Best Teacher (ကြိမ်လုံးမီးတောက်)
Best Teacher (7)
ဆရာ/ ဆရာမ တွေ အားလုံးထဲမှာ ကလေး တွေက စာ အသင်ကောင်းတဲ့ ဆရာ/ ဆရာမ၊
သူတို့ အပေါ်နားလည် ပေးတဲ့ ဆရာ/ ဆရာမ၊ မဆူမပူ ဘာမှ မပြောတဲ့ ဆရာ/ ဆရာမ၊
စာမေးပွဲ မေးခွန်း အစအန ပြောပြတဲ့ ဆရာ/ ဆရာမ၊ အမှတ်ပေးရက်ရောတဲ့ ဆရာ/ ဆရာမ၊
သူတို့ အတန်းပိုင် ဆရာ/ ဆရာမ၊ စသည်တို့ ကို ခင်တွယ်တတ်ကြပါတယ်။
လေ့ကျင့်ခန်းအများကြီးလုပ်ခိုင်းတဲ့ ဆရာ/ ဆရာမ၊ မျက်နှာကြောတင်းတဲ့ ဆရာ/ ဆရာမ၊
စည်းကမ်းတင်းကြပ်တဲ့ ဆရာ/ ဆရာမ၊ အလိုမလိုက်တဲ့ ဆရာ/ ဆရာမ၊ စသည်တို့ကို
မုန်းတယ် မဟုတ်ပေမဲ့ သိပ်မခင်တတ်ကြပါဘူး။
ကိုယ်က အလယ်တန်းက ကစားတဲ့ ဘော်လုံးသမားလိုပါပဲ။ စာ အသင်ကောင်းတယ်
( ကြွားတာ မဟုတ်ပါဘူး)၊ နားလည်ပေးတယ် ( ကျောင်းလခတွေ စိုက်ပေးထားရတယ်)၊
ဒါပေမဲ့ ဆူလွန်းပွက်လွန်းလို့ (သူတို့ အချိန် စာရင်းမှာ ကိုယ့်အချိန် ဆိုရင် DTTN လို့
မရေးဘဲ ကြိမ်လုံးလေး မီးတောက်နေတဲ့ပုံဆွဲထားကြတယ်)၊ အမှတ်ပေးကပ်စေးနည်းတယ်။
Homework အပေးကြမ်း အစစ်ကြမ်းတယ်။ မျက်နှာကြောတင်း စည်းကမ်းတင်းလွန်းလို့
(သမတလူကြမ်းပုံပေါက်နေတယ်။){ ရုပ်ရှင် မင်းသားရွှေဘ ရဲ ့ လူကြမ်း အဖွဲ့ ကိုပြောတာနော်}
But, it’s a BIG BUT နော်၊ အတန်းပိုင်ဖြစ်တဲ့ ကိုယ့် စားပွဲပေါ်မှာ မနက်တိုင်း ပန်းမျိုးစုံရှိတယ်။ မဗေဒါ ကလည်း ဘာပန်သလဲ မမေးနဲ့၊ သိပ္ပံ မသင်ဘဲနဲ့ သိပ် ပန်
ဆရာမကြီး ကို ဖြစ်နေတာပါပဲ။ ကလေးတွေ ပေးတဲ့ ပန်းမျိုးစုံ ကို ဆံထုံးတစ်ခုလုံး
ဝေ ….နေအောင် ပန်လိုက်ရင်များ လေ ဒင်းကလေးတွေ ပြုံး…..နေကြတာပါပဲ။
20 comments
pooch
September 22, 2011 at 6:43 pm
တီချယ်ကြိမ်လုံးစာတော့ အနော်မမိဖူးဘူး။ မျက်နှာကြောတင်းလှစွာ ပါးစပ်စက်သေနတ်ပစ်တဲ့ဒဏ်တော့ မကြာမကြာ မိဖူးတယ်.. 🙂
ဆူး
September 22, 2011 at 8:20 pm
ဘယ်ကျောင်းက ဆရာတွေလဲဟင်..
windtalker
September 22, 2011 at 11:54 pm
ဆရာမ ရေ
ဘယ်လို မှတော့ စိတ်မရှိပါနဲ ့နော်
အမုန်းခံ ပြီးရေးပါရစေ
ပို ့စ်က မတိုလွန်းဘူးလားဗျာ
ကျုပ်လဲ လုပ်စားနေတာပါပဲ
လုပ်စားခြင်း လို ့တောင် ခေါင်းစဉ်တပ်ရေးလိုက်သေးတယ်
စာလုံးရေတော့ အနည်းဆုံး ၆၀ဝ ကျော်အောင် ရေးခဲ့ပါတယ်
ဆရာမ ရဲ ့အိုင်ဒီယာတွေ က ကောင်းပါတယ်
သို ့သော်
ပို ့စ်တင်ရင်တော့
ဒီထက်လေးတော့
ပို များပေးစေချင်ပါတယ်နော်
တစ်ကယ့် တစ်ကယ်
သူကြီး စည်းမျဉ်းအရဆိုရင်
စာလုံးရေ ၁၅၀ဝ ရှိရမယ် တဲ့
ခက်တာက
သူကြီးကိုယ်တိုင်
သူ ့စည်းကမ်းသူ ပစ်ထားတာ ကလား
ကျုပ် က သာ
မနေ နိုင်၊ လို ့
ဝင်ငန်မိတာပါဗျာ
ဆရာမ ရဲ ့ပို ့စ်တွေ ဟာ
အားလုံး ဂူးတွေပါ
ထို ့ကြောင့်
စာလုံးရေ ၆၀ဝ လောက်အထိ ရေးတင်ခဲ့မယ် ဆိုရင်
ဆရာမ ပို ့စ် ကို
ကျုပ်တို ့ဖတ်ရတာ ပို အားရမှာ
ဖြစ်တဲ့အကြောင်း
သတင်းကောင်းလေး ပါးပါရစေနော်
လေးစားပါတယ် ဗျာ
thit min
September 23, 2011 at 12:19 am
ဘရာသာတော်လခါရေ
ရင်းနှီးစွာလက်တို့ပါရစေနော်…..
MG ရဲ့ဝါရင့် များပါပဲ တ ယောက် က ၇- ကြောင်း ထဲ ရှိတယ်ခင်ဗျ..
နောက် တ ယောက် က ၂- ကြောင်းထဲ ပါ။
ပြန်ရှာရင်တွေ့နိုင်ပါသေးတယ်၊မကြာသေးပါဘူးသူတို့တင်ထားတာ။
ဘယ်လိုနား လည် ရမှန်းမသိလို့ပါခင်ဗျာ။
လေးစားခင်မင်လျှက်
TM
TTNU
September 23, 2011 at 12:29 am
ကိုဝင်းထော်လခါရေ
စေတနာနဲ့ လမ်းညွှန်ပြောပြတာ ဘာမုန်းစရာရှိပါ့မလဲကွယ်။ တကယ်တော့ စာလုံးရေ (၁၅၀၀)
ဆိုတာ မသိဘူးကွဲ့။ အချို ့သူတွေ ခပ်တိုတိုပဲ ရေးတာ တွေ့မိတာ တစ်ကြောင်း။
စာဖတ်သူတွေ ခပ်ရှည်ရှည် ဖတ်ရရင် စိတ် မရှည်မှာ စိုးတာက တစ်ကြောင်း ။
အခုလို စိတ် အနှောက်အယှက်ဖြစ်သွား ရတာ တောင်းပန်ပါတယ်။
လိုအပ်လို့ လိုအပ်သည်များကိုလမ်းညွှန်ပေးတာကို ဝင်ငန်တယ်လို့ မထင်ပါဘူး။ ဆားဆိုတာ
မရှိ မဖြစ်တဲ့ ဓါတ် တစ်မျိုးပဲ ။ လက်ခံပါတယ်။ နောင်လည်း ဆက်လက် လမ်းညွှန်ပါနော်။
လေတိုက်တယ်လို့ သဘောမထားပါဘူး မိတ်ဆွေကြီးရယ်။ Oxygenate လုပ်ပေးတယ်လို့
မှတ်ယူပါမယ်။
အထူးလေးစားစွာဖြင့် TTNU.
kai
September 23, 2011 at 12:35 am
“ကျောင်းလခတွေ စိုက်ပေးထားရတယ်..”ဆိုတာကို.. ကျေးဇူးတင်ရင်း..လေးစားမိပါတယ်.။
မေးချင်တာက..
ဆရာမကြီးအဲဒီလို စိုက်ပေးပြိးရင်.. ပြန်ရောရရဲ့လားဆိုတာပါ..။ 🙂
–
မြန်မာပြည်မှာ..ဆရာကတပည့်တွေကို ကိုယ်ထိလက်ရောက်…ဆုံးမခွင့်ရှိနေတာကို.. ဝါရင့်ပင်စင်စား… ဆရာတယောက်အနေနဲ့ ဘယ်လိုပြန်သုံးသပ်ချင်သလည်း ဆိုတာလည်း သိချင်မိပါတယ်.။
မှန်သလား..မှားသလား..ဆက်လုပ်သင့်သလား.. ဥပဒေနဲ့သတ်မှတ်သင့်သလား…ဒီအတိုင်းဆက်သွားရဦးမလား.. စသဖြင့်ဝေဖန်ပေးပါဦး..။
TTNU
September 23, 2011 at 1:20 am
ကိုခိုင်ရေ
အဲဒီခေတ်တုန်းက ကျောင်းလခက တစ်လ (၆) ကျပ်ကွဲ့။ လလည်လောက်ကျတော့ ပြန်ပေးတတ်ကြပါတယ်။ အရမ်းနွမ်းတဲ့ ကလေးတွေ ဆီက ပြန် မရတာလည်း ရှိပါတယ်။
ကိုယ်ကပဲ နေပေ့စေတော့ လို့ စိတ်ဖြောင့်ခိုင်းလိုက်တာပါ။
Corporal Punishment အကြောင်း ဆွေးနွေးရရင် အများကြီးပဲ ကိုခိုင်ရေ။ တီချာတို့ ကြိမ်လုံး မီးတောက်တယ်ဆိုတာက သိပ္ပံမောင်ဝ ရဲ ့ ဆရာစော ကျောင်းကလို ခုံပေါ်ရိုက်တဲ့ တဖြန်းဖြန်းပါ။ လက်ဝါးပေါ် ရိုက်တာကလည်း သူတို့ ခံသာရုံ ပြစ်ဒဏ်ပါ။
အဲဒီခေတ်က မိဘတွေကလည်း ကျိုး ကျိုးကန်းကန်း ဆိုပြီးအပ်ကြလေ့ ရှိကြပါတယ်။
အခုခေတ်မှာ ကြိမ်မကိုင်ကြတော့ပါဘူး။ တီချာ အခုရေးပြထားတဲ့ ခေတ်က 1970s ပါ။ ကြိမ်လုံးတစ်ချောင်းနဲ့ အထိန်းကြောင်းခံခဲ့ ရတဲ့ တပည့် အများအပြား ပြည်ပ ကပြန်လာတိုင်း လာကန်တော့ကြ၊ ကြိမ်အလွမ်းပြေ ရှေးဖြစ်နောက်ကြောင်းလေးတွေ ပြောကြ ရှိဆဲပါ။ တို့ ဆရာမက ချစ်လို့တီးတဲ့ ချစ်တီးကွ ဆိုပြီး ကွယ်ရာမှာပြောနေကြဆဲပါ။
တီချာ ဆရာအတတ်သင်ရောက်သွားတော့ ကလေးတွေကို Physically or Mentally ဘာမှ မလုပ်သင့်ကြောင်း။ Drawbacks of corporal punishment နဲ့ပတ်သက်ပြီး Workshop တွေ ဘာတွေ လုပ်ပါပြီ။ ကလေးတွေကလည်း ဒီလို အဆုံးအမ ခံတတ်တဲ့ ခေတ် မဟုတ်တော့ဘူးလေ။ အထူးသဖြင့် ဘာမှ မပေးဆပ်တဲ့ ဆရာဆရာမ ရဲ ့ ဩဝါဒကို လက်မခံကြတော့ဘူး။ ပေးဆပ်သည့်တိုင်အောင် Corporal Punishment ကို ကလေးတွေရော ဆရာ ဆရာမ တွေရော မိဘတွေရော လက်မခံကြတောပါဘူး။
ကိုခိုင်ရေ သိပ်ရှည်သွားပြီမို့ တောင်းပန်ပါတယ်။ တီချာရဲ ့ Critiques ကို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ကွယ်။
kai
September 23, 2011 at 3:10 am
ပြန်ဖြေတာတွေအတွက်.. ကျေးဇူးတင်ပါတယ်ခင်ဗျား..
–
ဆရာကတပည့်တွေကိုကိုယ်ထိလက်ရောက်… ဆုံးမတာမျိုး.. နယ်တွေ..ရွာတွေဘယ်လိုကျန်နေသေးလည်းတော့…မသိပါဘူး..။
တကယ်တော့.. မြန်မာ့ပညာရေးက.. အထွေထွေပြုပြင်မှု လုပ်သင့်နေပါပြီ..။
… ဂျပန်၊တရုတ်နဲ့..အနောက်နိုင်ငံက… ပညာရှင်တွေငှားရမ်းလုပ်သင့်တယ်ထင်မိပါတယ်..။
တီချာ့လို ပင်စင်စားဝါရင့်တွေဆီက.. အကြံဉာဏ်တွေနဲ့.. ပေါင်းပြီး အထွေထွေပြုပြင်မှု လုပ်ဖို့.. အစိုးရကို တိုက်တွန်းချင်မိတာပါပဲ..။
etone
September 23, 2011 at 2:36 pm
တပည့်တွေကို ဆုံးမတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ … ငါ့ဆီကျူရှင်မတတ်လိုက ငြိုးတယ်ဆိုတဲ့ အဓိပါ္ပယ်တွေပါနေတတ်တာ .. ဘယ်သူသိမှာလဲ သဂျီးရဲ့ … ဆရာတွေ မကောင်းဘူးပြောတာမဟုတ်ဘူးနော် … ပဲထဲ ဂဲနည်းနည်းရောနေတတ်တဲ့ အဖြစ်ပါ ။
ကြောင်ကြီး
September 23, 2011 at 8:34 am
တနေ့ကျောင်းမှာ ဆုပေးပွဲလုပ်တော့ (ကြုံလို့ကြွားလိုက်အုံးမယ်၊ ကျနော့်ကျောင်းက ရန်ကုန်မြို့မှာ ထိပ်ဆုံးမဟုတ်ပေမဲ့ ထိပ်တန်းစာရင်းမှာပါတယ်) ဆုရကျောင်းသားတွေကို စာသင်ခန်းတွေထဲ ထည့်ထားပြီး အသုတ်လိုက် ဟောလ်ခန်းထဲသွား ဆုယူရတယ်။ ကျနော်လည်း ကိုယ်နေရမဲ့အခန်းထဲ မနေဘဲ ကမြင်းကြော လျောက်ထနေတာပေါ့။ အဲဒီမှာ ဘာကိုမကျေမနပ်ဖြစ်တယ် မသိပါဘူး။ သူငယ်ချင်းတချို့က အခန်းထဲက ကျောင်းပစ္စည်းတခုကို ဖျက်စီးပစ်လိုက်တယ်။ နောက်ပိုင်းသတင်း ထွက်လာတော့ ကျနော်လုပ်ပါတယ်ဖြစ်ရော။ သက်သေမရှိလို့ ဘာမှတောင် ခေါ်အမေးမခံရဘူး။ နောင်နှစ် အနည်းငယ်အကြာအပြင်မှာ သူငယ်ချင်းတယောက်နဲ့တွေ့မှ တရားခံက သူဖြစ်နေတယ်။ နောက်ထပ်နှစ်နဲနဲထပ်ကြာလို့ ဆရာမတယောက်နဲ့ ပြန်တွေ့တဲ့အခါ သတိတရနဲ့ အဲဒီတုံးက နင်ကျောင်းအထုတ်ခံရမှာစိုးလို့ ငါတို့တတွေ ဝိုင်းဖုံးပေးလိုက်ရတယ်ပြောတယ်။ (မထူးပါဘူး၊ နောက်တော့လည်း အဲဒါထက်ပိုကြီးတဲ့ အမှုနဲ့ ကျောင်းထဲပြန်ဝင်ခွင့် မရတော့ပါဘူး) ကျနော် မဟုတ်ကြောင်း ပြောပေမဲ့ ဆရာမကတော့ ပြုံးနေပါတယ်။ 🙁
PEACEMAKER
September 23, 2011 at 8:51 am
ဂျပန်JICAအဖွဲ့က မြန်မာပညာရေးဝန်ကြီးဌာနရဲ့သဘောတူခွင့်ပြုချက်နဲ့ ပညာရေးဌာန၊ ဆရာအတတ်သင်ကျောင်းတွေနဲ့ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေ၊ ကွင်းဆင်းလေ့လာပညာပေးလုပ်ငန်းတွေ လုပ်နေခဲ့တာ နည်းနည်းတောင်ကြာခဲ့ပြီ။ တိတိကျကျမရေးနိုင်ပေမဲ့ ၁၉၉၉ ဝန်းကျင်လောက်ကတည်းက ဖြစ်မယ်လို့ထင်ပါတယ်။
ဆရာကချည်းပဲ ဦးဆောင်သင်ကြားတဲ့စနစ်၊ ကြက်တူရွေးကိုသင်သလို အလွတ်ကျက်မှတ်ရွတ်ဆိုစေပြီးသင်ကြားတဲ့စနစ် TCA(teacher-centered approach)ကနေ ကလေးတွေကိုယ်တိုင်စူးစမ်းလေ့လာဝေဖန်ပြီးသင်ယူတဲ့စနစ်CCA(child-centered approach)ကို မိတ်ဆက်ပေးခဲ့တယ်။
သိတဲ့အတိုင်းပဲလေ။ မလုပ်ခင်မှာ… ဖြစ်မှာမဟုတ်ပါဘူးလေဆိုတဲ့ အပျက်စိတ်ကရှိနေတာဆိုတော့။ ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးကြတယ်လေ။ ဒီCCAဆိုတာ ငါတို့အဘိုးခေတ်ကတည်းက ရှိနေတာပါ။ ခုမှအထူးအဆန်းမဟုတ်ပါဘူးတို့…ကလေးက တစ်ခန်းကို ၅ဝ ၆ဝကျော်ရှိတာ ဘယ်လိုအသုံးချလို့ရနိုင်မှာလဲတို့…CCAနဲ့သင်နေရင် သင်ရိုးကိုအချိန်မီပြီးအောင် သင်နိုင်မှာမဟုတ်ပါဘူးလေတို့…စတာစတာတွေ excuseတွေပေးနဲ့ ဒုံရင်းကဒုံရင်းပြန်ဖြစ်တာများပါတယ်။
တစ်ကယ့်ကိုတက်ကြွပြီး ကလေးတွေကိုစိတ်ဝင်စားတဲ့ အရည်အချင်းရှိတဲ့ဆရာတွေရှိပေမဲ့ နှမ်းတစ်လုံးထဲနဲ့ ဆီမဖြစ်နိုင်ဘူးလေ။ လာဘ်စားတဲ့ဆရာ၊ ကျောင်းသားမိဘလက်ကိုင်တုတ်ဖြစ်တဲ့ဆရာ၊ ပျင်းတဲ့ ဖျင်းတဲ့ဆရာ၊ စာသင်ခန်းထက် ကျူရှင်ကိုပဲစိတ်ဝင်စားတဲ့ဆရာ၊ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ဆရာ၊ စာသင်ဖို့အားမပြောနဲ့ ကျောင်းကိုလာဖို့တောင် အားမရှိတဲ့ဆရာ…..။ ဆရာစိတ်ဓါတ်အပြည့်ရှိပြီး အရည်အချင်းတစ်ကယ်ရှိတဲ့သူတွေပါဝင်တဲ့ ပညာရေးစနစ်ကောင်းကောင်းတစ်ခုကို တစ်ကယ်ပဲတောင့်တမိပါတယ်။
weiwei
September 23, 2011 at 9:57 am
ကျွန်မတို့ခေတ်က ဆရာမကြီးတို့လို ဆရာမမျိုးတွေနဲ့ ကြုံခဲ့ရပါတယ် … နာ ၃ နာနဲ့ တကယ်သင်ခဲ့တဲ့ ဆရာမတွေကျေးဇူးကြောင့် အခုအချိန်အထိ ပညာရဲရင့် ပွဲလယ်တင့် နေတုန်းပါပဲ ….
ငယ်ငယ်က ဆရာ ဆရာမတွေကို အောက်မေ့သတိရမိပါတယ် …
small cat
September 23, 2011 at 9:57 am
စာလုံးရေနဲလို့မရဘူးလို့တော့သိတယ်။ ၁၅၀ဝ သတ်မှတ်ထားတာတော့မသိသေးပါဘူး၊
၆၀ဝ ဆိုရင်ရောအများလက်ခံနိုင်တဲ့သဘောလား?
ကိုယ့် ပို့စ် ကိုရေး နေရင်း စာလုံးရေဘယ်လောက်ရှိသွားပြီဆိုတာကို သိနိုင်တဲ့နည်းလေးရှိရင်
သင်ပြပေးကြပါခင်ဗျာ၊ စည်းကမ်းဘောင်လေးတွေကို(တတ်နိုင်သလောက်သာ၊အမြဲတမ်းတော့မဟုတ်)
လိုက်နာချင်လို့ပါ။
Shwe Ei
September 23, 2011 at 10:18 am
ဆရာမရဲ့ အတွေ့အကြုံ အပြင် စာသင်ခန်း၊ ကျောင်းသား၊ နည်းစနစ်တွေနဲ့ ပတ်သတ်တဲ့ သဘောထား အမြင်လေးတွေပါ သိချင်ပါတယ်။ အခုခေတ်စတိုင်နဲ့ ရှေးခေတ်စတိုင် ကောင်းကျိုး ဆိုးကျိုးလေးတွေပေါ့။ (အင်တာဗျူး မေးခွန်းစတိုင်ပေါက်သွားရင် သည်းခံပေးပါရှင်):P
small cat
September 23, 2011 at 10:33 am
word count ကိုတွေ့ပါပြီ၊ သူ့ရဲ့ counting system က English word ကိုအခြေခံထားတာထင်တယ်။
ကျွန်တော်ရိုက်တာ ၆၈ လုံးရှိနေတာ သူက ၁ဝ ပဲပြပါတယ်။
ကျွန်တော်တို့က ရေအိုး လို့စကားလုံးနှစ်လုံးရေးရင် သူတို့က a& tkd; သိမှာပါ
ဒါကို သူတို့စာကားလုံးနှစ်လို့မသတ်မှတ်ဖူးထင်တယ်
Sonny
September 23, 2011 at 1:44 pm
ကျွန်တော်ဖတ်မိသော အတွေးစများ (၁ )
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့ လောကကျက်သရေ စာအုပ်ထဲကပါ၊ ကျွန်တော်ဖတ်ပြီးတာ ၂၀၀၉ April 29th တုံးကပါ။ share ချင်တာနဲ့ highlight လုပ်ပြီးသားလေးတွေပြန်ရှာတယ်၊၊ ဖတ်ကြည်ကြပါ၊ အကျဉ်းချူံးပြောပါရစေ၊ နှာ ၁၄၂-၁၄၃-၁၄၄
လာချင်းကောင်းသူ(သွာဂတ) နဲ့ လာချင်းဆိုးသူ ( ဒွါဂတ)
လာချင်းကောင်းသူ (သွာဂတ) ဆိုတာ ရောက်လာပြီး အတူတူကြုံတွေ့ ရရင်ဝမ်းသာကြည်နူးမှု့ကိုဖြစ်စေပြီး
ခွဲခွါရရင်ဝမ်းနည်းစရာကောင်းတဲ့ပုဂ္ဂိုလ်မျိုးပါ၊
အမတမော်ကွန်းစိုက်ထူခဲ့တဲ့လူများလို့ဆိုရမှာပါတဲ့။ အနီးကပ်ဥပမာပြုရရင်တော့ လင်ကွန်းတို့ ဗိုလ်ချူပ်အောင်ဆန်းတို့ မင်ကွန်းဆရာတော်တို့ နေရူးတို့
လိုသေတဲ့အထိ တ နေ ရတဲ့လူမျိုးတွေပါတဲ့၊
ဆန့်ကျင်ဘက်များဖြစ်တဲ့ လာချင်းဆိုးသူ ( ဒွါဂတ) များကတော့ အတူတူကြုံတွေရရင် စိတ်ပျက်ဝမ်းနည်းစရာကောင်းပြီး ခွဲခွါမှ စိတ်ချမ်းသာခွင့် ရ တယ်ဆို တဲ့ ပုဂ္ဂိုလ်မျိုးပါ။ မသေနိုင်တဲ့အတွက် တ နေ ရတဲ့ပုဂ္ဂိုလ်မျိုးတွေပါ၊ ရှင်ဒေဝဒတ်တို့ စိဉ္စမာနတို့ ဟစ်တလာတို့ မူဆိုလိုနီ တို့ ပေါ့။
ကျွန်တော့်အတွေး …ငါများဘယ်လိုလူထဲပါ ပါ (ပါမှာပါ)လိမ့်။
ရဝေနွယ်(အင်းမ) ရေး တဲ့ ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ
(နှာ ၆၄ )စာအုပ်ထဲကပါ၊
ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ၊ ကျနော် ခြင် တော့သတ် မိတယ်။
ကြောက်ရွံ ့ခြင်းမှ ကင်း ဝေး အောင် နေ ရခြင်း ကလည်း မင်္ဂလာတစ်ပါးပဲ။ ကြောက်နေရမှတော့ တရာထိုင်လည်းမရ တို်းတက်အောင်လုပ်လည်းမရ ပန်းတိုင်လည်းရောက်အောင်လည်းလုပ်မရ။
Freedom from fear is also one kind of auspiciousness. ( Suu )
ကျွန်တော်ဖတ်မိသော အတွေးစများ (၂ )
ရဝေနွယ်(အင်းမ) ရေး တဲ့ ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ စာအုပ်ထဲကပါ၊(နှာ ၆၄ )
အမေကိုသတ်မယ် ၊အဖေကိုသတ်မယ် ၊ရဟန ္တာကိုသတ်မယ်၊ မြတ်စွာဘုရားရှင်ကိုသွေးစိမ်းတည်အောင်လုပ်မယ်၊ သံဃာကိုဂိုဏ်းခွဲမယ်၊ အဲဒီလိုအကုသိုလ်မျိုးတွေကျူးလွန်ရင် တော့ ဒီအကုသိုလ်ကံတွေ ပယ်ဖျောက်ဖိုု့ အတွက်ဒါန သီလ သမထ ဘာဝနာ ဝိပဿနာေတွေ ဘယ်လောက်ပဲပြုပြု ဘယ်လောက်ပဲပွားပွား ဒီဘဝ ဈာန်မဂ်ဖိုလ် မရနိုင် တော့ပါဘူးတဲ့။ “မထူးတော့ပါဘူးလေ” ဆိုပြီး အကုသိုလ်တွေဆက်ပြုနေမယ်ဆိုရင်တော့ သစ်ပင်ဟာခုတ်ပါများရင် လဲ သွားရသလို ဘဝဟာမကောင်းတဲ့ ဂတိကို လဲကျသွား နိုင်ပါတယ်။
ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း
ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ၊ တစ်ပိုင်းတစ်စ မျှတာပါ။ ကျွန်တော် အစ က ဖြစ်ပြီးတဲ့မကောင်းမှု့ တွေကို၊ အကုသိုလ်တွေကို ၊ပယ်လို့ဘယ်တော့မှမရတော့ဘူး မှတ်နေတာ။ ကုသို်လ်များများလုပ်ရင် အကုသိုလ်တွေတိုးမဝင်နို်င်ဘူးတဲ့။ ဒါပေမဲ့ အကုသိုလ် မလုပ်ရင် ကုသိုလ်ဖြစ်နေတာပဲ ဆိုပြီး မကောင်းမှု့လျော့အောင်လုပ် ဖို့ကြိုးစားမိသွားတယ်။ တစ်ပိုင်တစ်နိုင်လေး ကုသိုလ်လေးတွေလုပ်မိလာတယ်။ သိန်းသန်းချီ မလှူနိုင်တောင် စည်ပင် က တံမျက်စည်းလှည်းတဲ့ ၊ အမှိုက်သိမ်းတဲ့ လုပ်သားတွေ ကို တတ်အားသ၍ ငွေစလေး နည်းနည်း ပေးတတ်လာတယ်။ အော် ကြယ်ငါးstar fish တစ်ကောင် အသက်ကယ်လည်း တစ်ကောင်ပဲလေ ဆိုတဲ့ chicken soup for the soul စာအုပ်ထဲကလို ကျင့်တတ်လာတယ်။ ဆက်ကြိုးစားမှ ဖြစ်မယ်။ အကုသိုလ်တွေ အများကြီးလုပ်ထား တဲ့ လူသားကျွန်တော်၊ အကုသိုလ် မဖြစ်အောင် နေ ရင် ပယ်စရာ မလိုတော့ဘူးပေါ့လေ။
ဆရာတော် ရဝေနွယ် (အင်းမ) အား ဦးခိုက်လျှက်။
ကျွန်တော်ဖတ်မိသော အတွေးစများ (၃ )
ရဝေနွယ်(အင်းမ) ရေး တဲ့ ( ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ) စာအုပ်ထဲကပါ၊ ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ ။ လိုရင်းကတော့ “သူခိုးနဲ့ဝိပဿနာ၊ ဝိပဿနာနဲသူခိုး” ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။ “ငါသူခိ်ုးပဲ ငါသူခိုး ပဲ” ဆို ပြီး ကိုယ့်ကိုယ်ကိုစိတ်ဓာတ် တွေကျနေစရာ မလိုပါဘူး၊ သူခိုးဝိပဿနာ တရားအားထုတ်ရင် တရားထူးနိုင်သေးတယ် လို့ ဆိုထားပါတယ်၊
ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း
ငါးသူခိုး ဝါးသူခိုး၊ အချိန်သူခိုး ပန်းတိမ်သူခိုး၊ ငွေသူခိုး ရွှေသူခိုး၊ လင်သူခိုး အကြင်သူခိုး၊ အတွေးသူခိုး အရေးသူခိုး၊ မြေသူခိုး ရေသူခိုး၊ လူသူခိုး မူသူခိုး၊ အာဏာသူခိုး သာယာသူခိုး၊ ပစ္စည်းသူခိုး ချစ်တီးသူခိုး၊ အနိုင်ကျင့်သူခိုး ပိုင်ဆိုင်ခွင့် သူခိုး ၊ အလေးသူခိုး ဆေးသူခိုး၊ ဖောက်ထွင်းသူခိုး စောက်ပျင်းသူခိုး (sorry for the offensive language) သူခိုးကြီး သူခိုးငယ် များ အားတက်စရာပါ။ ဆက်မခိုးပဲ ဝိပဿနာ တရားအားထုတ်ရင် တရားထူးရ နိုင်သေးတယ် တရားမရတောင် ခဏတော့စိတ်ကောင်း မွေးမြူနိုင် သေးတာပေါ့ နော…
ဆရာတော် ရဝေနွယ် (အင်းမ) အား ဦးခိုက်လျှက်။
ကျွန်တော်ဖတ်မိသော အတွေးစများ (၄)
ဆရာမ မလေးငြိမ် ရေးသားသော “ကိုယ်ကျင့်တရားမြင့်မားစေဖို့” ဆိုတဲ့စာအုပ်ကို ကျွန်တော် ၁၄-၁-၂၀၀၉ တုန်းကဖတ်ပြီးသွားပါတယ်။ ဆရာမ က ၂၀၀၅ စက်တင်ဘာတုန်း ကထုတ်ထားတာပါ။ ဆရာမ က သီလရှင် ဝတ်တုန်းလားမသိပါ၊ ကျွန်တော် အထင် ဘုန်းဘုန်း စာရေးဆရာ ကသာလျှင် များပြီး သီလရှင် စာရေးဆရာ က နည်းတယ်။ ဆရာမ ရေးတာကြိုက်သွားတာနဲ့ ထွက်တ ဲ့စာအုပ်တွေ အကုန်နီး ပါး ဝယ် ပြီးဖတ် လိုက်တယ်။ အဲဒီ “ကိုယ်ကျင့်တရားမြင့်မားစေဖို့” စာအုပ်က ရဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ဩဝါဒ တွေကို စုစည်းတင်ပြထား တယ်၊ လူအတွက် ရယ် ရဟန်းတော်တွေအတွက် ရယ်ပါ။ ( ဆရာမ က စာအုပ်ရောင်းရငွေများ အားလုံးကို မဟာဂန္ဓာရုံ ကျောင်းတိုုက်ကြီးမှာ အကုန် ပြန်လှူ ပါတယ်) ဆရာမ က ကျွန်တော့်ရဲ့ သူရဲကောင်း ပါ။
အဲဒီ စာအုပ်ထဲ က စာမျက်နှာ ( ၈၄ ) မှာ
“ဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း လေးရာကျော် လောက်မှ ရုပ်ပွားတော်၊ ဆင်းတုတော် ပေါ်လာတာ။ ပန်းပုထုသူ ဘယ်သူမှ လိုက် မမှီ ကြပါဘူး။ စာထဲမှာပါ တဲ့ ဂုဏ်တော် တွေ အရ မှန်းပြီး ထုကြရတာပါ။ တစ်ကယ်တော့ ဘုရားအကြောင်းသိ အောင် လေ့လာပြီးမှ ကြည်ညို ရတာ ပိုကောင်းတယ်” လို့ ဆရာတော်ရဲ့ ဩဝါဒ ကို ရေးသားထားပါတယ်၊
ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း
ဖတ်ပြီးတာ ၂၀၀၉ ကဆိုတော့ ကြာပြီနော်။ ဒါပေမဲ့ ဒီနေ့ ဩဂုတ်လ ၃၁ ရက် ထုတ် မြန်မာပို့စ် ဂျာနယ်မှ ဆောင်းပါး တစ်ပုဒ် ဖတ်မိ ပါတယ်။ မြန်မာနိုင်ငံ၏ ဒုတိယ ကျိုက်ထီးရိုး ဟုခေါ် ဆိုသည့် နေပြည်တော် ပျဉ်းမနား ရွှေပြည်သာ ကျေးရွာအနီး ရှိ ထူးခြားသည့်ကျောက်တုံးကြီး တစ်တုံး အကြောင်းဖြစ်ပါတယ်။ ဒီ ကျောက်တုံးကြီးကို မြတ်စွာဘုရား ကိုယ်တော် ပုံတော် ကိုပင် စာထဲမှာပါ တဲ့ ဂုဏ်တော် တွေအရ
ပန်းပုထုသူ ဘယ်သူမှ လိုက် မမှီ ကြပါဘူးဆိုတဲ့ အတိုင်း ထု ပင်မထုရသေးဘဲ နယ်မြေလု နေကြပြီ။ ( အချပ်ပို )
ကျောက်တုံးကြီးဘဝပင် ရှိသေး ရှိခိုး နေကြပြီ။ မဖြစ်သင့်သေးပါ။ အနေကဇာတင် ပင် မတင်ရသေး ၊ ေကျောက်တုံးကြီး ဘဝပင် ရှိသေးသည်။ ကျွန်တော် မြတ်စွာဘုရား ရဲ့ လက္ခဏာတော်များ ကို ဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့ “ယောက်ျားမြတ်တိုရဲ့အမှတ်လက္ခဏာ” စာအုပ်မှာ ဖတ်ဘူးပါတယ်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ရေးတဲ့စာအုပ်ထဲ မှာ လည်း ဖတ်ဖူးပါတယ်။ ကျွန်ေတော်တို့ မြတ်စွာဘုရား က ဘယ်သူမှ တုနိုင်းမမှီ နိုင်တဲ့ ထင်ရှားလက္ခဏာကြီး ( ၃၂) ပါး လက္ခဏာငယ် (၈၀) ရှိပါတယ်။ ဒါတွေကိုမှန်း ပြီးရှိခိုး စေ ချင်ပါတယ်။
ကျွန်တော့် မိတ်ဆွေ တစ် ယောက်ကို (မန္တလေးမဟာမြတ်မုနိ ဘုရားမှာ ဆိုင်ဖွင့် ထားသူ) နိုင်ငံခြား သားတွေ မေးလွန်း လို့ (အကူအညီတောင်းတာနဲ့) အင်္ဂလိပ်လို ဘာသာ ပြန်ပေးဘူးပါတယ်။ ဘုရားရုပ်ထု သူ့ဆီက ဝယ် ရင် ဘာသာပြန်ပြီးသား စာရွက်တွေ ပေးလိုက်တယ်။ သာသနာပြု ုခြင်း တစ်မျိုးလို့ထင် ပါ တယ်။ ဂုဏ်တော်မှန်း၍ ဘုရား အား ကန်တော့ နိုင် ကြပါစေ ဆုမွန်ကောင်းတောင်းလျှက်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ဆရာမ မလေးငြိမ် တို့အား ဦးခိုက်လျှက်။
ကျွန်တော်ဖတ်မိသော အတွေးစများ (၅)
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ၏ ဩဝါဒ တွေကို သာမဏေကျော် စုစည်းတင်ပြထား တဲ့ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းဩဝါဒများ စာအုပ်ကိုဖတ်မိပါတယ်။ (ဆရာမ မလေးငြိမ် ရေးသားသော “ကိုယ်ကျင့်တရားမြင့်မားစေဖို့” ဆိုတဲ့စာအုပ်နှင့် ရည်ရွယ်ချက် ဆင်ပါတယ်)
စာမျက်နှာ ၁၆ မှာ
“ လူတွေဟာ အားကိုးမှား နေကြပါတယ်။ ပြောတော့ဖြင့်
“ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေသတဲ့”
သူ့အဆိုနဲ့သူကိုက်ညီအောင်မလုပ်ချင်ကြဘူး သူတို့ဟာက
“ဘုရားကန်တော့တော့ အိပ်ချင်၊ မယားဆော့တော့စိတ်ရွှင် သတဲ့ “
အကျိုးတော့လိုချင်ကြပါရဲ့ ၊ အကြောင်းလုပ်ဘို့ကြတော့တွန့်ဆုတ်တွန့် ဆုတ်နဲ့တဲ့။
ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း
ဆရာတော်ကြီး ၏ ဆုံးမစာဖတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ် ကြည့်တယ်။
အင်း .. ငါ့မှာလည်း အမျက်တွေ များပါလား…… တရား ရှိသယောင်ယောင်နဲ့ နေနေ မိတယ်… ဘုရားတော့နေ့တိုင်း ရှိခိုးပါတယ် ၁၅ မိနစ် လောက်ပဲ ဒါပေမဲ့ ရွှေကျီးမြင့် ဘုရားမှာ တရား ထိုင် ကြည့်တယ် သမာဓိ တည်တာတောင် ဝါးတား တား နဲ့ မရောက်။ အင်း အိပ်တော့ မအိပ်ချင်ဘူး။ အိပ်ချင်ရင် စိတ်မပါ ရင် ကျွန်တော် ဘယ် တော့မှ ဘုးရားမရှိခိ်ုးဘူး မယားကတော့ မရှိတော့ ဆော့ရန် မလို အဆင်ပြေတယ်။ မယားလည်း မရှိ ဒီခန္တာလည်း မရှိလေ ပိုကောင်း လေပဲ လေ နော့။ ဒီခန္တာ ရော စိတ်ရော ( ရုပ်ရော နမ်ရော ) ပျောက်မှ နိဗ္ဗာန်ရောက်မှာ ကိုး။ ကျင့်ဘို့ ကြိုးစားအုံးမှ။ ခင်ဗျားတို့ တစ်တွေ ရော ကြိုးစား ကြပါ။ တပည့်တော်တော့ စိတ်ကောင်း ရှိဖို့ ပထမ နဲ့ လောလော ဆယ် ခရီးသွားနေပါတယ် ဆရာတော်ဘုရား။
ဒီနေ့ ကျွန်တော်ကဗျာစပ်ကြည့်ပါရစေ။ အာရုံရတာနဲ့။ သည်းခံပါ။ ကျွန်တော်ကဗျာဆရာမဟုတ်ပါ။ ၁၇-၉-၂၀၁၁
“ ဧရာဝတီမြစ်မင်း”
ငါ့အမှား
ဘာများရှိသလဲ။
ငါ့အရှုပ်
ဘာများလုပ်မိသလဲ။
ငါ့ရာဇဝင်
ဘာဘဝင်မကျတာလဲ။
ငါ့သမိုင်း
ဘာများရိုင်းမိသလဲ။
ငါ့တိုင်းပြည်
ဘာ မထီမဲ့မြင်လုပ်ခဲ့မိသလဲ။
ငါ့အသွေး
ဘာမှမတွေးနဲ့ မြန်ပြည်သားအားလုံးကောင်းဖို့အတွက်။
ငါ့ဘာသာ ငါ စီးဆင်း
ငါ့ခရီး ငါသွား
ငါ့သားများကောင်းဖို့အတွက် ချည်းပါ။
ငါ့ ကျေးဇူးတွေ မကန်းနဲ့
ငါ့အတွက်
ငါ့အသက်
ငါ ကာကွယ် ဖို့
သေနတ်မရှိ
ဖိနပ်မရှိ
ပါဝါမရှိ
အာဏာမရှိ
ငါ့သားများ
ငါ့ကို ပြန်သတ် ကြတော့မှားလား
ကယ်ပါအုံး ဧရာဝတီ သခင်
ကိုထူးအိမ်သင် ရေ…………….
ဒီနေ့ ကျွန်တော်ကဗျာစပ်ကြည့်ပါရစေ။ အာရုံရတာနဲ့။ကျွန်တော်ကဗျာဆရာမဟုတ်ပါ။
၁၉-၉-၂၀၁၁
“အောက်ကားစုတ်ပိုင်ရှင်တစ်ဦး၏ခေတ်ပေါ်ရင်ခုန်သံ”
မရောင်းလည်ခက်
ရောင်းလည်းခက်။
မပေါင်းလည်းခက်
ပေါင်းလည်းခက်။
ကို်င်ထားလည်းမပိုင်
ပြန်ဝယ်လည်းမနိုင်။
ကလေးက လေးယောက်
ဝင်ပေါက်တော့မရှိတော့။
ဆရာကီး
ခီဗျားကားရောင်းမိလား
အပေါက်နားရောက်လာသူ
ခပ်ဝ၀
သူပဲ ပွ မှာပါလေ။
ဒီကနေ့
ဆယ့်ကိုးရက် ကိုးလ
အပ်ကြရတော့မယ်။
ဟေ့ကောင်
မောင်ကောင်း
မရောင်းသေးဘူးလား
ရောင်းတော့လေ
ဘေးတီးစကား
ကြောက်လိုက်တာများ ဖိန့်ဖန့်တုန်လို့။
ကဲ ဆုံးဖြတ်ရမဲ့ကိ်န်း
၃၅သိန်းတဲ့
မမက်ဘူး မမြင်ဘူး ပေ
လေးဘီးကနေ
နှစ်ဘီးပြောင်း
ရှင်မရေ
ကြောင့်ကြောင့်ကျကျ
ကောင်းကောင်းတော့
အကြောင်းမလှ။
“ဆရာ၊ ဆရာမတွေဆိုတာ သူတို့ရဲ့နှစ်လုံးသားထဲမှာ တတ်သိလိမ္မာစေချင်တဲ့ဂရုဏာတရားတွေ၊ ကြောင့်ကြစို်က်စေတဲ့ လုံ့လဝီရိယတရားတွေကို ဖြစ်စေပြီး ခံတွင်းကနေ ပြောဆိုသင်ကြားပေးနေတာဖြစ်လို့ နားထောင်သင်ယူပြီး အသိအလိမ္မာတွေ ပြည့်စုံဖွံ့ဖြိုးလာကြတဲ့ တပည့်သားတိုင်းဟာ ဆရာ၊ ဆရာမ တို့ရဲ့နှစ်လုံးသားထဲမှာ သန္ဓေတည်ပြီး ခံတွင်း က ဖွားမြင်လာကြ တဲ့ သားသမီးများဖြစ်ပါတယ်။” ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့
မထေရရ်မြတ်တိုု့စကားဝိုင်း(၂) နှာ ၃၄ မှာပါပါတယ်။ ဒါကြောင့်ခံတွင်းမှ ဖွားသူများ ကျွန်တော့်ကို ရိုက်ခဲ့ ဖူးတာ ကြိုက်ပါတယ်ခင်ဗျာ။
“အချစ်ခံနေရုံနဲ့လည်း ဆရာကောင်းမပီသ၊ အမုန်းခံ ပြီးဆုံးမရဲမှ လည်းဆည်းကပ်သင့်သော ဆရာကောင်းပီသ၏” လို့မေတ္တာရှင်ရွှေပြည်သာရေးတဲ့ ဆရာကောင်းကိုရှာဖွေခြင်း စာအုပ် နှာ ၄ရ မှာလည်းဖတ်နိုင်ပါတယ်။
“နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၏၏၊
ကျိုးလိုစိတ်ကဆုံမတတ်သူ၊ ဆရာဟူလော့၊၊”
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
ဆရာကောင်းများဟာ အလကား အကျိူးမရှိပဲတော့ မရိုက်ကြပါ။
အကျိူးမရှိပဲရိုက်ကြသောဆရာများအတွက်တော့ဒီစကားလေးအတိုင်းသတိပေးပါရစေ။
ကုန်ရှုံးတော့တစ်ခေါက်
လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်
ဆရာကုန်ရှုုံးတော့ တစ်သံသရာလုံးမှောက်………
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
Sonny
September 23, 2011 at 1:46 pm
ကျွန်တော်တင်ချင်တာဒီအပိုင်းလေးတွင်ပါ။
မှားတင်လိုက်မိပါတယ်။
“ဆရာ၊ ဆရာမတွေဆိုတာ သူတို့ရဲ့နှစ်လုံးသားထဲမှာ တတ်သိလိမ္မာစေချင်တဲ့ဂရုဏာတရားတွေ၊ ကြောင့်ကြစို်က်စေတဲ့ လုံ့လဝီရိယတရားတွေကို ဖြစ်စေပြီး ခံတွင်းကနေ ပြောဆိုသင်ကြားပေးနေတာဖြစ်လို့ နားထောင်သင်ယူပြီး အသိအလိမ္မာတွေ ပြည့်စုံဖွံ့ဖြိုးလာကြတဲ့ တပည့်သားတိုင်းဟာ ဆရာ၊ ဆရာမ တို့ရဲ့နှစ်လုံးသားထဲမှာ သန္ဓေတည်ပြီး ခံတွင်း က ဖွားမြင်လာကြ တဲ့ သားသမီးများဖြစ်ပါတယ်။” ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့
မထေရရ်မြတ်တိုု့စကားဝိုင်း(၂) နှာ ၃၄ မှာပါပါတယ်။ ဒါကြောင့်ခံတွင်းမှ ဖွားသူများ ကျွန်တော့်ကို ရိုက်ခဲ့ ဖူးတာ ကြိုက်ပါတယ်ခင်ဗျာ။
“အချစ်ခံနေရုံနဲ့လည်း ဆရာကောင်းမပီသ၊ အမုန်းခံ ပြီးဆုံးမရဲမှ လည်းဆည်းကပ်သင့်သော ဆရာကောင်းပီသ၏” လို့မေတ္တာရှင်ရွှေပြည်သာရေးတဲ့ ဆရာကောင်းကိုရှာဖွေခြင်း စာအုပ် နှာ ၄ရ မှာလည်းဖတ်နိုင်ပါတယ်။
“နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၏၏၊
ကျိုးလိုစိတ်ကဆုံမတတ်သူ၊ ဆရာဟူလော့၊၊”
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
ဆရာကောင်းများဟာ အလကား အကျိူးမရှိပဲတော့ မရိုက်ကြပါ။
အကျိူးမရှိပဲရိုက်ကြသောဆရာများအတွက်တော့ဒီစကားလေးအတိုင်းသတိပေးပါရစေ။
ကုန်ရှုံးတော့တစ်ခေါက်
လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်
ဆရာကုန်ရှုုံးတော့ တစ်သံသရာလုံးမှောက်………
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
ကျွန်တော့်ကို အပြစ်ရှိတိုင်း ရိုက်နိုင်ပါတယ် ဆရာများခင်ဗျား။
etone
September 23, 2011 at 2:44 pm
ဆရာမရေ … ဆရာမရဲ့ အတွေ့ကြုံလေးတွေကို ဖတ်ရပြီး ငယ်ငယ်က ဘဝကို ပြန်အောက်မေ့မိပါတယ် … အဆော့မက်တဲ့ ကျွန်မကတော့ ကျောင်းပျင်းခဲ့တယ်လေ … ကျောင်းမသွားချင်လို့ ဆင်ခြေဆင်လက်တွေနေ့တိုင်းပေးခဲ့သလို ကြက်သွန်နီဂျိုင်းကြားညှပ်ပြီး ကိုယ်ပူအောင်လည်း လုပ်ခဲ့ဖူးတယ် … (ကလေးတုန်းက ပေါတောတောနဲ့ကိုး 😛 )
ပုံပြင်ပြောပြတဲ့ ဆရာမ ၊ စာမမေးတဲ့ ဆရာမ ၊ မျက်နှာချိုတဲ့ ဆရာမ ၊ ကြိမ်လုံးမကိုင်တဲ့ ဆရာမထက် အရိုက်ကြမ်းတဲ့ ဆရာမကို ပိုသဘောကျမိတယ် … သူ့ကြောင့် ကျွန်မ စာတွေကျက်ဖြစ်ခဲ့လို့ပါပဲ …
ဆရာမ သားသမီးတွေ စာသင်ရပိုခက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ ့… ကျွန်မအစ်မေက သူလည်း ဆရာမတစ်ယောက်ဖြစ်လျှက် ကျွန်မတို့မောင်နှမကို စာမသင်ပဲ … အရိုက်ကြမ်းတဲ့ ဆရာမဆီမှာ ကျူရှင်သင်စေခဲ့တာပါ … ။ (အဲ့ဒီအချိန်က ဆရာမထက် ကြိမ်လုံးကို ပဲပိုကြောက်ခဲ့တာပါ … 😛 )
AKKO
September 23, 2011 at 3:15 pm
လူတွေမှာလည်းစိတ်အမျိုးမျိုးရှိသလို .. ဆရာတွေမှာလည်း စိတ်အမျိုးမျိုး ရှိကြပါတယ်… ။
လေးစားထိုက်တဲ့ ဆရာတွေ ရှိသလို … လက်ဆောင်မျက်နှာနဲ့ သဘောကောင်းတဲ့ ဆရာတွေလည်း ကြုံခဲ့ဖူးတယ်
htoosan
September 23, 2011 at 3:25 pm
etone,
“ပုံပြင်ပြောပြတဲ့ ဆရာမ ၊ စာမမေးတဲ့ ဆရာမ ၊ မျက်နှာချိုတဲ့ ဆရာမ ၊ ကြိမ်လုံးမကိုင်တဲ့ ဆရာမထက် အရိုက်ကြမ်းတဲ့ ဆရာမကို ပိုသဘောကျမိတယ် …”
အခုမှ မဟုတ်လား။
ွှအရိုက်ကြမ်းတဲ့ ဆရာ ဆရာမ များကိုပိုမှတ်မိတာတော့သေချာတယ်။ ၆ တန်း တုန်းက
ဝင်လာကတည်းက ကြိမ်တရွှမ်းရွှမ်းနဲ့ ဝင်လာတဲ့ သချာင်္ဆရာမ၊ မျက်ရည်ကျလာအောင် နှာခေါင်းလက်နှစ်ချောင်းနဲ့ ညှစ်ပြီး အပြစ်ပေးတတ်တဲ့ English သင်တဲ့ဆရာမ၊ ကိုယ့်နှစ်ဖူးနဲ့ခုံ ကိုယ့်ဟာကိုယ်တိုက်ခိုင်းပြီး ဖြေးဖြေးတိုက်ရင် နောက်ကနေ နဘံ ထပ်ကျင်းပေးတတ်သော ဆရာ။ စိတ်အင်မတန်တိုတတ်ပြီး စကားများတာတွေ့တာနဲ့ ဒက်စတာနဲ့ လှမ်းပြစ်တတ်သော မြန်မာစာ ဆရာမ၊ ဝင်လာတဲ့ အချိန်မှာ ရောက်နေတဲ့ သင်ခန်းစာ ဖတ်စာအုပ် နဲ့ ကိုယ့်ရဲ့ ဗလာစာအုပ် အသင့်ဖွင့်မထားရင် ဗိုက်ခေါက်ဆွဲလိမ်တတ်သော ပထဝီ ဆရာမ ….
တက်ညီလက်ညီ ဆော်ပလော်တီးတဲ့ ဆရာတွေရှိတဲ့ ၆ တန်းမှာ ကျွန်တော်တို့ အားလုံး ဗိုင်းကောင်းကျောက်ဖိ နေ ခဲ့ကြပါတယ်.။