ရော့…………….ရီလိုက်
ဆရာကလွဲရင်
တစ်ခါတုန်းကတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို
လူတစ်ယောက်ဆေးခန်းလာပြပါတယ်။
လူနာ။ ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော်
ကိုယ့်ကိုကိုယ်ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း
ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။
လူနာ။ မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။
လူတွေကိုကျွန်တော် မကု ပါဘူး ခင်ဗျ။
လူနာ။ ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က
ကျွန်တော့်လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့်ခင်ဗျားလည်း
လူပဲ လို့ ကျွန်တော် ထင်ပါတယ်။
လူနာ။ ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။
ဒါပေမယ့်ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ကောင်းပြီလေ။ ပြောပါဦး။
လူနာ။ ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက်ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ်ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ်ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေးရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများနည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ
သမီးတွေနဲ့ကစားရပါသေးတယ်။
မိန်းမရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။
ဆရာကလွဲရင် ကျွန်တော် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။
ယောကျင်္ားရေမိန်းမခေါင်းကိုက်လိုက်တာ
ရဲဝန်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စောပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ
ခါတိုင်းထက်၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်းဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.
မီးမဖွင်.အမှောင်ထဲမှာတင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံးဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာသူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ- “ယောကျင်္ား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီ
ဆေးဆိုင်ကခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်”
ရဲဝန်ထမ်း- “ဝယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်”
လို.ဆိုပြီး ကမန်းကတန်း အကျင်္ီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော.အရောင်းဝန်ထမ်းက အံ.ဩပြီး
အရောင်းဝန်ထမ်း
– “ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား”
ရဲဝန်ထမ်း
– “ဟုတ်တယ်လေ ဘာလို.လဲ”
အရောင်းဝန်ထမ်း
– “ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ဝတ်စုံကြီး ဝတ်ထားရတာလဲ”
ရဲဝန်ထမ်း
– “ဟေ”
စိတ္တဇဟာသများ (၁)
ဝေဒနာရှင်လူနာတစ်ယောက်ကနာမည်ကြီးစိတ်ရောဂါအထူးကုဆရာဝန်ကြီး ထံလာပြ၍
ညည်းတွားပြောဆိုပါတယ်..
ဝေဒနာရှင်။ ။ “ဆရာ..ကျနော့်စိတ်ထဲကစွဲလမ်းမှူတွေကြောင့်ဒုက္ခရောက်နေတာ
နှစ်ပေါင်းမနည်းတော့ဘူးဆရာ..အခုထိဘယ်သူမှလဲကောင်းကောင်းမကုသပေးနိုင်ဘူး..”
အထူးကုဆရာဝန်။ ။ “အခုချိန်ထိမင်းကို နောက်ဆုံးဘယ်သူကုပေးလိုက်လဲ။”
ဝေဒနာရှင်။ ။ “အထူးကုဆရာဝန်ဦးဟိုဒင်း ပါဆရာ။”
အထူးကုဆရာဝန်။ ။ “ဆရာဝန်ဦးဟိုဒင်းလား ..ဟာသိတာပေါ့..
အဲဒီဆရာဝန်ကဘာမှသိတာမဟုတ်ဘူး၊တော်တော်တုံးတဲ့ဆရာဝန်ပဲဗျ။ ဒါနဲ့
နေပါဦး..သူကခင်ဗျားကို ဘာတွေများအကြံပေးလိုက်လဲ?”
ဝေဒနာရှင်။ ။ ” သူက..ဆရာ့ဆီကိုသွားပြ ဖို့လမ်းညွှန်လိုက်ပါတယ်။”
စိတ္တဇဟာသများ (၂)
စိတ္တဇဆေးရုံသို့သုတေသနသမားတယောက်ရောက်လာသည်။
ဂျူတီကုတ်အဖြူရောင်ဝတ်တာဝန်ကျဟုယူဆရသောလူတဦးကလာရောက်
ကြိုဆိုပြီးလူနာဆောင်များဆီခေါ်သွားပြီးလူနာ(အရူး)တယောက်ချင်းစီကိုလိုက်လံပြသရင်း
ရှင်းလင်းပြောပြသည်။
မျက်စိစုံမှိတ်ပြီးတစုံတရာကိုတတွတ်တတွတ်ရွတ်နေသောလူတယောက်ကိုညွန်ပြရင်း
အဲဒါက”ပွဲစားအရူးလေ၊သူ”ဂွင်”ချနေတာပေါ့။
ကိုယ်ကိုဟိုဖက်လှည့်သည်ဖက်လှည့်နှင့်လက်ကလဲအငြိမ်မနေဖြစ်နေသောဘောင်းဘီအိပ်ထဲ
ခဏခဏနှိုက်နေသောလူကိုအဲဒါ “မော်တော်ပီကယ်အရူးလေ”
အဲဒီလိုနဲ့တယောက်ပီးတယောက်ပြလာလိုက်တာနောက်ဆုံးလူနာတယောက်ထိရောက်လာပါရောတဲ့၊
အဲဒီနောက်ဆုံးအရူးကခြေတဖက်မြှောက်ပြီးခါးထောက်ပြီးမျက်နှာကလဲခတ်တင်းတင်းနဲ့တဲ့၊
ဒါနဲ့သုတေသနသမားကလိုက်ရှင်းပြနေတဲ့သူကိုမေးလိုက်တယ်။
“သူကရောဘာ အရူးလဲဗျ”
အဲဒီမှာဂျူတီကုတ်ဝတ်လိုက်ရှင်းပြနေတဲ့သူကပြောလိုက်တာကတော့
“အလကားပါဗျာ၊သူ့ကိုယ်သူနပိုလီယံ နပိုလီယံ လို့ ပြောပြောနေတဲ့ ကောင်ပါ၊
တကယ်တော့ နပိုလီယံ က ကျုပ်ဗျ ကျုပ် ကျုပ်”
လို့ လက်မထောင်ပြီးပြောရင်းထွက်သွားပါလေရောတဲ့ဗျာ။
စိတ္တဇဟာသများ (၃)
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာများသည်
နံပါတ် တစ်ခုကိုအော်ဟစ်နေကြရာဆေးရုံတစ်ခုလုံး ဆူညံနေသည် ..
ဆရာဝန်တစ်ယောက် ကလူနာများကိုမေးသည်။
“37…………37…………37”
“ဘာလို ့ 37 လို့အော်နေရတာလဲ”
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။
အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
“37……………..37……”
“ဘာလိုအဲဒီလိုအော်နေကြတာလဲ” လူနာများက အပေါ်ကို
လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကိုတက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
“ငါကိုပြောကြစမ်းပါအုံး…ဘာလို့37 လို ့အော်နေတာလဲ..”
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း
အောက်ထပ်ကိုငုံ ကြည် ့လိုက်တယ်။ အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို
လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
“38………….38………… ……38”
စိတ္တဇ ဟာသများ (၄)
စိတ္တဇဆေးရုံတစ်ခုဟာလူနာတွေကိုလေယာဉ်နဲ့တင်ဆောင်လာပြီးတော့
အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။အဲဒီမှာလေယာဉ်ထဲ ကနေအသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ဆရာဝန်ကအရုးခေါင်းဆောင်ကိုဘဲလ်
နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
“ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ”
“ဘောလုံးကန်နေကြတာပါ ဆရာ”
“ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆိုတာမသိဘူးလား..သွားစမ်း”
“ဟုတ်ကဲပါဆရာ”
အရုးခေါင်းဆောင်ထွက်သွားလေသည်။
ခဏနေ တော့ဘာသံမှမကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး
အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။
“မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ”
“ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ့ကျွှန်တော်လည်း
လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာအခုသူတို ့အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ”
နင်.ကိုငါ အလုပ်ထုတ် တယ်
ကျွန်တော်ရဲ. အားထားရတဲ. အတွင်းရေးမှူး ဝန်ထမ်းမ လေး ကို ပြီးခဲ.တဲ.
အပတ်ကအလုပ်ထုတ် ပစ်ခဲ.ပါတယ်။ ဇာတ်လမ်းက ဒီလိုဗျ။ ပြီးခဲ.တဲ. အပတ်က
ကျွန်တော်.အသက် ၄ဝ ပြည်. မွေးနေ.ပေါ.ဗျာ။ ဒီတော. ထိုနေ. မနက်စောစောထ
ပြီးအိမ်အောက်ဆင်း ရင် မိန်းမ က “Happy Birthday” လို.ပြောတာ ကြည်နူးမယ်
ပြီးတော.အနည်းဆုံးလက်ဆောင်တခုခု ကို လက်ခံမယ် ဆိုတဲ.
ခံစားချက်နဲ.ပေါ.ဗျာ။တကယ်တမ်းကျတော. သူမ က ကျွန်တော. ကို ဂရုတောင်
မစိုက်ပဲမီးဖိုချောင်ထဲမှာ အလုပ်ရူပ် နေပါတယ်။ အင်း ငါ.မှာ ကလေးတွေ
ရှိသေးတာပဲသူတို.ကို ဒီအသက်အရွယ် ရှိ ကျွေးမွေး လာမှ တော. ငါ.ကို
“ံHappyBirthday Daddy” တော. ပြောကောင်းပါတယ်။ ဟာ… ကလေးတွေလဲ ကျွန်တော.
ကိုဂရုမစိုက်ပဲ မနက်စာ ပဲ ငုံ.စား နေခဲ.တယ်လေ။
ဒီလိုနဲ.စိတ်ပျက်လက်ပျက်နဲ. ရုံးကိုသွားခဲ.ပါတယ်။ ရုံးတံခါးလဲ ဖွင်.ကော
အတွင်းရေးမှူးက “Good Morning ဆရာ၊ ဒါနဲ. ကနေ. က ဆရာ.မွေးနေ.နော်။” ဟာ
ဒီတော.ကျွန်တော် အလွန်အံ.အားသင်.သွားခဲ.ပြီး “ဟုတ်တယ် ကွယ်.”ဆိုပြောခဲ.တယ်။
ရုံးဆင်းချိန်လဲရောက်ရော အတွင်းရေးမှူး ကောင်မလေး က တံခါးခေါက်ကာ
အတွင်းရေးမှူး- ဆရာ ကနေ. ဟာ အရမ်းကို မင်္ဂလာရှိတဲ. နေ.ပဲ၊
နောက်ပြီးဆရာ.ရဲ.မွေးနေ.လဲ ဖြစ်နေတော. ညစာ ထွက်စားရအောင်လား။
ကျွန်တော်- ဟာ ကောင်းတာပေါ.ကွ။လာ သွားကျမယ်။
ဒီလိုနဲ.စားသောက်ဆိုင်ရဲ. သီးသန်. အခန်းထဲမှာ ၂ယောက်တည်း စကားတွေ
တဝပြီးပြောရင်းအရက်ကလေး သောက်ရင်း စားသောက်ခဲ.ကျပါတယ်။ အဲ.နောက်တော.
သူမကိုအိမ်ပြန်ပို.ပေးမယ် လို. ပြောလိုက်တော.သူမက “ဆရာ သမီး အခန်းကို
လိုက်ခဲ.ပါလား။ဒီနားလေးမှာပဲ။” ဆိုတော. လိုက်သွားခဲ.တယ်။ သူမထပ်တောင်းဆိုပြန်ပါတယ်။
“ဆရာ အခန်းထဲထိ လိုက်ခဲ.ပါနော်.. နော်…သမီးတစ်ယောက်တည်း
နေတာပါ”။ ကဲ ဒီတော.လဲ အခန်းထဲသို. ထိရောက်သွားခဲ.တယ်။
ကျွန်တော်လည်းအခန်း ထဲ ရောက်ကော သူမ က “ဆရာ သမီး ရေဝင်ချိုးလိုက်ဦးမယ်
ခဏလေးစောင်.နော်” ဆိုပြီး အခန်းလေး တခုထဲ ဝင်သွားတယ်။ တအောင်.နေတော. သူမ
ကမွေးနေ.ကိတ် အကြီးကြီး ကို ကိုင်လာပြီး ကျွန်တော. မိန်းမနဲ. ကလေး တွေ က
နောက်ကနေထွက်လာကျပါတယ်။
ဒါနဲ.ကျွန်တော်လဲ ချက်ချင်းဆိုသလိုပဲ “ဟေ. ကောင်မ နင်မနက်ဖြန်
ရုံးတက်စရာမလိုတော. ဘူး နင်.ကို ငါချက်ချင်း အလုပ်ထုတ်တယ် ” ဆိုပြီး
လက်ညိူးထိုးပြီး အော်ခဲ.တယ်။
ဘာလို.လဲဆိုတော. ကျွန်တော် က သူမ ခုတင်ပေါ်မှ ကိုယ်တုံးလုံး ကြီး နဲ. လှဲနေခဲ.လို.ပါပဲ။
ခင်နဲ.မောင်
အချက်အပြုတ်……….မောင့်အလုပ်
ထင်းမီးသွေးဝယ်……..မောင်ပဲကွယ်
ဆန်ဆီဆားလဲ……….မောင်ပါပဲ
ကလေးထိန်းကျောင်း…..
မောင်ပဲကောင်း
အဖွတ်အလျျော်………မောင်ပဲနော်
သို့သော်…သို့သော်
အလှပြင်ဆိုင်……..ခင်ပဲထိုင်
ဗိုလ်ချူပ်ဈေးသွား…..မောင်မတား
ဆလင်းဘတ်အသစ်…..ခင်အတွက်ဖြစ်
ဘာပဲပြောပြော……..ခင်သဘော…..။
—————————————————————————————————————
Source: Reader’s DigestBest Jokes and ကြားဖူးနားဝဟာသများ
10 comments
small cat
September 22, 2011 at 9:31 pm
အဲ့ဒီ ကျွန်တော်က ဘာလို့ကိုယ်တုံးလုံးကြီးလုပ်နေရတာလဲ
ကောင်မလေးရေချိုးပြီးရင် သူပါရေချိုးမလို့ထင်တယ်
lulaymg
September 22, 2011 at 10:16 pm
ဖတ်ဖူး ရီဖူးသလိုပဲခင်ည ၊
Shwe Ei
September 23, 2011 at 10:04 am
ဖတ်ဖူးလိုက်
ရီလိုက်၊
မေ့သွားလိုက်၊
ပြန်ဖတ်လိုက်
ရီလိုက်။ 😀
နီလေး
September 23, 2011 at 10:34 am
ဟားဟား လို့ အားပေးသွားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကြောင်ကြီး
September 23, 2011 at 10:53 am
မျက်မှောင်ကျုပ်၍ တခဏမမျှစဉ်းစားပြီး သကာလ ဆားပုလင်းနှင်းကြောင်တယောက် ခြေပစ်လက်ပစ် ရီလိုက်မိပါတော့သည်။ ဟား ဟား ဟား ဟား ဟား…။
ကြောင်ကြီး
September 23, 2011 at 10:53 am
“ဘာလို.လဲဆိုတော. ကျွန်တော် က သူမ ခုတင်ပေါ်မှ ကိုယ်တုံးလုံး ကြီး နဲ. လှဲနေခဲ.လို.ပါပဲ။”
မျက်မှောင်ကျုပ်၍ တခဏမမျှစဉ်းစားပြီး သကာလ ဆားပုလင်းနှင်းကြောင်တယောက် ခြေပစ်လက်ပစ် ရီလိုက်မိပါတော့သည်။ ဟား ဟား ဟား ဟား ဟား…။
thit min
September 23, 2011 at 2:39 pm
ဟုတ်ကဲ့ ..
……….၃၉……၃၉……..၃၉………၃၉…………
ပါ ခင်ဗျ။
manawphyulay
September 23, 2011 at 11:06 am
စိတ်အရမ်းညစ်နေတဲ့အချိန်မှာ ဘယ်လောက်ပဲ ရယ်စရာ ဟာသဖြစ်ဖြစ် မရယ်နိုင်တာ တကယ့်လက်တွေ့အဖြစ်အပျက်ပါ……….. 🙁
TTNU
September 23, 2011 at 11:13 am
ဆရာသစ်ရေ
ကိုယ်လည်း Reader’s Digest ဟာသတွေ ကြိုက်တယ်။
တစ်ပုဒ်အားဖြည့်မယ်နော်။
တစ်ခါတုန်းက သိပ်နှေးကွေးတဲ့ လူတစ်ယောက်ရှိတယ်၊ ခဏခဏ အလုပ်ပြုတ်တယ်တဲ့။ ဒါနဲ့ မိတ်ဆွေတစ်ဦး အကူအညီနဲ့ တိရစ ္ဆာန်ရုံထဲက လိပ် ရုံ တစ်ရုံမှာ အလုပ်ရသွားရော။
တစ်နေ့ တော့ မိတ်ဆွေ က သူ့အခြေအနေ သွားကြည့်တော့ လိပ်တွေ ရုံထဲမှာ မရှိတော့ဘဲ ကိုမောင်နှေး
ခမျာ စိတ်ပျက်ပျက်ထိုင် နေသတဲ့။ အကျိုးအကြောင်း မေးတော့ ” ကျွန်တော့် လိပ်တွေ ဗျာ တံခါးဖွင့် လိုက်ရုံရှိသေး ဝှီးခနဲ ထွက်သွားလိုက်တာဗျာ ” လို့ ပြန်ဖြေ သတဲ့။
mozillamedia
September 24, 2011 at 9:10 am
ရီလိုက်ရပါသည်….
ကျေးဇူးတင်ပါသည်….