တိတ်တခိုးအချစ်
ချစ်လိုက်တော့လည်း သည်းသည်းလှုပ်
နှုတ်ခမ်း က ကျိန်စာတွေလည်း ပြယ်ပျက်လို့၊
လမ်းဘေးက အပင်တွေတောင်
အဖူးတွေ အပွင့်တွေ နဲ့လှလို့ ပလို့၊
အပြာရောင်တွေတောင် အနီတွေအဖြစ်ကိုပြောင်း
မိုးရွာမယ်ဆိုတာ ကိုသိလျက်နဲ့
နှလုံးသား ကို နေထုတ်လှမ်းခဲ့တယ်။ ။
ဖြူလျော့လျော့ အိပ်မက်တွေ ထဲ က မြေနီလမ်းရယ်
ကန္တာရ လေနှီကြမ်းနဲ့ အတူ
ရွာနေတဲ့မိုး က မီးကိုတောင် ရှင်သန်စေခဲ့တယ်။ ။
အကြင်နာတွေ ရင်ခုံလက်စ နှလုံးသား
ပန်းတစ်ပွင့်ရဲ့ ဒဏ္ဏာရီ အဆုံးမှာ
ကိုယ့်အိပ်မက်နဲ့ ကိုယ် ပဲ
ဝါးလုံးခေါင်းထဲ လ သာတော့မယ်….။ ။
6 comments
ပေါက်ဖော်
September 12, 2011 at 8:16 pm
ရေချမ်း..
လေရမ်း..
အသေကြမ်း..
ရေလည်လန်း..အဟမ်း.ဟမ်း..( ရေးရင်းလေဖျန်းသွားတော့မလို ့..တော်သေး.. )
မောင်ရေချမ်း
September 12, 2011 at 8:31 pm
အဟဲ…ပေါက်ဖော် လည်း လျှောက်မအော်နဲ့ အမြှောက်ဆော် လို့ အပေါက်ချော်နေဦးမဟ… 😀
mgmglusoe
September 12, 2011 at 9:03 pm
ဟိုက်. !!! အပေါက်ချော် လည်း လျှောက်အော်ဆဲ ပါပဲ တဲ့….
မောင်ရေချမ်းကတော့ အသေလန်း ပါပဲ တဲ့…
manawphyulay
September 13, 2011 at 11:54 am
အင်း ဘဝကလည်း ဝါးလုံးခေါင်းထဲပဲ လသာရတော့မယ့် အဖြစ်တွေပါပဲမဟုတ်လား… 😛
မီးမီး သော်
September 13, 2011 at 12:26 pm
ဘယ်လို မိုးပါလိမ့် မောင်ရေချမ်းရေ မီးကိုရှင်သန်စေတယ် ဆိုတော့လေ။ပြောပြပါဦး
မောင်ရေချမ်း
September 13, 2011 at 4:15 pm
မျက်ရည် မိုး ဆိုသဗျ…..ပူလေ ရွာလေ ၊ ရွာလေ ပူလေ ဆိုသကိုး….