Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Gtalk ..15000/- တန် မိတ်ဆွေ..။။

(၁၅၀၀၀)ကျပ်တန်…မိတ်ဆွေ။။။
အခုခေတ်အင်တာနက်သုံးတဲ့သူတွေ  Gtalk အပေါ်ဘယ်လိုမြင်တယ်မသိဘူးဗျ
အခု များသောအားဖြင့် အင်တာနက် Online သုံးစွဲသူငယ်အများစုဟာ ဒီ Gtalk ကြီးကိုအသုံးချပြီး ကြူနေကြတာ
မထိ ခလုတ်ထိခလုတ် ပြောကြတာတွေ တည့်တည့်ကြီးဖွန်ကြောင်တာတွေ မသိမသာ ဖွန်ကြောင်ကြတာတွေ
သူ့ငါမသိ ငါ့သူမသိ ရည်းစားစကားပြောတာတွေ (၁၈)နှစ်အောက် မကြည်ရတဲ့ဆိုဒ်တွေမှာ တွေ့ ရတတ်တဲ့
မိန်းခလေးတစ်ချို့ရဲ့ အဖော်အချွတ် ခန်းလေးတွေထိလုပ်ပြလာအောင် VZO ချက်တင်မှာ စည်းရုံးပြောဆိုတတ်တာတွေ
အခုမှ စပြီး အင်ဗိုက်လုပ်တဲ့သူက ချက်တင်ထိုင်ရာနေရာပြောပြလို့ ဆိုင်ထဲအထိလာပြီး စည်းရုံးခေါ်ချသွားပြီးမှ
နောက်တော့မှ ပြသနာတွေတက် အရှက်တွေကွဲကြတာတွေ  ချက်တင်မှာ ဖုန်းလေးပြောရင်း အသံသေးသေးလေး ချွဲချွဲ
ပျစ်ပျစ်ချစ်စရာ အသံလေးဆိုပြီး နတ်သမီးလေး ခေါ်တဲ့သူကခေါ် အပြင်မှာတွေ့ဘို့ချိန်းကာမှ ဧရာမ ဖက်တီးပုတ်
မကြီး ဖြစ်နေလို့ ပြန်ပြေးခဲ့ရတဲ့သူတွေ ချာတိတ်လေးမှတ်လို့ ချိန်းမိကာမှ သက်ကြားအိုနဲ့ ဆုံကြသူတွေ ဒီလို သတင်း
တွေပဲ များသောအားဖြင့် ပေါ်ပေါ်လာတတ်တာပဲလေ…။။။
ကျုပ်ကတော့ Gtalk အပေါ်ဒီလိုမြင်တယ် ကျုပ်အကောင့်ထဲမှာ သူငယ်ချင်းတွေ အနီးအဝေး နေကြတဲ့သူတွေ ရှိကြတယ်
ဒီလူတွေထဲကမှ အပြင်မှာတွေ့ဘူးတာဆိုလို့ ဆယ်ယောက်မကျော်ဘူး ကျန်တာတွေကတော့ ချက်တင်မှာ အင်ဗိုက်လုပ်
ရင်း များလာတာပဲလေ  ယူအက်စ်က လူတွေရှိတယ် စင်္ကာပူက လူတွေရှိတယ် မန္တလေးကလူတွေရှိတယ် မေမြို့ကလူတွေ
ရှိတယ် ရန်ကုန်ကလူတွေရှိတယ် မလေးရှားကလူတွေ ရှိတယ် သူတို့တွေက ငယ်ငယ်ထဲကပေါင်းလာတဲ့ မိတ်ဆွေတွေ
မဟုတ်ကျဘူးလေချက်တင်ကျမှတွေကြတာပဲဗျ  အဲဒီလူတွေနဲ့ နေ့စဉ်သာကြောင်းမာကြောင်းမေး အလုပ်အဆင်ပြေရဲလား
ကျမ္မာရေးဂရုစိုက်ဘို့ပြော သူတို့လိုအပ်တာလေး ကိုယ်ကူညီနိုင်တာလေးလုပ်ပေး တစ်ချို အိမ်နဲ့အဆက်အသွယ်ပြတ်
နေတဲ့လူဆို အဆက်အသွယ်ရအောင်အိမ်တန်ရာရောက်ပြောပေးတာ ဖုန်းဆက်အကူညီပေးတာ စားချင်တာရှိရင် သရက်
သီးသနပ်လိုဟာမျိုးလေးကအစ ပို့ပေး ကိုယ်တတ်နိုင်တာလေးကူညီပေးနေကျ ကိုယ့်အခက်အခဲသူ့ကိုပြော သူ့အခက်အခဲ
ကိုယ့်ကိုပြောနဲ့ အကြံဉာဏ်ဖလှယ် ကြတာ သတင်ထူးရှိရင်သူကကိုယ်ကိုမေးလ်ပို့ကိုယ်က လည်းထူးခြားတာလေးတွေရှိရင်
ပြောပြ သူတို့နိုင်ငံခြားကပြန်လာရင် လက်ဆောင်ဝယ်လာတာတို့ ဘီယာလိုက်တိုက်တာတို့(သောက်ချင်လို့ပြောတာဟုတ်ပါဘူး)
ပျော်စရာလူ့အဖွဲ့ အစည်းထဲက သူငယ်ချင်းပေါင်း မပေါင်းခဲ့ရတဲ့ မိတ်ဆွေ ဘဝကို ဖန်းတီးနိုင်တဲ့ နေရာလို့
မြင်မိတာပဲ …။။
ဒီနေရာလေးကနေ လွပ်လပ်ပွင့်လင်းစွာနဲ့ တစ်ခါတရံဆွေးနေကြတယ် တစ်ခါတစ်ရံငြင်းခုံကြတယ် တစ်ခါတရံသဘောထား
ကွဲလွဲကြတယ် တစ်ခါတရံအယူအဆတွေတူညီကြတယ် တစ်ခါတစ်ရံကူညီကြတယ် တစ်ခါတရံစိတ်ကောက်ကြတယ်
တစ်ခါတစ်ရံ အရွှန်းဖေါက်ကြတယ် တစ်ခါတရံသတင်းမေးကြတယ် တစ်ခါတစ်ရံ သတင်းပေးကြတယ်..ဒီလို ချက်တင်ဘဝ
လေးထဲမှာပဲ တစ်ခါတလေတော့  ကျွန်တော့ Account လေးထဲကနေ ကွယ်ပျောက် သွားတဲ့သူအချို့လဲရှိကြတယ် အဲလိုကွယ်
ပျောက်သွားရတဲ့ အကြောင်းရင်းလေးတွေတော့ရှိတယ် ကျွန်တော်ကတော့ ယခုအချိန်ထိ ဘယ်သူ့ကိုမှ Block မလုပ်ခဲ့ဘူး
တာပါပဲ ကျွန်တော့ အကောင့်ထဲမှာပဲ အင်ဗိုက်လုပ်ထားသူအကောင့် ပေါင်း (၁၀၁) ယောက်ရှိပါတယ် အဲဒီထဲမှာမှ ပျောက်
ကွယ်သွားတဲ့ Account လေးတစ်ခုအကြောင်းပြောရရင်တော့….ကျုပ်ဆိုတဲ့ကောင်ရဲ့ ကူညီတတ်တဲစိတ်ကြောင့်ဒီလိုဖြစ်
သွားတယ်ထင်တာပဲ…………..။။။။။။။။။။။။။။။။။။။။
xxxxx@gmail.com သူကကောင်မလေးဗျ တောင်ကြီးမှာနေတယ်ပြောတာပဲ လတ်တလော ရန်ကုန်မြို့ရဲ့ (၁၃)လမ်း အမှတ်
(xxx) ရှိတယ်ပြောတယ် စပြီး အင်ဗိုက်လုပ်တာကသူကစလုပ်တာလေ ကျုပ်ကလဲမိတ်ဆွေတစ်ယောက်တိုးတာပေါ့ ဆိုပြီး
လက်ခံစကားပြောခဲ့တာပဲဗျ တောင်ကြီးမှာအဝေးပြေးကားတွေ ပြင်တဲ့ ဝပ်ရှော ရှိတယ်ပြောတယ်လေ အခုရန်ကုန်မှာ ညီမလေး
ဆေးလာကုရင်း နဲ့ အင်တာနက်ဆိုင်ထောင်ဘို့ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေ လိုက်ဝယ်နေတယ်ပြောတော့ ကျုပ်ကလဲ
အရင်ထဲကမှ စပ်စပ်စုစုကူညီတတ်တဲ့သူလေ “လိုအပ်တာရှိရင်ပြောပေါ့ ကူညီပါ့မယ်ပေါ့” ဒီလိုပြောရတာပဲလေ သူကလဲမြို့ထဲ
မှာသာနေတာ နေရာစုံမသိဘူးဆိုတော့ ကျုပ်ဖုန်းနံပါတ်လေးပေးပြီး မြို့ထဲမှာရှိတဲ့အချိန်နဲ့ များကြုံကြိုက်ခဲ့ရင် ကူညီပါ့မယ်
ပြောလိုက် မိတယ် ..ဒီလိုနဲ့ နှစ်ရက်လောက်နေပြီးမေ့သွားလိုက်သေးတယ်ဗျ သုံးရက်မြောက်နေ့မှာ ဖုန်းဝင်လာတယ်
ကုန်သည်လမ်းကိုရောက်နေလို့ တွေချင်ပါတယ်တဲ့ ကျုပ်က ရုံးမှာ အပြင်ထွက်လို့မရ ဒီနေ့တော့ လုံးဝမအားကြောင်းပြော
လိုက်ရတယ်လေ နောက်ရက် ကျုပ်ရုံးကိစ္စနဲ့ ရန်ကုန်မြို့ထဲရောက်တုန်း ဖုန်း ထပ်ဆက်ပြန်တယ် လေ….။။
သူကစမေးတာပဲဗျ
“အခုဘယ်မှာလဲ”
“““ ဆူလေးဘုရားနားရောက်နေတယ် တက္ကစီပေါ်မှာပါ ဘာကိစ္စများရှိလဲမသိဘူး”””
“ဟုတ်လားဒါဆိုကျမလဲ ဘဏ်(၃) ထောင့်နားကဖုန်းဆိုင်ကဆက်နေတာ လာခဲ့လို့ရမလား”
“““အင်းဝင်လာခဲ့ပါမယ် ဖုန်းဆိုင်ကပဲစောင့်လေ ””
ဒီလိုနဲ့ သွားလိုရာမရောက်ပဲ ဘဏ်(၃)နားဆင်းလိုက်ရတယ်လေ ဟောတွေပါပြီး သူကလဲ မမြင်ဘူးပေမယ် ဒီဖုန်းဆိုင်နား
ကားရပ်ပြီးဆင်းမှတော့ကျုပ်ပဲဆိုတာ အတပ်သိပုံရတယ် လေ …စမေးရှာပါတယ် အွန်လိုင်းကအကိုကြီးလားတဲ့
“ဟုတ်ပါတယ်”..ဆိုပြီးအကဲခတ်ကြည့်လိုက်တော့ အဝတ်အစားခပ်နွမ်းနွမ်း လွယ်ထားတဲ့အိတ်ကလေးကလဲ လမ်းဘေး
မှာပုံရောင်းတဲအထဲက ဝယ်ထားတယ်နဲ့တူပါတယ် သံကွင်းလေးတွေနေရာ က သံချေးတွေတောင်တက်နေပြီ ချို့တဲ့ ပုံပေါ်
ပါတယ် ကွန်ပြူတာဆိုင်ဖွင့်ဘို့ ဈေးဝယ်ထွက်လာသူနဲ့လုံးဝမတူတာပါပဲ ..ကျုပ်ကပဲစပြီး..။။
““ကဲ..ငါ့ညီမ ဘာကူညီပေးရမလဲ…လာဒီမှာရပ်ပြောလိုမကောင်းဘူး ဆိုင်တစ်ခုခုသွားတာပေါ့ ””
ဒီလိုနဲ့ ကုန်သွယ်ရေးရုံးနားက ရှမ်းခေါက်ဆွဲဆိုင် ရောက်သွားကြတယ်လေ
““ကဲ..ညဉ်းက ဧည်သည်ဆိုတော့ ငါပဲကြွေးပါမယ် တစ်ခုခုစား””
အဲဒီမှာစကားပြောရင် တောင်ကြီးမှာဝပ်ရှော လုပ်ငန်းရှိတယ်ဆိုတဲ့အကြောင်း အင်တာနက်ဆိုင်ပါထပ်ဖွင့်မယ်ဆိုတဲ့
အကြောင်း အခု ညီမဝမ်းကွဲလေးအတွက် အလုပ် လျှောက်တာလိုက်လုပ်ပေးနေတဲ့အကြောင်း အဒီလျှောက်တဲ့အလုပ်မှာ
လက်နှိပ်စက်သင်တန်းအောင်မြင်ကြောင်းလက်မှတ် တစ်ခုလိုနေကြောင်း ဘယ်မှာလုပ်ရမှန်မသိလို့ကူညီပါအုံးပေါ့……
ကျုပ်ကလဲ သိပ်ကူညီချင်တဲ့ကောင်ဆိုတော့  ကျုပ်အသိမိတ်ဆွေ တစ်ယောက် နိုတြီ လုပ်တဲ့ဆိုင်လေးခေါ်သွားပြီးတော့
““အမရေ ကျုပ်သူငယ်ချင်းပဲ သူလုပ်ချင်တာလေးအဆင်ပြေအောင်လုပ်ပေးလိုက်ပါ””ဆိုပြီး မိတ်ဆက်ပေးခဲ့ တာပေါ့ ဒီ
အမကြီး တွေက ကျုပ်နဲ့အရမ်းရင်းနှီးသူတွေဆိုတော့ ငွေရေးကြေးရေးက သိပ်ပြောစရာမလိုဘူးလေ..။။
မိတ်ဆက်ပေးပြီးကာမှာ ဒီကောင်မလေးက အခု လက်မှတ်လုပ်ဘိုစာရွက်စာတမ်းတွေ မပါလာဘူးဆိုပြီး နောက်နေ့မှ
သေချာလာလုပ်ပါ့မယ် ပြောတော့ ကျုပ်ကပဲ နောက်နေ့လာလုပ်ရင်သေချာကူညီပေးဘို့ မှာခဲ့ပြီး ဒီကောင်မလေးနဲ့လမ်းခွဲ
ခဲ့တာပဲ ကျုပ်လဲကျုပ်ကိစ္စ သွားလုပ် သူလဲဘယ်ပြန်သွားတယ်မသိပါဘူး….အလုပ်တွေပြီးလို့ ညနေကျမှ စဉ်းစားမိတယ်
မတော်လို့ကျုပ်နာမည်သုံးပြီး ဟို နိုတြီလုပ်ပေးတဲ့အမ ဆီက ပိုက်ဆံလိမ်တောင်းသွားရင်အခက်ပဲဆိုပြီး လှမ်းဖုန်းဆက်
ရသေးတယ်….။။။
““အမရေ.. နေ့လည်ကကောင်မလေးက ကျွန်တော်နဲသိတာ ဒီနေ့မှ အွန်လိုင်းမှာခင်တာ အဲဒါ ကျွန်တော် နာမည်နဲ့
ပိုက်ဆံတွေဘာတွေလာ ချေးရင် မချေး လိုက်ပါနဲ့ သူကိုကျွန်တော်သိပ်သိတာမဟုတ်ဘူး သက်သက်ကူညီပေးတာ””
ဒီလိုနဲ့နောက်ရက် အွန်လိုင်းမှာတွေတော့ ကျေးဇူးတင်ကြောင်းပြောတယ်လေ ကျုပ်လဲရပါတယ်ပေါ့ နောင်အကူညီလိုရင်
ပြောပါပေါ့….ဒီလိုနဲ့ နောက်တစ်ပါတ်လောက်ကြာတော့ နိုတြီ ဆိုင်ရှင်အမကြီးနဲ့ သူဆိုင်မှာတွေတော့ …။။
“မောင်လေး ..ဟိုညီမလေးနဲ့တွေ့သေးလား အွန်လိုင်းမှာ””
““တွေတယ်လေ  အမ ဘာလို့လဲ””
““အဲဒီနေ့က လုပ်သွားတဲ့လက်မှတ်ဖိုး(၁၅၀၀၀)နောက်ရက်လာပေးမယ်ပြောပြီး ခုထိလာမပေးသေးလို့ပါ””
““ဗျာ..ဟုတ်လားကျွန်တော့ကိုပြောရောပေါ့ အမကလဲ အခုယူထားလိုက်ရော့””
““ဟယ်နေပါစေ ..နင်လုပ်တာမှမဟုတ်တာ သူကလဲဆက်ဆက်လာပေးမယ်ပြောပါတယ်””
““ဟာမဟုတ်တာယူထားလိုက်ကျွန်တော်ကမိတ်ဆက်ပေးထားတာပဲ ကျွန်တော့မှာတာဝန်ရှိတယ်””
““အေးပါဟယ် သူပြန်လာပေးရင် နင့်ပိုက်ဆံပြန်ပေးပါမယ်””
ဒီလိုနဲ့ ရက်တွေသာကြာလာတယ် အကောင့်ဖွင့်လို့တွေ့လေတိုင်း အခြားအကြောင်းအရာတွေသာပြောပြီးပိုက်ဆံကိစ္စတော့
အားနာလို့ မပြောမိတော့ပါ တစ်နေ့ တော့ ကျုပ်အောက်က တပြည့်“မောင်ချက်ကြီး” နာမည်ကို သက်သက်ရွဲ့ခေါ်တာပါ
သူ့နာမည်အမှန်ရှိပါတယ် တစ်နေ့တစ်နေ့ ချက်တင်ပဲပြောနေလို့“ချက်ကြီး ”လို့ခေါ်ကြတာ သူကလဲ ဒီကောင်မလေးအကောင့်
နာမည်လိပ်စာ သူ့ဆီမှာလဲရှိပါတယ်  သူနဲ့ချက်နေတုန်း သူက…။
“ နင်ငါဆရာပိုက်ဆံပြန်ပေးလိုက်ပြီးလား” မေးလိုက်မိရာက ဒေါတွေကန် ရန်တွေ့ပြီး
“ဘယ်ကပိုက်ဆံလဲ မသိဘူးအဲဒီလူကိုလဲမသိဘူးဆိုပြီး”
ကျုပ်တို့ အားလုံးကိုဘလော့ သွားတော့တာပါပဲ…အတန်ငယ်စိတ်မကောင်းဖြစ်မိပေမယ့် မိတ်ဆွေတွေလိုကူညီပေးကာမှ
ဒီလို ဝေ့လည်ကြောင်ပတ်လုပ်တတ်သူတွေရှိပါသေးလားလို့ ကျုပ်ကဖွန်သိပ်မကြောင်တတ်လို့သာ တော်တော့ တယ်
ဖွန်သာကြောင်တတ်ရင် အခုလောက်ဆိုဒီထက် ပိုကုန်ကျများသွားနိုင်တယ်ဆိုတာ တွေးကြည့်ရင်း စိတ်မသက်မသာဖြစ်ရ
ပါတယ် …။။။
အဲ…နောက်တစ်ခု ပိုဆိုးတာကတော့…။။။။။။။။
နို တြီ ဆိုင်ရှင် အမကြီးနဲ့မြို့ထဲမှာ တွေ့လေတိုင်း……
““ မောင်လေး အွန်လိုင်းက မိတ်ဆွေလေးဘာလေ ခေါ်လာခဲ့ပါအုံးဟယ် ဒီမှာအလုပ်တွေမကောင်း ဝင်ငွေကမရှိလို””
ဆိုတဲ့ နောက်ပြောင်ခြင်းကိုသာအကြိမ်ကြိမ် ခံစားနေရ တော့ပါကြောင်း……။။။။။။။။
****အွန်လိုင်းမှမိတ်ဆွေအဟောင်းခင်ဗျား ငွေ(၁၅၀၀၀)နဲ့ မိတ်ဆွေအပေါ် မည်သိုမျှ အပြစ်မပြင်မိပါကြောင်းနှင့်
ဒီပိုစ့်လေးဖတ်မိတယ်ဆိုရင်ဖြင့် သင့်ရဲ့ Blocked Contacts  မှ ကျွန်ုပ်အား Contact List သို့ပြောင်းပြစ် နိုင်ပါစေကြောင်း။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

20 comments

  • windtalker

    September 5, 2011 at 2:37 pm

    ဟားဟား
    တော်သေးတာပေါ့ ကိုဘီလူး ရယ်
    ပိုက်ဆံ ၃ သောင်း ပေးပါ
    တစ်ရက် အတူလာနေပေးပါ့မယ်
    ဆိုတဲ့
    အကောင့်ပိုင်ရှင်လေး တွေ နဲ ့
    မတွေ ့ရသေးလို ့

    • king

      September 5, 2011 at 6:40 pm

      ဟိုက်
      တယ်ဟုတ်ပါ့လား
      သိတောင် မသိဘူး ခေတ်နောက်ကျနေပါ့လား … 😛

  • “ဘီလူးကြီး”ogre

    September 5, 2011 at 2:52 pm

    ဟေ…ဂလိုလဲ ရှိသေးလား..မောင်ပေရယ်
    ဒါမျိုးကျ တိုးတိုးတိတ်တိတ် လက်မတို့ဘူး
    မောင်ပေ တို့များအားကိုးလို့ကို မရပါဘူး…။။။

  • လင်းဝေကျော်

    September 5, 2011 at 2:52 pm

    သတိတော့ထားကြနော်။
    ပိုက်ဆံထက်ပိုဆိုးတာတွေ ပေးလိုက်ရမှ ဒုက္ခအကြီးအကျယ်ရောက်ကုန်မယ်။

  • manawphyulay

    September 5, 2011 at 3:45 pm

    ဟားဟားဟား….. ကံဇာတာ ကျချိန်ဖြစ်နေလို့နေမယ်။ ဒါမှမဟုတ် မင်း ကူညီတတ်တာ သူသိလို့ထင်တယ်။ အင်း အကိုကြီးရဲ့ အကောင့်နာမည်လေး ပြောထားပါဦးရှင်။ ကျွန်မ တစ်သောင်းခွဲဖိုးလောက်ပဲ နိုတြီလုပ်ချင်လို့ပါ…. အဟိ

  • ရွှေဘိုသား

    September 5, 2011 at 4:25 pm

    ကိုဘီလူး လိုခံရတဲ.သူတစ်ယောက်တွေ.ဖူးတယ်ဗျ
    ကျနော်တို.ဆိုင်မှာဖြစ်သွားတာ ကောင်မလေးကအွန်လိုင်းကကောင်လေးကို ပိုက်ဆံချေးတယ်
    အောင်လက်မှတ်ထုတ်ဖို. အလုပ်လျှောက်ဖို.တဲ. ကျနော်လည်း အကဲခက်နေတာ
    တော်တော်လေးကြာတော. အွန်လိုင်းကသူငယ်ချင်းရောက်လာတယ် ပိုက်ဆံ 5000 ပေးသွားတယ်
    အဲဒီအချိန်မှာ ကောင်မလေးကသူ.ကောင်လေးနဲ. တစ်ခုံစီ ယူလိုက်တာ ပထမတော. တစ်ခုံထဲ နှစ်ယောက်
    သုံးနေတာ
    အွန်လိုင်းက ပို်က်ဆံလာပေးတဲ. သူလည်းပြန်သွားရော သူတို.လည်း ကျနော်တို. ဆိုင်ရှေ.က စားသောက်ဆိုင်ကနေ အစားအသောက်တွေမှာစားတော.တာပဲ နောက်ပိုင်း ဘယ်လိုဖြစ်လဲတော.မသိဘူး

    ယုံကြည်မှု ခင်မင်မှု အလွဲသုံးစားလုပ်တဲ. တနပ်စားကြံတဲ.သူတွေပေါ.ဗျာ
    စိတ်ထဲမထားတဲ. ကိုဘီလူး ကုသိုလ်ရပါတယ်

  • မီးမီး သော်

    September 5, 2011 at 4:44 pm

    အမလေးနော် ဖြစ်ပျက်နေကြတာတွေ မနည်းမနောပါလား။ခံရတဲ့ လူရော၊လုပ်ဝံ့တဲ့သူကိုပါလက်လန်ပါတယ်တော်။

  • naywoonni

    September 5, 2011 at 5:13 pm

    ဟားဟားဟား ဘီလူးလည်း ခံရတာပဲလား..။ တော်သေးတာပေါ့ တစ်သိန်းခွဲလောက်လုပ်မသွားလို့……… တော်ကာက မမကြီးနဲ့ တွေ့ပြီးပြီနဲ့တူရဲ့……….

  • Nan Shin

    September 5, 2011 at 5:29 pm

    နောက်လည်းဒါမျိုး သင်္ခန်းစာတွေများများရေးနိုင်ပါစေဗျာ။တစ်ပုဒ်ကိုတစ်သောင်းခွဲရင်းပြီးတော့ပေါ့။
    ပိုကုန်ရင်တော့ သင်္ခန်းစာပိုကောင်းမယ်ထင်ရဲ့။ဟား……….ဟား……..ဟား…………။

  • z-Z

    September 5, 2011 at 7:17 pm

    တော်သေးတာပေါ့ …..
    တစ်သောင်းခွဲနဲ့တင် ပြီးသွားလို့ …..
    ဟိုကလည်း ရုပ်ကြည့်ပြီး အားနားသွားလို့ထင်တယ်နော် ………
    😛 🙂

  • redbull

    September 5, 2011 at 7:28 pm

    ကျွန်တော် လဲကြုံဖူးပါတယ်၊ Gtalk မှာ သိနေတာတော့ တစ်လ ကျော်လောက်ရှိပါပီ၊ ပီးလဲပီးရော ကူညီပါတဲ့၊ အရေးတစ်ကြီးငွေ
    ၄၀၀၀ဝ လိုတယ်ပြောတော့တာပဲဗျာ၊ အပြင်မှာတွေ့ပြီး အကျိုးအကြောင်းပြောပါရစေ တဲ့၊ ကျွန်တော်က နယ်ကဆိုတော့ ရန်ကုန်
    သူနဲ့ သွားတွေ့ရမှာ ခက်နေတော့ ကံကောင်းသွားတယ် ထင်ပါတယ်၊ တစ်မြို့ထဲ ကများဖြစ်နေခဲ့ရင် စိတ်ခိုင်ပါ့မလား လို့ တစ်ခါ
    တစ်ခါ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်နေမိပါရဲ့။ 🙂

  • ရဲအောင်

    September 5, 2011 at 7:31 pm

    ဟီး …. ကျနော်လဲ ရံဖန်ရံခါ အဲသလိုမျိူးလေးတွေ နဲ့ ဆုံချင်သား… စိတ်ပါတယ်တော့မဟုတ်ပါဘူး။
    လေ့လာချင်တာပါ၊ ယုံကြပါနော်……….. :mrgreen:

  • thit min

    September 5, 2011 at 9:38 pm

    ကိုဘီးလူး”gamil account” ပေးပါ။
    (မကြောက်ပါနဲ့ကိုဘီးလူးရယ် Gamil Account တောင်းတာမြန်မာပြည်လာရင် BEER တိုက်မလို့ပါ။)
    နိုတြီလဲလုပ်ဲစရာမရှိပါ။
    ဘီးလူးကို BEER တိုက်ဖူးတယ်ရှိအောင်ပါ။
    ((သံပရာသီးတော့မကြွေးပါခင်ဗျာ))

  • unclegyi1974

    September 5, 2011 at 10:25 pm

    ဘီလူးရေ
    နိုင်တြီလုပ်တဲ့မမက အလှချည့်လားသေချာပြောထားရဲ့နဲ့
    ငွေချန်တာလည်းငွေချီးလိုက်တာနဲ့ဘာကွာတာမှတ်လို့

  • thit min

    September 6, 2011 at 12:49 am

    ဘုတလင်ကဘကြီးရဲ့ဘဏ်ကငွေကိုဘုန်းပီးဘိုကေနဲ့”ဘွန်ုး”လိုဘောင်းဘီဝတ်ထားတဲ့(ကို)ဘီလူးကို
    ဘိုလိန်းလမ်းကဘားမှာဘဲကင်နဲ့ဘီယာဘိုက်ဝအောင်တိုက်ပီးဘေးနားကဘော်လုံးဆိုင်ရှေ့
    ဘေထုက်သည်ဘေးကဘုကျလို့ဘိုင်ပြတ်ပီးဘယာကြောကြော်ရောင်းနေရတဲ့ဘဲကြီးကို
    ဘာဂျာမှုက်ခိုင်းပီး”ဘူးမမှုက်နဲ့ဘီလူးရယ်”ဆိုတဲ့ဘေဘီသီချင်းကိုဘိုလိုဆို ဘာမှမပါတဲ့ဘလူးလေဘယ်ဘူးခွံကိုဘန်းပြပီးဘော်ဒါအကန့်နဲ့
    ဘာဘူကိုဘရိက်ဒန့်ကခိုင်းရမယ်။
    ဘယ်လိုလဲ?

  • kai

    September 6, 2011 at 3:53 am

    ကြည့်ရတာ.. မြန်မာပြည်အတွက်.. match.com လို..Match လုပ်ပေးတဲ့..ဝက်ဘ်ဆိုက်ကောင်းကောင်းတွေ လိုနေတယ်ထင်တယ်..။
    အဲဒီလိုဝက်ဘ်ဆိုက်တွေက..ပရိုဝန်ထမ်း သေသေချာချာတာဝန်ယူပြီး.. တဖက်နဲ့တဖက် ချိပ်ဆက်ပေးတာလေ.။

    အောင်သွယ်ခတော့ ပေးရတယ်ပေါ့..။
    ဒါပေမဲ့.. တန်တယ်လို့.. တော်တော်များများပြောကြတယ်..။

    မြန်မာပြည်က.. အဲဒီလမ်းပေါ်တက်ချင်နေသူတွေရှိပေမဲ့.. ဝေဝေဝါးဝါးနဲ့.. ကိုယ့်ကိုယ်ကိုယ်..ညာချနေကြသူတွေများနေတယ်..။
    ပရိုတွေက.. တည့်မတ်ပေးဖို့လိုနေတယ်ထင်မိတယ်.။

  • MaMa

    September 6, 2011 at 10:43 am

    အမေမွေးတုန်းက မင်းသားလေးပါ။ ဒါမျိုးလူတွေနဲ့ တွေ့ပါများလို့ ဘီလူး ဖြစ်သွားတယ် ထင်ပါ့။
    😀

  • myanpyithar

    September 6, 2011 at 2:38 pm

    နယ်တွေ..ရွာတွေမှာတော့..အခုထိအများစုကရိုးသားကြတုံးပါ..
    ရန်ကုန်မှာတော့ သွားမလုပ်နဲ့ ဘယ်သူ့မှမယုံရဘူးဗျ..
    လုံးဝမထင်ရတဲ့ သနားကမားရုပ်က ခင်ဗျားတို့ကိုမူးနေအောင်လှည့်သွားလိမ့်မယ်
    အထူးသဖြင့် ငွေရေးကြေးရေးနဲ့ပါတ်သက်ရင်ပေါ့….

  • etone

    September 6, 2011 at 3:22 pm

    ဘီလူးကြီးကလာကြွားတယ်လား …. ကျွန်မ အကောင့်ထဲမှာ အင်ဗိုက်လုပ်တဲ့လူ 192 ယောက်ရှိတယ် .. ဘယ်သူတွေမှန်းလည်း မသိတော့ … ဒီအတိုင်း pending ထားထားလိုက်တယ် … ။2006လောက်က အင်တာနက်စသုံးခါစ … ဝက်ဖ်ဆိုက်တွေ လျှောက်တင် … ပုံတွေတင်ရင်း ဘယ်ကမှန်းမသိတဲ့ … လူတွေ အင်ဗိုက်လာလုပ်တာ .. ။ အဲ့ဒီတုန်းကတော့ ဘာသိမှာလဲ.. ဟိုဆိုက်ဆိုလဲ အကောင့်လုပ် .. ဒီဆိုက်ဆိုလည်း အကောင့်လုပ်နဲ့ လျှောက်လုပ်နေမိတာ … ။ အဲ့ဒီဒဏ်တွေကြောင့် inviteတွေများလာတာ … ။ တချို့ ဘော်ဒါတွေ ၊ အမျိုးတွေဆို .. စာရေးပြီး သူတို့ပါပြောမှ accept လုပ်ပေးလိုက်တယ် … ။

    gtalk နဲ့ ပတ်သတ်လို့ မှတ်မှတ်ရရ တစ်ခု ကြုံဖူးတယ် … popular ဂျာနယ် ချက်တင်ဆိုက်ကနေသိတဲ့ .. လူတယောက်ကို ဂျီတော့ထဲ အက်မိပါမှ … တနေ့တနေ့ ပြောလိုက်တာ … မနားတမ်းပဲ အလုပ်လည်း အနှောက်ယှက်ဖြစ်တယ် …နောက်ပိုင်း …. ဘလော့လိုက်ရတဲ့ အထိပဲ … ။

    ဒါတောင် …သူကအကြောမသေဘူးနော် … ရန်ကုန်ပြန်ရောက်တော ့.. (ပြောပြဖူးတဲ့ စကားကို ဆက်စပ်ပြီး ) ဆိုက်ဆိုက်မြိုက်မြိုက်ကို ဆက်သွယ်ပါတယ် … ကျွန်မရုံးကို ဖုန်းဆက်ပြီး … ဟိုချိန်းဒီချိန်းတွေ လုပ်နေလို့ …အောင်မလေးနော် အညာဘုရားဖူးတောင် အတူထွက်ချင်သေးတယ် တဲ့ … ကြားရတာ နားဝတင် အန်ချင်လွန်းလို့ … 🙁 …. တခါမှ မတွေ့ဖူးတဲ့ လူကို မျက်နှာချင်းဆိုင် ပွဲသွားကြမ်းလိုက်ရသေးတယ် … ။ စိတ်တိုလွန်းလို့ လူမြင်ကွင်းလည်း … … ပါးနဲ့ လက်ဝါး မိတ်ဆက်ပေးမလို့ပဲ … သတိတစ်ချက်ဝင်ပြီး ပြန်ထိမ်းတော့မှ … အဲ့လောက်မလုပ်ဖြစ်ခဲ့ဘူး … ။ ဒါတောင် သူက မှတ်ချက်ချသေးတယ် .. ဒီလောက်ရိုင်းမယ် မထင်ထားဘူးတဲ့လေ … ။ ကဲကဲ .. ကြည့်ပါဦး ……. သူ့လို လူမျိုးကို ကျွန်မက အဲ့လိုမဆက်ဆံသင့်ဘူးလား … 🙄

    အွန်လိုင်း မိတ်ဆွေ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပေမဲ့ .. အကဲ ခတ်ရ ခက်ခဲတာကိုပြောချင်တာပါ … တချို့ အွန်လိုင်းက သိတဲ့ မိတ်ဆွေတွေ ဘော်ဒါတွေလည်း ရှိပါတယ် .. အခုထိ ငယ်သူငယ်ချင်းလိုပဲ … အားမနာတမ်းပြောကြဆိုကြ နောက်ကြတုန်းပဲ … ။ 😀

  • ဂျဲသု

    September 7, 2011 at 12:36 pm

    ဒီလိုခံထားရတာတောင် contact list ပြောင်းနိုင်တယ်လုပ်နေသေးတယ်။ ပျဉ်ဖိုးတွေဈေးကြီးတယ်နော်။ မသိသေးဘူးလား:D

Leave a Reply