ကဗျာများ
“ကွက်ကျားမိုး”
အိပ်စက်နေရင်း
ရုတ်တရက် လန့်နိုးလိုက်တာက မိုး…
ရင်တုန်ပန်းတုန်နဲ့…..
အံဩမိတယ်….။
နှင်းစက်ပျောက်ရင် နေခြည်မြင်ရစမြဲဆို
ဟော…ခုကြည့်
ကျီစားတာလား ကစားတာလား
အာရုံတို့ကမသိ….
လေပြင်းနဲ့လာတဲ့…မိုး
ရွာမယ်ဆိုလည်း ကြိုပြောရောပေါ့…
ငါ့ချစ်သူကိုတောင် ငါမခေါ်ထားခဲ့ရဘူး…။
ဆောင်းနှင်းရဲ့နောက်
နှစ်တစ်နှစ်ပျောက်ခဲ့….သူလည်းငိုတတ်တယ်ထင်ရဲ့
မိုးနှင့်အတူငို…
ငါနဲ့အပြိုင်စိုလို့
ငါ့ရင်ဘတ်ထဲ ကွက်ကျားမိုး
နှင်းနှင့်အတူ ရွာခဲ့
ထီးကလေးကတော့ ဆောင်းမယ့်သူ သခင်မဲ့လို့
သူလည်း ငိုမဲ့မဲ့…..။
“ပန်တော်ဦး”
အနေဝေး ၊ ဆွေးတစိမ့်စိမ့်ရင်ခွင်
ပြည်တော်ခွင်မပြန်ရလည်း ၊တွေးကုဋေနှင့်ချစ်လျှက်ပင ်…….
ပန်းတစ်ပွင့်ဖူးရွယ်တုန်း ၊ရင်ထဲဝယ်ဆွပ်ချူချင်ပေမယ် ့ …
ရနံ့ဝေလှသတင်းရယ်နှင့်၊ကျေ ာ်စောကာအမြင်သင့်ဖို့
မျိုသိပ်ကာချစ်ဖို့ပြင်…
စုန်ဆန်ချီဝဲကန်တော့နှင့်၊ ညွှန့်ချိုးကာကောက်ပန်ကြမြှ ဖင့်…
ကျိုးစိမ့်မယ့်ရင်ခွင်မြင် လှည့်စမ်းစေချင်….။
အိုကွယ်….
ဖြစ်ပါဘူး…
ရည်စူးကာနှစ်ချီလပြောင်း၊က ုန်ဆုံးကာရာသီလီလီပြောင်းခ ဲ့…
ငယ်ဓလေ့ရွယ်မကုန်ဆုံးမီက ၊ကြွေစိမ်ကာချစ်ရဦးသူမို့..
ရွယ်မဦးခင်ရင်မှာပိုက်ဦး ၊ ပြည်တော်ပြန်လက်ဝယ်ဥိးဖို့ ..
ချစ်မြှားရယ်စူး…….။
“ဗလာနတ္ထိ”
ကောင်းကောင်းနေ ကောင်းကောင်းစား
အကြောင်းအရေးပေါ်မှ
မီးလောင်ခဲ့တဲ့ဘဝ
ရတက်မအေးတဲ့ သောကဗျာပါဒတွေနှင့်
ရင်မှာပူတဲ့..မီး..။
သံယောဇဉ်အမျှင်ကြိုးနှင့် ရစ်ပတ်သည့် ဝေဒနာ
တရားနှင့်ဖြေသော်လည်းမပျောက်
အမောဖောက်ခဲ့…လောဘနှင့်
ဇောက…အသောသော အရောရော
ငါ့ကိုလောင်ခဲ့…။
ရေစင်တစ်ခွက်တော့ မှန်းမိ….
အမောဖြေဆေးတစ်ခွက်က…
ဖြစ်ပြီးရင်ပျက်
ပျက်ပြီးရင်ဖြစ်
သံသရာလည်နေတဲ့ စက်ဝိုင်းထဲ
အပြန်တစ်ရာ မကူးခပ်ခင်…
တရားရေအေး…သောက်စေချင်ခဲ့…..
ငါသွားမယ့်လမ်းက….
ရစ်ပတ်မှုမပါ..ပစ္စည်းမပါ….
လက်ဗလာပါတကား…။
“လွမ်းသူ”
လေညှင်းသော့ရုံ နှင်းသော့ရုံ
အေးချမ်းစိမ့်တုန် ဆွေးသိမ့်ခုန်နှင့်
လွမ်းသူရင်ဝေး မျှော်သူဝေးကာ
မိုင်ပေါင်းကုဋေ ရှည်ကြာဝေးဟု
စိတ်ဝယ်မျှော်မှန်း တမ်းတရမ်းဆင့်
မှန်းဆရင့်၍ လွမ်းစိတ်နှိပ်စက်
တွေးသူခက်၏
ချစ်၍မျှော်ဝေး ကမ္ဘာဆွေးသည်..
လွမ်းသင့်လွမ်းသူ လွမ်းစေသူ…။
“အမုန်းကြောင့်”
တစ်ခါတစ်လေမှာ မင်းနဲ့တွေ့ချင်ပေမယ့်
တစ်ခါတစ်ရံ…မင်းနဲ့ဝေးချင်…ပြန်တယ်
တစ်ခါတစ်လေမှာ..မင့်အနမ်းတွေ ခုံမင်ချင်ပေမယ့်
တစ်ခါတစ်ရံ…မင်းရဲ့အချစ်တွေ ခါးသီးပြန်တယ်..
တစ်ခါတစ်လေမှာ…မင်းအပြုံးတွေ မြင်ချင်မိပေမယ့်
တစ်ခါတစ်ရံမှာ..မင်းနှုတ်ခမ်းကို ကြောက်ရွံ့မိပြန်တယ်…
အချစ်၊ အမုန်း
အပြုံးနဲ့ ….
ကြောက်စရာ မျက်ဝန်းနက်နက်တွေကြား…
လိပ်ပြာလန့်ခဲ့တဲ့နှလုံးသားနဲ့
ခမဲလိုနေတဲ့ ငါ့အချစ်မှာ….
ဝေဝါးလို့….အမှောင်ထဲက…..
အလင်းမဲ့အချစ်…လိုမျိုး….
ကျီးကန်းတောင်းမှောက်နဲ့..ခြေလှမ်းတွေပျက်မိ…
ကျွံ့ကျသွားတဲ့ ခြေထောက်တစ်ဘက်က….
အမုန်းကြောင့်…တဲ့…။
“အချစ်ကိုသိချိန်”
အမှတ်မထင်ပဲတွေ့ဆုံ
ကြုံသလို ချစ်တယ်လို့မပြောပါနဲ့..
မျက်နှာများတယ်ဆိုတာ
မာယာများတာလောက် မဆိုးပါဘူး
အရူးကို မလှိမ့်တစ်ပတ်လုပ်သလိုမျိုး
အချစ်ကိုလိမ်ညာလို့ရတယ်ထင်နေလား…။
မှော်ဝင်ကကြိုးတွေနဲ့ ငါမလှည့်စားဘူး
ချိုမြိန်တဲ့ ဂီတာသံနဲ့ ငါမလှည့်စားဘူး
ရင်ဘတ်ထဲက အေးမြတဲ့ အကြင်နာရေစက်တွေနဲ့သာ
ငါပတ်ဖျန်းခဲ့တာပါ…….။
ဒါကို
ပူလောင်တယ်ထင်တဲ့ မင်းက
ပြာပူမီးတွေလို အုံနွေးနွေးနဲ့ အငွေ့မပျယ်သေးသလို
အစစ်ကို အတု
ကြေးကို ရွှေထင်နေတဲ့အခါ
ငါ့မှာ ဗျာများ အချစ်တွေ ကသိကအောက်နဲ့ရယ်ပါ…။
အရင်ကတော့ အတုအယောင် အချစ်တွေကြား
ငါ မိန်းမောခဲ့ပေမယ့်
အချစ်စစ်ကို သိတဲ့အချိန်
နှလုံးသားက တံခါးခေါက်
မင်းလှန့်နိုးဖို့အချိန်တန်ပြီတဲ့..။
ငါ.. တောင်းပန်ပါရစေ….ချစ်သူ
အသည်းကိုခွဲတော့မယ်ဆိုလည်း
နောက်ဆုံးထွက်သက်အတွက်
အကြင်နာအနမ်းနဲ့နူတ်ဆက်
မင်းမျက်ဝန်းနက်နက်တွေနဲ့
အမုန်းဓါးတော့မစိုက်လိုက်ပါနဲ့ကွယ်..။
“အနမ်းချွေမယ့်နေ့”
မဖူးပွင့်ရဲ့တဲ့ပန်း
ရေမလောင်း ပေါင်းမသင်တာလည်းမဟုတ်
ဘာကြောင့်ငုံနေရသလဲ?
အငိုမျက်ရည်နှင့်ဖျန်း အသည်းကွဲသံစဉ်တွေကြားမှ
ယောင်ယမ်းပြီးမော့ကြည့်
ပန်းကလေး…
မင်း သိပ်လှတယ်ကွယ်
ဒါပေမယ့်
ပိုးကိုက်…ရနံ့တွေကင်းမယ့်
အဆင်းမလှလို့ပစ်ခွာမယ် မင်းထင်ခဲ့…
လှမ်းလို့ချူ ငါ့လက်တစ်စုံ
ပန်းကလေးကမ်းလင့်ရင်
ရမ်းပြီးမမှန်းဝံ့
အနှမ်းတစ်ပွင့်ချွေမယ့်နေ့ကိုပေါ့….။
“အထီးကျန်ခြင်း”
အိပ်မက်တွေထဲ ဒဏ်ရာနှင့်အလွမ်းတွေ
ငါယူသွားခဲ့တယ်
စီးနေကျ ဖိနပ်တစ်ရံကတော့ ပြတ်လို့ပေါ့
မောင်မရှိရင်မဖြစ်ဘူးတဲ့..
ခုတော့လည်း တစ်ယောက်တည်း
အဖော်မပါတာပဲကောင်းသလို
အထီးကျန်မှုတွေပြည့်နှက်
လွမ်းတယ်ဆိုတာ ဘာလဲမေးရမလိုလို…
ဝေခွဲလို့မရတဲ့ ဝေဒနာတွေနဲ့
ငါနေသားကျနေခဲ့ပြီ..။
ချစ်သူရေ
မင်းရဲ့စကားသံချိုတွေက အချိန်တိုင်းငါ့နားထဲရိုက်ခတ်
မေ့ပျောက်လို့မရတဲ့
မိုးဇက်ရဲ့ တေးသွားတွေလို
ညှို့ယူဖမ်းစားခဲ့ပေါ့
လိမ်ညာခြင်းရဲ့ အခြားတစ်ဖက်မှာ ငါ့က
အကျဉ်းကျခဲ့ရသူပါ…
မာယာလက်နက်ဆိုတာကို
အပျော့စား ရေသေနတ်လို ဂရုမစိုက်ခဲ့မိတာ
ရင်ဘတ်ကို ထုတ်ချင်းပေါက်မှ
ငါ အံ့ဩနေလည်း မထူးတော့ပါဘူး….
အချစ်ဆိုတာကို သင်ပြမှ သိခဲ့ရတဲ့ငါ
နှလုံးသားဆရာမက
အကြည့်တစ်ချက်နှင့်ချိန်းခြောက်
အကြင်နာကကြိမ်တုတ်နဲ့ အရိုက်ခဲရတုန်း
ငါဘာကြောင့်ပျော်ခဲ့မိမှန်း
အဖြေရှာမရ
ငါ့နှလုံးသား ငါ ပြန်မုန်းနေမိပြန်ပြီ…
ငါသိလိုက်ရတာတစ်ခုကတော့
လက်တွဲဖော်ဆိုတာ နားလည်မှုတွေနဲ့တည်ဆောက်
တစ်ဦးကိုတစ်ဦး
တန်ပြန်သက်ရောက်မှုတွေနဲ့
အကြင်နာတွေစီးဆင်း
အချစ်စမ်းချောင်းလေး မခမ်းခြောက်ခင်
ခတ်ယူမယ့် လက်တစ်စုံပဲလိုတာ ဆိုတာ..
မင်း ပြစ်ခွာမှပဲ သိလိုက်ရတာပါ…။
ခု ပျောက်ဆုံးသွားတဲ့ ဖိနပ်တစ်ဖက်ကို လိုက်ရှာရင်း
အထီးကျန်ခြင်း ဝေဒနာ
ငါ့ရင်ဘတ်မှာ စူးအောင့်ခဲ့ရပြီ….။
“နွေချစ်သူ”
၁။နွေဦး လေရူးတော့
ပူပြင်းတာလည်းမုန်းတယ်
မပေါ်တာကြာလည်း မျှော်နေတာပါပဲ..
သခင် ဘယ်သို့ရောက်နေသလဲ….
၂။နွေအစမှာ ကြေငြာခဲ့တော့
ချစ်မိတာလည်း ဆုံးတယ်..
သခင်မုန်းမှာလည်း ကြောက်တာပါပဲ
သခင်ကတော့ မုန်းပြီပေါ့…
၃။သခင်ရေ…
စစ်မကြေငြာပဲ ပစ်ခွာတဲ့နှလုံးသား
ကျန်ရစ်သူ နွေဦးမုန်းပေါ့
အလွမ်းတွေနဲ့ အသက်ဆက်တယ်…
နှစ်တွေကြာလည်း ချစ်ဦးမယ်…။
“သေရည်ကျွန်”
မူးတူးတူးနှင့်ပျော်…၊ ဥဩရယ်တစ်ညံညံရယ်နှင့်
ပြုတ်ပြန်တဲ့ ဆန်ပြုတ်၊ အဖြူအနီအဝါရယ်စုံလို့
ပကတိတိုင်းရယ်မြင်…။
မြင်အာရုံဝေ့ကာဝါး၊အူတိမ်က ိုညစ်ကာအန်လို့
စုပ်ချီတစ်ခါ လှိုက်တစ်ခါနှင့် ၊ဦးခေါင်းကိုချာချာလည်တယ် .
မူးလိုက်တာကွယ်…။
တော်ပါပြီ သောက်တော့ဘူး၊ ရယ်ကာစူးစိတ်ဝယ်
နောက်တစ်ခါပြန်ဇောင်းမိ၊ အပေါင်းရယ်စုံတာကြောင့်
ပုလင်းကိုရေကျင်းလို့၊ အာခံတွင်းမှာပွက်ပွက်ဆူတယ်
မူးအောင်သောက်ဦး…။
“ချစ်စိတ်”
ဝေဒနာနှိပ်စက်၊ သွေဖယ်ရာဖက်သို့
ရင်ဝယ်ယစ်မူး၊ ချစ်ဆိပ်လူးနှင့်
စူးစူးနစ်နစ်၊ ပျံ့နှံ့စေသော်
အံကိုကျိတ်မှိတ်၊ စိတ်အစစ်နှင့်
ရူးရူးမူးမူး၊ ချစ်ရ၏…။
တစ်ဗီဇနာဝေး၊ တစ်ရာရက်သို့
ရောက်ညားထင်ရာ၊ စိတ်ရောင်ရာနှင့်
အတွေးနှိပ်စက်၊ ရင်ဖိုရသည်
ကြင်သူသိစ၊ ဖြည်ဆည်းရာ၏…။
ဪ……
ယခုနေဝေး၊ ဘလောင်ဆူတွေးနှင့်
အနီးအနား၊ ဝှေ့ဝါးကွေ့ရှောင်
ရစ်ရည်လူးချူ၊ မနားကြူမည့်
တစ်ပါးယောက်ျား၊ ကြည့်စားမလို
ဝန်သိုထွားနှင့် ၊ ရင်လှိုင်းခတ်သည်
ချစ်စိတ်နှိပ်စက်နေပါ၏…။
“မင်းသိလား”
မင်းသိလား
- ငါမင်းကိုတိတ်တခိုးချစ်နေတ ာ
မြင်ရုံလေးနဲ့ချစ်…ငါ့အချစ်ကမမြဲဘူးလို့
မပြောပါနဲ့..။မင်းသိလား……….
မြင်အာရုံစိုးမိုး….ညစဉ်မက်တဲ့အိပ်မက်တွေမှာ
နတ်သမီးလေးက
မင်းရယ်ပါ…..။မင်းသိလား………….
အကြည့်တစ်ချက်နဲ့
ပြာကျ….ငါ့ကို ယောက်ယက်ခတ်စေတာမင်း
အတွေးတွေလည်းဗလောင်ဆူစေတာ…..။မင်းသိလား……….
မင့်ရဲ့ စကားသံ…
ငါကြားရတဲ့ခဏ…..
ကြားဖူးသမျှသံစဉ်တွေပျောက် ….
အချိန်တိုင်းကြားချင်နေတာ……။မင်းသိလား……
အချစ်ချိုဝိုင်တစ်ခွက် ငါသောက်သုံးရတဲ့ခဏ
မင့်အကြည့် မင်းအသံ
အားလုံးပျော်ဝင်လို့…
ယစ်မူးနေတာ..မင်းသိလား………..
အိပ်မက်မက်တဲ့အခိုက်…
ချစ်ဂီတ…..တွေစီးမျော……
ငါ့ကို ငြို့ယူနိုင်တာလည်းမင်းပါ…ချစ်သူရေ…..
ညတစ်ညရဲ့ပြည့်ဝမှု….ငါ့အတွက်လုံလောက်ဖို့ဆို
မင့်ရဲ့အချစ်ပျားရည်တစ်စက်
သောက်သုံးရုံနဲ့……
အရာအားလုံး…မှောင်မည်း ငါလည်းအိပ်ပျော်တယ်…။
“ရေစက်”
ဖွင့်ထားတဲ့တံခါးကနေဝင်
မခေါ်ပဲလာခဲ့ပြီးမှ ရုတ်တရက် မနှင်ပဲပြန်သွားခဲ့သူတွေ
အလာခရီးက ရေစက်ပဲရှိတာလား
နောက်တစ်ခါပြန်ဆုံဖို့ဆိုတာ မသေချာလှပါဘူး…။
အတိတ်တစ်ချိန်က ထားခဲ့ဖူးတဲ့ရေစက်ဆိုတာ
အကျိုးပေးနည်းလွန်းရဲ့
ဘဝဆိုတာ လက်ပစ်ကူးလို့ရတဲ့ချောင်း မဟုတ်ဘူးဆို
ငါတို့တွေ ဘယ်လိုများ
ချောင်းလည်မှာတွေ့ခဲ့ကြပါလိမ့်…
ခံယူချက်ခြင်းမတူတဲ့ ငါတို့
နေရာတစ်နေရမှာ မှားပြီးတွေ့ခဲ့ကြတာဆိုရင်
ကံကြမ္မာကိုပဲ အပြစ်တင်ချင်ရဲ့
အတိတ်ကိုပြန်သွားမိတာ …ငိုချင်းဆိုဖို့တော့ မဟုတ်ဘူး..။
မိုးကာလ အလယ်ဘလောက်မှာ စကိုးလ်ဖီးလ်ကိုကြည့်ရင်း
အကျဉ်းကျ ထောင်သားတွေဖြစ်ခဲ့ဖူးရဲ့..
အချဉ်ရည်ခွက်ထဲက အကြော်လည်းဖြစ်ခဲ့ဖူးရဲ့..
ထမင်းလက်ဆုံစားရင်း ရန်လည်ဖြစ်ခဲ့ဖူးရဲ့…
အားလုံးက ခု လွမ်းမော
ကျန်ခဲ့သူ ငါ..
ပျင်းစရာဆိုတာ ဒါလားလို့ စဉ်းစားတတ်ခဲ့..ပြီ..။
အို..သူငယ်ချင်းတို့ရေ
ပြန်ဆုံဖို့ မသေချာရင်တောင် တစ်ချိန်က တွေကခဲ့ဖူးတယ်လို့
မင်းတို့ စိတ်ထဲ…
တစ်စက္ကန့်လေးပဲ သတိရရင်
ခွဲခွာရတာ တန်ပါတယ်..ကွယ်…။
သော်ဇင်(လွိုင်ကော်)
7-Sep-2011
4 comments
maung hninkharr
September 9, 2011 at 6:25 pm
ကဗျာလေးတွေက မိုက်တယ်။ ကျွန်တော်ကြိုက်တယ်။
king
September 9, 2011 at 6:43 pm
ပြဇာတ်
ပြဇာတ်ထဲမှာ
ဗီလိန်က
မင်းသားကို တစ်မျိုး
မင်းသမီးကို တစ်မျိုး
စုစုပေါင်း လေးငါးမျိူးနှင့်….လှည့်ဖြားနေတာ…
ငါတို့သိတယ်
မင်းသမီးလေးက…မသိဘူး
အော်ပြောနေလဲမသိဘူး
လက်ဟန်ခြေဟန်နဲ့..ပြလည်းမသိဘူး
ဒါပေမဲ့….
ငါတို့သိတယ်…..
ငါတို့တော့..သိတယ်ဟေ့…..။ ။
…………………………………………………………..
mandalarthu
September 9, 2011 at 10:14 pm
Good poems! Who is the poet?All r yours?
May I know,please?Whoever it is,I like all these.
Thanks for sharing lovely and good writings.
မီးမီး သော်
September 9, 2011 at 11:37 pm
ကဗျာ တွေကစုံလိုက်တာနော် အချစ်ကိုသိချိန်တဲ့ အနမ်းခြွေမယ်ပေါ့ ဘယ်လောက်မှ မကြာဘူး နောက်တပုဒ်ကျတော့ အထီးကျန်ခြင်းဆိုတော့ စိတ်ထဲမကောင်းလိုက်တာ။ ရသစုံသွားပါတယ်။ကျေးဇူးပါနော်