ဘယ်သူ ကအစဦးဆုံးဖြစ်တည်သလဲ?
ဤ ကမ္ဘာလောကကြီးတွင် လူ ့အဖြစ်သို ့ရောက်ရှိလာကြသူများသည် အစပထမတွင် ယောကျာ်းလဲမဟုတ်၊မိန်းမလဲ မဟုတ်ကြပေ။ထူးဆန်းသည့် လိင်မဲ့ သတ္တဝါများသာဖြစ်ကြသည်။
နောင်သောအခါ ကာလကြာမြင့်လာမှ ယခင်ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကမ္ဘာမှ ဗြဟ္မာမဖြစ်မှီ ဘဝဟောင်းက မိန်းမဖြစ်ခဲ့ဘူးသူအားက္ကုတ္တိယဘာဝရုပ်ပေါ်လာခဲ့ပြီး ယောကျာ်းဖြစ်ခဲ့ဘူးသူအား“ပုမ္ဘေါရုပ်”ဖြစ်ပေါ်လာခဲ့သည်။
လူ ့ဘဝကို ယောကျာ်းဘဝမှစတင် ဖြစ်ပေါ်ခြင်းလော၊မိန်းမဘဝမှစတင်ဖြစ်လာခြင်းလော ဆိုသည်ကိုကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးနှစ်ပါးတို ့၏အမေး အဖြေပြုကြသော ဗုဒ္ဓစာပေကျမ်းဂန်များတွင် တွေ ့ရသည်မှာ —
က္ကုတ္တိယတဲ့ ပုရိဿပေါ်စကမ္ဘာမှာ
ဘယ်သူမှာအစထူး ရှေးဦးဖြစ်လာ
လွှဲမသွေ ခွဲဝေစမ်းပါဗျာ့။
ရွှေကျမ်းတတ် မြတ်ဆရာရယ်
မှတ်ပါ လှချင်လွန်း
ဥဒါန်းငယ်ပြောင်
လူ ့တန်းမှာ တမူဆောင်လို ့
ဇမ္ဗူဘောင် မညှိုးအောင်
ထိုးလိမ့် မော်ကွန်း။
ဤကဲ့သို ့မန်လည်ဆရာတော်ဘုရားကမေးသည်ကို မင်းကွန်းဆရာတော်ဘုရားကြီးက ပြန်လည်ဖြေကြားသည်မှာ—
က္ကုတ္တိယတဲ့ ပုရိသ၊ပေါ်စကမ္ဘာမှာ
မိန်းမမှာ အစထူးရှေးဦးဖြစ်လာ
သွေမလွဲပါဘူး။
ဝေခွဲ ငယ့်ဆွေသဟာငယ်
မှတ်ပါစေချင်လွန်း
လူ ့တန်းမှာ တမူဆောင်လို ့
ဇမ္ဗူဘောင်နောင် မညှိုးအောင်
ထိုးတော့ မော်ကွန်း။
အထက်ပါ ဆရာတော်ဘုရားကြီးနှစ်ပါး၏ အမေးအဖြေကို ကြည့်ခြင်းအားဖြင့်
လူ ့လောကကြီးတွင် လူအဖြစ်ကို မိန်းမမှစတင်ဖြစ်ပေါ်လာကြောင်း သိနိုင်သည်။
မိန်းမအမျိုးအစားနဲ ့ပတ်သက်၍ လောကီကျမ်းများအလိုအရ၊အယုတ်၊အလတ်၊အမြတ် ဟူ၍ခွဲခြားသတ်မှတ်ထားရာတွင်ခန္ဓာကိုယ် တည်ဆောက်မှု၊ရုပ်ရည်ချောမောမှု၊စိတ်နေစိတ်ထား လိုက်၍ ကွဲပြားခြားနားလျှက်ရှိကြောင်းကို ကျမ်းပြု ဆရာများက ရေးသားခဲ့ကြသည်ကို တွေ ့နိုင်ပါသည်။
အခြေခံ မိန်းမအမျိုးအစား(၄)မျိုး
(၁)ဥက္ကဠ———–အမြတ်စားမိန်းမ
(၂)ပဏ်ဋိတ———အကောင်းစားမိန်းမ
(၃)မဇျ္စိမ————-အလတ်စားမိန်းမ
(၄)ဟိန ————-အညံ့စားမိန်းမ ဟူ၍ရှိလေသည်။
ဒီပို ့စ်လေးနဲ ့တူ ကျွန်မ မေမေအပါအဝင်၊မြန်မာ အမျိုးသမီးများတွက်သာမက ကမ္ဘာသူအားလုံးရဲ့ စံပြဖြစ်တဲ့ အမေစုကို ဂါရဝ ပြု ကန်တော့လိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
11 comments
mr.lone
September 15, 2011 at 1:11 pm
အခြေခံ မိန်းမအမျိုးအစား(၄)မျိုး
(၁)ဥက္ကဠ———–အမြတ်စားမိန်းမ
(၂)ပဏ်ဋိတ———အကောင်းစားမိန်းမ
(၃)မဇျ္စိမ————-အလတ်စားမိန်းမ
(၄)ဟိန ————-အညံ့စားမိန်းမ
သူတို့ ရဲ့ အနက်ကလေးတွေပါ ထပ်တင်ပေးပါလား….
မီးမီး သော်
September 15, 2011 at 2:21 pm
ဟုတ်ကဲ့ပါ ဖော်ပြပေးသွားပါမယ်။နောက်ပို ့စ်တွေမှာပေ့ါ။ဒီနေ ့က ဆရာသန်းထွန်းရေးထားတဲ့ THE HUNDREDS စာအုပ်ကိုဖတ်ရင်းနဲ ့ပျင်းလာတာနဲ ့ ဖတ်ဖြစ်တဲ့ စာအုပ်ထဲက တွေ ့မိတာလေးဝေမျှလိုက်တာပါ။
kai
September 15, 2011 at 2:33 pm
ဟိန္ဒူတွေကတော့.. လိင်မဲ့ဆိုပြီး.. ပြောထား. ရေးထားခဲ့တယ်..။
ခရစ်ယန်တွေကတော့.. အာဒမ်..နောက်မှ.. ဧဝတဲ့..။
အစ္စလမ်က..ခရစ်ယန်နဲ့တူတူပဲ.. နာမယ်တပ်တာပဲလွဲတာမို့.. ယောက်ျားက စတယ်ပေါ့..။
မြန်မာတွေရဲ့ ဆရာ့ဆရာတော်ကြီးတွေက.. မိန်းမကစတယ်လို့ ဖြေထားခဲ့တာ.. အခုမှသိမိတယ်..။
အံ့ဖွယ်သုတ…။ 🙂
“ဘီလူးကြီး”ogre
September 15, 2011 at 3:42 pm
အော်ဂလိုလား
မိနှင့်ဖ မိဘ လိုဆိုတော့ အမေကအရင် ရေးရတယ်
ဖြစ်နိုင်ပါတယ် မိန်းမက အရင် စတင်ဖြစ်တယ်ဆိုတာဖြစ်နိုင်တယ်နော်..။။
manawphyulay
September 15, 2011 at 4:13 pm
မိန်းမက စဖြစ်တယ်ဆိုတော့ ဂုဏ်ယူစရာပါပဲလေ… 🙂
mgmglusoe
September 15, 2011 at 6:42 pm
ဟုတ်ပါတယ် ဂုဏ်ယူစရာပါ…. မိန်းမတွေက စပီး ဖြစ်တည်တာပဲမဟုတ်လားဗျာ… 🙄
မီးမီး သော်
September 15, 2011 at 6:06 pm
အခြေခံအမျိုးအစား(၄)မျိုးရဲ ့အနက်အကျယ်ဖွင့်ပြီး ပို ့စ်တင်ပေးပေါ့မယ်။
mr.lone
September 16, 2011 at 9:02 am
ရှဲရှဲ… မီးမီးသော်…. ဖတ်ချင်နေပြီ မြန်မြန်တင်ပေးပါ….
pan pan
September 16, 2011 at 10:32 am
မမီးမီးသော်ရေ..မိန်းမအမျိုးအစား(၄)မျိုး အကျယ်တင်ပေးပါနော်
ကျွန်မသိထားတာနဲ့ တူနေမလားလို့ (အမျိုးအစားနာမည်တော့မတူဘူး၊ အကျယ်အဓိပ္ပါယ်မှာ တူနေမလားသိချင်လို့ပါ)
ဖတ်ဖူးတဲ့ာအုပ်မှာ ယောက်ျားအမျိုးလည်း (၄)မျိုးရှိတယ်တဲ့
ကြောင်ကြီး
September 16, 2011 at 11:05 am
မောင်ရှုံးလူရဲ့ ရှေ့ပိုင်းပို့စ်ထဲက လေကြက်ဥ ဆိုတာလေးကို သွားသတိရမိတယ်..။ ကြက်ဖနဲ့ ကြက်မ ဘယ်သင်းက ပိုအရေးကြီးလည်းဆိုတာ….
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 16, 2011 at 11:45 am
ဟိုက် ကျုပ်တသက်နဲ့တကိုယ်ခုမှကြားဖူးတော့တယ်။ကြံဖန်ကွာ။မယုံတယုံဘဲဗျို့။