လူ၏တန်ဖိုးသည်စည်ကမ်း
စည်းကမ်းသည်လူ၏တန်ဖိုး သင်ခဲ့ဘူးပါ၏။ကျွှန်တော်တို့နိုင်ငံ၊ ရန်ကုနြ်မို့တော်ကြီးကတော့ အရှိန်အဟုန်နဲ့ တိုးတက်စွာ…………။
အထွေအထူးပြောစရာမလိုသောလည်း အသေးအဖွဲမှစ၍ ဂရုစိုက်နိူင်မှတော်ရာကျမည်ဖြစ်သည်။ ရန်ကုန်မြို့တော်ကြီးတွင် ကားဂိတ်ဆိုသည်မှာ ကွမ်းယာဆိုင်များအဖို့ဖြစ်ပြီး ခရီးသွားများ ကားစောင့်ရန်မဟုတ်ပေ…။နောက်ဖေးလမ်းကြားဆိုသည်မှာ အမှိုက်ပုံဖြစ်သည်…။စသဖြင်စသဖြင့်ရေးမည်ဆိုလျှင်ဆုံးနိူင်မည်မဟုတ်သော ရန်ကုန်ဒိုင်ယာရီမှာ ညစ်နွမ်းလှသည်။လိုင်းကားများဟုခေါ်သည်ထက် ပြိုင်းကားများဟုခေါ်သင့်သည်။နယ်မှလာသော သူငယ်ချင်းတယောက်နှင့် ထိုင်ခုံအပြည့်လူသာ တင်သည်ဆိုသော မထသ(အထူး )ဆိုသည်မှာ မထိုင်သင့် (အထူး ) ဟု အဓိပ္ပါယ်ဖွင့်ကာ ပြောဆိုရင်း ရယ်မောခဲ့ဘူးသည်။အုပ်ချုပ်ရေးညံဖျင်းမူ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုဟ ုအကြောင်းပြ ပြောဆိုနေသော သူများကိုကြည့်မည်ဆိုလျှင်လည်း သူတို့ ကိုယ်တိုင်ပင်တစ်ကိုယ်ရေစည်းကမ်းကောင်းကောင်းမရှိပါ ။ဆေးလိပ်ကိုသောက်ခြင်သည့်နေရာသောက်သည် ဘေးတွင်းကလေးပဲရှိရှိ၊ အသက်ကြီးရွယ်အိုများပဲရှိရှိ၊ကွမ်းယာကို ထွေးခြင်သလိုထွေးသည်…။ ဆက်ရေးလျှင်ရေးသလောက်ထွက်လာလိမ့်မည်ဆိုတော့ ဤနေရာမှာပင်တောသင့်အုန်းမည်………