အိမ်နားမှာ နေပါတယ်
Tuesday, September 20, 2011,
11:00 AM
စောစောစီးစီး.. လမ်းဘေးက ရေအိုစဉ်အောက် မှာ ခလေးတစ်ယောက် ထိုင်ငိုနေတာကို
ကွမ်းရောင်းတဲ့ လူက တွေ ့ပြီး..သူ ့ဆိုင်ဘေး ခေါ်ထားလေရဲ့.။
ခလေး..ပုံစံတွေ ့ရသည်မှာ..စကားတောင် ပီပီမပြောတတ်သေး..တော်တော်ငယ်ဦးမယ်ထင်ပါတယ်…
ပြီးတော့.မျက်ရည်ဝဲတဲ ဝဲတဲ၊.နှပ်ချေးတွဲလောင်းနှင့် ရေမချိုးပေးထားတဲ့ပုံစံလေး မြင်ရတာတော့ စိတ်မချမ်းသာစရာပဲ။
လမ်းသွားလမ်းလာတွေ၊ကွမ်းလာဝယ်ရင်း တွေ ့မိတဲ့လူတွေကလဲ အမျိုးမျိုးထင်ကြေးပေးပြီး..စပ်စုကြလေ၏
သား..ဘယ်သူနဲ ့လာတာလဲ
ဒေါ်ညွန် ့ဆိုလား..ဘာဆိုလား ခလေးက ပြန်ဖြေလေ၏..
သား… မေနဲ ့ ဖေ ကော..
ဝါး….အမေ့ဆီပြန်ပို ့ပေး..အိမ်ပြန်ပို ့ပေး…ဆိုပြီး ငါးမိနစ်လောက် ငိုနေလေရဲ့
သူငယ်ချင်းတွေနဲ ့လာတာလား….ဘသူတွေ ပါသေးလဲ..
အင်း.
အေးလေး..လာတုန်းက..ညီလေးတွေ ညီမလေးတွေ ကောပါသေးလား..ဘသူနဲ ့လာတာလဲ
အင်း..(ဘာမေး..မေး အင်းနေတာပဲ)
ဘယ်နားမှာနေတာလဲ..အိမ်က ဘယ်နားမှာလဲ.
အိမ်နားမှာ..ဆိုလား..အဲ့နားမှာဆိုလားပဲ..ပြန်ဖြေတယ်..
မင်းအိမ်ပြောတာလေ..ဘယ်နားမှာလဲ.
အိမ်နားမှာ..
ခလေးက ဘယ်လိုမေးမေး..အိမ်ပြန်ပို ့ပေး..အင်း..အိမ်နားမှာကလွဲပြီး..ကျန်တာမပြောတတ်
နှပ်ချေးတွဲလောင်း..နှင့် အမေအဖေ အကြောင်းမေးလျင်..ငိုပါလေရော
ခလေးကို အိမ်ပြန်ပို ့ပေးချင်တဲ့လူတွေကလဲ..ဘာလုပ်လို ့လုပ်ရမှန်း မသိ
ဒီလောက်ငယ်တဲ့ခလေး..ကိုယ့်ရပ်ကွက်ထဲမှာလဲ တစ်ခါမှ မမြင်ဖူးဘူး….မေးသမျှလဲ ပြန်မဖြေတတ်
လျှောက်ဆော့ရင်း မျက်စိလည်ရအောင်လဲ..လည်ပြီးဆော့တတ်တဲ့ အရွယ်မဟုတ် ဆိုတော့….စဉ်းစားရကြပ်နေကြတယ်
ခလေးစကား နားလည်လို ့လားမသိ…
လာစပ်စုတဲ့လူတွေ အချင်းချင်း ပြန်ပြောပြနေတာတော့..
သူ ့အမေနဲ ့ ဆိုလားပဲ အတူတူလာတယ်..
အမေက ထမင်သွားယူမယ်ဆိုလားပဲ ..သားဒီမှာခဏစောင့်နေဆိုပြီး ခလေးကို ထားသွားတယ်..ဟုပြောနေကြလေရဲ့
ကျနော်တော့..ခုထိ ပြန်လာမခေါ်တာ မတွေ ့သေးဘူး..
လောလောဆယ်တော့..ကွမ်းယာသည်ကြီးက သူ ့ဆိုင်မှာရောင်းတဲ့ မုန် ့လေးတွေ ကျွေး၊ရေတိုက် ထားပေးပါတယ်
လာကြည့်တဲ့လူတွေကလဲ..ခလေးမငိုအောင်..နီးစပ်ရာမုန် ့လေးတွေ ဝယ်ပေးထားပါတယ်..
ကားတစ်စီးကလဲ..ဈေးဝယ်ရင်း..ခလေးကို စပ်စုပြီး မုန် ့ဖိုးပေးသွားတာတွေ ့တယ်..
သားမေကြီးကိုသွားရှာပေးမယ်ဆိုုပြီး..ခလေးစိတ်ကျေနပ်အောင်ပြောသွားလေရဲ့..
ခလေးကတော့ ဝါးကုလားထိုင်လေးပေါ်တင်ထားပေးပြီး ခုံပေါ်မှာလဲ မုန် ့ထုပ် လေးတွေနဲ ့ထားပေးထားတယ်
ကျနော်လဲ..မိုးနဲနဲရွာလာလို ့.ခလေးကို ချီပြီး အရိပ်အောက် ရွှေ ့ပေးတော့ ခလေးရဲ့..ဖိနပ် နှစ်ဖက် ကျွတ်ကျန်ခဲ့ပါတယ်..
မောင်မင်းကြီးသားလေးက..သူ ့ပစ္စည်းတော့ သိတတ်သား..
တားဖိညပ်..တားဖိညပ်..ယူပေး ဆိုပဲ
ကျနော်လဲ ဟုတ်ကဲ့ပါဆိုပြီး ဖိနပ်ပြန်ကောက်ပြီး သွားစွတ်ထားပေးခဲ့ရတယ်..
ကျွေးတဲ့မုန် ့တွေလဲ အကုန်မစားပဲ တစ်ဝက် ချန်ထားဦးမယ်ဆိုလားပဲ..
ခုလောလောဆယ်တော့…သူ ့အမေဆိုလား..ဘာလား.လာပြန်မခေါ်သေးပါဘူး..
ကျနော့်အထင်တော့ တမင်ပဲ ပစ်သွားလေသလား စဉ်းစာမိတယ်..
မပီကလာ ပီကလာ စကားပြောတတ်တဲ့အရွယ်လေး..မိဘက စိတ်ချပြီး ထားမသွားနိုင်လောက်ပါဘူး…
နောက်မှ ပြန်သွားစပ်စုပြီး Confirm လုပ်ပေးပါ့မယ်။
ဒီကလေးအဖြစ်မြင်ပြီး..
ကျနော်လဲ ငယ်ငယ်က ပျောက်ဖူးတာလေး သတိရမိတယ်
ဦးလေးတစ်ယောက်အိမ်ကို သွားလည်တုန်းက..
ဦးလေးတို ့ရပ်ကွက်ထဲမှာ ညဘက် ပွဲတစ်ခုရှိတာနဲ ့ တိုက်.နေတယ်
မဏ္ဍပ်တွေဘာတွေထိုးပြီးလုပ်တာပဲ..ဘာပွဲမှန်းတော့ မမှတ်မိတော့ဘူး..ပျော်ပွဲရွှင်ပွဲ ဖြစ်ဖို ့များတယ်
အဲတာနဲ ့..ညဘက်ကြီးညီကို နှစ်ယောက်လက်ချင်းတွဲပြီး ပွဲသွားကြည့်ကြပါရောဗျာ..
မုန် ့တွေ လျှောက်စား.ဟိုကြည့်ဒီကြည့်နဲ ့.သွားရင်း..ညီကိုနှစ်ယောက် အဖွဲ ့..ကွဲသွားပါရော..
ကျနော်လဲ ငိုယိုပြီး..ဟိုဒီ..လိုက်ရှာတာပေါ့..ဦးလေးအိမ်လဲ တစ်ယောက်ထဲ မပြန်တတ်နဲ ့ရယ်..
အဲတာနဲ ့..ကျနော်ကို လူကြီးတစ်ယောက်က တွေ ့ပြီး အဖေနာမည်မေးကော..
အဖေနာမည်ပြောတော့သူတို ့ လဲမသိ..ဒီရပ်ကွက်ထဲ မကြားဖူးဘူး..ဖြစ်နေတယ်..
ဘယ်မှာနေလဲမေးတော့လဲ မဖြေတတ်..ဦးလေးအိမ်ပဲ သိတာကိုး..လိပ်စာမှ မသိပဲ
အဲတာနဲ ့..မဏ္ဍပ်ကိုခေါ်သွားပြီး ကျနော်ရွတ်ပြတဲ့ အဖေနာမည်နဲ ့.လော်စပီကာ ဖြင့်.အော်ပါလေရော..
ကိုဘသူရေ..ခင်ဗျားသား လာခေါ်ပါပေါ့..
အဲကျမှ ဦးလေးဖြစ်သူက ကျနော်မှန်းသိပြီး လာပြန်ခေါ်ရတယ်..
အမှန်တော့ မဏ္ဍပ်က..အိမ်နဲ ့က သိပ်မဝေးဘူး..ကိုယ့်ဘာသာ မပြန်တတ်တာ..အဟီး..
အခုခလေးကတော့ ကျနော့ထက်ဆိုးတယ်
အဖေ.အမေ နာမည်လဲ မသိ..နေရပ်လဲ မသိနဲ ့.ပြန်မဖြေတတ်အောင်ကို.တော်တော်ငယ်သေးတာကိုး.
သူ ့မာမား.လာပြန်မခေါ်လျင်တော့..သူဂျီးဆီသာ ပါဆယ်ထုတ်ပြီး ပို ့ပေးလိုက်တော့မယ်.. 😛
ကြာလို ့.. 😀
23 comments
Moe Z
September 20, 2011 at 11:22 am
သဂျီးမြန်မာပြည်ခဏပြန်လာတုန်းက ရှုပ်ခဲ့တဲ့ဇယားထင်ပြီး သဂျီးကတော်နဲ့ ကွိုင်နေပါဦးမယ်လေးပေါက်ရယ် 🙂 လူမှုဝန်ထမ်းကျောင်းကိုသာပို့ပေးလိုက်ပါ..
ပေါက်ဖော်
September 20, 2011 at 12:15 pm
သူကြီးနဲ ့တော့သိပ်မတူပါဘူး..
သဂျီးက နဖူးပြောင်တယ်လေ….ဒီခလေးကတော့ မပြောင်ဘူး.. 😛
နောက်ဆုံး..
လာပြန်မခေါ်ကြလျင်တော့.မောင်ပေတို ့ရပ်ကွက်ထဲက ဘယာကြော်ရောင်းတဲ့.. ရန်ကနားဆီပဲ
ပို ့ပေးလိုက်တာကောင်းပါတယ်
ညှင်းညှင်း ညှင်းညှင်း.. 😀
pan pan
September 20, 2011 at 12:56 pm
ရန်ကနား ဒုတိယမ္ပိခံစားနေရပါဦးမယ်ရှင်
ကိုပေ့ကိုပဲ တိုက်ရိုက်ပေးပြီး မွေးစားခိုင်းတာ ပိုကောင်းပါတယ်
သူလည်းကုသိုလ်ရ၊ သဂျီးလည်း တစ်တောရှင်းသွားတာပေ့ါ 😛
windtalker
September 20, 2011 at 1:11 pm
ရန်ကနား ဆီ ပို ့ရင်တော့
အရန်းလန်း ၊ အရမ်းဂွမ်းတဲ့
နှလုံးသားလှ ဆရာမလေး တွေ ရှိတဲ့
မူကြို မှာ
အပ်ပေးဦးမှာတဲ့ ဗျာ
🙂
kai
September 20, 2011 at 11:46 am
အင်းဗျာ..။
ဒီမှာတော့ ကလေးမွေးစားချင်တဲ့သူတွေတော်တော်များတယ်..။
ဆေးရုံမှာ ကလေးမွေးရင်လည်း.. မလိမ့်တပါတ်နဲ့.. ကလေးတက်ဆွဲတဲ့သူတွေရှိတာမို့.. ခြေပတ်လက်ပတ်. .အီလက်ထရောနစ်.. အကာအကွယ်တွေ တပ်ရတာပေါ့..။
ပြောရရင်. .မြန်မာပြည်ကကလေးတွေများ..ဥပဒေကြောင်းအရ..တရားဝင်.. ခေါ်မွေးစားလို့ရသလားမသိဘူးနော..။
ကလေးငတ်နေတဲ့.. မြန်မာစုံတွဲတွေအတွက်.. စုံစမ်းကြည့်ဦးမှ..။
သိတဲ့သူတွေလည်း.. ရှင်းပြပါဦး…။
မီးမီး သော်
September 20, 2011 at 12:03 pm
ဟုတ်တယ်နော် သူကြီးရေ။သူကြီးခေါ်မွေးစားပေးနော်။သနားပါတယ်။ဒါပေမယ့် ကလေးက
ယောကျာ်းလေးဘဲရမှာနော်။ ဟိ ဟိ
manawphyulay
September 20, 2011 at 2:05 pm
ခုရော အခြေအနေဘယ်လိုရှိလဲ။ အဲဒီနားက ကွမ်းယာရောင်းတဲ့သူတွေ ခဏထားထားတာလားမသိ။ တစ်ခါတလေ အဲလိုတွေ သူများသနားအောင်လုပ်တာတွေလည်းရှိတယ်။ ပြီးရင် အဝေးကနေ ကြည့်နေကြသေးတာလေ…
chitsu
September 20, 2011 at 2:29 pm
အော်
ကိုယ်မွေးထားတဲ.ကလေးပျောက်နေတာတောင်လိုက်မရှာကြဘူးလား
တယ်လည်းနေနိုင်ကြတဲ.မိဘရယ်
မောင်ဘလိူင်
September 20, 2011 at 3:10 pm
ကျွန်တော်လည်း သုံးနှစ်သားလောက်က အမေနဲ့ ဈေးလိုက်
သွားရင်း အမေနဲ့ကွဲသွားဘူးတယ်။ဈေးပေါက်ဝမှာ စောင့်ရင်း
ထိုင်ငိုခဲ့ရတာ။မုန့်ကျွေးမဲ့သူမပြောနဲ့ မေးမဲ့သူတောင် မရှိတာကို
သတိရမိသေးတယ်။ 🙂
ပေါက်ဖော်
September 20, 2011 at 3:11 pm
ထင်တဲ့အတိုင်းပါဘဲ..
နေ ့ခင်းက တစ်ခေါက်ပြန် စပ်စုတော့..ခလေးမရှိတော့ဘူး..
သတင်းမေးတဲ့လူလဲမရှိ..လာခေါ်မဲ့လူလဲမရှိ..
ခေါ်ထားပေးတဲ့လူတွေလဲသူ ့အလုပ်နဲ ့သူမို ့..မထိန်းထားနိုင်…
အဲတော့ ရပ်ကွက်ရုံးကို သွားပို ့လိုက်ပါပြီတဲ့..
ခလေးငယ်လေးကို ပစ်သွားတာ သေချာပါဘီဗျာ..
ခုချိန်ထိ ခလေးရဲ့ ဘာသတင်းမှ လာမေးတာ မတွေ ့သေးပါကြောင်း..ဗျာ..
3:15 PM
pan pan
September 20, 2011 at 3:21 pm
အယ်
ဂလိုဖြစ်သွားပလား
ကလေးတော့ မိလမဲ့ဖြစ်သွားပြီပေ့ါ
မိဘမဲ့ဦးရေ တစ်ယောက်တိုးပြန်ပြီ
ကောင်းကောင်းမွန်မွန် ကြီးပြင်းခွင့်ရသွားရင်တော်ရဲ့
နို့ လေလွင့်ဖြစ်မှာ ဒုက္ခနော်
Shwe Ei
September 20, 2011 at 4:19 pm
ကလေးဘဝကလဲ အဖြစ်ဆိုးလိုက်တာ။ နောက်ဆုံးအခြေနေလေးသိရင်လဲ တင်ပေးပါအုံးကိုပေါက်ဖေါ်ရေ။
rain pricess
September 20, 2011 at 6:05 pm
ဟယ် ဖြစ်ရလေ ဘယ်လိုမိဘတွေပါလိမ်.
ဒါနဲ.စကားမစပ် သူကြီးကအသက်ဘယ်လောက်ရှိပြီလဲ
ဆိုတာလေးသိပါရစေရှင်
akswe
September 21, 2011 at 9:45 am
မိုးမင်းသမီး..နံမည်မှာ ပေါင်းတာ စာလုံးပေါင်းကျနေလားလို့ မမှားဘူးဆိုရင်ထားလိုက်နော်..
ရွာထဲက အသက်တွေသိချင်ရင် ပိုစ့် တစ်ခုမှာ တင်ထားတယ်(ရေးသူ ဆူး) ဘရှာမတွေ့လို့
လင့်မပေးနိုင်ဘူး…. သဂျီးများရှာပေးမလား ချွဲကြည့်ပါလား…..သိပြီးရင်ငြိမ်ငြိမ်နေနော်..
အသက်ဆိုတာ ခဏခဏ မေးရတာ မဟုတ်ဘူးမိုးမမရဲ့…ဟိုဟာကြီးကြားသွားမယ်….တိုးတိုး….
moemakha
September 20, 2011 at 7:35 pm
ကလေးလေး အဖြစ်က ရင်မောစရာ။
ပေါက်ဖော်ကြီးကလဲ တန်းလန်းကြီးပြစ်ထားခဲ့စရာလား
တခေါက်လောက်တော့ ပြန်ကြည့်ကြည့်ပါဗျာ
ပေါက်ဖော်
September 20, 2011 at 7:51 pm
ရ.ယ.က ရပ်ကွက်ရုံးက တော်တော်ဝေးတယ်ခင်ည..
ပြီးတော့..ပေါ်တင်သွားစုံစမ်းရတာလဲ ရှော့ခ်ရှိတယ်..
ခလေးအတွက် ဘာအကူအညီမှလဲ မပေးနိုင်…
လိုင်စင်ရ သတင်းလာထောက်တဲ့ကောင်လဲမဟုတ်..ဆိုတော့ ကျနော့ကို မရက ကြီးက ကောလွှတ်မှာ သေချာတယ်..
ပစ်မထားပါဘူး….အကျိုးအကြောင်း ထပ်သိရလျင် ပြောပါ့မယ်
pooch
September 20, 2011 at 9:11 pm
ပြစ်သွားတဲ့ အမေတော့ မသိပါဘူး ဘေးက ဖတ်ရတဲ့ သူရင်ထဲမှာတော့ အောင့်လို့တောင်လာပါတယ် ကိုယ့်အသဲကပဲ ငယ်နေသလားမသိဘူး ကျောင်းတုန်းက သူငယ်ချင်းများနဲ့ မိဘမဲ့ ကလေးများကို ထမင်းတနပ် သွားလှူဖူးပါတယ် .. ထမင်းမစားခင်မှာ ကလေးတွေ အကုန်လုံး အလှူရှင်တွေကို မေတ္တာ
ပို့ပြီး စားရတာနဲ့ တောင် မတန်အောင် ရွတ်နေတာတွေ့လို့ ထိုင်ငိုပစ်လိုက်ပါတယ်။ အတူသွားတဲ့ သူငယ်ချင်းတွေ အကုန် ငိုကြတာပါ။ အဲ့ဒီကတည်းက လှူစရာရှိရင် သွားလှူပါတယ် ။ သူတို့တွေ စားရင် သွားမကြည့်တော့ပါဘူး။ မျက်ရည်မခိုင်လို့ပါ။
မိမရှိ ဖမရှိနဲ့ နေရတဲ့ သူတို့ ရဲ့ မျက်လုံးလေးများဟာ တစုံတခုလိုအပ်နေသလို အမြဲတမ်း ခပ် နွမ်းနွမ်းလေးတွေပါ။ သွားပြီးပြန်လာရတဲ့ အကြိမ်တိုင်း ရင်ထဲမှာ နွမ်းနေတတ်ပါတယ်။ မျက်လုံးထဲမှာလည်း သူတို့ ပုံလေးတွေကို တော်တော်နဲ့ဖျောက်မရပါဘူး။
akswe
September 21, 2011 at 9:35 am
ပွတ်ရှ် ရေ…. အဘလည်း ကန်တော်လေးနားက ခရစ်ယာန် ဘိုးဘွားရိပ်သာမှာ ပြီးခဲ့တဲ့နှစ်က
ထမင်းတစ်နေ့စာလှူခဲ့တယ်..ဘိုးဘိုး ဘွားဘွားတွေရဲ့ ထမင်းတစ်လုပ်အတွက် သနားစရာ ဆုတောင်း သံကို ကြားရတာသနားဝမ်းနည်းလွန်းလို့ ယောက်ျားကြီးတန်မဲ့ မျက်ရည်ပေါက်ပေါက်ကျလို့ ဟီးချပြီးငိုခဲ့ရပါတယ်….ပွတ်ရှ် ရဲ့ ဖိလင်ကို ထပ်တူရဘူးတာ..
ကြောင်ကြီး
September 21, 2011 at 10:28 am
မွေးစားလိုက်ဗျာ။
akswe
September 21, 2011 at 11:26 am
ကိုကြောင် ….
ဘာကိုဆိုလိုပါသလဲ
ရှင်းအောင်ပြော..ရိုက်ပေါက်တိုးအောင် အချွန်နဲ့မ မနဲ့နော်…
အဆင်းမှာဘီးတပ်ပေးနေတာလား..
etone
September 21, 2011 at 1:45 pm
တခြားနိုင်ငံတွေမှာ ကလေးမွေးစားတာ ခေတ်စားတယ် .. ဒီနိုင်ငံတွေမှာ ကလေးစွန့်ပစ်တာ ခေတ်စားတယ် .. အဲ့ဒီလိုကွာပါတယ် .. အကြောင်း အမျိုးမျိုးကြောင့်မွေးခဲ့ရသော်လည်း … စွန့်ပစ်ရက်တဲ့ မိဘတွေကို ကျွန်မတော့ ရွံ့မုန်းမိတယ် … တကယ်ဆိုလျှင် သွေးသားဆိုတာ အားဖြစ်စေပါတယ် … ဘာမှ အသုံးမကျတဲ့ ငမွဲမိဘတောင် ကိုယ့်သားသမီးမျက်နှာနဲ့ အားတင်း အပြင်းနှင် ရုန်းကန်နေကြသေးတာပဲ … ဘယ်လို နှလုံးသားနဲ့ မိဘတွေ ကိုယ့်ကလေးကို ကျးီထိုးထိုး ၊ခွေးစားစားပစ်ရက်တာလဲ 😥
ဆူး
September 21, 2011 at 2:11 pm
နိုင်ငံခြားက ကလေး မွေးစားတာ လွယ်မလွယ်ကတော့ အစိုးရ အဖွဲ့အစည်းတခုခုမှာ ရောက်နေတဲ့ မိဘမဲ့ ကလေးမှ အလွယ်တကူ ခေါ်မွေးလို့ ရနိုင်မယ် ထင်တယ်။ စာရွက်စာတမ်းက ကိစ္စ တမျိုး စိတ်အေးရမှာပါ။
ဒီမှာ ကလေး ၆လ လောက်ဆို ပက်စပိုစ် ဆိုတာ ကြီး လုပ်လို့ ရပါတယ်။ ကလေး အမေ နဲ့ သော်လည်းကောင်း အဖေ နဲ့ သော် လည်းကောင်း တွဲလုပ်ရပါတယ်။
ဘယ်နိုင်ငံက လဝက ဖြစ်ဖြစ် ၁၈နှစ်အောက်တွေ မိဘ ရှိတဲ့ ကလေးတွေတောင် မိဘနဲ့ ပက်စပို့ ကိုင်ပြီး ခရီးထွက်ရင်တောင် စာအုပ်အစိမ်းကို ပြူးပြဲပြီး စစ်လိုက်တာ ပြောမနေနဲ့.. အဖေ အမေ နဲ့ ပုံတူကူးပြီး ရုပ်တူနေရင်တောင် အချိန်ရရင် အသားလှီးပြီး ဒီအန်အေ စစ်ပြီးမှ ဝင်ခွင့်ပေးချင်နေတာ.. ဒီနိုင်ငံ တင်မကဘူး တခြားနိုင်ငံကိုပါ အဝင်ခက်မယ် ထင်တယ်။
သဂျီးတော့.. ရန်ကုန်ပြန်လာတုန်းက ကိစ္စတွေ ရွာထဲမှာ ဗူးပေါ်သလို ပေါ်လို့ ခေါ်ဖို့ စုံစမ်းနေတာ မလား.. ဟွင့်.. ဟွင့်… သဂျီး သမီးလေးတော့ မောင်လေး ရတော့မှာပေါ့။
kai
September 21, 2011 at 2:34 pm
ကလေးဆိုတာမျိုးက.. အသက်၂-၃နှစ်လောက်ဆို.. လုပ်ပေးရတဲ့…ကရိကထတွေသက်သာသွားတာ.. အပျိုကြီးမမ မသိပဲကိုး..။
ကောက်မွေးစားလိုက်ရင်.. အင်မတန် ချစ်ဖို့ကောင်းတဲ့အရွယ်ပေါ့..။
အင်း.. ကျုပ်အနေနဲ့ကတော့..
သားသမီးအရင်းဖြစ်ဖြစ်.. အဖျားဖြစ်ဖြစ်…ထပ်မတိုးချင်သေးပါဘူး.။ 🙂