ငွေလဲနှုန်း ပြုပြင်ရေးအပေါ် ကိုမိုးသီးဇွန် ရဲ့ အမြင်

kaiSeptember 9, 20111min27612

နေ့သစ် – စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ငွေလဲနှုန်းကိစ္စဆွေးနွေးကြတယ်။ ဦးမြင့်ရဲ စာတမ်း Myanmar Kyat Exchange Rate Issue by U Myint မှာ ငွေလဲနှုန်းပြင်ဖို့ကို တောက်လျောက်ဆွေးနွေးထားတာ တွေ့ရတယ်။ အိုင်အမ်အက်ဖ်ကလဲ ငွေလဲနှုန်းပြင်ဆင်ဖို့ အကြံပေးမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ထွက်ပေါ်လာနေပါတယ်။ ဘာဖြစ်လို့ ၆ ကျပ်ခွဲ လုပ်ထားတာ လဲ။ ဘာကြောင့်လဲ။

မိုးသီးဇွန် – ငွေလဲနှုန်းကတော့ ပြင်သင့်တာပေါ့။ သိက္ခာရှိတဲ့ငွေလဲနှုန်း ဖြစ်သင့်တာပေါ့။ မဆလခေတ်ကတည်းက သတ် မှတ်ထားတဲ့ တဒေါ်လာ ၆ ကျပ်ခွဲဆိုတဲ့ ငွေလဲနှုန်းက အေးဓပြတိုက်ထားတဲ့ ငွေလဲနှုန်းလို ဖြစ်နေတယ်။ ငွေလဲနှုန်းကိုလဲ အမျိုးသားရေးလိုလို ဘာလိုလို လုပ်ထားတာပေါ့ဗျာ။ မင်းတို့ တဒေါ်လာကို ငါတို့ဗမာကျပ် ၆ ကျပ်ခွဲပဲပေးမယ်။ လဲချင်လဲ မလဲချင်နေ ဆိုသလို ဖြစ်နေတာပေါ့။ မြန်မာ့ငွေလဲနှုန်း တကယ်ပြင်မှာလားဆိုတဲ့ ဆောင်းပါး။ ကျနော့် ဘာလော့ခ်မှာ ကိုဘိုဘိုကျော်ငြိမ်း ပြောသလို့ ဒို့ ဗမာကွဆိုတဲ့ တလွဲမာန ပေါ့။ စီးပွားရေးမှာကြတော့ ပြဿနာ တက်တော့တာပေါ့ဗျာ။ မဆလ အစိုးရခေတ်ကရော၊ လက်ရှိ စစ်အစိုးရတွေကနေ ဒီလဲနှုန်းကိုပဲ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အပြင်ဈေးကွက် မှာ တမျိုးဖြစ်လာတယ်။ ခင်ဗျား ဘောင်းဘီအိတ်ထဲက တဒေါ်လာဟာ ကျပ် ၁ ထောင်နဲ့ ညီနေတယ်။ ခင်ဗျား ၆ ကျပ်ခွဲ နဲ့ လဲမလား။ ဒီတော့မလဲဘူးပေါ့။ မလဲတော့ စီးပွားရေးမတက်ဘူးပေါ့။

နေ့သစ် – အခု အိုင်မက်အက်ဖ်က အကြံပေးတဲ့အတိုင်းလုပ်ရင် ဘာတွေဖြစ်မလဲ။

မိုးသီးဇွန် – ငွေလဲနှုန်းကို ပေါက်ဈေးအတိုင်းပြင်မယ်ဆိုတာ ကောင်းသောကြံစည်မှု (သမ္မာသင်္ကပ္ပ)၊ ကောင်းသောလုပ် (သမာဝါယမ) ဖြစ်နေပါတယ်။ ကောင်းတာကိုကြံ၊ ကောင်းတာကိုလုပ်ရင်၊ ကောင်းတဲ့ ရလဒ်တွေရမှာပဲ။ ကောင်းတာ တွေ ဖြစ်လာမယ်။ ကောင်းတာတွေကို သဘောတရားအရ ပြောရရင်တော့ …
၁- နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) တွေ ဝင်လာမယ်။
၂- ငွေကြေးစနစ်တွေကို ပြင်နိုင်မယ်။ ငွေကြေးဈေးကွက် (Finicial Market) ကို ထူထောင်နိုင်မယ်။
၃- မှောင်ခိုဖြစ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြေပေါ်မှာတရားဝင် ရပ်တည်လာနိုင်တယ်။
၄- ရေရည်မှာ ခိုင်းမာတဲ့ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်လာနိုင်မယ်။
၅- ဂျီဒီပီ တိုးလာမယ်။

ဒါပေမဲ့ ဦးသိန်းစိန် အစိုးရက ဘယ်ကလာလဲ၊ ၂၀၁ဝ ရွေးကောက်ပွဲကို လိမ်ပြီး အနိုင်ရအောင် လုပ်ထားတယ်။ လူထု တွေ မနှစ်သက်တဲ့ ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ်ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် မကောင်းသောအစိုးရ ဖြစ်နေ တယ်။ မကောင်းတဲ့ အစိုးရဖြစ်တဲ့အတွက် မကောင်းတဲ့အကျိုးပေးတွေ ရနေတယ်။ မကောင်းတာကတော့ ကုန်ဈေးနှုန်း တွေ ထပ်တက်လာမယ်။ ကုန်ဈေးနှုန်းတက်လာရင် ငွေကြေးဖေါင်းပွမှု ဖြစ်လာမယ်။ မြန်မာပြည်မှာ ငွေလဲနှုန်းနဲ့ ကာမိ စေတဲ့ ထုတ်လုပ်မှု (Production) ရှိရဲလားဆိုတာက မေးစရာ၊ စဉ်းစားရာ ဖြစ်ပါတယ်။ အဖြေကတော့ မရှိသေးဘူး ဖြစ် နေပါတယ်။

အိုင်အမ်အဖ်က ပြင်ခိုင်းတယ်ဆိုတာကို ဥပမာပေးချင်တာကတော့ စစ်အုပ်စုကို ပဉ္စင်းခံပြီး တရားအားထုတ်ခိုင်းနေတာ။ သူက ခိုးတာ၊ သတ်တာ၊ လိမ်တာကိုပဲ စိတ်ကရောက်နေတယ်။ မကောင်းမှုတွေလုပ်ဖို့ အထုံလို ဖြစ်နေတယ်။ ရဟန်းပြု ပြီဆိုရင် မကောင်းတဲ့လုပ်ရပ်တွေကို ရပ်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ပတ်သက်လို့ အိုင်အမ်အဖ်မှာ ဘာစရင်းဇယားမှ မရှိတော့ဘူး။ အိုင်အမ်အက်ဖ် အင်တာနက်ဝက်ဆိုက်ကိုသွားရင် မြန်မာပြည်နဲ့ပတ်သက်လို့ Not available တွေချည်း ဖြစ်နေတယ်။ ဆိုလိုတာက ကောင်းတာတွေ တခုမှမလုပ်ထားဘူး ဆိုတဲ့သဘော။ စရင်းဇယားတွေ မပြဝံ့တဲ့သဘော။ ဦးမြင့် စာတမ်းမှာ စရင်းဇယားတွေထုတ်ပြန်ဖို့ သူတိုက်တွန်းထားရတာက သက်သေပါပဲ။

ငွေလဲနှုန်းနဲ့ပတ်သက်လို့ နောက်ဥပမာတခု ပေးချင်တာက မြန်မာကို လူကြီးလူကောင်း ကလပ်အဖွဲ့ဝင်အဖြစ် ဝင်ခိုင်းတဲ့ သဘောပါ။ သူတို့လိုဝတ်ခိုင်း၊ သူတို့လိုစားခိုင်း၊ သုံခိုင်း၊ လုပ်ခိုင်းတဲ့သဘောပါ။ သူဋ္ဌေးကလပ်ဆိုပါစို့။ ဒါပေမဲ့ ကိုယ့်မှာက ပုံမှန်ဝင်ငွေ မရှိဘူး။ အလုပ်မရှိဘူး။ အမွေကလည်း သိပ်ရှိဘူး။ ဒီတော့အဖွဲ့ ဝင်လိုက်တယ်။ အဖွဲဝင်ကြေးတွေ ပေးလိုက် တယ်။ ဒီနေ့ကတော့ ဟုတ်သွားတယ်။ မနက်ဖြန်မှာတော့ တအိမ်လုံး စားစရာမရှိတဲ့အခြေအနေကို ဆိုက်သွားနိုင်တယ်။

မြန်မာပြည်ရဲ့ ထုတ်လုပ်မှုက သဘဝဓါတ်ငွေ့က ရတဲ့ငွေ၊ မြစ်တွေကိုရောင်းစားတဲ့ငွေ၊ သစ်တောကိုရောင်းစားတဲ့ငွေ ဒါပဲ ရှိတယ်။ ဒီ သဘာဝအရင်းအမြစ်တွေက အကန့်အသတ်တွေရှိနေတယ်။ တသက်လုံးစားမကုန်ဘူးလို့ ယူဆလို့ မရပါ။ ခနလေးနဲ့ ကုန်သွားမှာ ဖြစ်ပါတယ်။ ကုန်ထုတ်လှုပ်မှုကသာ နိုင်ငံတော်စီးပွားရေးဘဝကို အာမခံချက်ပေးတာ ဖြစ်ပါ တယ်။ ထုတ်လုပ်ထားတာတွေကို စားသုံးနိုင်တဲ့ ကိုယ်ပိုင်ဈေးကောင်းကောင်းလည်း ရှိရမယ်။ ပြည်ပနဲ့ ကုန်သွယ်တာက ဒုတိယ အဆင့်ပါ။ ဒီတော့ ကိုယ်ထုတ်လုပ်မှုနဲ့ ပြည်တွင်းဈေးကွက်က ရစရာမရှိအောင်ကို ပြိုကျနေတဲ့အချိန်မှာ ငွေလဲ နှုန်းပြင်တာဟာ အလွန်ကြီးမားတဲ့ စွန့်စားခန်းလို စစ်အစိုးရကို ဖြစ်နေစေပါတယ်။ ကကြီး ကညစ်သမားကို ဘွဲလွန်စာ တမ်းရေးခိုင်းနေသလို ဖြစ်နေတယ်။

ဒီအချက်ကို ဦးမြင့် ရဲ့စာတမ်းအချက် ၁၂ မှာ “It has been pointed out that the rise in the exchange rate associated with the Dutch disease can result not only from a large inflow of foreign exchange due to selling a country’s natural wealth to foreigners, but also form large inflow of foreign investment into country for all sorts of reasons. This disease by turning agriculture and manufacturing into lagging sector, with their exports in decline and with resources moving away from them, can cause serious harm to developing country.” အလေးအနက် ထောက်ပြထားတာ တွေ့ရပါတယ်။ တခွန်းတည်း ပြောရရင်တော့ ကိုယ့်ပြည်က သဘာဝသယံဇာတတွေကို ကိုယ့်ပြည်တွင်းမှာ ကုန်ချောထုတ်လုပ်မှု (Production) ဟာ စီးပွားရေးတိုး တက်မှုရဲ့ မှန်ကန်တဲ့ ဖြေရှင်းမှု (Silver Bullet) ဖြစ်တယ်။

စစ်အစိုးရရဲ့ အခြေအနေက တဖက်ကလည်းပြင်ဖို့ လိုတယ်။ တဖက်ကလည်း ပြင်လို့မရ ဖြစ်နေတယ်။ အခြေအနေက နောက်လာမယ့် ရင်နှီးမြှုပ်နှံမှုတွေအပေါ်မှာ မူတည်ပြီး စဉ်းစားနေကြတာ ဖြစ်ပါတယ်။ ဒါက အချိန်ယူပြီး လုပ်ယူရတာပါ။ စီးပွားရေးရလဒ်တွေက ယုံကြည်မှုကို တည်ဆောက်ယူလာနိုင်မှုပေါ်မှာ သီးပွင့်လာတာ။ ထလုပ်လိုက်တိုင်း မဖြစ်ပါ။

အခု မြန်မာပြည်မှာဖြစ်နေတာက ဘယ်သူကမှ ဘယ်သူ့ကို မယုံကြည်တဲ့ အခြေအနေထိ ဆိုက်နေတယ်။(No one trust no one) ဒီမိုအချင်းအချင်းလဲ မယုံဘူး။ စစ်အချင်းအချင်းလဲ မယုံဘူး။ စီးပွားရေးအချင်းချင်းလဲ မယုံဘူး။ ဘုန်း-ဘုန်း အ ချင်းလဲ မယုံဘူး။ မယုံဘူး။ Trust က ရှိကိုမရှိကြတော့ဘူး။ (ဒီနေရာမှာကြုံလို ပြောချင်တာက ဖူကူယားမားရေးတဲ့ Trust ဆိုတဲ့ စာအုပ်ကို ဖတ်စေချင်တယ်။ စာအုပ်မှာ အမေရိကန်၊ ဂျပန်နဲ့ ဂျာမဏီနိုင်ငံတွေ ကြီးပွားလာရတဲ့အကြောင်းမှာ လူ့ အဖွဲ့စည်းအတွင်း Trust ရှိကြပုံကို ရှင်းပြထားတယ်။)

ကျနော်တို့က မယုံပေမယ့် မဆက်ဆံလို့ကလည်းမရတော့ ဆက်ဆံနေကြရတယ်။ နိုင်ငံခြားက စီးပွားရေးသမားတော့ မယုံတော့တဲ့အခါမှာ ထွက်သွားမယ်။ အကျိုးမရှိရင် ပြန်မယ်။ တခါးဖွင့် စီးပွားရေးစနစ်ကို ပီပြင်စွာဖြစ်ပေါ်လာရေးဆိုပြီး သူတို့ တတ်ယောင်ကား အော်နေတယ်။ တကယ်ကမပီပြင်ဘူး။ ဘယ်လို ပီပြင်အောင်လုပ်မလဲဆိုတာ အော်တာအော် နေတာ မသိဘူး။ တခါးဖွင့်စီးပွားရေးစနစ်ရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ဥပဒေစိုးမိုးတဲ့ စီးပွားရေးပတ်ဝန်းကျင် (Legal Environment of Business) ကို စစ်အစိုးရက မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဆိုလိုတာက …
၁- အကျိုးအမြတ် များလာရင် သူတို့ကိုယုံရမှာလား။
၂- မြတ်ငွေကို ပြန်ထုတ်နိုင်မှာလား။ Tax ပေးပြီးရင် လွယ်လွယ်နဲ့ထွက်လို့ ရမရ။
၃- ငွေကိုအချိန်မရွေး၊ နေရာမရွေး ငွေထုတ်ငွေသွင်းခွင့် ရှိမှာလား။
၄- လုပ်ငန်းတခု၊ အရောင်းအဝယ်တခုဖြစ်ဖို့ ဝန်ကြီးဌာနပေါင်း ဘယ်လောက်၊ လူကြီးဘယ်နှစ်ယောက်ကို လဘ်ထိုးရမှာ လဲ။
၅- လွတ်လပ်စွာ ထုတ်လုပ်ရောင်းချခွင့်ရှိမှာလား ဆိုတဲ့ ပြသာနာတွေ၊
၆- အမြတ်ဝေစု (Derivative) တွေအတွက် ဘယ်လိုကမ်းလှမ်းမှု (Offer) တွေ ရှိသလဲ။

ဥပမာ ဒေါ်ဝင်းဝင်းနု မန္တလေး ဘီယာ၊ မောင်ဝိတ်နဲ့ ဝန်ကြီးတချို့ ပေါင်းခိုးလိုက်တဲ့အတွက် အင်ဒိုနီးရှားစီးပွားရေးသမား ထွက်သွားရတဲ့ ပြဿနာမှာ ဘယ်မှာလဲ ဥပဒေ။ ဒါတွေကို မလုပ်သေးဘဲနဲ့ ငွေလဲနှုန်းပြင်ဆိုလဲ ပြင်ပြင်ပဲ ရှိမယ်။ ဘယ် သူကမှလာပြီး ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ဘူးလို့ ကျနော် ထောက်ပြချင်တယ်။

အင်ဒိုနီးရှားဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က ငွေလဲနှုန်း မကောင်းဘူး။ အင်ဒိုငွေ တသောင်းလောက်ဟာ စင်္ကာပူဒေါ်လာ ၁ ဒေါ်လာ ဖြစ်ခဲ့တယ်။ သူတို့ ကြိုးစားပြင်ဆင်ခဲ့တဲ့အတွက် အင်ဒို ငွေ ရ ၅၀ဝ လောက်ဟာ စင်္ကာပူဒေါ်လာ ၁ ဒေါ်လာ ဖြစ်လာတယ်။ တည်ငြိမ်လာတယ်။ ရလဒ်က စီးပွားရေး ပြန်လည်ဦးမော့လာတာ တွေ့ရတယ်။

နေ့သစ် – ဦးမြင့်ရဲ့စာတမ်းမှာပါတဲ့ ငွေလဲနှုန်းမှာ မြန်မာကျပ်ငွေက မြင့်နေတဲ့အတွက် အကျိုးကျေးဇူးတောင် ရှိတယ်လို့ သူက ဆိုတယ်။ နိုင်ငံကခြားက ပို့တဲ့ကုန်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ သုံးနိုင်တယ်လို့ ဆိုတယ်။ နိုင်ငံတကာ ဈေးကွက်နဲ့ မပတ်သက်တဲ့ဟာတွေ ဥပမာ လမ်းတံတားဆောက်လုပ်ရေးတွေကို မထိခိုက်ဘူးလို့ ဆိုတယ်။ ဒါနဲ့ ပတ် သက်လို့ …

မိုးသီးဇွန် – သူပြောတဲ့ ဒီအချက်ကိုတော့ဖြင့် ကျနော် ဘဝင်မကျဘူး။ ဈေးကွက်မှာ ရောင်းသူ၊ ဝယ်သူ ရှိတယ်လေ။ ဘာ ဖြစ်လို့လဲဆိုတော့ ဥပမာ ခင်ဗျားက အမေရိကန်ကနေ မက်ဘုတ် (Mac Book Computer) ကို ဒေါ်လာ ၁၃၀ဝ နဲ့ ဝယ် လာတယ်။ မြန်မာပြည်မှာ ပြန်ရောင်းတယ်။ ကျပ်တသိန်းသုံးသောင်းရရမှာကို ကျပ်တသိန်းပဲရရင် ခင်ဗျားက ပြန်ရောင်း ချင်အုံးမလား။ ဝယ်သူကတော့ ပျော်တာပေါ့၊ ဦးမြင့် ပြေသလိုပေါ။ ဈေးသက်သာသာနဲ့ရတယ်။ ဒါပေမဲ့ စဉ်းစားရဦးမဲ့ အ ပိုင်းက ရောင်းသူတွေက မလာနိုင်တော့ဘူး။ လာမရောင်းကြတော့ဘူး။ တခြားဈေးကွက် လှည့်သွားမှာပဲ။ ဒါကို ပေါ်လ စီချမှတ် သူအပိုင်းမှာ ခြုံမိအောင် စဉ်းစားရလိမ့်မယ်။ ဆောက်လုပ်ရေးမှာလဲ ကန်ထရိုက်တွေက ဘီလပ်မြေနဲ့ ကပ်တရာ၊ သံထည်တွေကို နိုင်ငံခြားကနေ ဝယ်ရတယ်။ သူတို့လဲ ကိုက်မယ်၊ ပျော်မယ်လို့ မထင်ဘူး။ ကိုယ့်နိုင်ငံရဲ့ ငွေတန်ဖိုး ခိုင် မာတာတက်တာ ကောင်းပါတယ်။ ခင်ဗျားမှာ ကိုယ်ပိုင်ဈေးကွက် ခိုင်မာရင်ပေါ့။ မြန်မာလိုနိုင်ငံမပြောနဲ့ စင်္ကာပူလိုနိုင်ငံမှာ တောင် စီးပွားရေးသမားတွေက ဒေါ်လာကျပြီး စင်္ကာပူတက်နေတာကို ဝမ်းသာရမဲ့အစား ဝမ်းမသာကြပါဘူး။ အရောင်း ထိုင်းသွားတာကိုး။

နေ့သစ် – ဦးမြင့်က ငွေလဲနှုန်းကို တော်တော် အလေးထားတယ်ဗျ၊ ဈေးနှုန်းအားလုံးတို့ရဲ့ မိခင်ကြီး Mother of All prices လို့တောင် တင်စားထားတယ်ဗျ။ ငွေလဲနှုန်းကို ကောင်းကောင်းမထားရင် ကျန်တဲ့ကုန်ဈေးနှုန်းတွေကို ထိမယ်ဆို တဲ့ သဘောပေါ့နော်။

မိုးသီးဇွန် – ဟုတ်တယ်ဗျ၊ သူတင်စားတာကို လွန်တယ် မထင်ဘူး။ ငွေလဲနှုန်းအပေါ်မူတည်ပြီး ကုန်ပစ္စည်းတန်ဖိုး၊ လုပ် အားတန်ဖိုး၊ အရင်းတန်ဖိုးတွေဟာ မူတည်နေတယ်။ သူက အလေးအနက်ထား ဆွေးနွေးတာကတော့ ငွေလဲနှုန်းသတ် မှတ်တာဟာ အစိုးရပေါ်မှာ မူတည်နေလို့ပဲ။ ငွေလဲနှုန်းဟာ ဝယ်လိုအား (Demand) နဲ့ ရောင်းလိုအား(Supply) ရဲ့ သ ဘောတရားအရပဲလို့ သူက တင်ပြထားပါတယ်။ သူ့ ဆွေးနွေးချက်မှာပါတဲ့ Demand Supply Side တွေကိုကြည့်ရင် က မောက်ကမ ဖြစ်မှုကြီး ရှိနေတယ်။ အမြန်ပြင်ဖို့ လိုတယ်။ ဝယ်လိုအားဖက်မှာ သူကပြင်ဆင်ဖို့ အကြံပေးချက် ၃ ချက်စလုံ ဟာ ဦးသိန်းစိန် အစိုးရအတွက် အန္တရာယ် (Risk) အကြီးအကျယ် ရှိနေတယ်။

ဦးမြင့် အကြံပေးသလို သူတို့ ပြင်ဆင်နိုင်မယ် မထင်ဘူး။ Supply Side ဖက်ကတော့ ခန့်မှန်းချေတွေ မသေချာမှုတွေနဲ့ ပြည့်နှက်နေတယ်။ သဘာဝဓါတ်ငွေ့၊ သစ်တော၊ ကျောက်ရောင်းရငွေတွေ အတိုးနှုန်းမြင့်တယ်၊ အိမ်ဈေးတွေကောင်း တယ်ဆိုပြီး ခန့်မှန်းထွက်ချက်မှုတွေနဲ့ ပြည်ပကလာတာတွေ ဒါတွေအားလုံးဟာ မသေချာမှုတွေမျှသာ ဖြစ်ပါတယ်။

မပြင်ရင် ၁၉၉ရ – ၉၈ တုန်းက အင်ဒိုနီးရှားမှာဖြစ်သလို နိုင်ငံရေးမတည်ငြိမ်မှုကနေ ဆူဟာတို ပြုတ်ကျသွားတဲ့အထိ ဖြစ် နိုင်တာကို သတိပေးထားသဗျ။

ငွေလဲနှုန်းရော၊ အတိုးနှုန်းရောဟာ အစိုးရက သတ်မှတ်ရတာ ဖြစ်တယ်။ ငွေလဲနှုန်းဟာ တန်ရာတန်ကြေး ဖြစ်ရမယ်။ အ တိုးနှုန်းဟာလည်း အခြေအနေတခုအပေါ်မှာ သင့်တော်တဲ့နှုန်းထား ဖြစ်ရမယ်။ အမေရိကန်တွေရဲ့ ဒီနေ့အတိုးနှုန်းဟာ သုညနီးပါး ဖြစ်နေတယ်။ ဟုတ်တယ်။ အစိုးရက အတိုးနှုန်းကို အလျော့အတင်း လုပ်ပေးနေရတယ်။ သုညနီးပါး ချပေး ထားတယ်ဆိုတဲ့ အဓိပ္ပါယ်က ရင်းနှီးမြှုပ်နှံမှုတွေကို များများလုပ်စေချင်နေတာ၊ အဓိပ္ပါယ်က အလုပ်တွေများများရကြ အောင် ရည်ရွယ်လိုက်တာပဲ။

ဦးမြင့်က သူစာတမ်းမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အဆိုပြုချက် Proposal က သူစာတမ်းအတိုင်း ငွေလဲနှုန်းပြုပြင် ဖို့ ငွေကြေးဈေးကွက်အတွင်း အစိုးရက ပိုပြီးပတ်သက်ဖို့ အာရုံစိုက်ထားတယ်လို့ ကျနော် မြင်တယ်။

နေ့သစ် – ဦးသိန်းစိန် အစိုးရက ဒီပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်မယ်ထင်သလား။

မိုးသီးဇွန် – မထင်ဘူး။

နေ့သစ် – ဘာကြောင့်လဲ

မိုးသီးဇွန် – ကျနော် ခုနကပြောသလို ငွေလဲနှုန်းပြင်တယ်ဆိုတာ ကောင်းသောကြံစည်မှု (သမ္မာသင်္ကပ္ပ) ကောင်းသော လုပ် (သမာဝါယမ ) ဖြစ်နေပါတယ်။ တရားသဘောနဲ့ ကြည့်ရင် စီးပွားရေးဆိုတာ တန်ရာတန်ကြေးသဘော ရှိလို့ပါ။ ကောင်းမှုဟာ အချိန်နှောင်းတယ် မရှိပါဘူး။ ဒါပေမယ့် ကောင်းမှုကိုလုပ်တယ်ဆိုရင် မကောင်းမှုတွေကို ရပ်ရမယ်။ မ ကောင်းမှုတွေ မရပ်ဘဲနဲ့ ကောင်းမှုကို အပေါ်ယံလုပ်ပြလို့ မရပါဘူး။

သူတို့ဟာ ဈေးကွက်ကိုပြုပြင်မယ်။ ဈေးကွက်မှာတရားသဖြင့် ဥပဒေကိုလုပ်ရမယ်။ ဈေးကွက်ကိုပြင်ရုံနဲ့ မရဘူး ဈေး ကွက်နဲ့ လိုက်လျောညီထွေရှိတဲ့ လူ့အဖွဲ့စည်း ရှိရမယ်။ ဒီလူ့အဖွဲ့စည်းမှာ ပျော်ရွင်မှု Happiness (သုခ) ရှိရမယ်။ ဟိုလူကို ဖမ်း၊ ဒီလူကို ချုပ်၊ တရားလက်လွတ်မှုတွေ ကြီးစိုးနေတဲ့ အစိုးရအောက်မှာ လူ့အဖွဲ့စည်းဟာ နာကျင်မှု (Pain) ဖြစ်နေ တယ်။ ဒါကြောင့် တဒေါ်လာကို ကျပ်ငွေ ၈၀ဝ လဲလိုက်ရုံနဲ့ စီးပွာရေး ဦးမော့မလားတာ သေချာတယ်။

နေ့သစ် – သူတို့ ရည်ရွယ်ချက်က ဘာလဲ။

မိုးသီးဇွန် – အမှန်တရားကို ထိပ်တိုက်မရင်ဆိုင်တဲ့သဘော။ နိုင်ငံရေးစနစ်ကို အခြေခံကနေ ပြောင်းရမယ်။ တချို့တချို့ သော လူတွေက လူမှုပြုပြင်မှုတွေက၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက တစတစနဲ့ ပြောင်းလဲလို့ရမယ်လို့ ပြောတာတွေ ကို သူတို့ ယုံမှားသံယ (Delusion) ဖြစ်နေကြတယ်။ အခြေနေမှန်ကို မရင်ဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးပန်းမှုသာ ဖြစ်တယ်။ ဘုရားဟောတဲ့ ဝေဒနာ (Pain) ကို တည့်တည့်ရှုဆိုတာ ဒါကို ပြောတာပေါ့။

နေ့သစ် – စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို ခင်ဗျား ဘယ်လိုမြင်သလဲ

မိုးသီးဇွန် – ဦးနေဝင်း လက်ထက် ၃၃ ဦး အကြံပေး ကော်မတီတောင် ဖွဲ့လိုက်သေးတယ်။ အကြံပေးချက်တွေအတိုင်း ဟိုးတုန်းကလည်း မလုပ်နိုင်ဘူး။ ခုလည်း မလုပ်နိုင်ပါဘူး။

Note: Copied from NaytThit >   http://www.naytthit.net/?p=19002

12 comments

  • pwint pwint

    September 9, 2011 at 7:27 pm

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

  • မီးမီး သော်

    September 9, 2011 at 7:39 pm

    ဒါက သူကြီးလေ ။မှတ်ချက် သူ့ကြီး မပါဘူးပေါ့နော့။ကျေးဇူးပါ သူကြီးရေ။ကိုမျိုးသန်းထွဋ်ရော နေကောင်းတယ်မလား။ကိုမျိုးသန်းထွဋ်ဆိုတာ ကိုမိုးသီးရဲ ့နာမည်ရင်းပါ။

  • pwint pwint

    September 9, 2011 at 7:40 pm

    ချဉ်ပေါင်ဟင်းက.. ဗမာ့အော်ရီဂျင်နယ်မဟုတ်ဖူး 11:07 PM
    ငွေလဲနှုန်း ပြုပြင်ရေးအပေါ် ကိုမိုးသီးဇွန် ရဲ့ အမြင် 05:10 AM
    ——————————————————————
    05:57 hours
    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

  • pwint pwint

    September 9, 2011 at 7:44 pm

    ပြည်တွင်းမှာတောင် သတင်းလွတ်လပ်ခွင့်တွေ အထိုက်အလျှောက်ပေးနေပြီလေ။ အင်ကြင်းပင်ပေါ်က ခါချဉ်တွေ သူကြီးကို မကိုက်ပါဘူး။

  • nature

    September 9, 2011 at 7:47 pm

    စည်းကမ်းကိုသေချာစွာဖတ်ကြည့်ပါ။ မန်ဘာ တဦးသည်တရက်လျှင် ပို့စ် ၂ခုထက်ပိုမတင်ရလို့ ပါပါတယ်။ Admin တဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရလို့ရေးမထားပါ။ 🙂 🙂

    • pwint pwint

      September 9, 2011 at 10:03 pm

      Do what I said, but don’t what I did.

  • zawmaung

    September 9, 2011 at 8:10 pm

    Is Ko Moe The Zon is economic ? May I know ? Thanks.

  • xman

    September 9, 2011 at 10:50 pm

    “ဥပဒေစိုးမိုးတဲ့ စီးပွားရေးပတ်ဝန်းကျင် ”

    အဲဒါလေး ကြိုက်တယ်။

    အဲဒါက အရင်စရမှာ ။

    မဟုတ်ရင် သမင်မွေးရင်း ကျားစားရင်းဖြစ်နေဦးမှာ ……

  • nature

    September 10, 2011 at 12:44 am

    …မကောင်းတဲ့ အစိုးရဖြစ်တဲ့အတွက် မကောင်းတဲ့အကျိုးပေးတွေ ရနေတယ်။ မကောင်းတာကတော့ ကုန်ဈေးနှုန်း တွေ ထပ်တက်လာမယ်။ ကုန်ဈေးနှုန်းတက်လာရင် ငွေကြေးဖေါင်းပွမှု ဖြစ်လာမယ်။…
    ငွေတွေကကျစ်လွန်းလို့တောင်ခက်နေသေးတယ်။ ဒါကလည်း ထန်းသီးကြွေခိုက် ကျီးပျံခိုက်ဖြစ်လိမ့်မယ်ထင်တယ်။
    …မြန်မာပြည်ရဲ့ ထုတ်လုပ်မှုက သဘဝဓါတ်ငွေ့က ရတဲ့ငွေ၊ မြစ်တွေကိုရောင်းစားတဲ့ငွေ၊ သစ်တောကိုရောင်းစားတဲ့ငွေ ဒါပဲ ရှိတယ်။ ဒီ သဘာဝအရင်းအမြစ်တွေက အကန့်အသတ်တွေရှိနေတယ်။ တသက်လုံးစားမကုန်ဘူးလို့ ယူဆလို့ မရပါ။ …
    ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက မြန်မာလူမျိုးတွေဇာတိမာန်တက်ကြွအောင် ရိုက်သွင်းပေးခဲ့တဲ့ စိတ်ဓါက်စစ်ဆင်ရေး စကားလုံးတွေလို့ထင်ပါတယ်။ ကျနော့်အမြင်ကတော့ ရောင်းစားလို့ချမ်းသာနိုင်မှပဲ သယံဇာတတွေပေါတယ်လို့ဆိုချင်ပါတယ်။
    ငွေဈေးထိမ်းချုပ်မှုဆိုတာကတော့ခက်ခဲမယ်ထင်ပါတယ်။ ငွေကြေးဈေးကွက်သဘောတရားအမြင်တွေကို ပြည်သူတွေဆီဖြန့်ဖြူးပေး ခြင်းဖြင့် ပြည်သူကို ပညာပေးခြင်း သတင်းပေးခြင်းတွေ ကြိုတင်ခန့်မှန်းမှုတွေကိုတော့ လုပ်ပေးသင့်ပါတယ်။ စီးပွားရေးကို အာဏာနဲ့ ကိုယ်လိုသလို ထိမ်းချုပ်နိုင်ဖို့ ခက်မယ်ထင်ပါတယ်။ ဖြစ်ချင်နေတာတွေကို အတင်းတားလို့ခက်မယ်ထင်ပါတယ်။ ဦးနေဝင်းလက်ထက် ကတည်းက ငွေဈေးတွေ တက်ရင် အကြီးအကျယ်ဖမ်းခဲ့သော်လည်း ငွေဈေးတွေဟာ ဆက်တက်ခဲ့ပါတယ်။ ကိုယ့်ထက် စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံသည်ပင်တချိန်က ငွေဈေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံခဲ့ရဘူးပါတယ်။ အခုကတော့ငွေကျစ်မှုဒဏ်ကိုခံနေ့တာပါ။
    …..ဦးနေဝင်း လက်ထက် ၃၃ ဦး အကြံပေး ကော်မတီတောင် ဖွဲ့လိုက်သေးတယ်။ အကြံပေးချက်တွေအတိုင်း ဟိုးတုန်းကလည်း မလုပ်နိုင်ဘူး။ ခုလည်း မလုပ်နိုင်ပါဘူး။….
    မဖြစ်လာဘူးဆိုကတည်းက မလုပ်လိုပါ။ မလုပ်ဘူးဆိုတာကလည်း မှန်ကန်တဲ့နည်းလမ်းကောင်းတွေကိုမသိခြင်း အဖြစ်မှန်နဲ့လိုအပ်ချက်တွေ အားနည်းချက်တွေကို မှန်ကန်စွာရှဖွေနိုင်မှုမရှိခြင်း ၊ ကိုယ်ကမှန်သောလမ်းကိုသိ၍ လုပ်ချင်သော်လည်း လူကြီးကသဘောမတူလျှင် လုပ်၍မရခြင်း ၊ မှာယွင်းသောနည်းလမ်းများနှင့်လုပ်ဆောင်နေခြင်းကြောင့်သာ မအောင်မြင်ခြင်းဖြစ်သည်ဟုမြင်ပါသည်။ မှန်ကန်သောနည်းလမ်းများဖြင့် လုပ်ဆောင်ခွင့်ရလျှင် အကောင်အထည်ဖော်ဆောင်ရွက်မည့်သူများ ကိုယ်ကျိုးမဖက်ပဲ စိတ်ကောင်စေတနာ အပြည့်အဖြင့်ဆောင်ရွက်လျှင် ၁ဝနှစ်အတွင်း အတိုင်းအတာတခုအထိ သိသာစာွ တိုးတက်မည်ဟု ယုံကြည်ပါသည်။ အုတ်နံရံစီသောသူသည် သူ၏ အလုပ်ပြီးမြောက်သည်နှင့် တဖြေးဖြေးမြင့်တက်လာမည်ဖြစ်ပါသည်။ မြေကြီးတူးသောသူသည် သူ၏ အလုပ်ပြီးမြောက်သည်နှင့်အမျှ တဖြေးဖြေး နိမ့်ဆင်းသွားပါမည်။ ဦးနေဝင်းလက်ထက်က လုပ်ဆောင်ချက်များသည် မြေကြီးတူးသော လုပ်ဆောင်ချက်များဖြစ်သဖြင့် တဖြေးဖြေးနိမ့်ဆင်းသွားသည်ဟုထင်ပါသည်။
    နိုင်ငံတော်အစိုးရသည် လိုအပ်သောပြုပြင်ပြောင်းလွဲမှုများကိုလုပ်မည်ဆိုသောအချက်ကို – တိုင်းရင်းသားအဖွဲ့အစည်းများကို တခါမျှမကမ်းလှမ်းဖူးသော ငြိမ်းချမ်းရေးကို မထင်မှတ်ပဲရုတ်တရက် ကမ်းလှမ်းသဖြင့် အံ့ဩဝမ်းသာ ဖြစ်မိပါသည်။ ငြိမ်းချမ်းရေး စတင်ကမ်းလှမ်းရုံဖြင့် မည်သည့်သဘောတူညီချက်မှ မရရှိသေးပဲ စစ်တပ်ရုပ်သိမ်းပေးရန် စောနေပါသေးသည်။ ပထမအဆင့် အပစ်အခတ်ရပ်စဲပြီးသူ့စည်းကိုယ့်စည်း လေးစားစွာနေကြခြင်းဖြင့် နယ်စပ်တိုင်းရင်းသားများ၏ စစ်ပြေးဒုက္ခများလည်းကင်းဝေးစေနိုင်ပါသည်။ပထမအဆင့် တဦးနှင့်တဦး ယုံကြည်မှုများရစေရန် သံသယကင်းစေရန်စတင်ဆောင်ရွက်ရမည်ထင်ပါသည်။ တဦးနှင့်တဦး အပေါ်ယံ အယုံသွင်းခြင်းမဟုတ်ပဲ စစ်မှန်သော စေတနာဖြင့်ဆောင်ရွက်ကြရန်လိုမည်ထင်ပါသည်။ သဘောထားပျော့ပြောင်းပြီး တဦးနှင့်တဦး အလျှော့ပေးညှိနှိုင်းမှုများပြုလုပ်ရာတွင် နယ်စပ်တိုင်းရင်းသားများ၏ ဆင်းရဲဒုက္ခများကို ထည့်သွင်းစဉ်းစားစေချင်ပါသည်။ ပြည်သူများကလည်း မိမိတို့၏ အကြံကောင်းဉာဏ်ကောင်းများကို ပေးကြစေလိုပါသည်။

  • maungmoenyo

    September 10, 2011 at 8:35 am

    ကိုမိုးသီးပြောတဲ့ ိုင်ငံတနိုင်ငံရဲ့ စီးပွားဖြစ်ထွန်းမှု ဟာအဲ့ဒီထုတ်ကုန်ပေါ်မှာအဓိကတည်တယ်ဆိုတဲ့ အချက်ကိုသဘောကျလိုက်တာဗျာ။
    (၁) နိုင်ငံကနေ ကုန်ပစ္စည်းထုတ်လုပ်နိုင်ရမယ်။
    (၂) တည်ငြိမ်တဲ့ ငွေကြေးစနစ်ဖွဲ့စည်းမှုရှိရမယ်။
    (၃) သဘောထားမှန်တဲ့အစိုးရဖြစ်ရမယ်။ နေ့တမျိုးညတမျိုးမဖြစ်ရဘူး။
    (၄) လူတိုင်းရဲ့အထက်မှာ ဥပဒေအမြဲရှိရမယ်။
    နိုင်ငံတနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုကို အဓိကတိုင်းတာတဲ့ပေတဲဖြစ်တဲ့ GDP ဟာမြန်မာနိုင်ငံနဲ့ မဆိုင်တာကြာပါပကော။ ခုရှိနေတဲ့စီးပွားရေး ဆိုတာက ကုန်ကြမ်းပေးကုန်ချောယူ trading၊ CMP စနစ်တွေ၊ နယ်စပ်ကုန်သွယ်ရေးတွေ၊ ငွေကြေးပေါ်မှာပြန်ပြီး ငွေလဲမှု တရားမဝင်စနစ်ဆိုးနဲ့၊ ဝန်ကြီးမင်းများပါးစပ်ကထွက်သမျှ အမိန့်နဲ့ ဥပဒေဖြစ်နေသမျှ သတင်းစာထဲ့၊ တီဗွီထဲ၊ ဂျာနယ်ထဲပါတယ်တွေ က အဟောသိကံ ကျယုံမက၊ လူထုနဲ့ နိုင်ငံတကာကပါ အယုံအကြည်ကင်းမဲ့စေပါတယ်။
    မြန်မာနိုင်ငံက “အမျိုးသားစီမံကိန်းနှင့်စီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ရဲ့ “ဗဟိုစာရင်းအင်းအဖွဲ့” မှာ (၃)လပါတ်၊ နှစ်ပါတ်လည်စသည်ဖြင့်၊ “ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး နှင့်ပါတ်သက်၍ ပြည်သူသို့အစီရင်ခံစာ” ဆိုတာစာပေဗိမ္မာန်ကနေထုတ်ဝေပါတယ်။ အဲ့ဒီကိန်းဂဏန်းတွေကို တခြားသူမပြောနဲ့ အစိုးရဌာနအချင်းချင်းကတောင် အသုံးမပြုနိုင်လောက်အောင် အမှန်တရားနဲ့ ကင်းကွာနေပါတယ်။
    ဗို်လ်နေဝင်းလက်ထက်က (၃၃)ဦးကော်မတီ မှာ မောင်မိုးညိုရဲ့ အဖေကပါဝင်ပြီး ဆွေးနွေးခဲ့တဲ့အတွေ့အကြုံ ပြောပြချက်အရ နိုင်ငံရေးတကိုယ်ကောင်းဆန်မှုတွေကြောင့်၊ အဖြေဘာတခုမှမရတဲ့ အပြင် ပါဝင်ဆွေးနွေးကြသူ ဂိုဏ်ကွဲတွေ အားလုံးက သေတဲ့အထိ တယောက်နဲ့တယောက်မတွေ့ချင်၊ စကားမပြောချင်လောက်အောင်ဖြစ်ခဲ့ရကြောင်း သိနားလည်ရခဲ့ပါတယ်။ ဗိုလ်နေဝင်းနဲ့ contemporary ဖြစ်ခဲ့ကြသူတွေချင်းမို့ တယောက်နဲ့ တယောက် ငယ်ကျိုးငယ်နာတွေဖေါ်ပြီး၊ ညင်းလိုင်ခုံလိုက် ရန်ဖြစ်လိုက်ကြတာတွေက …ဒီကနေ့ လူထု သန်း (၆၀) ကို ချောက်ထဲတွန်းပို့ခံရတဲ့ထိအောင်ပါဘဲ….

  • ကြောင်ကြီး

    September 10, 2011 at 9:18 am

    မက်ကရိုစီးပွားရေးပိုင်းကို အမြဲလေ့လာနေတဲ့ သုတေသီ၊ ပညာရှင်တွေပဲ နိုင်နိုင်နင်းနင်း ပြောဆိုနိုင်တယ်။ အဲဒါတောင် အများစုက လုံးကောက်သီအိုရီထက် မပိုဘူး။ မပိုဆို အချက်အလက် အထောက်အထား မပြည့်စုံဘဲ ထဲထဲဝင်ဝင် ကောက်ချက်ချလို့ မဖြစ်ဘူးလေ၊ နောက်ကွယ်မှာ မသိ မမြင် မလုပ်နိုင်တဲ့ အခြေအနေတွေ တပုံကြီး။ ကိုမိုးသီးရဲ့ စကားပြောစတိုင်၊ စာရေးသားဟန် ပြတ်သားမှုရှိလို့ နှစ်ခြိုက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပဲ၊ ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ အထစ်အငေါ့မရှိ ပြောသွားဖြေသွားလေ့ရှိတယ်။ မိမိကိုယ် မိမိယုံကြည်မှု ရှိတဲ့သဘောလို မြင်နိုင်တယ်။ များသောအားဖြင့် အင်တာဗျူး၊ စကားပြောရင် အင်း..အဲ.. ဟိုဒင်း စသဖြင့် နားပြီးအချိန်ယူ ပြောရလေ့ရှိတယ်။ အဲလိုပြောလို တော်တယ် ညံ့တယ် ဆိုလိုခြင်း မဟုတ်ဘဲ ကျနော်နှစ်သက်တဲ့ ကိုယ်ရည်ကိုယ်သွေးတခုကို ထုတ်နှုတ်ပြခြင်းပါ။ macro တိုင်းပြည်စီးပွားရေးတောင် ဒီလောက် နက်ရှိုင်းရင် ဒေသဆိုင်ရာ regional၊ ကမာ္ဘလုံးဆိုင်ရာ global စီးပွားရေး ကိစ္စတွေဆို ဘယ်လောက်တောင် အသိပညာ အတွေ့အကြုံ ကျွမ်းကျင်မှု လိုအပ်မလဲ တွေးကြည့်နိုင်ပါတယ်။ ဒါတွေကို သတိမမူမိရင် အေပေးတွေ အော်ကျယ်အော်ကျယ်နဲ့ ဆီမီနာ၊ ကွန်းဖရင့်တွေလုပ်ပြီး နိုင်ငံတကာမှာ ခြေရှုပ်နေတယ်နဲ့ မြင်သွားတတ်လို့ပါ။ (အပြိုင်အဆိုင်များ ကြားကနေ တကယ်တော်လို့ စင်ပေါ်ရောက်လာသူများကိုသာ ဆိုလိုပါတယ်။ နီးစပ်လို့၊ ရွေးစရာ မရှိလို့၊ ဘဘကြီးရွှေဘောတော်ကျ ပြောတတ်လို့ နေရာရသူများနဲ့ လားလားမျှမဆိုင်ပါ)

    မှတ်ချက်။ ကျွန်ုပ်ကြောင်ကြီးသည် အနန္တစတြာဝဠာ စီးပွားရေးကဏ္ဍကိုပဲ စိတ်ဝင်စားတယ်။ ပြောရရင် ကမာ္ဘဆိုတာ စတြာဝဠာတခုလုံးနဲ့ နှိုင်းစာရင် မဟာပထဝီမြေထုကြီးထဲက ဖုံမှုန့်တမှုန့်မျှသာ ဖြစ်တယ် မဟုတ်ပါလား ခင်ဗျာ။။။ Think Big, Act Well, Die Late, Go Nirvana !!!

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 10, 2011 at 10:07 am

    အလို!!!!!!!!!!!!!!!!!!!!!
    အထက်လေတွေကြမ်းနေပါလား
    အောက်လေတိုက်မှ ဥတုမျှတမဲ့သဘောရှိလေတော့
    အောက်လေတိုက်ဦးမှ
    ဗျို့လူကြီး
    မင်းတို့
    ပဲခူးရေကြီးပြီးရေပြန်ကျတော့ ပေါလောပေါလောမျောနေတဲ့ ချီးတုံးတွေ အီးတုံးတွေ လမ်းတွေပေါ်မှာ
    တင်ပြီးကျန်နေခဲ့ပါသတဲ့
    ခင်ဗျားတို့လုပ်ရမှာက အကြံဖန်လုပ်ပြီးတက်လာတဲ့
    ထိပ်ပြောင်ကို ထောက်ခံပြီး ဟိုလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ်ပြောတဲ့အလုပ်ဘဲ
    ကျုပ်တို့ကတော့ ဘာမှမသိဘူး
    ဒေါ်လာဈေးတက်တာ ကျုပ်တို့စောက်ပူဘာမှမရှိဘူး
    ကျုပ်တို့သိတာ တရုပ်ပစ္စည်းဈေးပေါတယ် ချောင်တယ် ဒါဘဲသိတယ်
    လောလောဆယ် ရေမြုပ်တဲ့ စပါးပင်တွေပြန်ဖာရမယ်
    လမ်းပေါ်က ချီးပုံတွေ ရှင်းရမယ် ဒါဘဲ

Leave a Reply