ဆရာတင်မိုးရေးတဲ့ကဗျာလေး
ဆရာဦးကျော်ရင်က “သေလျှင်မြေကြီး၊ရှင်လျှင်မြေကြီး”လို ့ပြောခဲ့တဖွဖွပေါ့။ခုတော့ ဆရာကသူချစ်တဲ့ မိသားစုရယ် တိုင်းပြည်ရယ်ကိုထားခဲ့ပြီး သူ သိပ်ချစ်ပါတဲ့ မြေကြီးကိုဖက်တွယ်လျှက်ပေါ့။ဆရာကောင်းရာဘုံဘဝရောက်ပါစေပေါ့။
တချိန်က မ.ဆ.လ အစိုးရကိုဝေဖန်ခဲ့တဲ့ ဆရာတင်မိုးက”ဆေးလိပ်လဲတို၊နေလဲညိုပြီ၊ငါကိုပြန်ပို ့ကြပါလေ။”ပေါ့။
ခုတော့ ဆရာတင်မိုးက အနုပညာကိုချစ်တဲ့ ဆရာဦးကျော်ရင်အတွက် ကဗျာတစ်ပုဒ်ရေးပေးခဲ့ပါတယ်။ရွာသားတွေအားလုံးအတွက်ဝေမျှပေးလိုက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူရှိစဉ်က
သူခင်မင်ရာ၊သူ ့စာစကား
အသစ်ပွားအောင်၊သင်ကြားပို ့ချ
နှုတ်ချိုမြနှင့်
လုံ ့လအားထုတ်ခဲ့ဘူးသည်။
သူရှိစဉ်က
သစ်လွင်သောစာ၊ဝေဆာသောပြည်
ဖြစ်စိမ့်မည်ဟု၊အကြံစည်ကောင်း
ကလောင်တချောင်းနှင့်
ရေလောင်းပေါင်းသင်ခဲ့ဘူးသည်။
သူရှိစဉ်က
ပြည်တွင်းရေးတော်၊ပေါ်ခိုက်ခဏ
ကျမ်းစာချလျှက်
ဒုက္ခမရှု၊ဘေးမမှုဘဲ
လူထုတပ်သား၊လူထုကြားတွင်
ဓါးကိုရရ၊လှံကိုရရ
သေနတ်ရရ
ရသည့်လက်နက်၊ကိုင်စွဲလျက်လျှင်
ဖက်စစ်တော်လှန်ခဲ့ဘူးသည်။
သူမရှိလည်း
သူဧ။် ကိုယ်စား၊သူ ့ဂုဏ်များလျှင်
ထင်ရှားကျန်ရစ်ခဲ့သတည်း။
တင်မိုး
8 comments
မီးမီး သော်
September 10, 2011 at 1:39 pm
Dear Kai,please help me in attaching in category if you can.So sorry for my absence.Thanks a lot .
alinsett
September 10, 2011 at 7:36 pm
သိပ်ကောင်းတဲ ့ကဗျာလေးကို ရှာဖွေ ဖော်ပြပေးလို့ မီးမီသော် ကို ကျေးဇူး အထူးတင်ပါတယ်ဗျာ့။
နောက်လည်း ဒီလို ဆရာကြီးတွေရဲ ့ကဗျာလေးတွေ ဝေမျှပေးပါဦး။
thit min
September 10, 2011 at 7:47 pm
http://moemaka.net/displayimage.php?album=13&pid=2472#top_display_media
ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်း
မောင်စွမ်းရည် စုုဆောင်းထားတာကိုု မိုုးမခက အီးဘုုတ်အဖြစ် ထုုတ်ဝေပါတယ်။ မေတ္တာလက်ဆောင်ပါ။
thit min
September 10, 2011 at 8:13 pm
လမိုက်ည(ဆရာတင်မိုး)
အပြစ်ရှိတဲ့လူသား
ဘုရားမျက်နှာမဖူးရဲသလို
အက်ကွဲနေတဲ့ခေါင်းလောင်းကိုလဲ
သက်ငယ်ချောင်းနဲ့မထိုးချင်ပါ။
သံသယတွေဗလုံးဗထွေး
အညစ်အကြေးတွေဗရပွနဲ့
သီလမစင်ဘဲတရားထိုင်နေရင်
ကန္တါရမြိုင်ထဲမှာဝဲလည်နေဦးမှာ။
ကြည်စင်နေတဲ့ဖိုးလမင်းကို
အစွန်းအထင်းတိမ်ညိုကွက်တွေက
အရှက်ရအောင်မတတ်နိုင်ပါ။
ရင်ထဲကလမင်း
ထာဝစဉ်လင်းနိုင်ဘို့
သန့်ရှင်းအောင်ပွတ်တိုက်ပေမဲ့
လမိုက်ညကိုမကြုံပဲမနေပါ။
သင့်မြတ်စွာနှလုံးသွင်း
အမုန်းကင်းကင်းနဲ့ဆင်ခြင်စရာ။
(တင်မိုး)
…………………………………..
ဆရာတင်မိုးကဗျာများမှနှစ်သက်ရာတပုဒ်ပါ
မီးမီး သော်
September 10, 2011 at 10:58 pm
“”ရင်ထဲကလမင်း
ထာဝစဉ်လင်းနိုင်ဘို့
သန့်ရှင်းအောင်ပွတ်တိုက်ပေမဲ့
လမိုက်ညကိုမကြုံပဲမနေပါ။
သင့်မြတ်စွာနှလုံးသွင်း
အမုန်းကင်းကင်းနဲ့ဆင်ခြင်စရာ။””
ဒီနေရာလေးက အာဂတတရားတွေပြေလျော့ဖို ့ရာ တိုက်တွန်းနေသလိုပါဘဲနော်။ကျေးဇူးတင်ပါတယ် ကိုသစ်မင်းရေ။
ရွှေအိမ်စည်
September 10, 2011 at 11:47 pm
ဖတ်ခွင့်ရလို ့ကျေးဇူးပါ….
မီးကိုလည်းလက်ဆောင်ပေးခဲ ့မယ်.
ကော်ပီကူးသွားပါတယ်
ချစ်သူ့အတွေး
လမင်းက အရှင်
ကြယ်စင်က ကိုယ် ဆိုပါတော့…..။ ။
မြေကမ္ဘာ ပတ်ချာဝိုက်လို့၊
… လိုက်ပါ့မယ်နော့…..။ ။
နှင်းဆီက ကလျာ
ဆူးညှာက ကိုယ် ဆိုပါတော့….။ ။
ရွှေလိပ်ပြာ တောင်ပံကားကို
တားပါ့မယ်နော့…..။ ။
ဗေဒါကသခင်၊
ရေပြင်က ကိုယ် ဆိုပါတော့….။ ။
သောင်မတင် လိုရာကြွရအောင်
ဆောင်ပါ့မယ်နော့…..။ ။
သို့ပေမင့်….
ကြွေပွင့်က ချစ်နှမ၊
အပင်က ကိုယ် သာလျင်၊
ဖြစ်ချင်ဘူးကိုယ်တွေး….။ ။
ကြွေပွင့်ငယ် ချာချာဝဲ၊
လေထဲမှာ ပျံပျံကာ၊
သင်လွင့်ရာ ကိုယ်မှာမကြွနိုင်ဘု၊
အထီးကျန် မျက်ရည်စငယ်နဲ့၊
လွမ်းရမယ်လေး…..။ ။
တင်မိုး
မီးမီး သော်
September 11, 2011 at 12:04 am
ထိပ်ထားလေးရေ ကျေးဇူးပါနော်။နောက်လဲ လက်ဆောင်တွေမျှော်လင့်ပါတယ်။ခုလိုရွာ ထဲက senior တွေကဝင်အားပေးဖတ်ရှုကြတော့ အတိုင်းထက်လွန်ကျေးဇူးပါရှင်။
မောင်လောင်လောင်
September 13, 2011 at 3:52 pm
ကျေးဇူးတင်လည်းတင်တယ်ပ ကောင်းပါတယ် အခုလို ကဗျားလေး ဘာလေးတင်ပေးတာကျေး တင်ပါတယ်
ကဗျာဆန်ဆန်လေးတွေ ဆို သားသားမိမိ အကြိုက်ပေါ့ ဗျာ။