စိုးရိမ်တတ်သူမို့
ဒီရပ်ကွက်လေးကို မောင်နီ ရောက်လာတာ မကြာသေး။ မနှစ်က မနီနဲ့ အိမ်ထောင်ကျတော့ တစ်ဦးတည်းသောသားဖြစ်သူ မောင်နီမှာ မိဘဆန္ဒကို မလွန်ဆန်နိုင်တာမို့ အိမ်ခွဲနေဖို့ ပြောမထွက်ခဲ့ပါ။
ဒါပေမယ့်လည်း သိတော်မူကြတဲ့အတိုင်း ချစ်ဇနီးက မကြာခဏ အိမ်ခွဲနေဖို့ နားချလာတော့လည်း မိဘပြောတစ်လ၊ မယားပြောတစ်ညဆိုသလို မောင်နီခမျာ မနေနိုင်တော့။ မိဘကို အလုပ်နဲ့နီးတဲ့ ရပ်ကွက်လေးကို ပြောင်းနေချင်တယ်လို့ အကြောင်းပြရတော့တာပေ့ါ။
အဲဒီလိုနဲ့ မောင်နီတို့ လင်မယား ဦးသာဝါးတို့ ရပ်ကွက်ကို လွန်ခဲ့တဲ့ ၃-၄ လ က ရောက်လာခဲ့ကြတယ်။
စိတ်ကောင်းသဘောကောင်းရှိတဲ့ မောင်နီ+မနီ တို့ နှစ်ယောက်ဟာ ရပ်ကွက်ထဲမှာလည်း (သင့်မြတ်အောင်) သာရေးနာရေးကိစ္စတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်တတ်တယ်။
မြို့လယ်က ပြောင်းလာတဲ့ အလုပ်အကိုင်ကောင်းကောင်း၊ စီးပွားရေးတောင့်တောင့်နဲ့ သူတို့ ဇနီးမောင်နှံကို ရပ်ရွာလူကြီး ဦးသာဝါးမှအစ ကလေးလူကြီးမကျန် ချစ်ခင်ကြသလို ကိစ္စကြီးငယ်ရှိရင်လည်း အကူအညီတောင်းတတ်ကြတာပေ့ါ။
ရပ်ကွက်ဝါတွင်းဆွမ်းလောင်းမှာ ကုသိုလ်ပါဝင်တတ်သလို၊ ရပ်ကွက်တွင်း လမ်းပြုပြင်ရေးအတွက်ဆိုရင်လည်း လက်မနှေးတတ်ပါဘူး။
ဒါပေမယ့်လည်း ငါးတကာယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းစု ဆိုသလို ရပ်ကွက်က ကိစ္စမှန်သမျှ မကြာခဏ မောင်နီ့ခေါင်းရောက်လာတာမို့ ကြာတော့လည်း မိဘအိမ်မှာ အပူအပင်မရှိ အေးအေးချမ်းချမ်းနေခဲ့ရတာတောင်ကို ပြန်လည်တောင့်တလာမိပါတော့တယ်။
အဲဒီလိုနဲ့ တချို့ကိစ္စတွေကို ရှောင်ရှားဖို့ ကြိုးစားရပါတော့တယ်။ လျှာအရိုးမရှိဘူး မဟုတ်လား။
တနေ့တော့ မောင်နီတစ်ယောက် မောေမောပမ်းပမ်းနဲ့ အလုပ်ကပြန်ရောက်လာတယ်။ ထမင်းစားပြီး နားလိုက်မဟဲ့ လို့ စိတ်ကူးထားတာပေ့ါ။
ရေမိုးချိုးပြီးတော့ မနီနဲ့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြည်ကြည်နူးနူးနဲ့ ထမင်းစားနေတုန်း အချိုမှာ သကာလောင်းထားသလို ချိုမြိန်နေတဲ့အချိန်လေးမှာ
အိမ်ရှေ့ကနေ ဦးသာဝါးက “မောင်နီရေ- ထမင်းစားပြီးရင် ရပ်ကွက်ရုံးကို ခဏလောက် လာခဲ့ပါဦးကွာ” ဟု ဆိုလာတော့ စားလက်စ ပျားရည်ဆမ်းအရသာလေးတောင် ပျောက်သွားရပါတော့တယ်။
စိတ်ထဲမလဲ ဘာကိစ္စများ ရှိပြန်ပြီလဲ မသိဘူးဆိုပြီး စနိုးစနောင့် ဖြစ်သွားတာပေ့ါ။ မနီကတော့ မှာရှာပါတယ် “ကိုနီရေ- ကြည့်ကောင်းအောင်သာ အဆင်ပြေပြေ ပြောခဲ့နော် ” တဲ့။
ရပ်ကွက်ရုံးရောက်တော့ “အော်- မောင်နီ ရောက်ပြီလားဟေ့။ ဒီမှာ ရပ်ကွက်ထဲက လူတွေလည်း စုံသလောက်ရှိပြီ။ ဆိုတော့ ပြောစရာရှိတာ ပြောကြတာပေ့ါ။ ဒီလို ရှိတယ်မောင်နီ။ ခုချိန်က မိုးတွင်းဆိုတော့ ရပ်ကွက်ရုံးမှာ နေရာထိုင်ခင်းက အဆင်မပြေဘူး။ အစည်းအဝေးလေး ဘာလေးလုပ်တဲ့အခါ ထိုင်ဖို့ စားပွဲနဲ့ ကုလားထိုင်တွေလိုအပ်တယ်။ အဲဒါ မောင်နီ့ကို အကူအညီတောင်းချင်လို့။”
မောင်နီလည်း ထမင်းမှ ဖြောင့်ဖြောင့်မစားရလို့ စိတ်တိုတိုရှိတာနဲ့ “ဟိုး အရင်တုန်းကရော ဘယ်လို နေကြသလဲ။ ဒါနဲ့ ဦးလေး အိမ်အတွက်ရော ရှိရဲ့လား ” လို့ မေးလိုက်တော့၊ ရုတ်တရက် မျက်နှာကြီးနီပြီး စိတ်ဆိုးသွားတဲ့ ဦးသာဝါးကို အမျက်တော်ပြေစေရန် အလျှင်အမြန်ပဲ အဆင်ပြေအောင် ပြောရတော့တာပေ့ါ။ ” ကျွန်တော်က စိတ်ပူတတ်လို့ပါ။ ဝယ်ချင်းဝယ် ဦးလေး အိမ်အတွက်ပါ တလက်စတည်း ဝယ်လှူလိုက်ချင်လို့ပါ ဟီး ဟီး”
25 comments
yetazar
September 4, 2011 at 12:44 pm
ဟီဟိ ။ ရယ်စရာမဂ္ဂဇင်းမှာပါတဲ့ တစ်မျက်နှာဟာသလေးတွေလိုပဲ ။ဖတ်ရတာကောင်းပါတယ် ။
windtalker
September 4, 2011 at 12:46 pm
နာမည် ကို က သာဝါး ဆိုမှတော့
လာထား ပဲပေါ့နော်
ရယ်ရတယ်ဗျို ့
ဟားဟားဟားဟား
monmon
September 4, 2011 at 12:55 pm
အော်.. အလျှောက်ကောင်းလို့ အထောင်းသက်သာ ဆိုပေမယ့်လည်း… ကိုယ်တိုင်ကတော့ မထောင်းသာပါလား..
manawphyulay
September 4, 2011 at 1:07 pm
အိမ်မှာတော့ အဟောင်းလဲချင်နေတာနဲ့ အတော်ပဲ။ မောင်နီရေ… တစ်စုံဆို ရပါပြီကွယ်… 🙂
ဆူး
September 4, 2011 at 1:16 pm
မောင်နီ နဲ့ မနီ ၂ယောက်ပေါင်းတော့ ပိုနီသွားတယ်။ ဒီတော့ သဘောတရား အရ ဆိုရင်တော့ မြင်သာ ထင်သာ မြင်လွယ် ထင်ရှားဖြစ်စေတဲ့ သဘောဆောင်တယ်။ ဒီကိစ္စ အမော မပြေအောင် ဖြေရှင်းနေရတာ ယတြာ ခြေရင်တော့ ကောင်းနို်င်ပါတယ်။
မောင်ဖြူ နဲ့ မဖြူ ဆိုပြီး နာမည် ပြောင်းလိုက်ပါဘူး။
ဆူး
September 4, 2011 at 1:16 pm
မောင်နီ နဲ့ မနီ ၂ယောက်ပေါင်းတော့ ပိုနီသွားတယ်။ ဒီတော့ သဘောတရား အရ ဆိုရင်တော့ မြင်သာ ထင်သာ မြင်လွယ် ထင်ရှားဖြစ်စေတဲ့ သဘောဆောင်တယ်။ ဒီကိစ္စ အမော မပြေအောင် ဖြေရှင်းနေရတာ ယတြာ ခြေရင်တော့ ကောင်းနို်င်ပါတယ်။
မောင်ဖြူ နဲ့ မဖြူ ဆိုပြီး နာမည် ပြောင်းလိုက်ပါဘူး။ စိုးရိမ်လို့ ပြောပြတာနော်
ဆူး
September 4, 2011 at 1:18 pm
ဘယ်လိုဖြစ်နေလဲ မသိဘူး.. မန်းတာ ၂ခါ ဝင်သွားတယ်။ နောက်ဆုံးက ပြောင်းလိုက်ပါလား.. အဲလို ပြောချင်တာ.. ဘူး မဟုတ်ဘူး နော်..
ပေါက်ဖော်
September 4, 2011 at 2:34 pm
တစ်ယောက်ထဲ လုပြောပြီး ဘလိုဖြစ်သလဲ လုပ်နေနဲ ့နေ..
လာထား..သာဝါးနဲ ့ တွေ ့ရင် နွှာစား ခံရမယ်
😀
တီတီ မမ…ဆက်ရေးဦးနော့..
အတုခိုးပြီး လိုက်ရေးမို ့.. 😀
ရွှေအိမ်စည်
September 4, 2011 at 2:56 pm
ဖတ်ရတာကောင်းပါတယ်…ထိမိပါတယ်မမ….လက်စမ်းစာပေမမြောက်ပါဘူး
MaMa
September 4, 2011 at 5:03 pm
အားပေးတာ ကျေးဇူးတင်ပါတယ်။
ရွှေအိမ်စည်လို စာရေးကောင်းတဲ့လူတစ်ယောက်က အားပေးလို့……….. ငါကွ!
😀 😀 😀
မီးမီး သော်
September 4, 2011 at 4:01 pm
မမရေ တော်သေးတာပေါ့။အပြောမတတ် ရင်တစ်ခွန်းတဲ့နော့။ကံကောင်းလို ့ပါ။အင်းလေ အိမ်က မိန်းမတွက် အဆင်တစုံစာမတောင်းတာတော်ပါသေးတယ်ရှင်။
naywoonni
September 4, 2011 at 4:35 pm
တော်တော် စိုးရိမ်တတ်သူပါပဲ…။ နေဝန်းနီတို့နဲ့ များကွာပါ…။
monmon
September 4, 2011 at 5:12 pm
စောစောက မန့်လိုက်ပါတယ်… ဘာလို့ မပေါ်တာပါလိမ့်… ကိုယ်တော်ကော်နက်ရှင်ရယ်…
ဘာဖြစ်လဲ… ပြန်ရေးတာပေါ့…
“အလျှောက်ကောင်းလို့ အထောင်းသက်သာ ဆိုပေမယ့်လည်း ကိုယ်တိုင်ကျတော့ မထောင်းသာပါလား”
🙂
MaMa
September 4, 2011 at 6:15 pm
* yetazar (ရယ်စရာမဂ္ဂဇင်းမှာပါတဲ့ တစ်မျက်နှာဟာသလေးတွေလိုပဲ)
အခုလို အားပေးတာ ကျေးဇူးတင်တယ်နော့။
* မောင်ပေရေ- ဇာတ်ကောင်စရိုက်ပေါ်အောင် နာမည်ရွေးထားတာ တော်တယ် မဟုတ်လား။ 😉
* မနောအတွက်ပါ တစ်စုံလား ဟင်………. 🙁
(နောက်တာနော်။ ချိတ်ချိုးရဘူး။)
* ဆူး ပြောတဲ့ ကာလာက ပြောင်းလို့ မရတော့ဘူး။ ဦးသာဝါး စိတ်ထဲ အနီရောင် ရောက်သွားပြီ။
(ခင်မောင်ထူး ရဲ့ စိတ်ရောင်စုံထဲကလို)
* ပေါက်ဖော်ရဲ့ မျောက်တစ်ကောင်နဲ့ နင်လား ငါလား အပြိုင်ကြဲထားတာမို့လို့လား။ 😀
* မီးမီးသော် ပြောသလို (အိမ်က မိန်းမတွက် အဆင်တစုံစာမတောင်းတာတော်ပါသေးတယ်ရှင်။) လို့ အကောင်းဖက်က လှည့်တွေးလိုက်ပါတယ်။
* မစိုးရိမ်လို့ မရဘူး အဘနီရေ့။ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ရတာ။
* မွန်မွန်ရေ- ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့ သက်သာတယ် လေ။
akswe
September 4, 2011 at 7:13 pm
မမရဲ့ လက်ရာလေးများ မမြင်မိတာ ကြာပြီလို့ တွေးမိနေချိန် မျှော်တုန်း မျှော်ဆဲ သူလည်းရောက်လာဖြစ်သွား တယ်…
ရပ်ကွက်ထဲမှာ ဖြစ်လေ့ ရှိတဲ့ လူတော်တော်များများ အမှတ်တစ်မဲ့ ဖြစ်နေတဲ့ ဇာတ်လမ်းလေး ကို လူကြားထဲ ချပြလိုက်တာ..
ရေကျော် မှာနေတဲ့ အောင်မြင်တဲ့ ကားပွဲစား လူငယ် လင်မယားကို ချက်ခြင်း ပြေးပြီး သတိရ လိုက်တယ်..
ထပ်တူ ထပ်မျှပဲ ရပ်ကွက်နှိပ်စက်လို့ တော်တော်ခံကြရတာ ..
MaMa
September 4, 2011 at 7:31 pm
ရေးချင်တာတွေ များနေတယ် အဘဆွေရေ။
အလုပ်ချိန်ကို ခိုးနေရလို့ တစ်ခုပဲ ပြီးအောင် အရင်ရေးပြီး တင်လိုက်တာ။ အားပေးလို့ ကျေးဇူးတင်တယ် နော။
များမကြာမီ
လာဦးမည်
မျှော်………………..
padonmar
September 4, 2011 at 7:26 pm
လောကကြီးမှာ ဦးသာဝါးလို လူမျိုးတွေကလည်း များပါ့၊ကြာတော့ သဒ္ဓါပျက်လာရော။
ဒါကြောင့် ဘုရားက များများရှိပေမယ့် နည်းနည်းဘဲလှူချင်တဲ့သူကို နည်းနည်းဘဲအလှူခံရမယ်၊
များများရှိပြီး များများလှူချင်တဲ့သူကိုလည်း ကိုယ်မျှတရုံဘဲအလှူခံရမယ်လို့ မှာထားတာ။
nature
September 4, 2011 at 7:31 pm
တော်သေးတာပေါ့ ဦးသာဝါးနဲ့တွေ့လို။့ ဦးမြိုချနဲ့တွေ့ရင်တော့ အသာမဝါးပဲ တခါတည်းမြိုချလိုက်မှာ။
MaMa
September 4, 2011 at 10:22 pm
အဲဒီလို အတင်းရော ကာရော မနိုင်မနင်းအလှူခံတာ၊ အားနာပါးနာလှူရတာ ဗုဒ္ဒ္စဘာသာဝင်တွေရဲ့ အားနည်းချက်လို့တောင် ဆိုလိုချင်တယ် ပဒုမ္မာရေ။
nature ရေ သက်သက်ညှာညှာလည်း လုပ်ပါ။ အကောင်လိုက်တော့မြိုမချလိုက်ပါနဲ့ ရွှေဥ မှန်မှန်ဥပေးနေတဲ့ ဘဲငန်းလေးပါ။
😉
ရွှေဘိုသား
September 5, 2011 at 9:02 am
အင်းလူတွေကလည်း အခွင်.ရေးကို ရတိုင်းယူချင်တော. လှူတဲ.သူမှာ ငရဲပါရတော.တယ်
လောဘ လောဘ လောဘ
nozomi
September 5, 2011 at 1:50 pm
မမ ကိုယ်တွေ့ ထင်ပါ့ ၊ ကောင်းတယ် ၊ကောင်းတယ်၊
ကျန်တဲ့ကိုယ့်တွေ့လေးတွေလဲ လုပ်ပါဦး ဟို တစ်ခါ အလှူပေးတာမျိုးလေးတွေပေါ့
wathanmin
September 5, 2011 at 5:26 pm
ဆိုင်တော့မဆိုင်ပါဘူး။…….အလှုခံဆိုလို့ ပါ။
ဒါကသာမန်လူပေါ့နော်။
အခုကပြောချင်တာက
လွန်ခဲ့တဲ့ 3နှစ်တုန်းက ကျွန်မတို့အိမ်မှာ မယ်သီလရှင်လေးတစ်ပါးအလှုလာရပ်ပါတယ်။
10 တန် လှုလိုက်မိတာကို စိတ်ဆိုးသွားတယ်ထင်တယ်။
အဲ့ဒီ့ 10တန်ကို အိမ်ရှေ့မှာပဲ ချက်ချင်း ဆွဲဖြဲသွားပါတယ် ။……………..
ိစိတ်မကောင်းလွန်းလို့ လူကို ဘယ်လိုဖြစ်သွားမှန်းကိုမသိလိုက်ဘူး……….
ိစိတ်မကောင်းတာက ပိုက်ဆံကို ဖြဲလိုက်တဲ့ အလှုခံသူက
မယ်သီလရှင် ဆရာလေးတစ်ပါးဖြစ်နေတဲ့အတွက်ပါ။……………
MaMa
September 5, 2011 at 5:33 pm
အဲဒါကြောင့် ကုသိုလ်ပြုရာ အကုသိုလ်မပါရအောင် ကြိုးစားချင်ပေမယ့် စိတ်ရဲ့ လျှင်မြန်တဲ့သဘောကို မလိုက်နိုင်သေးတော့ ဒေါသတွေလည်း ဖြစ်ရတော့တာပေ့ါ ရွှေဘိုသားရေ။
nozomi ရေ- ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ အမြင်မတော်တာတွေကို ရင်ဖွင့်စရာ ကိုယ့်ရွာသားတွေပဲ ရှိတယ်လေ။
ကြုံရ ဆုံရ ဘုံဘဝလို့သာ ညည်းပြလိုက်ချင်ပါတော့တယ် wathanmin ရယ်။
ကြောင်ကြီး
September 6, 2011 at 10:37 am
တော်တော်ဆိုးတဲ့ မောင်နီ၊ အစည်းအဝေးလုပ်တုန်း လူတွေရှေ့မှာ ပြောရသလား..။
pan pan
September 6, 2011 at 11:38 am
မောင်နီ ဒီရပ်ကွက်က ပြောင်းရင်ပြောင်း မပြောင်းရင် ဦးသာဝါးကောင်းမှုနဲ့
မောင်နီတစ်ယောက် ဖြူကာပြာကာကျသွားလို့
ကျော်မကောင်း ကြားမကောင်း နာမည်ပြောင်းနေရဦးမယ်
မောင်နီအရောင်ကျွတ်သွားမှာ မြင်ရောသေးတော့
————————
အစက ရပ်ကွက်ရုံးမှာ မောင်နီဘယ်လိုပြောမလဲရင်ထိတ်နေတာ
“ဟိုး အရင်တုန်းကရော ဘယ်လို နေကြသလဲ။ ဒါနဲ့ ဦးလေး အိမ်အတွက်ရော ရှိရဲ့လား ” ဆိုပြီး မေးလည်းမေးလိုက်ရော
ဘုရား…ဘုရား…ဘာများဖြစ်မလဲလို့
အတော်နောက်တဲ့ မောင်နီ အဲ….အန်တီမမ 🙂 😀
ရယ်လိုက်ရလို့ ကောင်းမှကောင်း
တစ်ကွက်စာလေး