အမှောင်နယ်မြေထဲက အပေါက်ကြီး
သံတွဲမြို့ကတင်တဲ့ပိုစ့်တွေကလဲ တော်တော်များနေပြီ ။ ဒါပေမယ့် အများကြီးပဲကျန်သေးတယ် ။ ခုတင်မှာကတော့ ဒွါရာဝတီမြို့ဦးတံတားပေါ်မှာဖြစ်နေတာလေးတွေကို ပြောပြချင်တာပါ ။ သံတွဲမြို့မှာ မီး (၂၄ ) နာရီရပါတယ် ။ လမ်းမီးတွေကတော့ ညနေ (၆)နာရီကနေ မိုးလင်းတဲ့ထိရတယ် ။ တစ်မြို့လုံးလမ်းတွေမှာမီးတွေနဲ့ ။ ဒါပေမယ့် မြို့ရဲ့အချက်အခြာကျတဲ့ တံတားကြီးအလယ်မှာတော့ မီးလုံးဝမလင်းပါဘူး ။ မှောင်မည်းနေတာပဲ ။ ကားတွေ ၊ ဆိုင်ကယ်တွေ တံတားအလယ်ရောက်ရင် မီးကြီး (full light) ထွန်းမောင်းရတယ် ။ ဒီတော့ ဆိုက်ကားတွေ ၊ စက်ဘီးတွေ ၊ လမ်းလျှောက်သွားတဲ့သူတွေအတွက် အလွန်အန္တရာယ်များပါတယ် ။ ကားတွေ ဆိုင်ကယ်တွေဆိုရင်လဲ တံတားကြီးပေါ်ရောက်တာနဲ့စိတ်တထင့်ထင့်နဲ့ ။ စက်ဘီးနဲ့ငြိမလား ။ ဆိုက်ကားနဲု့ငြိမလား ဆိုပြီးတော့ပေါ့ ။ ပြီးတော့ရှိသေးတယ် တံတားအလယ်တည့်တည့် မှာ ၅ ပေပတ်လည်လောက်ရှိတဲ့အပေါက်ကြီးပေါက်နေတယ် ။ အဲဒီအပေါက်ကြီးရဲ့ တစ်ဖက်တစ်ချက်မှာက ၃ ပေလောက်မြင့်တဲ့ ကျောက်ပုံကြီးနှစ်ပုံ ပုံထားသေးတယ် ။လမ်းသွားလမ်းလာတွေအတွက်ကတော့ တစ်ကယ့် အန္တရာယ်ပဲ ။ စက်ဘီးတွေ ၊ ဆိုင်ကယ်တွေ အဲဒီနေရာမှာလဲတဲ့သတင်းကို မကြာခဏဆိုသလိုကြားနေရတယ် ။ အဲဒီနေရာက မီးလဲမလင်းတဲ့နေရာလေ ။ အရင်တစ်လောကတော့ မီးလင်းသေးတယ် ။ ခုတော့ ဘာလို့လဲတော့မသိဘူး တံတားအလယ်မှာကွက်ပြီး ဓါတ်မီးတိုင် ၄ တိုင်လောက်က မီးမလင်းဘူး ။ ဘာပဲဖြစ်ဖြစ်လေ အမှောင်နယ်မြေထဲမှာရှိတဲ့အပေါက်ကြီးကြောင့် အသက်အန္တရာယ်ထိခိုက်တဲ့ထိ မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းနေရတော့မှာပေါ့ ။
10 comments
redbull
September 19, 2011 at 9:32 pm
ဟုတ်တယ်ဗျ.. ဖိုးသီးချို မီးလင်းရေး အဖွဲ့က ဒီတံတားအတွက် အလင်းရောင် ပေးရင် ကောင်းမယ်၊
မြို့ ထဲ တစ်ချို့နေရာတွေမှာလဲ မဲမှောင်နေတာပဲဗျာ။
မီး ၂၄ နာရီ ရတဲ့အတွက် အများပြည်သူကိုယ်စား အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လည်းဗျာ
အချက်အချာ ကျ တဲ့ နေရာတွေမှာ လမ်းမီးထွန်းညှိမပေးတာတော့ ကျက်သရေတုန်းပါတယ်၊
မြို့လည်ခေါင် မှာရှိနေတဲ့ မြို့နယ်ခန်းမ နောက်လမ်း( ဂန္ဓမာလမ်း ) ရယ်၊ အနော်ရထာလမ်း
( ဂျာမေ့ ဗလီကြီး ရှေ့လမ်း ) ရယ်၊ ဒွါရာဝတီဈေးပါတ်လမ်းရယ် တွေမှာလမ်းမီးမရှိ တဲ့အတွက်
မဲမှောင်လျက်ရှိနေပါတယ်။ မြို့သားတွေမှာ တစ်ယူနစ်ကို ၄၈ဝကျပ် လဲပေးနေရတာကိုငဲ့ပါဗျာ၊
ဗျို့ ဖိုးသီးချို ကမ္ပဏီ ကြီးရေ လမ်းမီးထွန်းလင်းပေးပါတော့။
မီးမီး သော်
September 19, 2011 at 10:07 pm
ကိုရဲတေဇာပြောသလိုပါဘဲ။တံတားပေါ်မှာ မီးလင်းခဲ့ပါသေးတယ်။မီးမလင်းတော့ရတာက ဆိုးသွမ်းလူငယ်တစ်စုက လမ်းမီးတိုင်တွေကို ခဲနဲ ့ထု
ဖျက်ဆီးပြစ်ကြတော့ ကုပ္မဏီက ခုထိပြန်လည်တပ်ဆင်ခြင်းမပြု သေးတာပါ။အမြန်ဆုံး ပြန်တပ်ဆင်ပေးမယ်တော့ မျှော်လင့်မိပါတယ်။
pannu
September 19, 2011 at 10:30 pm
ဟိုးအရင် က မီတာစောင့်ရှောက်ခ ဆိုပီး ငွေ ၁၀၀ဝ ကျပ် ယူခဲ့တယ်
ခု နောက်ပိုင်းလဲ စောင့်ရှောက်ခ နောက်ထပ် ငွေ ၁၀၀ဝကျပ် ထပ်ဆောင်းပေးရတယ်
မီတာခလဲ တစ်ယူနစ် ၄၈ဝ ကျပ် ပေးသွင်းနေရတယ်
လမ်းမီး မပေးပဲ မြို့ကို အမှောင်ချထားတာတော့ တရားမျှတမှု မရှိတဲ့သဘောမျိုးပါရှင် ၊
တောင်းချင်သလောက်တောင်းတော့ ပေးကြရပါတယ်။ ညှာတာတဲ့ အနေနဲ့ လမ်းမီးလေးတော့
ပေးသနားပါရှင်ကြီးတို့ရယ် ၊ 😳
sai dra
September 19, 2011 at 11:32 pm
လုံး ဝ ထောက်ခံ ပါ ၏
ည မို ့ တံတားပေါ် ဆိုင်ကယ်နဲ ့ လာရင် သံတွဲ ကို ဂျွမ်းပြန်ပြီးတော့ ကို ဝင်ရတာပါ
သိနေ သူတွေက အကြောင်း မဟုတ်ပါဘူး
တနယ် ကလာတဲ့သူတွေ ဆိုရင် သတိ ထားရပါတယ်
ပြု ပြင်ပေးကြပါ
ဘာလိုလိုနဲ ့ ဘယ်နှနှစ် တောင် ရှိပြီလဲ မသိတော့ ဘူး
မပြင်တာ ကြာလို ့ မေ့တေ့တေ့ တောင် ရှိနေပြီ
killer
September 20, 2011 at 12:54 am
အဲဒီ တံတားမှာပဲ ဇတ်လမ်းဖြစ်ခဲ့ဘူးတယ်…၊ ကျုုပ်ကောင်မလေး ပေါ့ဗျာ..၊ ဆိုင်ကယ်စီးလာတာလေ
full light ကလဲ သိပ်မကောင်းတော့ မှုံဝါးဝါး နဲ့ အဲ့တုန်းက လဲ လမ်းအပေါက်ကိုသဲပုံနဲ့ကာထားတာမို့
သဲပုံ ကျောက်ပုံ ကို ဝင်တိုးမိပါလေရောဗျာ….၊ဘယ်ပြောကောင်းမလဲ ဂျွမ်းထိုးပီး သုံး လေး ပါတ် လိမ့်
သွားတော့တာပေါ့ဗျာ…၊ တံတားပေါ်မှာ မီးထွန်းမပေးတော့ မှောင်မဲနေတာလေ။ ဒီတော့ အန ္တရာယ်
ဖြစ်တာပေါ့…၊ အဲဒီ တံတားကို တွေးမိရင် စိတ်နာသဗျာ…။
mgmglusoe
September 20, 2011 at 1:19 am
ဟောဗျာ….. စေတနာရှင် အုပ်စု က ဒီနေရာမှာ လာပီးလွတ်လပ်စွာ ပေါက်ကွဲနေကြသကိုးဗျ…..
သန့်တယ်ဗျာ…. အရမ်းအားရတယ်…. အမှန်တရားကို ခုလို ရဲရဲဝံ့ဝံ့ ဖေါ်ထုတ်ရ ဲကြရမယ်….
ကိုယ့်မြို့ အကြောင်း သိလျက်နဲ့ မသိချင်ယောင်ဆောင်ပီး ဆရာကြီး လုပ်သူတွေ ကိုတော့
ဆန့်ကျင်ကြရမယ်… အနှစ်မပါ တဲ့ စကားတွေနဲ့ ဂျေက်ချ တွန်းပို့နေ သူတွေ ကြာလာရင်
သူ့အကြောင်းနဲ့သူ ဖြစ်သွားတော့မှာပါ…. အားတင်းထားကြပါရောင်းရင်းတို့။ 😀
မောင်တုတ် ကြီး
September 20, 2011 at 11:13 am
ပွင့်လင်း ခရီးသွားရာသီရောက်တော့မှာ မို ့တာဝန်ယူထားတဲ့ နေလသစ္စာကုမ္ပဏီက ပြုပြင်ပေးသွားမှာပါ။
အများပြည်သူမျှော်လင့်သလို ဖြစ်လာဖို ့ကြိုးစားနေကြပါတယ်။မနိုင်ဝန်ကိုထမ်းနေရတဲ့ လုပ်ငန်းရှင်တွေ
အပေါ်နားလည်ပေးကြပါလို ့ပြောပါရစေ။
အာရက္ခ မြေသား
September 20, 2011 at 1:05 pm
ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
taungpawthar
September 20, 2011 at 6:06 pm
သံတွဲမြို ့ကအပေါက်ကြီးနဲ ့ ရန်ကုန်မြို ့ကအပေါက်ကြီးတွေ ပြိုင်ရမလိုတောင်ဖြစ်နေပြီ
Toungoo Thar
November 1, 2011 at 9:10 pm
တောင်ငူမြို့မှာလည်း အပေါက်ကြီးရှိပါတယ်…
မီးလည်းပျက်ပါတယ်…
တနိုင်ငံလုံး တပြေးညီးဖြစ်အောင်ဖန်းတီးထားခြင်းသာ ဖြစ်တယ်လို့ပဲ အကောင်းမြင်လိုက်ပါတယ်ဗျာ…
အပေါက်ညီနောင်များ၊ မီးပျက်တာကို မီးမလာတာဟု ထင်နေသူများ။