အကူအညီလိုသူတွေအများကြီးပါ ( သူတို့အဖွဲ့ဖြစ်ပေါ်လာပုံ )
ကိုယ်တိုင်ရေး ရာဇဝင်
( ဒီစာကို အမ မစု က တောင်းဆိုလို ့ရေးသားလိုက်တာပါ….အမ က မန္တလေး ဂေဇက် မှာ ကျွန်တော်တို ့ လုပ်နေတဲ ့ ကုသိုလ်ဖြစ် ဆေးခန်းလေး အကြောင်း ရေးသားရာမှ စိတ်ဝင်စားကြတဲ ့သူတွေ ရှိလာတယ်…သူတို ့က အဖွဲ ့လေးအကြောင်း မေးနေကြတယ် ..ရေးပေးပါဦး လို ့ ဆိုလာတော့ ကျွန်တော်ကပဲ အဖွဲ ့သမိုင်းကို တင်ပြပေးဖို ့ တာဝန်ယူလိုက်ပါတယ်…)
ပထမဆုံး အဖွဲ ့လေး စတင်ဖြစ်ပေါ်လာပုံက စပြောပါ့မယ်..၂၀၁ဝ ခုနှစ်ရ ဲ့ နှစ်ဆန်းပိုင်း ညလေး တစ်ညမှာပေါ့…ဆရာဝန် ပေါက်စလေး ၃ယောက်(သူကြီး ဘစီ ၊ဆရာလေး ကိုကြည်နိုင် ၊ဆရာ တွတ်ပီ ) အမှတ်မထင် ဆုံစည်းမိရာက မိသားစု ဆန်ဆန် ရိုးသားတဲ ့ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ ့ တောသူတောင်သားများရဲ ့ စရိုက်လက္ခဏာလေးများနဲ ့ မွှေးပျံ ့နေတဲ ့ ရွာလေး တစ်ရွာကို အွန်လိုင်းပေါ်မှာ တည်ဆောက်ကြဖို ့ သဘောတူပြီး အဲဒီညမှာပဲ ရွာကို အုတ်မြစ်ချ တည်ဆောက်လိုက်ကြတယ်…Ning.com ပေါ်မှာ တည်ဆောက်တဲ ့ ရွာလေးကို အမည်ပေးဖို ့ စဉ်းစားတော့ ကျွန်တော်တို ့ ၃ ယောက်လုံး ပြေးမြင်လိုက်တာက မြိုင်ရာဇာ တွတ်ပီ ဇာတ်လမ်းလေးပေါ့..ဒါနဲ ့ အထူးတလယ် တိုင်ပင်နေစရာမလိုပဲ ကြုံတိုင်းရွာ ရယ်လို ့သတ်မှတ်လိုက်ကြတယ်..အမည်နာမတွေကိုလဲ တွတ်ပီ ဇာတ်လမ်းလေးထဲက အတိုင်းပဲ ယူလိုက်ကြတယ်..အဲဒီကစပြီး ကျွန်တော်လည်း မြိုင်သာယာ ကနေ အသဲကွဲပြီး ရောက်လာတဲ ့ ကျောင်းဆရာလေး ကိုကြည်နိုင် ဖြစ်လာပါရောလေ..(နမိတ်ကိုက မကောင်းပါလားနော်)…ဒီလိုနဲ ့ တဖြည်းဖြည်း ရွာထဲမှာ ဗိုက်ကလေး ၊လူပျိုကြီး စောတင်မောင် ၊ပုဆွဲမိ ၊မသေးမျှင် ၊ဆေးဆရာကြီး ဦးဧရာချမ်း ၊အတီး ၊သာဂိ ၊ အာနိုးလှမိုး စတဲ ့စတဲ ့ ဆရာဆွေမင်း (ဓနုဖြူ ) ရဲ ့ ဇာတ်ကောင်တွေရဲ ့ အမည်သညာ ယူလိုက်ကြပြီး တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ ့ အသိုက်အဝန်းလေး တစ်ခု ကျွန်တော်တို ့ ရရှိခဲ ့ပါတယ်..ဒါကတော့ ကျွန်တော်တို ့ စတင် သန္ဒေတည်ခဲ ့ပုံလေးပါ….
အဲဒီ အွန်လိုင်းရွာလေးနဲ ့ မရှေးမနှောင်းမှာပဲ ကျွန်တော်တို ့ အခုလို Village KD Donation Group ရယ်လို ့ ဖြစ်လာစေမယ့် နောက်ခြေလှမ်းတစ်ခုကို ဆက်လှမ်းခဲ ့ကြတယ်..ဒါကတော့ ရွှေပြည်သာ အစွန်က မြိုင် သီလရှင် ကျောင်း မှာ ယနေ ့ အောင်မြင်နေတဲ ့ ဆေးခန်းလေးကို စတင်အခြေတည်မိတာပါပဲ…ဆရာဝန်ဖြစ်သော်လည်း အလုပ်အကိုင် မရှိတဲ ့ ကျွန်တော်တို ့ ညီအကို တတွေ ရွှေပြည်သာမှာ ကုသိုလ်ဖြစ်ဆေးခန်းလေးလုပ်ဖို ့ လိုက်ရှာရင်း မြိုင် ဆိုတဲ ့ သီလရှင် စာသင်တိုက်လေးဆီ ရောက်လာခဲ ့ကြတယ်…ကျောင်းထိုင်ဆရာကြီး က ဒေါ်သုနန္ဒာ…အဲဒီ အချိန်က မြိုင်ကျောင်းဟာ ယခုလို ခမ်းခမ်းနားနား မဟုတ်သေးပါဘူး…တမံတလင်းပေါ်မှာ နေဖြစ်အောင် ဝါးတွေ ထရံတွေကို ပြုပြင်ပြီး နေခဲ ့ကြရတာပါ…ဆရာကြီး ဒေါ်သုနန္ဒာ ဟာ ကျောင်းမှာ မိဘမဲ ့ကလေးငယ်များကိုလည်း မွေးစားထားပါတယ်..ကျွန်တော် မှတ်မိသလောက် ကျွန်တော်တို ့စရောက်တော့ မိ်ဘမဲ ့ကလေး ၂ဝ ကျော် ရှိပါတယ်..နောက် ကျောင်းမှာ အဲဒီအချိန်က အင်မတန် ရှားပါးတဲ ့ အခမဲ ့ မူလတန်း ပညာရေး ကိုလဲ ဖွင့်လှစ်ထားပါသေးတယ်…ရွှေပြည်သာနယ်တဝိုက်က နွမ်းပါးတဲ ့ ပြည်သူတွေအတွက် ဆရာကြီး ဒေါ်သုနန္ဒာက ပညာလည်းပေး လိုအပ်တဲ ့ ခဲတံ ၊ စာအုပ်တွေရော ပေးပြီး ပညာသင်ပေးနေခဲ ့ပါတယ်..အဲဒီလို မနိုင်ဝန်တွေ ထမ်းနေရရှာတဲ ့ ကြားကပဲ ဆရာကြီး ဒေါ်သုနန္ဒာဟာ ကျောင်းမှာ ကုသိုလ်ဖြစ်ဆေးခန်း အောင်မြင်အောင် လုပ်ချင်တယ်လို ့ ပြောလာပါတယ်…ကျွန်တော်တို ့ညီအကို တတွေဟာလည်း ဆရာကြီး ကို ပါရမီဖြည့်တဲ ့ သဘောနဲ ့ ဖြစ်အောင် လုပ်ပေးဖို ့ သဘောတူလိုက်ပါတယ်..စနေနေ ့တိုင်း ဆေးခန်းလေး ဖွင့်ခဲ ့ပါတယ်…ကျောင်းပိုင်မြေဧရိယာ ကလည်း ကျဉ်း ၊စာသင်ခန်းနေရာတွေလဲ ရှိတော့ ကျွန်တော်တို ့ဆေးခန်းအတွက် နေရာ သတ်သတ်မှတ်မှတ်ရယ် မပေးနိုူင်ခဲ ့ဘူး…လွှတ်တဲ ့နေရာ ကုတင်ချပြီး ဆေးကုခဲ ့ရတယ်…ကလေးတွေ စာသင်တဲ့ စားပွဲလေးတွေကို ဆက်ပြီး ကုတင်လုပ်ခဲ ့ကြရတယ်…ဆေးဖိုးကိုတော့ ဆရာကြီးက အဓိက ထောက်ပံ ့ပေးပါတယ်..ကျွန်တော်တို ့ကလည်း တတ်နိုင်သလောက်လေးတွေ ဝယ်သင့်တာ ဝယ်ပေါ့ဗျာ..အဲလိုနဲ ့ ဆေးခန်းလေး ရုပ်လုံးပေါ်လာခဲ့ပါတယ်..ဒါပေမယ့် ဆေးခန်းနေရာကတော့ တစ်နှစ်ခွဲလောက် ရှိလာတဲ ့ အထိ တိတိကျကျရယ် ဖြစ်မလာခဲ ့သေးဘူး..အရင်လိုပဲ လွှတ်တဲ ့နေရာဟာ ဆေးခန်း ဖြစ်နေတုန်းပဲ..အခုတော့ ဆေးခန်းနေရာ ရနေပါပြီ…ဒါကတော့ ကျွန်တော်တို ့ Village KD Clinic လေး အခြေတည်ခဲ ့ပုံလေးပါ…
ကျွန်တော်တို ့ အဖွဲ ့လေးကို စိတ်ကူးသစ်တွေ မွေးဖွားပေးခဲ ့တာကတော့ မြိုင်မှာ လုပ်တဲ ့ သီလရှင် အပါး (၄၀ဝ ) ဝတ်ပွဲပါပဲ…အဲဒီပွဲမှာ ကျွန်တော်တို ့ ကြုံတိုင်းရွာကလည်း ဆွမ်းတစ်နေ ့စာ တာဝန်ယူချင်တယ် ဆိုပြီး ရွာထဲမှာ တိုင်ပင်လိုက်တော့ အားလုံးက စိတ်ပါဝင်စားရှိတာနဲ ့ ဆရာကြီး ဒေါ်သုနန္ဒာ ဆီမှာ ဆွမ်းတစ်နေ ့စာ လှူဒါန်းဖို ့ စာရင်းပေးလိုက်ပါတယ်…Village KD Donation Group ရဲ ့ ပထမဆုံး အလှူ လို ့ ပြောရမှာပဲ ဖြစ်ပါတယ်..အဲဒီအလှူမှာ အမှတ်တရတွေကတော့ အများသားဗျာ..ဆွမ်းဟင်းချက်တာက ကြက်သားနဲ ့ အာလုူး ပြီးတော့ ပါလချောင်ကြော်တယ်..အဲဒီအလှူတုန်းက ကူညီပေးခဲ ့တဲ ့ MACF အဖွဲ ့က အကိုများကိုလည်း အမှတ်ရ ကျေးဇူးတင်ရပါတယ်…ဆွမ်းဟင်းချက်တဲ ့ ဓမ္မာရုံထဲမှာ ညီအကိုတစ်တွေ ပုဆိုးလေးတွေခြုံပြီး ကွေးခဲ ့ရတာ မှတ်မိတယ်…ခြင်ကလည်း ကိုက်လိုက်တဲ ့ ဖြစ်ခြင်း..အဲဒီနေ ့က ချက်စားဖို ့ သူ ့ကိုယ်လုံးလောက်ရှိတဲ ့ ဘူုးသီးကြီး သယ်လာတဲ ့ ကျောင်ဝင်းဌေး ကိုလည်း ဘူးသီး ရယ်လို ့ နာမည်ပြောင်းပေးလိုက်ကြတယ်…အလှူနေ ့မှာ ကားစီးလုံးငှားပြီး မြိုင်ကို သွားကြတော့ ဗိုက်ကလေး ကို မေ့ပြီး ကျန်ထားခဲ ့မိလို ့ သူ ့ခမျာ နောက်မှ လိုင်းကားစီး လိုက်ခဲ ့ရတာကလည်း အမှတ်တရပါ…သူက အလှူမှာ ရိုက်ကူးရေး တာဝန်ယူထားတဲ ့သူပါ..အလှူမှာ ဆရာလေးတွေကို ဆွမ်းကပ်တာအပြင် ကျန်းမာရေး ပညာပေး ဟောပြောတာ ၊လက်သဲညှပ်ပေးတာ စတဲ ့ ဝေယျာဝစ္စ တွေကိုလည်း လုပ်ပေးခဲ ့ကြပါတယ်…ဒါကတော့ ကျွန်တော်တို ့ရဲ ့ပထမ အလှူ အကျဉ်းချုုပ်ပါ..
ဒုတိယ အလှူ ကိုတော့ ဒဂုံအရှေ ့ပိုင်းက သုခရိပ်မြုံ ဆိုတဲ ့ HIV ပိုး ကူးစက်ခြင်းခံနေရတဲ ့ မိဘမဲ ့ကလေးငယ်များ ဂေဟာမှာ ပြုလုပ်ခဲ့ပါတယ်…ဒီအလှူမှာ ကလေးငယ်များနဲ ့ အတူ ကစားနည်းများ ဆော့ကစားခြင်း ၊ကဗျာရွတ်ခြင်း ၊သီချင်းလေးများနဲ ့ ကပြခြင်း ၊သီချင်းများ သီဆိုပြခြင်း စတဲ ့ ကလေးငယ်များအား ပျော်ရွှင်စေမယ့် အစီအစဉ်များ ပါဝင်ခဲ ့ပါတယ်..ကလေးငယ်များအတွက် လိ်ုအပ်တဲ ့ အသုံးအဆောင်များနဲ ့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ ့ကြပါတယ်…အရွယ်နဲ ့ မမျှအောင် ရောဂါ ခံစားနေရရှာတဲ ့ ကလေးငယ်များအတွက် တစ်နေ ့တာပျော်ရွှင်မှုလေးတွေကို ဖန်တီးခဲ့ကြပါတယ်…ဒီအလှူမှာ အမှတ်ရစရာကတော့ အလှူလာကြတဲ ့ မောင်နှမတွေကို ကံစမ်းမဲ ဖောက်ပေးတဲ ့ အစီအစဉ်လေးပါ.မောင်နှမတွေအတွက် ပျော်ရွှင်စရာ ပွဲလေး ဖြစ်ခဲ ့ပါတယ်..ပစ္စည်းတွေကတော့ ကြက်ဥ ၊မြဟသာင်္ ၊ငှက်ပျောသီး စတဲ ့စတဲ ့ ပစ္စည်းများကို ကံစမ်းမဲ ဖောက်ပေးခဲ ့ကြလို ့ ဂွတီး ဂွကျ နဲ ့ အင်မတန် ပျော်ရွှင်ခဲ ့ရပါတယ်…(ကျွန်တော်ကတော့ ကြက်ဥ မဲပေါက်ပါတယ် ..:P )
တတိယအကြိမ် အလှူအဖြစ် မြိုင် သီလရှင် ကျောင်းမှာပဲ ပညာရည်ချွန် ဆုပေးပွဲလေး ပြုလုပ်ပေးခဲ ့ကြပါတယ်…ချို ့တဲ ့ နွမ်းပါးတဲ ့ ကလေးငယ်များအတွက် သူတို ့လေးတွေ စိတ်အားမငယ်စေဖို ့ စိတ်အားတက်စေဖို ့ အစိုးရကျောင်းများနည်းတူ ပညာရည်ချွန်ဆုပေးပွဲလေး လုပ်ပေးချင်တယ်ဆိုတဲ ့ ဆရာကြီးဒေါ်သုနန္ဒာ ရဲ ့ စကားတခွန်း ကို အကောင်အထည်ဖော်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်…ဆုကိုလည်း ပထမ ၊ဒုတိယ ၊တတိယ တင်မဟုတ်ပဲ ၅ ဆု အထိ ချီးမြှင့်ခဲ ့ကြပါတယ်…ဒါ့အပြင် လာရောက်ကြတဲ ့ ကလေးငယ်များထဲကမှ တကိုယ်ရေ သန် ့ရှင်းရေး ဆု ၅ ဆု ကို သတ်သတ် ဆုပေးပါတယ်..ဒီအလှူမှာ အမှတ်ရစရာကတော့ ဆုပစ္စည်းတွေ လိုက်ဝယ်ရင်း မိုးချုပ်သွားတော့ ကျွန်တော်တို ့ မောင်နှမတွေ မြေနီကုန်းလမ်းဆုံ မီးပွိုင့်နားက လမ်းဘေးဆိုင်လေးမှာ ညစာ စားရတယ်..အဲဒီအချိန် မိုးတွေက ရွာလာတော့ ဘယ်မှလဲ မပြေးနိုင်တော့ဘူး…အဲဒီနေရာမှာပဲ ထီးလေးတွေ ဆောင်းပြီး ထမင်းလွေးခဲ ့ကြရတယ်…နောက် အလှူနေ ့မှာ အစီအစဉ်ကြေညာသူက ဒေါက်တာ—- လို ့ ဆုချိီးမြှင့်ပေးဖို ့ ခေါ်တာကို သူ ့နာမည်အရင်းကို မေ့နေတဲ ့ ဆရာတွတ် က သူ ့ကို ခေါ်နေမှန်း မသိပဲ ကြောင်တောင်တောင် ဖြစ်နေလို ့ ဘေးကလူတွေက မင်းကို ခေါ်နေတာလို ့ အတင်းတွန်းလွှတ်ယူရပါတယ်…အကြောင်းသိ မောင်နှမတွေနဲ ့ ဆရာကြီးဒေါ်သုနန္ဒာ အပါအဝင် သီလရှင် ဆရာလေးတွေ အားလုံး ပြုံးပျော်ရတဲ ့ အဖြစ်လေးပါ…
စတုတ္ထအကြိမ်အလှူ အဖြစ် လှည်းကူးမြို ့နယ် မြန်မာ့ စိမ်းလန်းမြေ မိဘမဲ ့ကလေးများ ဂေဟာအား စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းခဲ ့ပါတယ်…လှူဒါန်းမှုများထဲမှာ အကုန်အကျ အများဆုံး ဖြစ်သလို အချိန်အများဆုံးယူခဲ ့ရတဲ ့ အလှူလည်း ဖြစ်ပါတယ်…ဒီဂေဟာမှာ မိဘမဲ ့ကလေးပေါင်း ၄ဝ ကျော်ခန် ့ကို ကျွေးမွေးစောင့်ရှောက်ထားပါတယ်…အခြေခံပညာရေးကိုလည်း သင်ကြားပေးနေပါတယ်..ဒီဂေဟာမှာပဲ ကျွန်တော့် ညီလေးများဖြစ်တဲ ့ စိမ်းလန်းမြေ ပရဟိတ အဖွဲ ့ က ဆေးခန်းဖွင် ့ ပြီး ကုသိုလ်ယူနေကြပါတယ်…စာကြည့်တိုက်လေး ကို ဗိုလ်မှုးကြီး နေစိုးမောင် မှ ဖွင့်လှစ်ပေးပါတယ်..စာကြည့်တိုက်ရဲ ့ အမည် ကို သူငယ်ချင်း ဒေါက်တာ အောင်အောင် ရွေးပေးတဲ ့ ပန်းရည်ဘဏ်တိုက် ဆိုတဲ ့ အမည်လေးပဲ ပေးလိုက်ကြပါတယ်..အလှူကို မြဝတီ ရုပ်သံမှ လာရောက်ရိုက်ကူးပြီး အသံလွှင့် ပြသခဲ ့ပါတယ်..ဒီအလှူမှာ အမှတ်ရစရာရတော့ အလှူဖိတ်စာကို အင်္ဂလိပ်လို ရေးလိုက်မိတဲ ့ နှင်း ပါပဲ..အလှူမနက် ရွှေဥမင် ဆရာတော်ဘုရားကြီးကို ဆွမ်းကပ်ပြီးတော့ ဆရာတော်က အလှူဖိတ်စာ အင်္ဂလိပ် လို ရေးတဲ ့ နှင်း ကို မေးမြန်းပါလေရော..အဲဒီကစပြီး နှင်း လည်း နောက်ဆို မြန်မာလို ပဲ ရေးတော့မယ် ဖြစ်သွားပါတယ်…
အလှူကြီး တစ်ခုအနေနဲ ့ မဟုတ်ပေမယ့် သွားရောက်လှူဒါန်းဖြစ်ခဲ ့တဲ ့ အလှူတစ်ခုကတော့ မှော်ဘီမြို ့နယ် ထေရီဓမ္မရိပ်သာ မိုးကုတ် ဝိပဿနာ ကျောင်းတိုက်မှာ ပြုလုပ်တဲ ့ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းမှာ စာအုပ်များ ဘောပင်များ သွားရောက်လှူဒါန်းခဲ ့ကြတာဖြစ်ပါတယ်…အဲဒီကျောင်းဟာ သီလရှင် ဆရာလေး ညီအမ ၂ ပါး က ဦးဆောင်ပြီး ဘာသာရေး ပြန် ့ပွားအောင် ကြိုးစားနေတာဖြစ်ပါတယ်..ကျွန်တော်တို ့ သွားတဲ ့ အချိန်က ကျောင်းနေရာဟာ အုတ်မြစ်ချကာစ ဖြစ်ပါတယ်..သင်တန်းသားကလေးငယ်များကို တခုခုပြောပေးပါလို ့ ဆရာလေး ကတောင်းဆိုတော့ ညီများက ကျွန်တော့်ကို တွန်းပို ့ပါတယ်..ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ လန် ့ဖျတ်သွားပါလေရဲ ့ ..အဲဒီမှာ စစချင်း ကြောင်အန်းအန်း ဖြစ်နေတုန်း အသံစမ်းကြည့်မဟဲ ့ လို ့ မိုက် ကိုကိုင်လိုက်မိတာ ကံမကောင်းချင်တော့ မိုက်ကနေ ဓာတ်လိုက်လို ့ လူလဲ တော်တော် မကြောအခြင်တွေ ပြောသွားပါလေရာ… စာအုပ်တွေ လိုက်ဝေပေးပြီးတော့ ဆရာလေးက ကျောင်းကို လိုက်ပြပါတယ်…အဲဒီဆရာလေးဆီမှာ သစ်ပင်လာစိုက်ပေးဖို ့ ကတိပြုခဲ ့ပေမယ့် အခုအချိန်ထိ မလုပ်ပေးဖြစ်သေးတာကတော့ လိုအပ်ချက်တစ်ခု ဖြစ်နေပါသေးတယ်ဗျာ…
အခြားလှုပ်ရှားမှုတစ်ခုအနေနဲ ့ကတော့ ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ ့ ဝေယျာဝစ္စအဖွဲ ့နဲ ့ နာဂစ်မုန်တိုင်းဒဏ်ခံခဲ ့ရတဲ ့ ရန်ကုန်တိုင်းထဲ က ထော်ကူး ဆိုတဲ ့ ရွာလေး တစ်ရွာဆီ ဆေးကုသရေးအပိုင်းမှ ပါဝင် ကုသိုလ်ယူခဲ့ကြဖူးပါတယ်..ကျွန်တော် ၊မောင်ကောင်း ၊ဆရာတွတ်၊ အတီး နဲ ့ ဒေါက်တာ ရဲမောင်မောင် တို ့ ပါဝင်ခဲ ့ကြပါတယ်….၂ နာရီလောက် လှေစီးပြီးမှ ရွာလေးဆီ ကို ရောက်ပါတယ်…ရွာလေးဆီ ရောက်ရောက်ချင်း သတိပြုမိတာကတော့ တစ်ရွာလုံး ဖိနပ်မစီးကြတာပါပဲ…ရွာက မူလတန်းကျောင်းလေးမှာ စတည်းချပြီး လှူဒါန်းမယ့် သူတွေက လှူကြပါတယ်…ကျွန်တော်တို ့ဆေးအဖွဲ ့ကလည်း လူနာတွေနဲ ့ နပန်းလုံးကြရပါတော့တယ်…လှူဒါန်းမှုတွေရော ဆေးကုသမှုရော အားလုံးပြီးတော့ ရွာသူကြီးက အုန်းသီး နုနုချိုချိုလေးများနဲ ့ ဧည့်ဝတ်ပြုပါတယ်…
ပြီးခဲ ့တဲ ့ ကဆုန်လပြည့်နေ ့က ကျောက်တော်ကြီးဘုရား ရင်ပြင်မှာ ဘုရားဖူးများအား အအေးများ လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြပါသေးတယ်..များပြားလှတဲ ့ ဘုရားဖူးများကို တန်းစီပြီး ယူကြဖို ့ အော်ပြောရတဲ ့ မသူဇာ အသံဝင်သွားပါတယ်…
ယခုအချိန်မှာတော့ အဖွဲ ့ဟာ အခြားပြင်ပအလှူများကို ရပ်တန် ့ပြီး ဆေးခန်းလေးကိုပဲ အလေးပေးနေရပါတယ်..ဆေးခန်းလေးကို ပိုပြီး ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြစ်အောင် လုပ်ကြမယ်လို ့ ဆုံးဖြတ်လိုက်ကြလို ့ပါ…ဆေးခန်းလေးအကြောင်း အနည်းငယ်ပြောပြရရင် ဆေးခန်းမှာ ကုန်ကျတဲ ့ ဆေးဝါးများအတွက် ဆရာကြီး ဒေါ်သုနန္ဒာမှ အဓိက တာဝန်ယူပါတယ်..ကျွန်တော်တို ့ မောင်နှမများကလည်း လစဉ်အလှူငွေများနှင့် အတူ နီးစပ်ရာ (လည်ပင်းညစ် ) အလှူခံကြရပါတယ်…ဆေးများကို အောင်ဖြိုးဆန်း ဆေးဆိုင် မှ ဝယ်ယူကြပါတယ်…ထိုဆေးဆိုင်မှလည်း ကျွန်တော်တို ့ ဆေးခန်းလေးကို လှူတစ်ဝက် ရောင်းတစ်ဝက်နဲ ဆေးဝါးများ ကူညီနေပါတယ်…လိုအပ်တဲ ့ လူနာများအတွက် သွေးစစ်၊ ဓာတ်မှန်ရိုက် စသည်များကို ပြင်ပဆေးခန်းတစ်ခုနှင့် ချိတ်ဆက်ပြီး လူနာအတွက် အခမဲ ့(ကုန်ကျစရိတ်ကို အဖွဲ ့မှ ကျခံ၍ ) ပြုလုပ်ပေးနေပါတယ်…ဆေးခန်းလာသော လူနာများဟာ သွေးစစ်ရန် ၊ဓာတ်မှန်ရိုက်ရန် ပြောလိုက်တိုင်း ဆေးခန်းလေးဆီ ပြန်လာမပြကြတော့သဖြင့် ယခုလို မိမိတို ့က အကုန်အကျခံကာ ပြုလုပ်ပေးနေရခြင်း ဖြစ်ပါတယ်…အဖွဲ ့မှာ ငွေကြေးအင်အား တောင့်တင်းလွန်း၍ မဟုတ်ပါ…
ယခင်က ဆေးခန်းလေးကို လာရောက်ကုသတဲ ့ လူနာက ၁၀ဝ ပတ်ဝန်းကျင် ရှိပါတယ်…နေ ့လည်စာကို အမြဲ ၂ နာရီလောက်မှ စားရပါတယ်..ယခု ၁ လလောက် အချိန်အတွင်းမှာ လာရောက်တဲ ့ လူနာဦးရေဟာ ၁၅ဝ နဲ ့ ၁၈ဝ ကြား ဖြစ်လာပါတယ်….ဆေးဝါးကုန်ကျမှုကလည်း တစ်ပတ်ကို ၄၀၀၀ဝ ကျော်ခန် ့ရှိလာပါတယ်..နေ ့လည်စာ စာချိန်ဟာလည်း နေ ့လည် ၃ နာရီ ဖြစ်လာတယ်… ၂ နှစ်နီးပါး သက်တန်းရှိလာတဲ ့ ဆေးခန်းလေးမှာ ကျွန်တော်တို ့ တစ်ခါမှ လူနာဆီက ငွေကြေးတောင်းခံခဲ ့ဖူးခြင်း မရှိပါ…လူနာဦးရေ များလာတာနဲ ့အမျှ ကုန်ကျစရိတ်က များလာပါတယ်…ယခင်ကတော့ ဆေးဖိုးအတွက် လူနာများဆီမှ အလှူပြန်ခံဖို ့ အလှူခံပုံးလေး ထားတာပဲဖြစ်ဖြစ် စိတ်ကူုးပြီး ဆရာကြီး ဒေါ်သုနန္ဒာ ကို လျှောက်ကြည့်တော့ လက်မခံပါ…အလှူခံမထည့်နိုင်လို ့ မလာမှာမျိုး မဖြစ်စေချင်ဘူး လို ့ ပြောပါတယ်..ဒါနဲ ့ ဆေးခန်း စာအုပ်လေးတွေ ရောင်းရင်ရော လို ့ လျှောက်တာကိုလည်း လုံးဝ ငြင်းပါတယ်..ဆေးဖိုး အတွက် သူ ဖြစ်အောင် လုပ်ပေးမယ်ပဲ အမြဲ ပြောနေခဲ ့ပါတယ်..ဒီလိုနဲ ့ ကျွန်တော်တို ့ ဖြစ်အောင် ရပ်တည်ခဲ ့ရပါတယ်…ရေရှည်အတွက် ငွေပဒေသာပင် ထားပြီး သုံးစွဲကြဖို ့ စိတ်ကူးရှိပေမယ့် ရသမျှ အလှူငွေက ရတာနဲ ့ ကုန်ဆိုသလို ဖြစ်နေတော့ အကောင်အထည်ပေါ်မလာခဲ ့ဘူး…လက်ထဲမှာ ဘဏ်အကောင့်ကြီးပဲ ရှိနေတယ်…
ဒီနေ ့ ဒီအချိန်မှာတော့ တစ်ပတ်ကို လူနာ (၁၈၀) ၊ကုန်ကျစရိတ် (၄၀၀၀၀) ကျော် ၊တစ်လကို ဆေးဖို း (၁၅၀၀၀ဝ ) နဲ ့ (၂၀၀၀၀ဝ ) ကြားရှိတယ်ဆိုတဲ ့ စရိတ်စက က တော်တော်လေး စဉ်းစားစရာ ဖြစ်လာပါပြီ…ကျွန်တော်တို ့ မောင်နှမတွေမှာလည်း ချမ်းသာကြွယ်ဝကြသူများ မဟုတ်ကြလေတော့ အခက်သားလား…တွေ ့သမျှလူ လိုက်အလှူခံ ၊ တွေ ့တိုင်း ကြုံတိုင်း အလှူခံနေကြလို ့များ ကြုံတိုင်း ရယ်လို ့ မှည့်လေသလား အောက်မေ့ရော့မယ်…သူငယ်ချင်းတွေမလဲ ကျွန်တော်များ ရုတ်တရက် သူတို ့ဆီ ရောက်လာလို ့ကတော့ ဖိုးသူတော် ကြွလာတယ် ထင်နေကြပြီ…အဲဒီတော့ ကျွန်တော်တို ့မှာ ဒီအထုပ်အပိုးကြီးကို ဗြဟ္မာကြီး ဦးခေါင်းလို ဘယ်လိုဖြေရှင်းရမှန်း မသိ..ရွက်ထားရမလား ၊အောက်ပဲ ချထားလိုက်ရမလား ၊တစ်နေရာရာ တင်ထားလိုက်ရ ကောင်းမလားရယ်နဲ ့ လားပေါင်းများစွာ တွေးနေကြရပါတယ်…
ဒါကတော့ ကျွန်တော်တို ့ အဖွဲ ့လေးရဲ ့ ကို်ယ်တိုင်ရေး ရာဇဝင် နဲ ့ လတ်တလော အခြေအနေလေးပေါ့ဗျာ.…မိတ်ဆွေလည်း အခုလို သိရလို ့ စေတနာတွေ ရေစီးကမ်းပြိုလိုက်ပြီး လှူချင် တန်းချင်တဲ ့စိတ်တွေ တဟုန်းဟုန်း ဖြစ်လာတယ် မဟုတ်လား…မပူပါနဲ ့ဗျာ…အိမ်တိုင်ယာရောက် အလှူခံပေးပါတယ်…(ဇွတ်ရော အတင်းရောပါလားနော် )လမ်းကြံခဲ ့ရင် ဖြစ်ဖြစ် တမင်တကာပဲ ဖြစ်ဖြစ် ဆေးခန်းလေးဆီ အလည်ဝင်လာကြပါဦး…(ရောက်လာလို ့ကတော့ အလှူငွေ မထည့်မချင်း ပြန်မလွှတ်ဘူး ) ရွှေပြည်သာမြို ့နယ် ထန်းခြောက်ပင် လမ်းဆုံရောက်ရင် ဘယ်သူ ့မေးမေး မြိုင် သီလှရှင် ကျောင်း ကို သိပါတယ်…ဖိတ်ခေါ်ပါတယ်ဗျာ..
ဝမ်းသာစရာ သတင်းတစ်ခုကတော့ မကြာခင်ကပဲ ဆရာကြီးဒေါ်သုနန္ဒာ က အလှူခံပုံးထားတာပဲ ဖြစ်ဖြစ် ၊ဆေးခန်းစာအုပ် ရောင်းတာပဲ ဖြစ်ဖြစ် တခုခု ကို လုပ်ပိုင်ခွင့်ပြုပေးလိုက်ပါတယ်..(ဟေးးးးး ပါမစ် ရပြီကွ ..အဟောင်းပေးစရာ မလိုဘူး….တိန် ) ဒီတော့ အနည်းငယ်တော့ အသက်ရှုချောင်လာမယ်လို ့ မျှော်လင့်ရတာပဲဗျာ…ကျွန်တော်တို ့ မောင်နှမတွေ ဘယ်နည်းလမ်း က အကောင်းဆုံးဖြစ်လေမလဲ တိုင်ပင်နေကြပါတယ်..ဖတ်ပြီးရင်လည်း အကြံလေး ပြုထားခဲ ့ပါဦး..အလှူငွေလေးလည်း ထည့်ခဲ ့ပါဦး (ပြောတယ်လေ ကြုံတိုင်း ပါဆို )..
2 comments
MOEPWINTPHYU
September 22, 2011 at 12:48 pm
ဓာတ်ပုံတွေလည်ရှိပါသေးတယ် သိပ်မတင်တတ်သေးလို
တင်ပေးပါအုံးမယ်…..
parlayar46
September 22, 2011 at 2:32 pm
ဒီလို တကယ်လိုနေတဲ့နေရာမှာ ငွေကြေးပစ္စည်းဒါနပြုသူများနဲ့ လုပ်အားဒါနပညာဒါန (တကယ်တော့ တရားကိုယ်က ဒါနမဟုတ်ပါ။ စာရိတ္တသီလ သို့မဟုတ် ဝေယျာဝစ္စသီလကုသိုလ် ဖြစ်ပါသည်) ပြုသူများကို ချီးကျူးသာဓုခေါ်လိုက်ပါတယ်။
ဖြစ်နိုင်ရင် အဲဒီနေရာကို ထန်းခြောက်ပင်လမ်းဆုံကနေ ဘယ်လိုသွားရသလဲဆိုတာပါ လမ်းညွှန်လေး ပေးစေချင်ပါတယ်။
ကျုပ်က ထန်းခြောက်ပင်လမ်းဆုံကိုပဲ ရောက်ဘူးလို့ပါ။
ထန်းခြောက်ပင်လမ်းဆုံအနီးမှာ ကျုပ်နဲ့ အနည်းငယ်ပတ်သက်တဲ့ လုပ်ငန်းတခုလဲရှိတာမို့ ကိုယ်တိုင်လဲသွားကြည့်ရင်း အခြားလှူမယ့်တန်းမယ့်သူတွေကိုလဲ ပြောလိုက်ပါမယ်။
ဆေးခန်းရဲ့ဆေးဘိုးစားရိတ်ကို –
ဥပမာ – ကို်ယ့်မွေးလ စသည့်အထိမ်းအမှတ်အဖြစ် တစ်လစာ ပိုင်းပြီးလှူမယ် ဆိုတာမျိုးရောလက်ခံမလားဆိုတာပါ သိချင်ပါတယ်။ အဲသလိုလဲလက်ခံမယ် အိမ်တိုင်ရာရောက်လဲ (လမ်းစားရိတ်ယူပြီး) ငွေကောက်ပေးမယ်ဆိုရင် –
ကျုပ်ကိုယ်တိုင်ဓါတ်ပုံသွားရိုက်ပြီး အလှူရှင်ရှာပေးပါ့မယ်။
Comments are closed.