နံနက်ခင်း အလင်းရိပ်အောက်မှာ…………..
နံနက်ခင်းလေးတွေဟာ လှပတာများပါတယ်။
အထူးသဖြင့် မိုးရာသီနံနက်ခင်းများ ကပိုလှတတ်ပါတယ်။
မိုးတိမ်တွေရဲ့မာယာနဲ့ အရုဏ်အလင်းစက် ပညာခြင်းပြိုင်ချိန်မှာ အလှတစ်ခုဖြစ်ပေါ်လာတတ်လို့ပါဘဲ။
အဲလိုအချိန်မျိုးမှာ ကန်ရေပြင်ပေါ်မှာအလင်းစက်တွေကဆင်းသက် တိမ်တွေက ရောင်စုံတွေဖြာ ကြည့်ရတာရင်အေးလှပါတယ်။
ဒီတက်သိမ်းအင်းအနောက်ဘက်ကန်ရေပြင်မှာ ကျောင်းဆောင်လေးတစ်ခုရှိပါတယ်။
ရေတက်ရင်တော့သူလဲရေထဲမှာစံပယ်ပေါ့။
နေရာတစ်ခုတည်ပေမယ့် ဒီလို အရုဏ်တက်ကလေးတွေက အချိန်ပြောင်းလေ မြင်ကွင်းကလဲပြောင်းသွားလေပါဘဲ။
ဒါကတော့ ကျယ်ပြန့်ပြီး ရှမ်းရိုးမနောက်က တဖြည်းဖြည်းထွက်လာတဲ့နေမင်းရဲ့အရောင်ပါ.
တက်သိမ်းအင်း ကန်ရေပြင်ပေါ်ကျနေတဲ့ အလင်းစက် နဲ့ မူံရီနေတဲ့ရှမ်းရိုးမ
တိမ်ညိုတွေ မငိုဘဲ ဖြူဖွေးလို့လာပါပြီ/
အင်းရေပြင်မှာသေချာကြည့်ပါ လှေငယ်လေးတစ်စင်းရှိတယ်။
ှ
သေချာကြည့်လေလှလေပါဘဲ။
အင်းရေမှာဗေဒါပင်တွေကစိမ်းစိမ်း
ဗေဒါပင်ရဲ့အလယ်က ရေစက်ဝိုင်း
လှပသောပုံများကို မျှဝေခံစားပေးလိုက်ပါတယ်.။
10 comments
pooch
September 22, 2011 at 6:34 pm
ရှုခင်းတွေက အရမ်းလှလာတယ်။ တနေ့ တခြား မရိုးရဘူး။ လေးပေါက် အိပ်ရေးရောဝအောင်အိပ်ရဲ့လား။ မနက် မနက် ဆို အစောကြီး ထနိုင်တယ်နော် ။ ။ နှေးလှတဲ့ ကော်နက်ရှင်လည်း လေးပေါက်ရဲ့ စိတ်ကို မတားနိုင်ဘူး။ တကယ်အားကျစရာကောင်းတယ် ဇွဲက။
ကိုပေါက်(မန္တလေး)
September 22, 2011 at 6:48 pm
ဒီပုံလေးတွေက နံက် 5း15နာရီနဲ့ 5း30ကြားမှာရိုက်ထားတဲ့ပုံလေးတွေပါ။
တစ်ရက်ကို ပုံမှန်ငါးနာရီကျော်ကျော်လောက်အိပ်ရင်ကျနော်အိပ်ရေးဝပါတယ်.
ပုံမှန်ည 12နာရီလောက်အိပ်ပြီး ပုံမှန်မနက်5း15မှာအိပ်ယာထပါတတယ်။
zaymdy
September 22, 2011 at 7:54 pm
oh! တစ်ကိုယ်ကို လေးစားပါတယ် ကိုယ်ကိုတောင် ရှက်မိတယ်… မနက်၈ နာရီတောင် မထချင်တည်းကျွန်တော်လေ … 😛
thit min
September 22, 2011 at 8:47 pm
ကျနော်တော့အားကိုးရပြီဗျို့။
တယောက်ယောက်ကရန်စတာမျိုးနဲ့ကြုံရင်မန်းလေးကကိုပေါက်ကိုငှါးပြီးရိုက်ခိုင်းလိုက်ရမလားလို့
ခပ်တည်တည်နဲ့ပြောမယ်ဗျာ။
ရိုက်သလားမမေးနဲ့၊မိုးလင်းကနေမိုးချုပ်ပဲလို့။
ခင်မင်စွာဖြင့်
TM
ဆူး
September 22, 2011 at 8:57 pm
လှပမှုတွေ ပေါင်းစုဖွဲ့စည်းကာ.. မနက် မနက် လင်းချိန်မှာ..
ဓါတ်ပုံထဲက အချိန်ကတော့ အိပ်မက် ကမာ္ဘထဲမှာ ထွက်ပေါက် ပျောက်နေတဲ့ အချိန် ဖြစ်နေပါတယ်။
windtalker
September 22, 2011 at 9:03 pm
အနော်တို ့လို
အိပ်ယာထ နောက်ကျတဲ့ သူတွေ အဖို ့တော့
သာယာကြည်နူးစရာ
လှပတဲ့ မြင်ကွင်းတွေ ကို
လက်လွှတ်ရသပ
TTNU
September 22, 2011 at 11:02 pm
ကန်တော်ကြီးနားကို မနက်စောစော မရောက်လာနိုင်တဲ့ ( မန ္တလေးမှာ နေပါရက်နဲ့)
ကျမတို့ အတွက် တကယ်ကြီး အဖိုးတန်တဲ့ ပုံတွေပါ။ ရေကြီးတုန်းက ပုံတွေလဲ ဦးပေါက်တင်ထားလို့
သာ ကြည့်လိုက်ရတာ။ ကျမလဲ ဓါတ်ပုံဝါသနာပါတယ်၊ ရိုက်တတ်တဲ့ ပညာသာ မရှိတာ။ ဦးပေါက်လိုပဲ
နံနက်စောစော ဘုရားစင်ပေါ် ပန်းလှလှ သစ်သီးလှလှ ကပ်ထားရင် ဖုန်းနဲ့ ရိုက်ရိုက်ထားတယ်။FB မှာ ကလေးတွေ ပုံတင်ထားတယ်။
Captain
September 26, 2011 at 12:19 pm
ကောင်းလိုက်တဲ့ရှုခင်းလေးဗျာ ဒါမျိူးတွေစိတ်ဝင်စားတယ်ဗျ ကျေးဇူးဘဲ
ကိုပေါက်(မန္တလေး)
September 27, 2011 at 5:10 pm
မကြာခင်မှာတောင်ကြီးအင်းလေး အောင်ပန်းက ပုံတွေတင်ပေးအုံးမယ်နော်
mandalarthu
September 27, 2011 at 9:31 pm
ကျေးဇူး ပါ ဦးပေါက်။
မျှော်နော်ပါ ့မယ်။