Best Teacher

Best Teacher (5)
စာခဏခဏမေးလွန်း၊ လေ့ကျင့်ခန်းတွေ နေ့တိုင်းတင်ရ ထပ်ရ ဆိုတော့ သူတို့လေးတွေ
ကြာတော့ အဆင် မပြေတော့ဘူးနေမှာပေါ့။ တစ်ရက် မှာတော့ လေ့ကျင့်ခန်း စာအုပ်တွေ
တစ်ထပ်ကြီး သယ်လာတဲ့ ဆရာမ ကို တံခါးပိတ်ထားကြပါရောလား။
” ဟေ့ ကောင်တွေ တံခါးဖွင့် စမ်း ” အော်ပေမဲ့ ငြိမ်နေကြသကွဲ့။ ဒါနဲ့ တံခါးကို (Side kick) မယ်
ကြံစည်နေတုန်း စီနီယာ ဆရာကြီးတစ်ဦး ရောက်လာပြီး စာရင်း ဝင်ရှင်းသွားတော့ မှ စာစသင်ရပါတော့တယ်။
ဒီ အကြောင်းကို အာစရိယပူဇော်ပွဲမှာ ထည့်ပြောကြားတော့ (၄၀-၄၅) နားချဉ်းကပ်နေပြီဖြစ်တဲ့
တပည့်တွေ သူတို့ ဆရာမအိုကြီးကို ပြုံးဖြီးဖြီးနဲ့ ကန်တော့ကြလေရဲ ့။
Best Teacher (6)
ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ အားထုတ်ရ တဲ့ အခါမှာ အနစ်နာခံခြင်း အကြောင်းဇာတ်လမ်းလေး
တစ်ပုဒ်ပြောပြချင်ပါတယ်။ တစ်ညနေ ကျောင်းဆင်းချိန် ။
ကလေးတွေ အတော်များများပြန်ကြပြီ၊ ကိုယ်လည်း ပြန်ဖို့ စက်ဘီးလေးတွန်းအထွက်ရေ တိုင်နားမှာ (၃)တန်း (၄) တန်း
အရွယ် ကလေးမလေးတစ်ယောက် ငို နေတယ်။ အတန်းငယ် က ကလေးတွေ မို့ သူတို့ ကို လည်း မသိ၊ ဘယ်သူ့
အတန်းကမှန်းလည်းမသိ၊ မေး မလို့ အနားရောက်တော့ အီ အီးတွေ ပေ ပွ နေတာပဲ၊။ ဒါနဲ့ ရေတိုင်နားဆွဲခေါ် ရေတွေ
ဗွမ်းဗွမ်းပါအောင် ဆေးပေးပြီး မေးတော့ သူ့အစ်မ (၅) တန်းမှာ ဘာညာ သိရပြီးကျောင်းစောင့်ကြီး ဦးထွန်း ကို
ရှာခိုင်းရပါတယ်။
ကိုယ့် တစ်ကိုယ်လုံးလည်း ရနံ့ တစ်ထောင်းထောင်းပေါ့။ ဒီ ကလေးမလေး အိမ် ပြန်တဲ့ ကိစ္စ က အိုကေ သွား ပေမဲ့ ရနံ့ ကိစ္စ
နဲ့ ကိုယ့်မှာ အိမ် အမြန် ဘီးစီးပြီး ပြန်၊ ရေချိုးရတော့တာ။ အဲဒီတော့မှ ပြဿနာ က စတော့တာ။
ညနေ(၄)နာရီဆိုရင် ကိုယ့်သားလေးကို မူကြိုမှာ ကြိုရမှာလေ။ ဘုရားရေ .. ညနေ (၅)နာရီတောင် ထိုးတော့မယ်လေ။
၈၃ လမ်းမှာ အဲဒီခေတ်တုန်းက မူကြို(၂) ရှိတယ်။ အတင်းဘီးစီးပြီးရောက်သွားတော့ ဆရာမတွေ ပြန်ပြီပေါ့။ အစောင့်ကြီးနဲ့
အပ်ထားခံခဲ့ရတဲ့ အမေ့သားလေး ကို သနားလိုက်တာလေ။ မျက်ရည် စီး ကြောင်းလေးတွေနဲ့ အိပ်ပျော်နေရှာတယ်။

5 comments
TTNU
September 20, 2011 at 8:01 pm
နည်းနည်းစိတ်ညစ်မိတယ်။ Best Teacher (6) ခေါင်းစဉ် အောက်မှာ ပါတဲ့ Goose Bumps ကြော်ငြာကြီး က
ကိုယ်ရေးတဲ့ subject အတွက် How weird!
pooch
September 20, 2011 at 8:41 pm
ဖြစ်ရလေ တီချယ်ရယ်….. အနော်တို့တွေကို တခါမှ မပြောဖြစ်တဲ့ အကြောင်းလေးတွေကို အခုမှပဲ သိရတော့တယ်။ ကို…နဲ့ ပတ်သတ်တဲ့ ငယ်ဘဝလေးတွေကို သတိရရင်း ရေးရင်းနဲ့ ငိုမနေနဲ့နော် တီချယ် … ……
thit min
September 20, 2011 at 8:46 pm
ဆရာမကြီးခင်ဗျား……………………
စေတနာကြီးကြီး၊အီးအီးသမိုင်း၊နှိုင်းနှိုင်းဆဆ၊
ထုက်အပြမှာ၊အဟုတ်”ခဏ”ပေါ်လာ၊
ဤကြော်ငြာမှာ၊ကြာရှည်မမြဲ
အနိစ္ဒ္စပါဘဲ၊ဆရာမခင်ဗျား။
လေးစားစွာဖြင့်
TM
ကြောင်ကြီး
September 21, 2011 at 9:58 am
ဆ ဆရာမ
ရိုသေကြ
ကြော်ငြာ
မဝင်ရ…။
windtalker
October 22, 2011 at 9:49 pm
ဆရာမ ဒေါ်သန်းသန်းနု ရဲ ့ပို ့စ်တွေ ဖတ်ပြီး
ကျွန်တော် ဂိုက်လုပ်ခဲ့တာ သွားသတိရတယ် ဗျာ
၁ ရက်ထဲ ရယ်ပါ ။ တစ်ကယ်ကို တစ်ရက်ထဲ
၁ဝတန်း စာမေးပွဲကို ၃ ခါကျထားတဲ့ တပည့်ထီး ရယ် ၁ ခါကျ ထားတဲ့ တပည့်မ ရယ်
မောင်နှမ နှစ်ယောက်ကို ဂိုက်လုပ်ခဲ့တုန်းကပေါ့
အင်းဂလိ စာ စရှင်းတာပေါ့ ၊ ပုံပြင် တစ်ပုဒ်ကို အစအဆုံး ဖတ်ပြတယ်
ပြီးတော့ တစ်ကြောင်းချင်းစီ ဗမာလို ဘာသာပြန်ပေးတယ်
ပြီးတော့ အင်းဂလိ လို တစ်ခါ ထပ်ဖတ်ပြတယ်
ဗမာ လို အစအဆုံး တစ်ခါ ရှင်းပြတယ် ။
အဲဒါပြီးတော့ ကိုယ်ရှင်းပြတာကို နားလည်လား လို ့မေးတော့
၂ ယောက်စလုံးက “နိုး” တဲ့
ဒါနဲ ့ရေအရမ်းငတ်လာပါလေရော ။
ရေသောက်ချင်လာလို ့၊ ရေသောက်ချင်လို ့ပါ ပြောလိုက်တော့
ရေအိုး က ဟိုဘက်အခန်းမှာ ၊ ကိုယ့်ဘာသာကိုယ် သွားသောက်တဲ့
ဒါနဲ ့ပဲ ၊ နောက်၃ ရက်လောက်နေတော့ သူ တို ့အမေ က ဖုန်းဆက်မေးပါတယ်
ငါ့တူ ဘာလို ့ဆက်မလာတော့တာလဲတဲ့
ကျွန်တော် အမောဆို ့မသေချင်လို ့ပါ လို ့ဘဲ ဖြေခဲ့လိုက်ကြောင်းပါ ဗျာ
ဆရာမ ပို ့စ်ကို ဖတ်ပြီး ဂိုက်လုပ်ခဲ့တာ ကို သတိရလို ့ကွန်မင့် မိပါတယ် ခင်ဗျာ