မြန်မာ့စံနှုန်းတွေအကြောင်း-၁
အကိုကြောင်ကြီးရေ
ရွေးစေ့နဲ့ချိန်သည်ဖြစ်စေ ပိသာလေးနဲ့ချိန်သည်ဖြစ်စေ တန်ဘိုးခြင်းကတော့အတူတူပါ။
ရွှေကိုချိန်တဲ့အလေးနဲ့ပတ်သက်ပြီးတော့နဲနဲပြောချင်ပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့အဖမှာရွှေချိန်တဲ့ကြေးချိန်ခွင်လေးနဲ့ အလေးတွေရှိပါတယ်။
အဖေက ပန်းတိမ်ဆရာလည်းမဟုတ်ပါ။ရွေလဲမရောင်းပါ၊ပရဆေးဖော်သူလည်းမဟုတ်ပါ။ဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ်။
ဘာကြောင့် ဒီချိန်ခွင်လေးအဖေ့ဆီမှာရှိနေတယ်ဆိုတာတော့မသိပါ။ကျွန်တော်မမွေးခင် နဲ့အရွယ်မရောက်ခင်တုန်းက ရွှေအပေါင်ခံသားတော့မသိဘူး။
ဒါက အကြောင်းမဟုတ်ပါဘူး…..ပြောချင်တာက ရွှေချိန်တဲ့အလေးတွေအကြောင်းပါ။
အလေးတွေက ဟိုခေတ် ခြင်္သေ့ခေါင်းနဲ့ ကြေးမတ်စေ့တို့ ၊ငါးမူးနှစ်ထပ်စေ့လိုအစေ့သေးသေးလေးတွေပါ။
အလေးတွေရဲ့အလေးချိန်ကိုတော့ကျွန်တော်မသိပါဘူး။ကျွန်တော်တို့မောင်နှမတတွေ ယူဆော့ကြတာပါ။ဈေးရောင်းတန်းဆော့ကြတာပေါ့။
အလေးတွေအပါ်မှာ ၁ိ၊ ၅ဲ ၊ ရဲ ၊ ၅မူး ၃မူး လိုးရေးထားတာတွေ့ပါတယ်။အမနှစယောက်ကတော့ ၊ဒါက တစ်ကျပ်သား၊ဒါက ငါးမူး သား၊ဒါကတော့ခုနစ်ပဲသား စသည်ဖြင့်ပြောတာကြားဖူးပါတယ်။အနီရောင်အစေ့လေးတွေကိုလည်းတွေ့ရပါတယ် တစ်လုံးနဲ့တစ်လုံးအရွယ်မတူပါဘူး၊နဲနဲတော့အကြီးအသေးကွာပါတယ်၊အမတွေကတော့ရွေးစေ့လေးတွေလို့ခေါ်ပါတယ်။
ကျွန်တော်အရွယ်ရောက်လာတော့ အမရဲ့ယောကျားကိုငယ်ငယ်ကကျွန်တော်တို့ ကစားခဲ့ကြတဲ့ရွှေချိန်တဲ့ ချိန်ခွင်လေးအကြောင်းကြွားပါတယ်။
ရွှေချိန်တဲ့အလေးတွေက ကျွန်တော်တို့သုံးနေတဲံ့ တစ်ဆယ်သား၊ငါးဆယ်သား၊တစ်ပိသာလေးတွေနဲ့မတူဘူး သီးသန့်လုပ်ထားတာ၊
ရွှေရဲ့အလေးချိန်သတ်မှတ်ချက်က သီးသန့်လုပ်ထားတာ လို့ပြောမိပါတယ်၊ကျွန်တော်ဒီလိုပဲထင်ထားတာကိုး။
အဲဒီမှာယောက်ဖကရှင်းပြပါတယ်၊အလေးချိန်သတ်မှတ်ချက်ကအတူတူပါဘဲတဲ့၊ရွှေကိုပိသာလိုက်ရောင်းဝယ်မှုကိုလူအများမလုပ်ကြလို့
အလေးတွေကို အနုစိပ်ဖန်တီးထားတာတဲ့။
ဟုတ်သားပဲ၊ရွှေကို တစ်ဆယ်သားအခေါက်ဆိုရင် အကယ်ဒမီတို့၊ဘသန်းတို့စတဲ့တံဆိပ်တွေကိုပုံစံခွက်နဲ့တစ်ခါတည်းလောင်းထားတာ၊တစ်ခါတစ်လေတစ်ဆယ်သားနဲ့နှစ်ပဲ တော့ဖြစ်တတ်တာပေါ့။
ရွေကိုတစ်ကျပ်သားအောက်ရေားဖို့အတွက် ငါးမူသား၊တစ်မတ်သား၊စသည်ဖြင့်ဖန်တီးထားတာ၊
နှစ်ပဲတစ်မူး၊နှစ်မူးတစ်မတ်၊နှစ်မတ်ငါးမူးဆိုဆတာ့ လေးမူးကငါးမူးပေါ့၊၁၆လီစိစ်စံနစ်ဆိုတော့နဲနဲလည်သွားတယ်၊တစ်ပဲထက်အသေးစိတ်ဖို့ရွေးကိုသုံးပြန်တယ်၊တစ်ပဲမှာဘယ်နှစ်ရွေးလဲတော့
ကျွန်တော်မသိပါဘူး၊
အဲဒီမှာစပြ၊ီးစဉ်းစားစရာဖြစ်လာတယ်၊ရွေးစေ့လေးတွေကိုမြင်ဖူးတယ်၊ရွေးသီးနဲ့ရွေးပင်ကိုမမြင်ဖူးဘူး၊
အသီးနဲ့အပင်ကအရေးမကြီးပါဘူး၊ရွေးစေ့လေးတွေတစ်လုံးနဲ့တစ်လုံးအရွယ်မတူကြပါဘူး၊ငယ်ငယ်ကရွေးစေ့လေးတွေကိုချိန်ခွင်မှာတင်ပြီးချိန်မကြည့်ခဲ့ဘူး၊
သူတို့ရဲ့သိပ်သည်းဆနဲ့အလေးချိန်တွေကောတူကြသလား၊
မတူရင်ဘယ်ရွေးစေ့ရဲ့စံနှုန်းနဲ့ယူကြတာလဲ?အလေးချိန်နဲနဲလေးမို့ တန်ဘိုးဘယ်လောက်မှမကွာလို့ဒီလိုပဲလက်ခံနေကြာတာလား၊တစ်မတ်သား၊ငါးမူးသားကိုရွေးစေ့တွေနဲ့ပဲထည့်ချိန်ရင်ဘယ်လောက်ကွာသွားမလဲ?
ပန်းတိမ်ဆရာကိုသွားမေးလိုက်ရင်တော့လွယ်လွယ်လေးပါ၊ဘယ်သူမှလည်း ရွှေငါးမူးသားကိုရွေးစေ့တွေနဲ့ချိန်မှာမဟုတ်ပါဘူး…
အလုပ်မရှိ ကြောင်မရေချိုးပေးတဲ့ ကျွန်တော့ရဲ့အတွေးသက်သက်ပါခင်ဗျာ။ ။
နောက်တစ်ခုပြောချင်ပါသေးတယ်…
ငယ်ငယ်ကသင်ခဲ့ရတဲ့
လက်သစ်တောင်တာ၊ယူဇနာပေါင်း
တာပြန်လောင်းသော်၊ရှစ်သောင်းလေးထောင်
အမြင့်ဆောင်သား……………….
ဆိုတဲ့မိဘမေတာဖွဲ့ကဗျာလေးပါ။
ကျွန်တော်ပြောချင်တာ မိဘမေတာမဟုတ်ပါဘူး၊
လက်သစ်တောင်တာ ဆိုတဲ့အကြောင်းပါ။
ရှေးမြန်မာတို့ဟာ အကွာအဝေးအတိုင်းအတာကို လက်သစ်၊ထွာ၊မိုက်၊တောင်၊လံ တွေကိုအခြပြုတိုင်းတာခဲ့ကြပါတယ်။
လက်သစ်၊ထွာနဲ့ မိုက်နဲ့ဘယ်လိုဆက်စပ်လဲတော့မသိပါ
နှစ်ထွာတစ်တောင်၊လေးတောင်တစ်လံလက်လံလေးဆယ်တစ်ခွက်လို့ပြောကြပါတယ်၊
ဒီနေရာမှယောကျားကြီးလက်လေးတောင်တစ်လံသတ်မှတ်တယ်လို့နယ်ဘက်ကလူတွေပြောပြပါတယ်
နှစ်တောင်ကို တစ်ကိုက်လို့လဲသတ်မှတ်ပါတယ်။
ယောကျားတစ်ယောက်နဲ့တစ်ယောက်၊အတောင်မတူကြပါဘူး။တိုတဲ့သူရှိသလို ရှည်တဲ့သူလည်းရှိမှာပါ။(တတောင်ဆစ်ကနေလက်ဖျားထိကိုပြောတာနော်)
ဒါကြောင့် ဆင်လည်းဆင်အထွာနဲ့၊ဆိတ်လည်းဆိတ်အထွာနဲ့ ဆိုတဲံစကားပုံရှိနေတာပေါ့။
တစ်ယောက်တည်းရဲ့လက်နဲ့တိုင်းကြည့်တာလွဲနေပါတယ်။။
ကျွန်တော် တောင် ကြည့်တာ (ကြိုးတစ်ချောင်းကိုလက်နဲ့) ကျွန်တော့်လေးတောင်က ကျွှန်တော့်တစ်လံထက် လေးလက်မလောက်ပိုနေပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက်၊လူမျိုးနွယ်စု တစ်စုနဲ့တစ်စု လက်အချိုးအဆစ်မတူကြပါး
ကဲအကြောင်းတစ်ခုရှိလာလို့အငြင်းအခုန်ဖြစ်တဲပအခါ ဘယ်စံနှုန်းနဲ့အတည်ယူခဲ့ကြပါသလဲ?
ဆင်အထွာနဲ့လား၊ဆိတ်အထွာနဲ့လား?
သူ့ခေတ်သူ့အခါနဲ့သူ ရှင်းလို့ပြေလည်ခဲ့ကြမှာပါ၊
အလုပ်မရှိ မယ်သီလခေါင်းသန်းရှာတဲ့ ကျွန်တော့ရဲ့အတွေးသက်သက်ပါခင်ဗျာ။ ။
ဒါကတော့အချိန်အတွယ်နဲ့ အတိုင်းအတာအကြောင်းပါ။
အခြင်အတွယ်နဲ့အလေးချိန်၊ ထုထည်နဲ့အလေးချိန် တွေရဲ့အရှုပ်ကို မနေနိုင်တိုင်တက် ပြီးစဉ်စားလိုက်ပါဦးမည်။ ။
8 comments
kai
September 23, 2011 at 2:55 am
မြန်မာအလေးတင်းတောင်းတွေက.. စံနှုန်းအတိအကျမသတ်မှတ်ထားဘူး..။
အလေးတင်းတောင်းမှမဟုတ်.. ဘာကိုမှ စံနှုန်းမလိုက်နာဘူးလို့တောင်ပြောရမယ်..။
အခုရေးနေတဲ့..ဇော်ဂျီဖေါင့်တောင်.. ယူနီကုဒ်စံနှုန်းတွေ မလိုက်နာထားတာပဲ..။
ဒါတွေက ..တိုင်းပြည်တိုးတက်ဖို့ရာမှာ.. အတားအဆီးမို့.. အင်မတန်ကို ပြင်သင့်တယ်..။
–
ကမ္ဘာ့စံနှုန်း..SI Unit ဆိုတာလည်းရှိသေးတယ်.။
အဲဒါကို..မလိုက်နာပဲ.. ကမ္ဘာမှာသောက်တလွဲ စံနစ်တကျလုပ်နေတဲ့. တိုင်းပြည်လက်ချိုးရေလို့ရတယ်..။
အောက်ကပုံမှာကြည့်..။
http://en.wikipedia.org/wiki/International_System_of_Units
ဆိုတော့..အဲဒီအကြောင်း.. အယ်ဒီတာ့သင်ပုန်းမှာရေးတင်ဖူးတယ်..နှစ်တောင်ပေါက်နေပြီ..။
ပြန်ရှာတင်ပေးဦးမယ်..။
koyinmaung
September 23, 2011 at 4:41 am
ပြန်တင်ပေးပါ မဖတ်ရသေးပါဘူး
ကျေးဇူးတင်ပါတယ်… ကိုခိုင်
nature
September 23, 2011 at 5:42 am
ငယ်ငယ်တုန်းက ကျောက်ဒိုးပစ်ရင်းတော့ လက်ကို နောက်လက်တဖက်နဲ့ အတင်းဖြဲပြီး မရမက ထွာဘူးတယ်။ လက်သေးတဲ့သူနဲ့ပစ်ရင် ကိုယ်က တဘန်းသာတယ်။
small cat
September 23, 2011 at 6:51 am
ဆရာ့ ပို့စ် လေးပြန်ရှာတင်ပေးပါ။
ဆရာရေးတာက အချက်အလက် အထောက်အထားနဲ့
အကြောင်းအရာပိုခိုင်မာပြည့်စုံမှာပါ
ဖတ်ချင် မှတ်ချင်ပါတယ်။
ကြောင်ကြီး
September 23, 2011 at 9:44 am
ရှေးလူတွေက လောဘမကြီးဘူးလေကွယ်၊ ဒီတော့ အပိုအလိုဆိုတာ ပြသနာမရှိဘူး။ အခုခေတ်ကတော့ လောဘ၊ ဒေါသသမားတွေမို့ အတိအကျ ဖြစ်ကုန်ရတာပေါ့။ ဟိုးခေတ်မှာ အတိအကျသွားလုပ်နေရင် ဝိုင်းရီကြလိမ့်မယ်။ အချိန်တွေပြောင်းလာတာနဲ့အမျှ လူ့စိတ်တွေလည်း ပြောင်းလာတယ်။ ဒီလိုနဲ့ပဲ ပစ္စည်းကိရိယာ နည်းပညာ အသစ်တွေထွက်လာ သုံးစွဲလာတာပေါ့။ သူ့ခေတ်နဲ့သူ သူ့အချိန်နဲ့သူ အံဝင်ခွင်ကျဖြစ်ဖို့ပဲ အရေးကြီးပါတယ်ကွယ်။ ဖြစ်တတ်တာ စပ်ကူးမတ်ကူးကာလမှာ ဟိုမရောက်ဒီမရောက်နဲ့ ကားယားကျ ကျန်ခဲ့တာ။ အနောက်တိုင်းသားတွေက ပြောင်းလဲသွားတဲ့ ခေတ်နဲ့အညီ စိတ်တွေပြောင်းသွားတာကို အသိအမှတ်ပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်။ မယုံရင် သူတို့သမိုင်းကိုပြန်ကြည့်ပါလား၊ အရင်က အရှေ့တိုင်းနဲ့အတူတူပဲ၊ အတွေးအခေါ် အသိပညာ လွတ်လပ်မှုမရှိ၊ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အုပ်ချုပ်တယ်၊ နီးစပ်ရာ အခွင့်ထူးခံလူတန်းစား သီးသန့်ရှိတယ်၊ ဘာသာရေး ဩဇာလွှမ်းမိုးမှု အကြီးအကျယ် သက်ရောက်တယ်၊ မိန်းမတွေကို နှိမ်ထားတယ်။ နောက်တော့ အသိပညာ အတတ်ပညာ သိပ္ပံ ဝိဇ္ဇာပညာရပ်တွေ ထွန်းကားလာပြီ လွတ်လပ်တဲ့ လူ့မှုအဖွဲ့အစည်းကို တည်ထောင်တယ်။ အရှေ့တိုင်းသားတွေကြတော့ ခေတ်ပြောင်းပေမဲ့ စိတ်မပြောင်းသေးဘူး ယူဆတယ်။ မင်းဆက်အဆက်ဆက်သာပြောင်းသွားတယ် ငါတို့သည် ဘိုးဘွားဘီဘင်လက်ထက်ကလိုပဲ အကျင့်သီလ စိတ်ထားကောင်းသေးတယ် ထင်မှားတယ်၊ ခေတ်ကာလနဲ့ လိုက်လျောညီထွေမဲ့ စနစ်ကို မကြံဆောင်ဖြစ်ဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်တွေနဲ့ အံမဝင်ဂွင်မကျတဲ့ အဖြစ်ကိုရောက်ကုန်တာပါပဲ။
ဥပမာတခု ကြုံလို့ပြောရင် တလောက ဂေဇက်ပိုင်ရှင် ကျုပ်တို့သဂျီးကို အယ်လ်အေမြို့တော်ဝန်ကတော်က နိုင်ငံအတွင်း လူနည်းစုဝင် အကျိုးသယ်ပိုးပေးလို့ဆိုပြီး ဆုချီးမြှင့်တယ်။ သူက မတီးမတော်ဘာလုပ်လည်းဆိုတော့ ဇာတ်ထဲက တောင်ရှည်ပုဆိုးကြီး ငှားဝတ်သွားတယ်။ တော်ရုံ မြန်မာလို ပုဆိုး၊ အကျီ်၊ တိုက်ပုံနဲ့ဆို တော်ပြီပေါ့။ သူလည်းစင်ပေါ်တက် ဆုလည်းယူရော မြို့ဝန်ကတော်က သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲဆုပေးလို့ဆိုပြီး မကျေမနပ်ဖြစ်သေးတယ်။ ကိုယ့်ကိုယ်ကို အောက်မှာဟောင်းလောင်း ဖြစ်နေတာတော့မသိဘူး။ 😡
lxxnwaxx
September 26, 2011 at 4:59 pm
ရှေးခေတ် ရွှေချိန်တွယ်နည်း
မြန်မာနိုင်ငံတွင် ရှေးအခါက ရွှေကို အရောင်းအဝယ်ပြုလုပ်ရာတွင်လည်းကောင်း၊ရွှေနှင့်အခြားတွင်းထွက် ရတနာပစ္စည်းများကိုရောင်းဝယ်ရာတွင်လည်းကောင်း များသောအားဖြင့် အိနိ္ဒယ တိုင်းသားများနှင့် ရောင်း ဝယ်လေ့ရှိကြလေသည်။ထို့ကြောင့် မြန်မာနိုင်ငံသုံး ရွှေချိန်များမှာ အိနိ္ဒယသုံးအလေးချိန်များကို သုံးစွဲခဲကြ လေသည်။အိနိ္ဒယကုန်သည်များနှင့် အခြားတိုင်းတပါးသားများ ပါဝင်လာကြသဖြင့် ရွှေငွေရတနာများကို တွင်ကျယ်စွာရောင်းဝယ်ကြသည်ကိုရည်ရွယ်လျက် ရှင်အဂသမာဓိရေးသားသော နေမိမဂစိုးခဏ်းပျို့တွင် တနေ့ငါးသိန်း၊အကိန်းနှင့်၊ရွှေငွေဖြင်မျှ၊မျက်ရှင်နီလာ၊သန္တာမြခဲ၊ပုလဲဂေါ်မှတ်၊ယူထုတ်နေ့တိုင်း ဟုတွေ့ရသည်။
အဘိဓာန်ဠီကာထွက် ရွှေငွေချိန်တွယ်နည်း
မုံညင်း ၃စေ့=နှမ်းတလုံး
နှမ်း ၄လုံး =ဆန်တစေ့
ဆန် ၄စေ့-တချင်းရွေး( ရွေးငယ်=ရွေးမျက်နှာမည်း )
၈ ချင်းရွေး=တပဲ
၅ ပဲ =တမတ်
၄ မတ်=တကျပ်
၅ ကျပ်=တပို်လ်
၂ဝ ပိုလ်=တချိန်
အထက်ပါအကြောင်းအရာများကို ကြည့်ခြင်အားဖြင့် အတိုင်းအတာတခုမျှ ရှေးခေတ်ရွှေငွေးရောင်းဝယ်မှုစံနှုန်းများမှာ တိကျမူရှိကြောင်းကိုတွေ့ရှိနိူင်ပါသည်…။
အကျယ်သိလိုပါက ဒဂုန်နတ်ရှင်ရေးသားခဲ့သော မြန်မာ့ရိုးရာ ကိန်းဂဏန်းသချင်္ာ စာအုပ်တွင်လေ့လာနိူင်ပါသည်။
small cat
September 26, 2011 at 7:12 pm
အခုလိုအထာက်အထားနဲအတိအကျဖော်ပြပေးတဲ့အတွက်ကျေးဇူးပါ။
ံစံနှုန်းတွေအတိအကျသတ်မှတ်ထားပေမဲ့ နှမ်းစေ့၊ဆန်စေ့၊ရွေးစေ့လေးတွေဟာ တစ်လုံးနဲ့တစ်လုံး
အရွယ်အစား၊အလေးချိန်တူနိုင်ပါ့မလားဆိုတာကိုစဉ်းစားတာပါ၊
နောက် ငါးပဲတမတ်၊လေးမတ်တစ်ကျပ် ဆိုတော့ တစ်ကျပ် ၂ဝ ပဲ ပေါ့ဒ
အခုခေါ်ဝေါ်သုံးစွဲနေတဲ့ ၁၆ ပဲ ရွှေဆိုတာကိုရှင်းပြပေးပါခင်ဗျာ။
ကျွန်တော်က ရွှေသမားတော့မဟုတ်ပါ၊ဗဟုသုတ တစ်ခုကို သေချာသိလိုတာပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
unclegyi1974
September 26, 2011 at 11:41 pm
ဒီလိုမသေချာသောအချိန်အတွယ်များကြောင့်မြန်မာမှာအစစအရာရာတိုးတက်
သင့်သလောက်မတိုးတက်လာတာပါ
ဥပမာ ဆေးစာရေးပေးတယ်ဆိုပါတော့ကွမ်းသီးလုံးခန့်လို့ရေးလိုက်ရင်မရင်းနှီးတဲ့
လူကများတော့ဘယ်အရွယ်ဆိုတာမှန်းရခက်ပါတယ်
နောက်ရှိပါသေးတယ်ခွေးတဟောင်ခန့်ဆိုပြီးခရီးကိုမှန်းလိုက်တာ
ဘယ်လိုမှန်းမလဲ
နောက်ပြောတာရှိသေး နေထန်းတဖျားခန့် ဘယ်လောက်မြင့်တဲ့ထန်းပင်လဲ
ခက်ပါတယ်