56 am

    ((((ယောက်ျားလေးတွေရဲ ့အထိအတွေ ့ကိုလည်းဘယ်မိန်ကလေးမှတောင့်မခံနိုင်ပါဘူး။)))) တဲ့လား … ဟင်းဟင်း 🙁 တခြားမိန်းမတွေ စိတ်တော့ ဘယ်လိုလဲ မသိပေမဲ့ … etone များ အဲ့ဒီလို သရမ်းတဲ့အကောင်နဲ ့တွေ့ကြည့်ပါလား … အိမ်အပြန်လက်ဆောင်ပါ တခါတည်း ထည့်ပေးလိုက်လို့ … လူရှေ့ တပတ်လောက် မျက်နှာမပြရဲဘူး ဖြစ်သွားဦးမယ် .. ပါးဘယ်လောက် ကောင်းကောင်း တောင့်မခံနိုင်ဘူး မှတ် 🙄

Leave a Reply